နွေဥဩ (အပိုင်း-၂)

Foolish GirlAugust 9, 20161min1728

“အဲဒါပဲကွာ ငါလည်းရှက်ရှက်နဲ့အဲဒီမှာလည်းကြာကြာမနေချင်တာနဲ့ထွက်လာခဲ့တာ”

မင်းနိုင်စကားဆုံးသွားတော့ ထွန်းကျော်တစ်ယောက်မနေနိုင်အားရပါးရရယ်တော့သည်။

“ယောက်ဖမင်းကပါငါ့ကို ဟားတယ်ပေါ့ ဟေ့ရောင်”

“မဟုတ်ပါဘူးကွာ သဘောကျလို့ပါ” ပြောရင်းထွန်းကျော်တစ်ယောက်ခွက်ထိုးခွက်လန်ရယ်နေပြန်တော့သည်။

“ယောက်ဖ မင်းကပါငါ့ကိုဟားတယ်ပေါ့ လေဟေ့ကောင်”

“မဟုတ်ပါဘူးကွာ သဘောကျလို့ပါ။” ပြောရင်းထွန်းကျော်တစ်ယောက်ရယ်နေပြန်သည်။

“အခုကတည်းက ကိုယ်နဲ့ဘာမှမဆိုင်သေးတဲ့ကောင်မလေးတစ်ယောက်အတွက် သူငယ်ချင်းအရင်းကို ဟားတယ်ပေါ့လေ” ဟုဆိုကာ မင်းနိုင်တစ်ယောက် ထထွက်လာခဲ့သည်။

“ဟေ့ကောင် ယောက်ဖ မင်းကလည်းကွာ မိန်းမကျနေတာပဲ ရယ်စရာပါလို့ရယ်တာပေါ့ကွ မင်းကွာ ယောကျာ်းကြီးတန်မဲ့ စိတ်ကောက်ရတယ်လို့ အဲဒါကြောင့် ဟိုကောင်မလေးတွေ ကပိုင်းလွှတ်လိုက်တာ”

ထွန်းကျော်ပြောနေသည်မှာ ဟုတ်လည်းဟုတ်နေပြန်သဖြင့် မင်းနိုင်တစ်ယောက် မိန်းမဆန်သွားသော အမူအယာကို ရုတ်သိမ်းကာထွန်းကျော်ဘေးတွင် ဝင်ထိုင်လိုက်သည်။ ထွန်းကျော်လည်း ဆက်ပြီးရယ်မနေတော့ဘဲ တစ်ခြားရောက်တတ်ရာရာများပြောရင်းအချိန်ဖြုန်းနေကြတော့သည်။

× × × ×× × × ×× × × ×× × × ×× × × ×× × × ×× × × ×× × × ×

ထွန်းကျော်ကျောင်းရောက်တော့ ဘယ်သူမှမရောက်ကြသေးပေ။

“မင်းကွာ မနက်စောစောစီးစီး ကျောင်းလားရတာ ပျင်းစရာကြီးကွာ ဖယ်ရီကဒီအချိန်မရောက်သေးတာသိသားနဲ့ final ရောက်နေပြီ ဒါတောင်မသိဘူးလား ဝါးးးးးးးးးးးးးးးး”   မင်းနိုင်တစ်ယောက်ပြောလည်းပြောရင်းအိမ်ရေးပျက်ရသည်ကို စိတ်ညစ်စွာနှင့်ထွန်းကျော်ကို အပြစ်တင်နေသည်။

“မင်းကလည်းကွာ ဒီမှာ မျက်ဝန်းလေးကိုစောင့်ကြည့်မလို့ပါဆိုမှ”

“အချစ်ရဲ့တန်ခိုးကြီးမားကြောင်းအခုမှသိတော့တယ်ဟေ့ မင်းကတော့အချစ်တန်ခိုးကြောင့်အားရှိနိုင်ပေမယ့် ငါတော့ အရမ်းအိပ်ချင်သေးတယ်ကွာ…..ဝါးးးးးး”

“ဟာ မင်းနိုင် ဟိုမှာ ”

“ဘာလဲကွ”

“ဖယ်ရီတစ်စီးလာနေပြီ”

ဖယ်ရီသည် ထွန်းကျော်တို့ ရပ်နေသောနေရာ ခပ်လွန်လွန်တွင်ရပ်သည်။ ထွန်းကျော်ကားပေါ်မှဆင်းလာသမျှကို မျက်တောင်မခတ်ပဲ ကြည့်နေသည်ကို မင်းနိုင်တစ်ယောက်ကြည့်မရတော့ချေ။

“ဟောမျက်ဝန်းလေး” “ဟောသူရဲသုံးကောင်”

ဟုတ်ပါသည် ထွန်းကျော်အတွက် ချစ်စနိုးနှင့် မျက်ဝန်းလေးဟုခေါ်နိုင်သော်လည်း မင်းနိုင်အဖို့ကတော့ သူရဲသုံးကောင်ပင်ဖြစ်သည်။

“မျက်ဝန်းတို့ကအစောကြီးလာတယ်နော်”

“မင်းကလည်းကွာ ကန်တင်းသွားမှာပေါ့ကွ ဗိုက်ဖြည့်မယ်လေကွာ ဟောဟိုမှာတွေ့လား သူတို့ကန်တင်းဘက်သွားကြပြီ”

မင်းနိုင်စကားမဆုံးခင် ထွန်းကျော်က

“လာသွားမယ်”

“ဘယ်တုန်း”

“ကန်တင်းလေကွာ”

သူရဲမလေးများနှင့် နံနက်စာ ဖြည့်ရမည့်အရေးကို မင်းနိုင်တစ်ယောက်ပခုံးတွန့်သွားသည်။

“ဝဋ်ရှိသမျှကြေပါစေတော့ကွာ”

မင်းနိုင်တစ်ယောက်တစ်ယောက်တည်းမကြေမနပ်ပြောရင်း ထွန်းကျော်ခေါ်ရာကန်တင်းဘက်ထွက်ခဲ့ကြသည်။

ကန်တင်းရောက်ရောက်ခြင်း ကောင်မလေးများ၏ ဆူဆူညံညံ အသံကို ကြားရသည်။ မင်းနိုင်တစ်ယောက်နောကျေနေသည့်သဘောဖြင့်

“သူတို့ယမ်ယမ်သုံးပွဲ မှာကြလိမ့်မယ်”

မင်းနိုင်ပြောသလိုပင် သူတို့ရှေ့တွင် ယမ်ယမ် သုံးပွဲ။ ထွန်းကျော်လည်းကောင်မလေးတို့ဝိုင်းနှင့်ကပ်ရပ်ဝိုင်းတွင် ထိုင်လိုက်သည်။ ထိုင်လိုက်သည်နှင့်တပြိုင်နက် တစ်ဖက်ဝိုင်းမှ ရွဲ့စောင်းသံကိုကြားရသည်။

“နှင်းရေ ငါလေစောစောစီးစီး ရင်တွေပူလိုက်တာကွယ်”

“ငါကတော့သိပ်မပူသလိုပဲ ငါ့မှာ မိုးရယ် ရွက်သစ်ရယ်ရှိတယ်လေ”

“ဟုတ်တယ်ရွက်သစ်ရဲ့ နှင်းပြောသလိုပဲ ငါတို့က နွေမိုးဆောင်းတွေဘဲဟာ သုံးယောက်လုံးရှိမှတော့ ဒုက္ခတွေက ဟိုးအဝေးမှာ ဟားဟား”

မိုးစက်ဆိုသူက သူ့စကားကို သူသဘောကျနှစ်ခြိုက်စွာ ရယ်မောနေလေသည်။ အရယ်သန်သောကောင်မလေးသုံးယောက်ကို ထွန်းကျော်စိတ်ထဲတွင် အရယ်နိုင်ဆုံးဆုပေးမိသည်။ စိတ်ထဲတွင်သာမက အပြင်မှာပါ

“တော်တော်ရယ်နိုင်တဲ့ကောင်မလေးတွေ” ဟုပြောမိသွားသည်။

ထိုစကားကိုနားပါးသောမိုးစက်ကကြားကာ

“ရယ်သောသူ အသက်ရှည်၏ တဲ့ မရယ်နိုင်တဲ့ သူတွေကတော့ ငါတို့ကို မနာလိုဖြစ်နေကြတယ်သိလား”

“ဟုတ်ပ မိုးစက်ရာ ငါတို့ first  year ထဲက စပြီးပျော်ပျော်ရွှင်ရွှင် နဲ့ဖြတ်သန်းလာတာ ငါတို့စာမေးပွဲတွေလဲပျော်ပျော်ဖြေလာကြတာ ဘာအခက်အခဲမှမရှိခဲ့ဘူး။ အရင်ကျောင်းမှာဆို ငါတို့ကိုခင်တဲ့သူပေါမှပေါ ဒီမှာကပူကပူနဲ့ တောင်ကြီးမှာ တက်ခဲ့ရတဲ့အချိန်ကိုလွမ်းလိုက်တာ”

“နှင်းကတော့လေ နှင်းတို့ရယ်တာကို အပြစ်တင်တဲ့သူရှိရင် သူ့ရှေ့မှာ ပိုရယ်ချင်တယ်သိလား ခုတောင်ဘာမှမဟုတ်ဘဲ ရယ်ချင်လာပြီ” ဟုဆိုကာ နှင်းဟူသောမျက်ဝန်းလေး အားပါးတရ ရယ်တော့သည်။ မျက်ဝန်းလေးကို အဖော်မမဲ့စေချင်၍လားမသိ သူမ၏သူငယ်ချင်းနှစ်ယောက်ကပါ လိုက်၍ ရယ်ကြလေသည်။ ဩ ဒါလည်းရူးခြင်းတစ်မျို့ပါလားကွယ် ……………………………..

× × × ×× × × ×× × × ×× × × ×× × × ×× × × ×× × × ×× × × ×

8 comments

  • kotun winlatt

    August 9, 2016 at 12:50 pm

    ရှလွှတ် . . . မှာထားတဲ့ ယမ်ယမ်လေးတောင် မစားရသေးပဲ အပိုင်း ၂ ကပြီးသွားရတယ်လို့ကွာ . . .

    • Foolish Girl

      August 9, 2016 at 1:39 pm

      မကြာမှီလာမည်မျှှော်

  • Tawwin Pan

    August 9, 2016 at 2:44 pm

    ဆက်တိုက်အားပေးနေပါတယ်ဗျိုး

    • Foolish Girl

      August 9, 2016 at 3:27 pm

      ကျေးဇူးပါ အားပေးတဲ့သူအားပေးရကျိုးမနပ်မှာ စိတ်ပူမိတယ် 🙂

  • Thint Aye Yeik

    August 9, 2016 at 11:38 pm

    .တော်တော် ရေးနိုင်တဲ့ အန်တီကြီး
    :k:
    .ရေးသာရေးဗျို့။ ရေးအားကောင်းသူတွေ ရေးသမျှ ဖတ်ဖို့
    ဖတ်အားကောင်းတဲ့သူ ဖြစ်အောင် ကြိုးစားမယ် ဖြစ်ပါကြောင်း

    • Foolish Girl

      August 10, 2016 at 9:43 am

      အဲလောက်များသွားမှန်းကိုမသိလိုက်ဘူး စာရွက်မှာကဘယ်နှမျက်နှာမှမရှိဘူးလေ 😀

    • Foolish Girl

      August 11, 2016 at 9:19 am

      ဟုတ်ပ ဒီဇာတ်လမ်းထဲက တစ်ချို့အဖြစ်အပျက်တွေကတကယ်ကိုဖြစ်ပျက်ခဲ့တာပါ 🙂

Leave a Reply