မီးပုံးပန်းရဲ့ ရာဇဝင်

Ma EiAugust 16, 20161min45110

မီးပုံးပန်းရဲ့ ရာဇဝင်

မီးပုုံးပန်းလေးတွေနဲ့ ပတ်သက်လို့ ရာဇဝင် အကြောင်းလေးတခုဆိုပါတော့ သူ့ကိုတွေ့တာက ရုံးနားမှာ ပန်းပင်လေးတွေ ဂမုန်းပင်လေးတွေ ရောင်းတဲ့နေရာမှာလေ အပင်သေးသေးလေးကနေ အဖြူရောင်ပန်းလေးတွေ တွဲလောင်းကျလို့ လှလိုက်တာ အဲ့တော့ ရုံးပြန်မှာဝယ်လာခဲ့တာပါဘဲ…ဒါပေမယ့်သူနဲ့ ပတ်သက်လား မပတ်သက်လားတော့မသိဘူး သူရောက်လာတဲ့နေ့မှာဖြစ်လို့ သူနဲ့တွဲ မှတ်မိနေတဲ့ အဖြစ်ကလေးတခု ရှိခဲ့ဘူးတယ်…

ပန်းအိုးလေးလှလှပပ ဒီနေရာ ဟိုနေရာ နေရာချခက်လိုက်တာ ဒီနားမှာဘဲထားမယ်နော်ဆိုပြီး ရေကန်နား အပင်စုစုအလယ်မှာနေရာချ အလှကြည့်လို့အိမ်မက်ထဲထိပါရဲ့… ပန်းပင် ပန်းပွင့်လေးတွေက အရောင်တောက် လင်းလို့ လက်လို့ တကယ်ဘဲ မျက်စိဖွင့်ကြည့်မိတော့လဲ အရောင်တွေမြင် ဟုတ်သေးပါဘူး ဆို အိပ်ယာထဲကထွက် မီးဖိုခန်းထဲဝင်လိုက်တော့ ….

လျှပ်စစ်မီးဖိုတစ်ခုလုံး မီးတောက်နေတာနှစ်ပေလောက်ရှိရော မီးကြိုးက ခလုတ်မှာတပ်လျှက်၊ သဘောပေါက်လိုက်ပြီ ညနေပြန်လာချိန်က မီးမလာ ညနေထဲကတဲ့၊ မီးပြတ်တော့ အိမ်ကမမက ဂက်စ်မီးဖိုပြောင်းချက် ဟိုဖက်ဖိုကိုခလုတ်မပိတ်မိ၊ ညကျ မီးပြန်လာတော့ ကွိုင်ကပူ ဘေးနားက ဆီဂျိုးတွေလောင် ဘယ်လောက်ကြာပြီမသိ.. တော်သေးတာဘေးက အုတ်နံရံဖြစ်နေလို့ ထရံတို့ လောင်စာတို့သာရှိနေရင်တော့ ပြီးပါလေရော…

အဲ့ဒါနဲ့ ခလုတ်က မီးကြိုးဖြုတ် ရေပုံးလိုက်လောင်းလိုက်တာ ဝုန်းဆို မီးတောက်ကြီးတရပ်ကျော်တက်လာပါရော လန့်လိုက်တဲ့ဖြစ်ခြင်း ဖြစ်ခြင်ရာဖြစ် လန့်လန့်နဲ့ နောက်တပုံးလောင်းချလိုက်ပြီး မျက်နှာသုတ်ပုဝါဆွဲယူပြီး တဖုန်းဖုန်းရိုက်ပလိုက်မှ ငြိမ်းသွားတော့တာ အဲ့မှဘဲ အိမ်ကလူနိုးလာပြီး ဘာဖြစ်သလဲတဲ့ ဘာဖြစ်မနေနဲ့ တွေ့တဲ့တိုင်းဘဲ ဆိုပြောငိုရတော့တာ…အဲ့ထဲက ချက်ပြုတ်ပြီး မီးပိတ်၊ ကြိုးဖြုတ် သတိထားဘို့ တင်းကြပ်ရတော့တာရယ်…

ဆိုတော့…သူနဲ့ ပတ်သက်လား မပတ်သက်လားမသိဘူး သူရောက်လာတဲ့နေ့မှာဖြစ်လို့ သူနဲ့တွဲ မှတ်မိနေတဲ့ ရာဇဝင် အဖြစ်ကလေးတခုရှိခဲ့ဘူးတဲ့ အကြောင်းလေး သတိတရပြောပြချင်တာပါ… 20160207_17521420160207_14440020160207_175203

10 comments

  • ဂျစ်စူ

    August 16, 2016 at 11:49 am

    တော်သေးတယ်လေ
    ပန်းစောင့်နတ်က နှိုးဆော်ပေးလို့ မီးလောင်တာ သိရတာ
    အဲတာ ဘီအီးတပိုင်းနဲ့ ကိုရီးယားကြက်ကြော် တပိုင်း
    ဆက်သရမယ်
    နတ်ကြီးရဲ့ ဘော်ဒါ ဂျစ်ကြီးကို

    • Ma Ei

      August 16, 2016 at 1:31 pm

      ပန်းစောင့်နတ်ဆိုမှတော့ နတ်သမီးချောချောလှလှလေးဘဲ ဖြစ်မှာပါ
      ဒီတော့ ဘီအီးတွေ စီအီးတွေ သိလောက်ဖူး ထင်တယ်
      🙂

  • ဦးကျောက်ခဲ

    August 16, 2016 at 1:41 pm

    အပင်အကြောင်း ပန်းအကြောင်းတော့ အကျွမ်းမဝင်ဘူးရယ်…
    မီးကတော့ အကျွမ်းဝင်တာမှ ကံကောင်းလို့ မကျွမ်းတယ်…
    မိုးအေးအေးနဲ့အိပ်နေတာ အပေါ်ထပ်မီးလောင်တာ မသိလိုက်ဘူးက တခါ…
    စာရင်းလုပ်နေတုန်း ရုံးခန်းဘေး မီးလောင်နေတာ မသိလိုက်တာက တခါ… :k:
    .
    မီးသတ်ဆေးဗူး လိုရမယ်ရ ဆောင်ထားတာ ကောင်းမယ်ထင်တာပဲ မမအိရေ…

    • Ma Ei

      August 16, 2016 at 1:59 pm

      ဖြစ်တုံးကတော့ မီးသတ်ဆေးဘူးဝယ်ထားရမယ်တွေးမိတယ်…
      နောက်တော့လဲ ထုံးစံအတိုင်း ဗမာပီပီ ပြီးပြီးရောနဲ့ ခုထိ မဝယ်ဖြစ်သေး
      ဝယ်တော့ ဝယ်ဦးမှပါလေ…

  • kotun winlatt

    August 16, 2016 at 3:22 pm

    အမယ်လေးးး မီးပုံးပန်းရာဇဝင်မို့တော်သေး
    မီးလောင်ပန်းရာဇဝင်သာဆို မလွယ်ဘူးးးးး

    • Ma Ei

      August 17, 2016 at 10:03 am

      အမယ်လေး …မီးလောင်ပန်းတော့ မစိုက်ပါရစေနဲ့
      အာ့တွေကြောက်လို့ မီးကွင်းဂမုန်း စိုက်ထားတယ်လေ……..
      🙂

  • uncle gyi

    August 16, 2016 at 4:35 pm

    ကယ်တင်ရှင်မီးပုံးပန်းလို့ပြောရမယ်နော်

    • Ma Ei

      August 17, 2016 at 10:16 am

      ဟုတ်တယ်နော် uncle gyi ရေ
      သူ့ကိုသတိရ အိပ်မက်မိပေလို့သာဘဲ နို့မို့ဆို လွယ်ဘူး ပြန်ပြောရင်းနဲ့ သတိရကြောက်စရာကောင်းလိုက်တာ ကိုယ်တိုင်လဲ မမေ့ သတိရှိရအောင်နဲ့ ရွာသူားတွေလဲ့ သတိထားလို့ရအောင် စာတင်လိုက်တာပါ…
      ရေတွေကြီးနေချိန် မီးသတိပြုစာရေးမိလို့ ရီရသေး….. 🙂

  • မမချွိ

    August 17, 2016 at 8:24 am

    ဖူးရှား ပန်းတွေထင်ပါရဲ့ မွအိရေ။

    မန်းလေးသူမို့ မီးလန့်သံကြားရင် ဒူးတွေပါတုန်လာရော။

    :a:

    • Ma Ei

      August 17, 2016 at 9:22 am

      ဒီမှာတော့ မီးပုံးပန်းခေါ်ကြတာဘဲ
      အဲ့နေ့က လန့်တာမှ တကယ်ဒူးတုန်နေရော ကြောက်လိုက်တာလဲ မျက်ရည်ကိုထွက်…
      ငယ်တုန်းက ကြက်ခြေနီမှာ မီးလောင်ပြင် ကယ်ဆယ်ရေးတွေဘာတွေသွားဘူးတာ ဘာမှမဖြစ်ခဲ့
      ခု တော့ အသက်ရလာလေ ကြောက်တတ်လေ ဖြစ်နေတော့တာ
      🙂

Leave a Reply