တံငါသည်

ခင္ခAugust 16, 20161min4028

ဂယက်ကယ်ထ
လှိုင်းရယ်ကြွလို့
တံငါလှေငယ်
မြစ်ပြင်ကျယ်မယ်
နိမ့်ချီတစ်ခါ
မြင့်ချီတလှည့်
အသက်ဘေးထက်
ဝမ်းရေးခက်လို့
ရှေ့ဆက်ကာသွား
ငါးများများရဖို့
နေ့စဉ်ရက်ဆက်
လုပ်ခဲ့ကြသည်
မပြောင်းလဲသော
ပန်းချီကားတစ်ချပ်တည်း။

 

ခင်ခ။

11908290_1135407979808923_42802852_n

8 comments

  • ဂျစ်စူ

    August 16, 2016 at 11:54 am

    ငါးရျဥ့်ထောင်ပါလား
    ဈေးကောင်းပေးမယ်လေ

    • ခင်ခ

      August 16, 2016 at 12:58 pm

      ငါးရှဉ့်က မြစ်ထဲဖမ်းရတာဟုတ်ဘူး မြောင်းထဲတင်ရတယ်လေ။

  • kotun winlatt

    August 16, 2016 at 3:25 pm

    ဝမ်းရေးအတွက်ပေမို့
    တက်ကိုလှော် ပိုက်ကိုဆွဲ
    သမုဒ္ဒရာ ဝမ်းတစ်ထွာ

  • uncle gyi

    August 16, 2016 at 4:32 pm

    ငါးကောအခ ျိန်ဘယ်လောက်ကြာအောင်ဖမ်းနိုင်ပမလဲလေ
    ရှော့တိုက်ဖမ်းကြတော့မကြာခင်မ ျိုးပါတုန်းတော့မယ်ထင်တယ်

  • မှော်ဆရာ

    August 16, 2016 at 9:10 pm

    မြစ်ထဲမှာက ရှော့တိုက် ဖမ်းမရဘူးထင်တယ် ၊ ရေများတော့ အလုပ်ဖြစ်မယ်မထင် ၊ ရှော့တိုက်တာက အိုင်ထဲလောက် အလုပ်ဖြစ်တာ ။ ချောင်းလောက်ဆိုရင်တော့ အဆိပ်ချတယ်။

  • ခင်ခ

    August 17, 2016 at 9:46 am

    Uncle gyi ရေ မှော်ဆရာပြောသလို မြစ်ထဲတော့ အများအားဖြင့်ပိုက်ဘဲသုံးပါတယ်၊ ရှော့တိုက်တာက အင်း အိုင် စတဲ့မွေးမြူရေးကန်တွေမှာ အသုံးများပါဘိ။

  • Foolish Girl

    August 31, 2016 at 5:51 pm

    ဝမ်းရေးအတွက်ပေမို့ တော်သင့်ရုံပဲကောင်းပါတယ်လေ

  • Thint Aye Yeik

    September 1, 2016 at 3:35 pm

    လွှမ်းမိုးဆိုခဲ့တဲ့ သီချင်းလေး..( …တံငါရွာ…နေပူထဲ…ပင်လယ်ထဲ… ငါးဖမ်းသွားတဲ့ …ဒို့ရဲ့အဖေ…. အဲ့သီချင်း) နဲ့…ဒီကဗျာ..ဒီပုံရိပ်… တွဲ… ခံစားကြည့်မိလေသောအခါ….

Leave a Reply