မီးပန်းရိုက်ခြင်း(Fireworks Photography)ဝါသနာနဲ့ကျနော်

warsojulyAugust 17, 20162min41915
akzhFireworks2014

အမြဲတမ်းအကောင်ဗလောင်တွေပဲတင်နေကျဆိုပေမယ့်ဒီတစ်ခါကျနော်ရိုက်တဲ့မီးပန်း(Fireworks)ပုံလေးတွေ
တင်ပြပါရစေခင်ဗျာ…

၂၀၁၃ကပေါ့

ဒီမီးပန်းရိုက်ဖြစ်တဲ့ဇာတ်လမ်းအစကတော့..ဒီရွာထဲက အင်ဇာဂီနဲ့ပတ်သတ်နေတယ်ခင်ဗျ
အင်ဇာဂီ.နာဂိုယာမှာနေသွားတုန်းကPhotographyကိုဆေးအထိုးကောင်းလို့မကြာပါဘူး
ကျနော်.ကင်မရာတစ်လုံး…လက်ဝယ်ရလာတယ်ခင်ဗျ…
မျောက်အုန်းသီးရသလိုဘာလုပ်ရမှန်းမသိတုန်း…(ကင်မရာရပြီးတစ်ပတ်ပဲရှိသေးတဲ့အချိန်မှာ)
မီးပန်းရိုက်ဖို့ကိစ္စကဖြစ်လာတယ်…
အဲဒါနဲ့ရိုက်မည့်နေရာကိုနေ့လည်လောက်ကတည်းကနေရာသွားယူ…
၂ယောက်ပေါင်းမှTripodတစ်ချောင်း..RemoteShutterReleaseတစ်ခုနဲ့တလှည့်စီရိုက်ကြတာပေ့ါ
(တကယ်က…သူကSettingချိန်ပေးFocusဖြတ်ဘာညာလုပ်ပေး..ကျနော်ကခလုတ်နှိပ်ရုံပါ..ဘာမှမသိနားမလည်ပါ)
နှုတ်ကလည်း..ဘယ်လိုအခြေအနေမျိုးဆိုဘယ်လိုလုပ်ဘာညာပေ့ါ..(အမှန်အတိုင်းပြောရရင်အဲဒီတုန်းကကျနော်လုံးဝနားမလည်ပါဘူး)
ရိုက်တာကညနေ၆ခွဲလောက်ကနေ၉နာရီထိဆိုတော့..ပုံ၃၀၀-၄၀ဝလောက်တော့ရှိမှာပေ့ါ..
အဲဒီပုံထဲကမှအဆင်ပြေဆုံးဖြစ်မယ်ထင်တဲ့တစ်ပုံကိုရွေးလိုက်ပါတယ်..
Canon EOS Kiss x7i
EF-S 18-55mm Kit Lens
f/16
ISO 100
15 sec
Spot Metering
Edited in Adobe Lightroom

Gifu-Pref , Gifu City

akzhFireworks2013

akzhFireworks2013

 

နောက်တစ်နှစ်ကြာသွားတယ်…
ကြားထဲမှာအင်ဇာဂီလည်းရန်ကုန်ပြန်သွားတယ်..
နောက်နှစ်(၂၀၁၄)နွေရာသီဘက်မီးပန်းပွဲရာသီထပ်ရောက်လာတယ်..
ဒီနှစ်တော့ရိုက်ဖော်ရိုက်ဖက်လည်းမရှိ..မေးစရာလူလည်းမရှိတော့ဘူး..
နေရာကလည်းမနှစ်ကနေရာကအပြန်သိပ်အဆင်မပြေတော့
ဘူတာကနေသိပ်ဝေးဝေးမသွားရတဲ့တခြားမီးပန်းပွဲကိုရွေးလိုက်တယ်..
မရိုက်ခင်တစ်ပတ်လောက်စာရှာဖတ်(Digital Photography Schoolထဲဝင်မွှေ)

http://digital-photography-school.com/

နေ့လည်လောက်သွားနေရာဦးရင်း…မနှစ်ကအင်ဇာဂီပြောသွားတဲ့အချက်တွေကိုပြန်တွေးကြည့်..
အချိန်စတော့ ဖတ်ထားတာတွေနဲ့…သင်ပေးသွားတာတွေကိုပြန်စဉ်းစားရင်းရိုက်…
ပထမတော့မဟန်ဘူး..တဖြည်းဖြည်းနဲ့တစ်နာရီလောက်ကြာတော့နဲနဲလမိုင်းကပ်လာတယ်…
အဲဒီနေ့ရိုက်ပြီးသွားတဲ့အခါမှာ..မီးပန်းရိုက်ရတာကိုစပြီးအရသာတွေ့တယ်ပြောရမလားဘဲခင်ဗျာ…
ဒီပုံက၂၀၁၄ခုနှစ်ရိုက်တုန်းကကိုယ့်ဟာကိုယ်အကြိုက်ဆုံးပုံပါ
Canon EOS Kiss x7i
EF-S 18-55mm Kit Lens
f/16
ISO 100
8.7 sec
Spot Metering
Edited in Adobe Lightroom

Aichi-Pref , Okazaki City

akzhFireworks2014

 

နောက်တစ်နှစ်(မနှစ်ကပေ့ါ) ၂၀၁၅ရောက်လာတယ်..
၂၀၁၄တုန်းကနေရာမှာရိုက်ရတာအဆင်ပြေတယ်..ထပ်သွားရိုက်မယ်စဉ်းစားထားပေမယ့်
နွေဦးပေါက်ရာသီ၅လပိုင်းလောက်စပြီးအလုပ်ကိစ္စနဲ့တိုကျိုရဲ့အနောက်မြောက်ဘက် Gunma-Prefထဲ၃လလောက်သွားရတယ်..
ဖြစ်ချင်တော့နွေရာသီရုံးပိတ်ရက်..တိုကျိုလာလည်ဖြစ်ရင်း…ရိုက်ဖြစ်သွားတယ်..
ရိုက်တဲ့နေ့ကစနေနေ့…အဲဒီနေ့နေ့လည်မှာ…အစ်မအိမ်တက်ဆွမ်းကပ်ဖို့အတွက်..
သောကြာနေ့ညညလုံးပေါက်ချက်ပြုတ်တဲ့နေရာမှာကူညီရင်း.တစ်ညလုံးမအိပ်ရသေးတော့
သွားရိုက်မယ်..မရိုက်ဘူး..နဲ့…နောက်ဆုံးညနေလောက်ရောက်မှ…ရိုက်မယ်ကွာဆိုပြီးထွက်သွားတာ..
နေ့လည်ကတည်းကတိုကျိုကဘော်ဒါတွေကနေရာဦးပေးထားလို့…သူတို့နောက်ကိုလိုက်သွားတယ်..
ဟိုရောက်တော့လူကတော်တော်ပြိုင်းနေပြီ…ဘီယာတိုက်တာတောင်မသောက်နိုင်ဘူး..
Energy Drinkလေးသောက်ပြီးရိုက်ခဲ့ရတဲ့ပုံလေးထဲကတစ်ပုံပေ့ါဗျာ
Canon EOS Kiss x7i
EF-S 18-55mm Kit Lens
f/11
ISO 100
2.2 sec
Spot Metering
Edited in Adobe Lightroom

Tokyo , Edogawa Ku

akzhFireworks2015

 

ဒီနှစ်(၂၀၁၆)ကတော့Nagoyaမှာပဲရှိတော့(၂၀၁၄)တုန်းကနေရာမှာပဲပြန်ရိုက်ဖြစ်ပါတယ်..
ဒီနှစ်ပုံတွေကတော့သိပ်မဟန်ပါဘူး..အဲဒီထဲကမှ..အဆင်ပြေဆုံးဖြစ်မယ်ထင်တာလေးပါ…
Canon EOS Kiss x7i
EF-S 18-55mm Kit Lens
f/18
ISO 100
3.4 sec
Spot Metering
Edited in Adobe Lightroom

Aichi-Pref , Okazaki City

akzhFireworks2016

နောက်နှစ်တွေလည်း..ဒီလိုပဲ..ထပ်ပြီးရိုက်နိုင်အောင်ကြိုးစားပါဦးမယ်ခင်ဗျာ…

15 comments

  • warsojuly

    August 17, 2016 at 10:55 am

    အပေါ်(၃)ပုံမပေါ်ဘူးဗျို့…အားရင်တစ်ချက်စစ်ပေးကြပါဦးဗျာ..

  • kai

    August 17, 2016 at 6:57 pm

    ပုံတွေမပေါ်ဘူးဖြစ်နေတယ်..
    အထဲမှာတော့ မြင်ရသဗျ..။

    • warsojuly

      August 18, 2016 at 7:05 am

      မနေ့ကကြည့်တော့PCမှာမပေါ်ဘူး Tabletကကြည့်ရင်မြင်ရတယ်
      ဒီနေ့ဝင်ကြည့်တော့နှစ်ခုစလုံးကနေမြင်ရပြန်ပြီ

  • ဂျစ်စူ

    August 17, 2016 at 9:25 pm

    မြင်ရဘူးတော်ရေ့

    • warsojuly

      August 18, 2016 at 7:06 am

      မနေ့ကဝင်ကြည့်တာမမြင်ရဘူးဗျ
      ဒီနေ့တော့ပြန်မြင်ရပြန်ပြီ
      တချက်ပြန်ဝင်ကြည့်ပါဦးခင်ဗျ

      • ဂျစ်စူ

        August 18, 2016 at 9:14 am

        အဲ.. ပေါ်ပြီလို ့..အဲလို ့စ်

  • kai

    August 18, 2016 at 8:20 am

    မြင်ရပြီ..
    ဓာတ်ပုံမဟုတ်ပဲ… ဒီဇိုင်းလိုဖြစ်နေသဗျ…။

    • warsojuly

      August 18, 2016 at 12:36 pm

      ဓာတ်ပုံပါခင်ဗျ နဲနဲCropped နဲ့Post-Edit တော့လုပ်ထားပါတယ် အလွန်အကျွံကြီးတော့မလုပ်ပါဘူး
      RAW fileပြဖို့လိုသေးလားအဟီး

    • Thint Aye Yeik

      August 18, 2016 at 1:37 pm

      နီကိုင်နေကျ ကင်မလာကြီးက ငှားထားတာလား

  • မမချွိ

    August 18, 2016 at 11:59 am

    မီးခိုးတွေ မမြင်ရတော့ ဒဂျီး ပြောသလို ဒီဇိုင်းလုပ်ထားတဲ့ အတိုင်းပဲ။
    လှပါ့ဗျာ။

    :chit:

    • warsojuly

      August 18, 2016 at 12:34 pm

      ပထမပုံ(၂၀၁၃)နဲ့
      တတိယပုံ(၂၀၁၅)မှာသေချာကြည့်ရင်မီးခိုးမြင်ရသဗျ
      ကျန်ပုံတွေကCroppedတဲ့အထဲပါသွားတာနေမယ်

  • CharTooLan

    August 18, 2016 at 5:09 pm

    လှတော့လှတယ်ဗျ ဓာတ်ပုံနဲ့တော့သိပ်မတူဘူး

  • uncle gyi

    August 28, 2016 at 8:40 am

    အကုန်တမ ျိုးဆီလှ
    အလှကိုယ်စီပြောရမယ်

  • Shar Thet Man

    May 8, 2018 at 5:00 pm

    မိုက်တယ်

Leave a Reply