ပြန်လာပြီ

etoneAugust 16, 20161min54523

အဲဗရီးဘာဒီ မင်ဂါဘာ

 

ရွာထဲ မရောက်တာ တော်တော့်ကို ကြာပါပြီ ။

သတိရပေမယ့် ဝင်မရေးဖြစ်ဘူး ၊ ကိုယ်ပိုင်အချိန်တွေ နည်း သွားတာကြောင့်ရော အလုပ်က စိတ်ဖိစီးမှု များတာကြောင့်ပါ ရွာထဲ မရောက်နိုင်ခဲ့ဘူး ။ တခါတလေ လော့အင်မလုပ်ပဲ ဝင်ဖတ်မိတာကလွဲပြီး comment တောင် ဝင်မပေးဖြစ်ဘူး ။

ဖွဘုတ်မှာတော့ တောအော် တောင်အော် ထထလုပ်ဖြစ်တယ် ။စိတ်ခံစားမှု တစုံတရာရှိတိုင်း ချရေးလိုက်တာပဲ စာဖတ်သူလည်း အားမနာ ။

ရွာထဲမှာ စာရေးတာကျတော့ တောအော် တောင်အော် မလုပ်ရက်ဖူးပဲ ၊ အမှန်ကန်စာရေးနေကြတဲ့ လူတွေ ရှိတဲ့ အပြင် ၊ သတ်သတ်မှတ်မှတ် စာဝင်ဖတ်နေတဲ့ လူတွေလည်းရှိတာကြောင့် ကိုယ်ပေါက်ကရ ရေးတာတွေကြောင့် အချိန်မကုန်စေချင်တာ အားနာတဲ့စိတ်ကြောင့် ဝင်မရေးဖြစ်ဘူး ။

ခုတော့ စာနည်းနည်း ပြန်ရေးမလား စိတ်ကူးမိတယ် ။ အဓိကတော့ အလှပနဲ့ ပတ်သတ်တဲ့ပို့စ်မျိုး ရေးမှာပါ ။ ပရိုအဆင့်မဟုတ်ပေမယ့် ကိုယ်သိသမျှ sharing လုပ်တဲ့ပုံစံမျိုးနဲ့ ပြန်လာမှာပါ ။

လူမှုပတ်ဝန်းကျင်မှာ အပြင်ထွက်လှုပ်ရှားသွားလာနေရတဲ့ အမျိုးသမီးထုအတွက်ရည်ရွယ်ပါတယ် ။

မကြာခင် ပြန်လာပါဦးမယ် ။

 

 

23 comments

  • kai

    August 16, 2016 at 5:37 pm

    အင်း..
    အတောင်ပံလေးနဲ့ပေါ့…။ :k:

    • Ko out of...

      August 16, 2016 at 7:24 pm

      ကိုခိုင် သတိရတယ်ဗျာ..ရွှာကိုပြန်လာခွင့်ပြုပါနော်…

      • kai

        August 17, 2016 at 4:36 am

        ရွာသူားက.. Once ရွာသူား.. forever ရွာသူားပဲ..။
        အချိန်မရွေးဝင်ထွက်နိုင်ပါကြောင်း…။ :k:

  • ဖိုးသာထူး

    August 16, 2016 at 7:01 pm

    မင်​ဂါဘာ :mrgreen:
    အခုလို သတိတရရှိ​နေ​ပေးတာ အလွန်​ဝမ်း​မြောက်​ပါ​ကြောင်​းးးးး
    အရင်​ကလို ပြန်​လည်​စို​ပြေလာဖို့ ​မျှော်​လင်​့ပါ​ကြောင်​းးး
    အားလည်​း တက်​မိပါ​ကြောင်​းးးးးး 🙂
    (

    • etone

      August 18, 2016 at 2:49 pm

      သတိတွေတော့ရနေတာ ၊ ပျံသာမလာဖြစ်ခဲ့တာ ။

  • ဦးကျောက်ခဲ

    August 16, 2016 at 7:14 pm

    ငင့် … အမျိုးသမီးတွေ အတွက်ပဲဆိုတော့ မတြားဘူး…
    Welcome back … ဒေါ်etone :k:

    • etone

      August 18, 2016 at 2:51 pm

      အမျိုးသမီးထု အတွက်ဆိုပေမယ့် အဲ့ အမျိုးသမီးကို ကြောက်စ် … အဲအဲ 😀 … ချစ်ရတဲ့ အမျိုးသားများလည်း ဖတ်လို့ရပါကြောင်း ခိခိ :k:

  • Ko out of...

    August 16, 2016 at 7:23 pm

    မင်္ဂလာပါ ကျွန်တော်လည်းရွှာကိုသတိရတယ်..

    • ဖိုးသာထူး

      August 17, 2016 at 7:41 am

      လာဂဲ့
      ညင်း​ကြတာ​ပေါ့ :mrgreenn:

  • mhaw.sayar85@gmail.com

    August 16, 2016 at 8:11 pm

    မကြာမကြာလာပါ ၊ ခဏခဏလာပါ ၊ ဂတီးဂတီးလာပါ
    မင်းတို့လက်တွေလေထဲကို မြှောက်ထားလိုက် …….

  • မှော်ဆရာ

    August 16, 2016 at 8:14 pm

    မကြာမကြာလာပါ ၊ ခဏခဏလာပါ ၊ ဂတီးဂတီးလာပါ
    မင်းတို့လက်တွေလေထဲကို မြှောက်ထားလိုက် …….

  • မှော်ဆရာ

    August 16, 2016 at 8:20 pm

    အဘတွေရဲ့စေတနာ 1500 ဖုန်းတွေ ပေါ်ပြီးသကာလ အူလဒူး နဲ့ တယ်လီနွားရဲ့ တိုက်ပွဲကြား မှော်ဆရာရဲ့ စကိုင်းပျက် အင်တာနက်ဆိုင်လေး ကန့်လန့်ကာချခဲ့ရသည့်နောက်ပိုင်း ရွာမရောက်ဖြစ်သည်မှာကြာ…..
    ယခုတော့ အပြိုင်အဆိုင် Plan တွေ အရောက်တွန်းပို့မှုကြောင့်ပဲ ရွာကို ပြန်ရောက်တော့မည်လား မပြောတတ်တော့ပါ ။

    • ဖိုးသာထူး

      August 17, 2016 at 7:40 am

      အရင်​အ​ကောင်​့​ဟောင်​း ပျက်​သွားလို့လား က​မှော်​

    • etone

      August 18, 2016 at 2:52 pm

      ရွာထဲ လူအများကြီးနဲ့ စပ်စလူး နတ်ပူးသလို ဆုံခဲ့မိတာ ပျော်ဈာ 😛

  • ဂျစ်စူ

    August 16, 2016 at 10:29 pm

    လာရင်လာဒယ်မှတ် မလာရင်မလာဘူးမှတ်

  • မမချွိ

    August 17, 2016 at 8:19 am

    ယေ့ယေ့ယေ့။
    ဒီ က စောင့်နေသူ
    အိုးးး
    စောင့်နေသူ

    :chit:

    • etone

      August 18, 2016 at 2:55 pm

      လာမည် ကြာမည်ပေါ့ ဟီး 😀

  • Ma Ei

    August 17, 2016 at 9:07 am

    အလှအပလေးတွေရေးမယ်ဆိုတော့ စိတ်ဝင်စားတယ်
    တီအိတို့ အရွယ်တွက်လဲ ရေးပေးနော်
    🙂

    • etone

      August 18, 2016 at 2:55 pm

      ဟုတ်အန်တီအိ ။
      မိန်းမတိုင်းကို လှစေချင်တာ ၊ အလှပြင်တဲ့ အလုပ်ကိုလည်း ရှက်စရာလို့ မြင်နေတဲ့ အမြင်ကို ဖယ်ပေးချင်တာ ။ လှချင်တိုင်းလှစေချင်တာမို့ စာပြန်ရေးဖို့ စိတ်ကူးမိပါတယ် ။

  • Thint Aye Yeik

    August 17, 2016 at 11:36 am

    သားတို့အတွက်ကျတော့ကော…
    :k:

    .ပြန်လာပြီ… လာပြီ… ဒါမယ့် မြန်မာနိုင်ငံက လျှပ်စစ်မီးလိုတော့ မလုပ်ရဘူးနော်။
    အခုပဲလာ.. အခုပဲ…ပြန်ပျက်… မလုပ်ရဘူး သပ်လား။
    အာ့၄ လာပြောတာ
    :k:

    • etone

      August 18, 2016 at 2:53 pm

      သိဘူးအေ … လာချင်လာမယ် … မလာချင်မလာဘူး … လာချင်တဲ့အချိန်မှလာမှ မလာချင်တဲ့အချိန်ဆို မလာဘူး … ဟီးဟီးးးးး အစိုးမရတဲ့ခေတ်မှာမွေးခဲ့တော့ အဲ့အကျင့်စွဲတုန်း :mrgreen:

  • ခုတလော အလှအပကို စိတ်ဝင်စားပြီး အလှပြင်ရတာကို သဘောကျနေတာ . . . ခုလို ရေးပေးမယ်ဆိုတော့ ပျော်စရာကြီး

Leave a Reply