နှစ်နပ်စားလို့ တစ်နပ်နား

ခင္ခAugust 17, 20161min31014

တောမှာနေတော့ အလုပ်ရယ်မရှိ

ငွေရှာချင်လို့ မြို့တက်လာ၏

ရတဲ့အလုပ် ဝင်ငွေနည်းတော့

အစဦးမို့ ရုန်းလိုက်အုံးပေါ့

ပြသနာအစ နေစရာက

ဌားကာနေလည်း စားစရိတ်လျော့နည်း

ကိုယ်လိုသူလို သူတွေကတော့

ကွက်လပ်မြေဘေး ကျူးတဲထိုးစမ်း

မတတ်သာဘူး ဒီလမ်းဘဲလိုက်

ဝမ်းဝစားဖို့ အနိုင်နိုင်ဘဝမို့

ကျမပြုမိ အပြစ်ရှိသည်

ဖျက်ရင်လည်း ခံ

သတ်ရင်လည်း သေ

သေမထူး နေမထူးပါအေ

နိုင်ငံစီးပွား အလွန်းတိုးလို့

လုပ်ခများလည်း ပိုစွာရရင်

ဒီလိုလမ်းဘေး ဘယ်နေလိမ့်မလဲ

တိုက်ခန်းဝယ်ဌား နေမှာပေါ့အေ

ခုတော့လုပ်ခ နည်းလွန်းလှတော့

နှစ်နပ်စားလို့ တစ်နပ်နားတယ်

ပိန်ဆေးသောက်ဖို့ လိုပါဘူးဟယ်။

 

ခင်ခ။

14 comments

  • Foolish Girl

    August 17, 2016 at 10:02 am

    ရန်ကုန်မြေမှာ ကျောတစ်ခင်းစာက အနည်းဆုံး ၂၀၀၀ဝ ဒါတောင်မသန့်ချင်
    ခပ်သန့်သန့်ကျောတစ်ခင်းစာက အနည်းဆုံး ၄၀၀၀၀
    စားစရိတ်
    သွားစရိတ်
    ရတဲ့လစာနဲ့မကာမိ

    • ခင်ခ

      August 17, 2016 at 10:13 pm

      ဟုတ်ပဗျာ ရ ပေး ကုန် အောက်ခြေအဖုံဖုံပေါ့လေ

    • Thint Aye Yeik

      September 1, 2016 at 4:30 pm

      ကျနော် အခု နေတာ… အယောက် ၂ဝ လောက် စုနေရတဲ့ ဟောခန်းကြီးထဲ…ကျောတစ်ခင်းစာ..(လေးပေ/ခြောက်ပေလောက်)ကို တစ်လ ၃သောင်း။

      😥

  • ဂျစ်စူ

    August 17, 2016 at 9:46 pm

    တနပ်လျှော့စားတော့ စရိတ်သတ်သာပြီး စုမိတာပေါ့ဗျာ
    အစောထဲက လျှော့စားကြပါလို့ဆိုတာ
    စကားနားမထောင် စွတ်ဆက်စားကြပြီး
    အခုမှ ငြီးနေကြရပြီ မဟုတ်လားအေ့

    • ခင်ခ

      August 17, 2016 at 10:14 pm

      အဘ တ ပေါ့နော်

  • etone

    August 18, 2016 at 3:32 pm

    ကျူးကျော်တာ အကွက်ရွေးမှန်လျှင် လျှော်ကြေးရတယ် ။
    စက်မှု ဇုံတွေရှိတဲ့ဘက် တဲထိုးလူငှားချမလား စိတ်ကူးနေတာ အန်ကယ်ရေ ။ ဟီး ။

    မတွေ့တာ ကြာဘီ ၊ မင်္ဂလာပါ အန်ကယ်ရေ ။

    • ခင်ခ

      August 18, 2016 at 5:25 pm

      တယ်ဟုတ်ပါလား ကျူးတောင်မှ အဌားချလို့ရတယ်ပေါ့။
      စောစောစီးစီးသိလိုက်ရရင် ရန်ကုန်ပြန်ပြောင်း အခြေအနေကောင်းနိုင်တာပေါ့လေ။
      ရွာသူ/သားအားလုံးကို သတိရပါတယ် etone ရေ မင်္ဂလာပါ။

  • kotun winlatt

    August 19, 2016 at 3:04 pm

    နှစ်နပ်စားပြီး တစ်နပ်နား
    ချပ်ပြား ချပ်ပြား
    ချပ်ပြားတွေ လမ်းပေါ်ဝဲ
    ခွက်ဆွဲ ခွက်ဆွဲ

  • ကျောတစ်ခင်းစာ ဘယ်လောက်ဒုက္ခရောက်လဲဆိုတာ ကိုယ်တွေ့ပါပဲ . . . ဒါပေမယ့် သူများဒုက္ခကို ချနင်းပြီး ကိုယ်ကျိုးရှာနေတဲ့သူတွေရဲ့ စိတ်ဓာတ်တွေကိုတော့ တကယ်အံ့ဩမိတယ်

  • uncle gyi

    August 28, 2016 at 4:27 pm

    ရန်ကုန်တက်လာကြတာကလူစုံကိုခရဲ့
    ကိုခပြောသလိုလုပ်စရာဘာမှမရှိလို့ရေကြည်ရာမြက်နုရာရောက်လာသူတွေရှိသလို
    တောမှာအခြေရှိရဲ့သားနဲ့အခြေဖ ျက်ပြီးလာကြသူတွေလဲရှိရက်
    အခ ျို့က ျမြေတွေစေ ျကောင်းလို့ရောင်းပြီးလွယ်လွယ်သုံးလိုက်လို့အခြေပ ျက်သွားသူလဲရှိရက်
    ဘာပြောပြောတကယ်ရိုးရိုးသားသားတွေကိုသနားပေမဲ့လုပ်စားတွေကိုတကယ်မုန်းတယ်ဗ ျာ

  • ဝင့်ပြုံးမြင့်

    September 7, 2016 at 8:34 am

    လျှပ်စစ်မီးသာရ၊ တစ်နိုင်ငံလုံး တန်းတူပဲ။ ဘယ်မှာနေနေ စိတ်ချမ်းသာရမှာ။

    • kai

      September 7, 2016 at 12:20 pm

      လျှပ်စစ်မီးထုတ်နိုင်သမျှ နည်းပညာအကုန်သပိတ်မှောက်နေမှတော့… :k:

      • ခင်ခ

        September 16, 2016 at 5:30 pm

        ဟုတ်ပ သဂျီးရေ
        ဖယောင်းတိုင်လေးထွန်း လပြည့်ည လမင်းထိန်ထိန်သာကြီးကိုကြည့် ” ဝါး ဝါး ဝါး ဝါး ဖိုးလမင်းကြီးရေ ထမင်းဆီစမ်းရွှေလင်ပန်းနဲ့ ပေးပါ ” ဆိုတဲ့ အမူအကျင့်ကို နှစ်သက်နေစဲ ဒို့ပြည်ဝယ်ဆိုတော့ကာ ……….. လျှပ်စစ်မီး တစ်နိုင်ငံလုံးရဖို့ကတော့ မကြာမှီလာမည် မဟုတ်ဘူး ဘယ်သောအခါ မှန်းမသိ လာပါလိမ့်မည် မျှော် ….. ဟုသာ။

Leave a Reply