အတွင်းဒဏ်ရာပျောက်တဲ့နေ့

sorrowAugust 20, 20161min2897

ဒီနေ့အကင်ဆိုင်က စားပွဲထိုးလေးက…ပွက်ပွက်ဆူနေတဲ့ ဟင်းရည်ကို လက်ပေါ်မှောက်ချပေးတယ်
.တောင်းပန်တဲ့အသံကတုန်ပြီး အလွန်ကြောက်နေရှာတဲ့ သူ့ကိုကြည့်ပြီး ..ပူလောင်နာကျင်နေတာကိုမေ့ထားပြီး…..
ရပါတယ် အစ်ကိုသက်သာသွားမှာပါလို့ပြုံးပြီးပြောခဲ့တယ်..
..ညလုံးပေါက်အလုပ်လုပ်စရာရှိတဲ့လက်က ခုထိနာတာမပျောက်ဘူး ..

လွန်ခဲ့တဲ့ ဆယ့်ခြောက်နှစ်တုန်းက အလားတူမတော်တဆမှုကိုကျူးလွန်ဖူးတဲ့ ကော်ဖီဆိုင်က စားပွဲထိုးလေးတစ်ယောက်…
ဖြတ်ရိုက်ခံရဖူးတဲ့ ဘယ်ဘက်ပါးကို ပြန်စမ်းမိတယ်…
အမှတ်ရလိုက်တိုင်းနာနေပေမယ့် …ဒီနေ့မနာတော့ဘူး…

7 comments

  • ဦးကျောက်ခဲ

    August 20, 2016 at 2:08 pm

    အဲဒါ ပါးမို့လို့ … နှလုံးသားဆိုရင်တော့ အနာကျက်ခဲပြီး သေရွာပါတတ်သတဲ့…

    • sorrow

      August 20, 2016 at 3:59 pm

      ဟုတ်တယ် အစ်ကို ..နှလုံးသားကတော့ အနာကျက်ခဲတယ်..ကိုယ်တွေ့ …

  • kai

    August 20, 2016 at 3:57 pm

    ပါးရိုက်ခွင့်လည်းမရှိရသလို… ပျောက်သွားပါမှာဆိုပြီးလည်း.. သည်းခံနေဖို့မလိုဘူးထင်မိတယ်..။
    ဆိုင်ရှင်ဆီမှာ ထိုက်သင့်တဲ့ဆေးကုသမှုနဲ့ လျှော်ကြေးရမှဖြစ်မှာ..။
    ပါးရိုက်သူရှိရင်လည်း.. ကိုယ်ထိလက်ရောက်မှုနဲ့ အရေးယူရမှာဖြစ်ပါတယ်..။

    ဒါက.. ဖွံ့ဖြိုးပြီးနိုင်ငံတွေရဲ့ အခြေအနေ…။

  • sorrow

    August 20, 2016 at 4:03 pm

    လွန်ခဲ့တဲ့ဆယ့်ခြောက်နှစ် ..ဆယ်တန်းဖြေပြီးခါစမှာ… လူ့သိက္ခာကိုစော်ကားပါလားဆိုပြီး.တရားစွဲရကောင်းမှန်းသိတဲ့ ဉာဏ်ရည်မျိုး….ကိုယ့်မှာလဲမရှိ…ကိုယ့်ပတ်ဝန်းကျင်မှာလဲမရှိသေးဘူး သူကြီးရဲ့…ခုချိန်များကတော့ ကိုယ့်ဆီမှာ..ဥပဒေအတိုင်ပင်ခံအဖွဲ့ပါရှိနေပြီဆိုတော့ …လုပ်ရင်လဲမခံနိုင်တော့သလို..လုပ်လဲမလုပ်ရဲတော့ဘူး….

  • Ma Ei

    August 22, 2016 at 9:52 am

    .ဘဝ သင်ခန်းစာတချို့ဟာ တန်ဘိုးကြီးလွန်းပါတယ်..
    ကံ ဉာဏ် ဝိရိယ ရှိသလောက် ယူတတ်ရင် အောင်မြင်မှုတွေရရှိနိုင်သလို
    အယူမှားရင်လဲ အဆုံးစွန် မိုက်မဲတတ်ပြန်ရော….

  • မောက်မာတတ်သူတွေကြားထဲ ကိုယ်ချင်းစာညှာတာစိတ်ဆိုတာ သိပ်ခေါင်းပါးခဲ့တယ် . . . ကိုယ်တွေနောက်က မျိုးဆက်မှာတော့ ပါလာနိုုင်ကောင်းပါရဲ့

Leave a Reply