Upgrade လုပ်ချင်အုံးဟ. . . :P

daviharrisonAugust 29, 20101min590

ဆရာခင်ဗျား..

ကျွန်တော့် ရဲ ့ကွန်ပြူတာ Program ပြဿနာတွေနဲ ့ပတ်သက်လို ့ ဆရာ့ထံ သို ့တင်ပြ
အကြံ ဉာဏ်တောင်းလိုပါတယ်။
ကျွန်တော့်မှာ Girlfriend 1.0 ဆိုတဲ့ ရှိခဲ့ပါတယ်၊ မနှစ်က အဲဒီ Girlfriend 1.0
ဆိုတဲ့ Program ကို Wife 1.0 အဖြစ် Upgrade လုပ်ခဲ့ပါတယ်။ ဒီမှာတင်မမျှော်လင့်ဘဲ Child
processing ဖြစ်ခဲ့ပြီး Space တော်တော်များနဲ ့ အခြား Valuable Resources
တွေကိုယူ သုံးသွားခဲ့ပါတယ်။ အဲဒီ လို ရှ ုတ်တွေးမှုတွေ ဖြစ်နိုင်တယ် ဆိုတာသူရဲ
့ Product Brochure မှာရော Read me Document မှာပါ ထည့်သွင်းဖော်ပြ ထားခြင်း
မတွေ ့ခဲ့ရပါဘူး၊၊

အဲဒီ အပြင် Wife 1.0 က အခြား Program လေးတွေကို အလိုအလျှောက် ထပ်မံရေးဆွဲတပ်ဆင်ပြီး
နဂိုမူလ system ထဲရှိပြီးသား Activities တွေကိုထိန်းကွပ်တော့တာပါဘဲ၊

၊ ဥပမာ
အားဖြင့် Kara OK night 10.3 နဲ ့ Beer Bash 2.5 ကဲ့သို ့သော Program တွေဟာ
လုံးဝ အလုပ်တော့ဘဲ ရပ်ဆိုင်းသွားပါတော့တယ်၊၊ Wife 1.0 ရဲ ့
စွမ်းဆောင်ချက်တွေပါဘဲ၊၊

Wife 1.0 ကို system ထဲကနေ ကြိုးစားပြီး Delete လုပ်ကြည့်ပေမဲ့ မရတော့ပါဘူး၊
ကျွန်တော်က Girlfriend 1.0 ကို ပြန်သွားရင်ကောင်းမလားဆိုပြီး Uninstall
လုပ်ကြည့်ပါတယ်၊ ဒါပေမဲ့ Uninstall ကလည်း လုံးဝအလုပ်မလုပ်ပါဘူး။ ဒါကြောင့် ဒီပြ
ဿနာ ကို ဘယ်လိုဖြေရှင်းရမယ်ဆိုတာ ဆရာဖြေကြားပေးပါ ခင်ဗျား၊၊

လေးစားစွာဖြင့်
JP

Mr.JP ခင်ဗျား..

လူကြီးမင်းကြုံတွေ ့နေရသောပြသနာသည် အလွန်ယေဘူယျကျပြီး လူတော်တော်များများ၏
မကျေမနပ် ပြောဆိုသံများနှင့်ထပ်တူဖြစ်သည်။ လူအများစုက Wife 1.0 သည် Utilities &
Entertainment program တစ်ခုလိုထင်ကြပြီး Girlfriend 1.0 မှ Wife 1.0 သို ့
Upgrade လုပ်ကြတာပါဘဲ၊၊

အမှန်တော့ Wife 1.0 ဟာ Utilities & Entertainment program မဟုတ်ဘဲ Operating
System တစ်ခုဖြစ်ပါတယ်။Wife 1.0 ကိုဖန်တီးသူက အရာ တော်တော်များများ
လုပ်ဆောင်နိုင်အောင် ဆိုပြီး သေချာပုံစံပြု ထုတ်လုပ်ခဲ့တာပါ။ အဲဒီ Program ကို
system ထဲမှာ install လုပ်ပြီးတာနဲ ့ uninstall Delete(သို ့) Purge လုပ်လို
့မရပါဘူး ။ Girlfriend 1.0 ကိုလည်းပြန် သွားလို ့မရပါဘူး။ ဘာကြောင့်လည်းဆိုတော့
သူ ့ကိုု Design လုပ်စဉ်ကတည်းက Girlfriend 1.0 ကိုပြန်သွားလို ့မရအောင်
စီမံထားလို ့ပါဘဲ။

တချို ့ ကတော့ Girlfriend 2.0 တို ့ Wife 2.0 ဆိုတာတွေ ကို ကြိုးစားပြီး System
ထဲ မှာ install လုပ်ကြပါတယ်။ ဒါပေမဲ့ အောင်မြင်မှ ု မရဘဲ မူလထက် ရှ ုတ်ထွေး မှ
ုများနဲ ့ အဆုံး သတ်ကြတာတွေ ့ရပါတယ်။ ကျွန်တော် အကြံပြု ချင်တာကတော့ Wife 1.0
ကိုဘဲ ဆက်လက် ထိမ်းသိမ်းပြီး သုံးစွဲပါ။ ဖြစ်လာတဲ့ အခြေနေ အရပ်ရပ်ကို သတိ၊
ဉာဏ်ပညာ နဲ ့ ယှဉ်ပြီး ရင် ဆိုင်ပါ။ ကျွန်တော် ကိုယ်တိုင် Wife 1.0 ကို install
လုပ်ထားသူတစ်ယောက် အနေ နဲ ့ အကြံပြုချင် နောက်တခုကတော့ Wife 1.0 တစ်ခုလုံးနဲ ့
သူ ့ရဲ General Protection Faults(GFPs) တွေကို သေချာလေ့လာပါ။ ဖတ်ကြည့်ပါ။
ဖြစ်လာနိုင်တဲ့ ပြဿနာ နဲ ့ အမှားတွေ အတွက် မိမိ ပေါ် ကျရောက်လာမဲ့ သက်ရောက်မှ
ုတွေကို ကြိုတင်ပြီး ခန် ့မှန်း ထားကြည့်ပါ။

အကယ်၍ အဲဒီ Program ဟာ ဘာမှ ဆက်လုပ်လို ့မရလောက် အောင် ကြုံတွေ ့ နေရပြီ ဆိုရင်
တော့ Apologies ဆိုတဲ့ ခလုတ်ကို အရင်နှိပ်ပါ။ ပြီးရင် Reset ဆိုတဲ့ ခလုတ်ကို
နှိပ်ပါ။ အားလုံး အဆင်ပြေ သွားပါလိမ့်မယ်။ GFPs တွေ အားလုံး ရဲ ့ ပြစ်ချက်တွေ
ဟာ မိမိကြောင့်ပါ လို ့ တာဝန်ယူထားသမျှ System ကြီးတစ်ခုလုံးဟာ ချောမွေ ့စွာနဲ
့အလုပ်လုပ်နေပါလိမ့် မယ်။

တကယ်တော့ Wife 1.0 ဆိုတဲ့ ဟာ အင်မတန် ကောင်းမွန်တဲ့ Program ကြီးပါ။ ဒါပေမဲ့
အင်မတန် အဆင့်မြင့်မားတဲ့ ပြုပြင်ထိမ်းမှ ု လိုအပ်တာတော့အမှန်ပါ။

ပညာရပ်ဆိုင်ရာပံပိုးသူ

စာကြွှင်း ……
ပြည်တွင်းရော ပြည်ပမှာပါ ရှိနေတဲ့ တရားမဝင်သော Program များ ဥပမာ အားဖြင့်
Mistress 1.0 ဆိုတာမျိုး ကို ကြိုးစားပြီး install မလုပ်ဖြစ်ပါစေနဲ ့။အကယ်၍
Wife 1.0 က အဲဒီလို Program မျိုး ကိုတွေ ့ထိမိခဲ့ရင် ကြိုတင် မှန်းဆ၍
မရနိုင်သော လုံးဝပြန်လည်၍ ကောင်း မွန်မလာ နိုင်သော ပျက်စီးမှုမျိုး နဲ
့သေချာပေါက် ကြုံတွေရ နိုင်ပါတယ်။အဲဒီလိုဖြစ်ခဲ့ရင် ပြင်ဆင်ခနဲ ့အချိန်
ကာလဆုံးရှ ုံးမှ ုတွေဟာ အလွန်မြင့်မားသွားတော့မှာပါ။

Source: Forwarded Mail မှပြန်လည်မျှဝေလိုက်ခြင်းပါ။