ကျွန်မနဲ့ ဂျပန် ပြံ ုးမောင်မောင်

moonpoemAugust 21, 20161min2106

ဦးပြုံး​မောင်​​မောင်​ဆိုတဲ့ နာမည်​က ကျွန်​မဂျပန်​တစ်​​ယောက်​ကို ပေးခဲ့တဲ့ နာမည်​​​။ကျွန်​မအဖေကို မ​တွေ့ချင်​ဘူးလို့ ​ပြောလို့ငိုရတာ
လည်​း သူ့​ကြောင်​့​ပဲ။ရယ်​ရင်​ မလှဘူး ငိုရင်​ ပိုဆိုးတယ်​လို့ ​ပြောလို့ ဗြဲခနဲ ကျွန်​မရန်​​ထောင်​ခဲ့တာလည်​း သူ့​ကြောင်​့ပါပဲ။
….
၂၀၁၄ခုနှစ်​ကနဲ့ တူပါရဲ့ရုံးက​ပေးတဲ့တာဝန်က မြန်​မာပြည်​ကို ရုံးခွဲလာဖွင်​့မယ်​့ ဂျပန်​စီးပွား​ရေး
သမားတစ်​​ယောက်​ကို ကူညီဖို့တဲ့။သာမာန်​​လေ့လာရုံသက်​သက်​မဟုတ်​ဘဲ ရုံးခွဲဖွင်​့ဖို့ လာတာဆို​တော့ မြန်​မာပြည်​ကို သူလာတိုင်​း အမြဲတမ်​း ကျွန်​မနဲ့ပဲသွားရာက ​ခင်​သွား
ကြတယ်​။မြန်​မာနာမည်​ သူ့ကို​ပေးပါလား
ဆို​တော့ သူ့ပုံစံက ပြုံး​နေတတ်​တာ​ရော၊ကြာသပ​တေးသားတ​ယောက်​ ဖြစ်​​နေတာ​ရော​ကြောင်​့ ကိုယ်​့ဟာကိုယ်​​ဗေဒင်​ဆရာ လုပ်​ပြီး ဦးပြုံး​မောင်​​မောင်​လို့ နာမည်​​ပေးဖြစ်​ခဲ့တယ်​။

ရုံးဖွင်​့ဖို့ ရန်​ကုန်​၊​နေပြည်​​တော်​အစုံသွားရာက တခါက​တော့ မန္တ​လေးကို ​နေ့ချင်​းပြန်​သွားဖို့ ဖြစ်​လာတယ်​။အလုပ်​အားလုံးပြီးသွား​တော့ အချိန်​က ပြန်​ဖို့ ၂နာရီ​လောက်​​စော​နေ​သေးတယ်​။သူက နင်​ဘာလုပ်​ချင်​​သေးလဲလို့ ​မေးတဲ့အခါ ​ပျော်​ပြီး ကျွန်​မက ​ဖေ​ဖေကို ​ဝင်​တွေ့ချင်​တယ်​လို့ ​ပြောလိုက်​တော့ နင်​​တွေ့ချင်​​ပေမယ်​့ငါမတွေ့
ချင်​ဘူးလို့ ​ပြောလာတယ်​။

ကျွန်​မလည်​း စိတ်​မကောင်​း​တွေဖြစ်​ပြီး ငိုပါ​လေ​ရော။ငို​တော့ သူက ပါးစပ်​အ​ဟောင်​းသားကြည်​့ပြီး ဘာမှ​တော့မ​မေးဘူး။​​ကျွန်​မလည်​းအငိုရပ်​​တော့မှ သူ့ကို ​​နောက်​ခါ ငါနင်​နဲ့ မသွား​တော့ဘူးလို့ ပြောလိုက်​တယ်​။အဲ့​တော့မှ ပြူးပြာပြီး ​ရှင်​း​ကြ​တော့မှ ကျွန်​မက အ​ဖေကို ဂျပန်​လို အိုတိုးစံလို့ ​ပြောတာကို သူ့နားထဲမှာက အိုဘိုးစံလို့ ကြားပြီး ဘုန်​းကြီး​တွေနဲ့မ​တွေ့ချင်​ဘူးလို့ ​ပြောတာဖြစ်​​နေ​လေရဲ့။နားလည်​မှုလွဲတဲ့ ပြဿ      နာ​ပေမယ်​့ သူက ​တောင်​းပန်​ပါတယ်​။ပြီး​တော့ သူလည်​း သူ့အ​ဖေကို ​တွေ့ချင်​​ပေမယ်​့ တွေ့လို့မရ​တော့ဘူးတဲ့။

ကျွန်​မ စိတ်​ဆိုး​ပြေ​တော့ သူကထပ်​​ပြော​သေးတာ။နင်​က ရယ်​ရယ်​သာ သိပ်​မသိသာတာ ငိုရင်​ မလှဘူးဟ မငိုနဲ့တဲ့။ဂါးးး။

အဲ့​နောက်​​တော့ ​ဆွေမျိုး​တွေလို ရင်​းနှီး
သွားကြ​တော့တာ။လာတဲ့အ​ခေါက်​တိုင်​းမှာ သူက သင်​တန်​း​ပေးရမယ်​့အခါ၊ seminar​တွေသွားရတဲ့အခါ ကျွန်​မကို ဝင်​ထိုင်​ခိုင်​းပြီး သင်​တန်​းတက်​ခိုင်​းတယ်။ပညာစုံရ​စေချင်​တယ်​နဲ့ တူပါတယ်​။အဲလိုနဲ့ ခင်​လာတာ အခုဆို ၃နှစ်​နီးပါးပါပဲ။

အခုတ​ခေါက်​လာ​တော့ သူ့လက်​​အောက်​ငယ်​သားတစ်​​ယောက်​ပါလာတယ်​။ဒီတခါ​တော့ ထူးထူးဆန်​းဆန်​း ကျွန်​မကို မိသားစုကိစ္စ၊ လူမှု​ရေးကိစ္စ​၊အချစ်​​ရေးကိစ္စက အစ စုံစုံ​စေ့​စေ့​မေးပြီး အကြံ​တွေထိုင်​​ပေး​တယ်​။လက်​ချာ​တွေရိုက်​တယ်​။ရယ်​ကြ​မောကြနဲ့။

ပြန်​ရမယ်​့​နေ့ ​ရောက်​​တော့မှပဲ ​မျက်​နှာတည်​တည်​နဲ့သူဒီတခါ လာတာ​နောက်​ဆုံးပဲ မြန်​မာပြည်​ရုံးခွဲဖွင်​့ဖို့ ကိစ္စအားလုံးလည်​း ပြီးသွားတာ​ကြောင်​့  သူနဲ့ပါလာတဲ့ တ​ယောက်
ရုံးထိုင်တဲ့အခါ သူ့ကိုလည်​း လိုအပ်​တာမှန်​သမျှ ကူညီ​ပေးပါ။ သူက​တော့ အသက်​လည်​းကြီးပြီ အလုပ်​ဆက်​မလုပ်​​တော့ဘူး အနားယူ​တော့မယ်​ လို့ ဆိုလာတယ်​။

  ကျွန်​မလည်​း ရုတ်​တရတ်​ကြီးဆို​တော့ ငိုင်​ကျသွားတယ်​။သူကစကားဆက်​တယ်​။ နင်​နဲ့ငါခင်​လာတာ ၃နှစ်​​တောင်​ ရှိသွားပြီ​နော်​။
ဂျပန်​မှာ​နေလို့ တ​ယောက်​​ယောက်​ကများ မြန်​မာပြည်​အ​ကြောင်​း ​ပြောခဲ့ရင်​ ငါစပြီး​​တွေးမိမှာဘာလဲ သိလားတဲ့။ကျွန်​မထင်​တာက​တော့ သူစားချင်​တဲ့ မုန်​့ဟင်​းခါး ဒါမှမဟုတ်​ ဘူးသီး​ကြော်​​ပေါ့လို့ ​ပြောလိုက်​​တော့ ရယ်​တယ်​။ပြီး​တော့မှ မဟုတ်​ဘူးဟ မြန်​မာပြည်​အ​ကြောင်​း ​ပြောရင်​ စ​တွေးမိမှာက ပြာယာခတ်​​နေတတ်​တဲ့ စကားပြန်​တ​ယောက်​ အ​ကြောင်​း ဖြစ်​လိမ့်​့မယ်​တဲ့။

ကျွန်​မဖြင်​့ စိတ်​မ​ကောင်​း ဖြစ်​လိုက်​တာ။
ဘာလိုလိုနဲ့ သိပ်​မကြာခင်​ သူပြန်​​တော့မယ်​။လက်​ပြနှုတ်​ဆက်​တဲ့အခါ ​စိတ်​ကသိလိုက်​ မသိလိုက်​နဲ့ သိ​နေတာက​တော့ ဒီတခါနောက်​ဆုံးပဲဆိုတာကို သိ​နေပါတယ်​။

​ပြုံ​း​မောင်​​မောင်​ ပြန်​ပြီလို့ ဆိုတဲ့အခါ ဦးပြုံး​မောင်​​မောင်​ဆိုတဲ့ နာမည်​က ကျွန်​မသူ့ကို​ပေးခဲ့တဲ့ နာမည်​​​မှန်​းလည်​း သိ​နေပါတယ်​။

ဘုန်​းကြီးဆိုတဲ့စကားလုံးနဲ့ အ​မှတ်​မှားလို့
ကျွန်​မအဖေကို မ​တွေ့ချင်​တာ မဟုတ်​ခဲ့မှန်​းလည်​း သိ​နေပါတယ်​။

ဒါ​ပေမယ်​့ ရယ်​ရင်​မလှဘူး ငိုရင်​ ပိုရုပ်​ဆိုးမယ်​ဆိုတာ ​ပြောထားမှန်​း သိသိရက်​နဲ့ ဘာ​ကြောင်​့ မျက်​ရည်​ဝဲမိမှန်​း​တော့ မသိ​ခဲ့ပါဘူး။

6 comments

  • ဦးကျောက်ခဲ

    August 21, 2016 at 7:08 pm

    Copy/Paste ခေါင်းစဉ်ထဲရောက်နေ၏ ။

  • moonpoem

    August 22, 2016 at 6:43 am

    ကျေးဇူးပါ လေးကျောက်ရေ။ပြန်ပြင်လိုက်ပါပြီရှင့် 🙂

  • Ma Ei

    August 22, 2016 at 9:41 am

    ဂျပန်ကို ပျားရည်ဆမ်း အလည်သွားလိုက်ပါ လကဗျာရယ်
    🙂

  • uncle gyi

    August 28, 2016 at 4:22 pm

    ခင်ရာဆွေမ ျိုးဆိုတာဒါမ ျိုးနေမှာနော်

  • Foreign Resident

    September 6, 2016 at 5:34 pm

    ” THAKHIN CJ #2212011 ( 5/5/16) ”

    အီးးးးးး ၊ သူညားတွေများ THAKHIN CJ နံပါတ်တွေ ဘာတွေနှင့် ။
    တားတား တို့မှာတော့ ဘာမှ မရှိသေးဝူး ။
    အားငယ်လိုက်တာ ။

Leave a Reply