မတည့်ကြတဲ့ ညီအကိုမောင်နှမတွေ
ရတက်မအေးနိုင်တဲ့ အမေအို
တနေ့နေ့တော့ ချစ်ခင်စည်းလုံးမယ်လို့
ယုံကြည်နေတဲ့ အမေအို၊
ဇရာလည်း ထောက်လာပြီ
အသံလည်း ပျော့လာပြီ
တခါတခါ စကားမှား
အရင်လို မသွက်လက်တော့၊
သားတို့ရယ် အမေ့ကိုချစ်ရင်
အမေရဲ့ဆန္ဒ အမေရဲ့ယုံကြည်မှုတွေ
လေမှာပျောက်သလို မပျောက်စေချင်
သားတို့ရဲ့သားစဉ်မြေးဆက်
အနာဂတ်လူငယ်တွေကောင်းစားဖို့အတွက်
ကြိုးစားကြစေချင်။
(၂၁ရာစု ပင်လုံညီလာခံကို ကြိုဆိုပါ၏။)

မင်းသုတ
17:30 P.M
31.8.2016

About zaw win

zaw win has written 74 post in this Website..