ရင်ထဲမှာ ဆူးတစ်ချောင်းတော့ဆူးနေတယ်
ပုဇွန်ဦးနှောက်လေးနဲ့
ရှုထောင့်ပေါင်းစုံကနေစဉ်းစားပြီး အားလုံးအတွက် အကောင်းဆုံးလမ်းဆိုတာကို ရွေးချယ်ခဲ့/ ပြုလုပ်ခဲ့တာပဲ
အကောင်းဆုံးမဖြစ်ခဲ့ရင်တောင် အညံ့ထဲမှာ မပါဘူးလို့ထင်ခဲ့တာပဲ
လုပ်သမျှကအရာမထင်တော့လည်း အားတွေယုတ်လာတယ် / အသားတွေတုန်လာတယ်
မချီးမွမ်းရင်နေကြပါ / မရှုံ့ချပါနဲ့
ကြိုးစားပြီးလုပ်ဆောင်နေတာကို တော့ အသိအမှတ်ပြုပေးပါ / မြင်ကြည့်ပေးပါ
လုပ်ဆောင်ခဲ့တဲ့အရာတွေအားလုံးကလည်း
ငါ့တဘို့တည်း အတွက် တော့ ငါဘယ်အရာမှမလုပ်ဆောင်ခဲ့တာတော့အမှန်ပဲ
ခုလိုပြောလို့နင့်အတွက်ချည်းပါပဲလို့ပြောကြလိမ့်မယ်
အေး လူဆိုတာအတ္တအသမား ဒီတော့
ငါ လုပ်ဆောင်တဲ့အရာတွေမှာ ငါ့အတွက်ဆိုတာမပါဘူးလို့တော့မဆိုလိုခဲ့ပါဘူး
ငါ….
အိပ်မနေဘူး ၊ ထိုင်မနေဘူး ၊ ရပ်မနေဘူး ၊ သွားနေတယ် ရွေ့နေတယ်လို့တော့ထင်တာပဲ
ဒါကိုအိပ်နေတဲ့သူက “နင်ကရှေ့ကိုမရောက်တော့ဘူး အိပ်နေတဲ့ငါနဲ့ အဆင့်တူတူပဲ”လို့ပြောလာတော့လည်း
နှုတ်ခမ်းတစ်ခြမ်းမဲ့ပြီး ပြုံးရုံလေးသာတတ်နိုင်ပါတယ် ငါအဲဒီလောက်ညံ့ဖျင်းနေသလားပေါ့
ဒါပေမယ့် အရှေ့မရောက်လို့ အဆင့်တူတူပဲဆိုရင်တောင်
ငါ…………… အိပ်ပျော်မနေတာတော့သေချာတယ်
တတ်စွမ်းသလောက် ကြိုးစားနေပါလျက်နဲ့ အရာမထင်သူက…
ဘာကြိုးစားအားထုတ်မှုမှ မရှိလို့ ဘာမှအရာမထင်သူထက်တော့ သာပါတယ်လေ…။
ကိုယ်တတ်နိုင်သလောက် အားထုတ်ခဲ့တယ်ဆိုတဲ့အတွေးနဲ့ကို…. နောင်တတော့ ကင်းနိုင်ပါသေးတယ်။
Was this answer helpful?
LikeDislikeဟုတ်တာပေါ့နော် အားတက်သွားပါပြီ
Was this answer helpful?
LikeDislikeကိုယ်တွေဆို ဟိုမရောက်ဒီမရောက် လိုင်းကြောင်နေပေါ့….
Was this answer helpful?
LikeDislikeပုဇွန်ဦးနှောက်လေးနဲ့ ရှုထောင့်ပေါင်းစုံကနေစဉ်းစားပြီး လုပ်လည်း မဖြစ်ဖူးထင်တာပဲ..။
ပုဇွန်ဦးနှောက်ကိုး..။
ဧကန္တ… ဇီကာဗိုင်းရပ်စ်မိထားတာနဲ့တူတယ်..။
လူဦးနှောက်ဆီတဆင့်တက်လိုက်လေ…။
Was this answer helpful?
LikeDislikeဟုတ်ပ ဗျာ
Was this answer helpful?
LikeDislikeဘာပြောပြောလုပ်နေသူကအတွေ့အကြုံသစ်တွေရနေတာတော့အမှန်
Was this answer helpful?
LikeDislikeခရီးများဆုံးထိ လျှောက် . . .
လက်တွေ့ဟာ ရင်ဘတ်မှာ
လမ်းဆုံးဟာ ခဏလေးပါ . . .။
ကိုလေးဖြူသီချင်းလေး သတိရသွားလို့ . . .
Was this answer helpful?
LikeDislikeအင်း.. သူများပြောတာကို ဂရုမစိုက်ဘဲ ကိုယ်လုပ်စရာရှိတာသာ ဆက်လုပ်ပါ ဆိုတာက ပြောတာသာလွယ်တာ.. တကယ်တမ်းကျ အတော်ခက်တယ်…
ဒါပေမယ့်လည်း တတ်နိုင်သလောက်တော့ သူများကို ဂရုမစိုက်ပါနဲ့လေ… အရမ်းပင်ပန်းတယ်…
Was this answer helpful?
LikeDislikeအလုပ်က ပညာသင်ပေးတာ။ လုပ်ရင်းနဲ့ တတ်သွားရော။
Was this answer helpful?
LikeDislike