ရင်ထဲမှာ ဆူးတစ်ချောင်းတော့ဆူးနေတယ်

Foolish GirlSeptember 1, 20161min3349

ပုဇွန်ဦးနှောက်လေးနဲ့
ရှုထောင့်ပေါင်းစုံကနေစဉ်းစားပြီး အားလုံးအတွက် အကောင်းဆုံးလမ်းဆိုတာကို ရွေးချယ်ခဲ့/ ပြုလုပ်ခဲ့တာပဲ
အကောင်းဆုံးမဖြစ်ခဲ့ရင်တောင် အညံ့ထဲမှာ မပါဘူးလို့ထင်ခဲ့တာပဲ
လုပ်သမျှကအရာမထင်တော့လည်း အားတွေယုတ်လာတယ် / အသားတွေတုန်လာတယ်
မချီးမွမ်းရင်နေကြပါ / မရှုံ့ချပါနဲ့
ကြိုးစားပြီးလုပ်ဆောင်နေတာကို တော့ အသိအမှတ်ပြုပေးပါ / မြင်ကြည့်ပေးပါ

လုပ်ဆောင်ခဲ့တဲ့အရာတွေအားလုံးကလည်း
ငါ့တဘို့တည်း အတွက် တော့ ငါဘယ်အရာမှမလုပ်ဆောင်ခဲ့တာတော့အမှန်ပဲ
ခုလိုပြောလို့နင့်အတွက်ချည်းပါပဲလို့ပြောကြလိမ့်မယ်
အေး လူဆိုတာအတ္တအသမား ဒီတော့
ငါ လုပ်ဆောင်တဲ့အရာတွေမှာ ငါ့အတွက်ဆိုတာမပါဘူးလို့တော့မဆိုလိုခဲ့ပါဘူး

ငါ….
အိပ်မနေဘူး ၊ ထိုင်မနေဘူး ၊ ရပ်မနေဘူး ၊ သွားနေတယ် ရွေ့နေတယ်လို့တော့ထင်တာပဲ
ဒါကိုအိပ်နေတဲ့သူက “နင်ကရှေ့ကိုမရောက်တော့ဘူး အိပ်နေတဲ့ငါနဲ့ အဆင့်တူတူပဲ”လို့ပြောလာတော့လည်း
နှုတ်ခမ်းတစ်ခြမ်းမဲ့ပြီး ပြုံးရုံလေးသာတတ်နိုင်ပါတယ် ငါအဲဒီလောက်ညံ့ဖျင်းနေသလားပေါ့
ဒါပေမယ့် အရှေ့မရောက်လို့ အဆင့်တူတူပဲဆိုရင်တောင်
ငါ…………… အိပ်ပျော်မနေတာတော့သေချာတယ်

9 comments

  • Thint Aye Yeik

    September 1, 2016 at 3:11 pm

    တတ်စွမ်းသလောက် ကြိုးစားနေပါလျက်နဲ့ အရာမထင်သူက…
    ဘာကြိုးစားအားထုတ်မှုမှ မရှိလို့ ဘာမှအရာမထင်သူထက်တော့ သာပါတယ်လေ…။
    ကိုယ်တတ်နိုင်သလောက် အားထုတ်ခဲ့တယ်ဆိုတဲ့အတွေးနဲ့ကို…. နောင်တတော့ ကင်းနိုင်ပါသေးတယ်။

    • Foolish Girl

      September 1, 2016 at 3:12 pm

      ဟုတ်တာပေါ့နော် အားတက်သွားပါပြီ 😀

  • Tawwin Pan

    September 2, 2016 at 4:37 pm

    ကိုယ်တွေဆို ဟိုမရောက်ဒီမရောက် လိုင်းကြောင်နေပေ့ါ….

  • kai

    September 3, 2016 at 2:24 pm

    ပုဇွန်ဦးနှောက်လေးနဲ့ ရှုထောင့်ပေါင်းစုံကနေစဉ်းစားပြီး လုပ်လည်း မဖြစ်ဖူးထင်တာပဲ..။
    ပုဇွန်ဦးနှောက်ကိုး..။
    ဧကန္တ… ဇီကာဗိုင်းရပ်စ်မိထားတာနဲ့တူတယ်..။

    လူဦးနှောက်ဆီတဆင့်တက်လိုက်လေ…။ :k:

    • Foolish Girl

      September 6, 2016 at 3:36 pm

      ဟုတ်ပ ဗျာ

  • uncle gyi

    September 6, 2016 at 8:04 am

    ဘာပြောပြောလုပ်နေသူကအတွေ့အကြုံသစ်တွေရနေတာတော့အမှန်

  • kotun winlatt

    September 6, 2016 at 10:21 am

    ခရီးများဆုံးထိ လျှောက် . . .
    လက်တွေ့ဟာ ရင်ဘတ်မှာ
    လမ်းဆုံးဟာ ခဏလေးပါ . . .။
    ကိုလေးဖြူသီချင်းလေး သတိရသွားလို့ . . .

  • လုံမလေးမွန်မွန်

    September 6, 2016 at 12:13 pm

    အင်း.. သူများပြောတာကို ဂရုမစိုက်ဘဲ ကိုယ်လုပ်စရာရှိတာသာ ဆက်လုပ်ပါ ဆိုတာက ပြောတာသာလွယ်တာ.. တကယ်တမ်းကျ အတော်ခက်တယ်…
    ဒါပေမယ့်လည်း တတ်နိုင်သလောက်တော့ သူများကို ဂရုမစိုက်ပါနဲ့လေ… အရမ်းပင်ပန်းတယ်…

  • ဝင့်ပြုံးမြင့်

    September 6, 2016 at 12:13 pm

    အလုပ်က ပညာသင်ပေးတာ။ လုပ်ရင်းနဲ့ တတ်သွားရော။

Leave a Reply