ကျောက်ခေတ်ဆီက ပေးပို့လိုက်တဲ့စာ

alinsettSeptember 8, 20161min1674

 

12-16-40-images

 

 

 

 

 

 

 

 

”ကျောက်ခေတ်ဆီက ပေးပို့လိုက်တဲ့စာ”
——————————————

အခုတလော လက်ညှိုးတွေ ခေတ်စားနေတယ် ကြားလို့. . .တဲ့။
ဇာတ်တော်သမိုင်းထဲက ဟိုလူကြီးတောင်မှ ဓါးသွေးနေပြီ။

လက်ညှိုးတွေကလည်း ဖြတ်မယ့်ဓါးကိုတောင် ထိုးကာထိုးကာနဲ့ ဟားတိုက်ရယ်မလို့တဲ့. . .
လှောင်ပြောင်ရယ်သွမ်းနည်း တစ်သန်းမကကိုလည်း ပြုစုနေကြလေရဲ့။

မှန်တွေကပဲ ပြနိုင်စွမ်းလျော့နည်းနေတာလား?
ခြေထောက်တွေကပဲ မှန်ရှေ့ဆီမှာ ရပ်ဖို့ရာ မသွားရဲတာလား?
အဲ့ဒီလိုနဲ့. . .
ရေရာစွာ မခွဲခြားတတ်နိုင်ခင်မှာပဲ
ဒီပုစ္ဆာရဲ့အဖြေဟာ . . .
မှင်နီအတားခံလိုက်ရလေရဲ့။

လေပြေတွေ ရှဲခနဲ ပြေးထွက် ပျောက်ကွယ်…
မုန်တိုင်းတွေသာ ရှူးရှူးရှဲရှဲ ဝင်လာတယ်။
”ကိုယ်ဟာ မုန်တိုင်းဆန်စွာ ကြမ်းရှဆူပွက်နေပြီ ဆိုတာကိုတော့. . .
ဘယ်မုန်တိုင်းကမှ . . .
ကိုယ့်ဘာသာ မသိပါဘူး”တဲ့။

ကြောက်စရာကောင်းလာတဲ့ (ကျောက်ခေတ် ပြန်ရောက်သွားသလို)မြို့တော်ထဲကနေ. . .
ခပ်မြန်မြန်လေး ပြေးထွက်ရင်း. . .
လေပြေကလေးက ပြောသွားတယ်။


သင့်အေးရိပ်

 

၂၀၁၆၊ စက်တင်ဘာလ ၈ရက်

 

4 comments

  • kai

    September 10, 2016 at 3:52 am

    ကြောက်စရာ့ ကျောက်ခေတ်မြို့တော်ကနေ..
    ကျောက်ကျောစားရင်း.. ကျောပုတ်ပြောတဲ့…
    ကျောမမွဲလူသားရဲ့ … ခတ်ကြောကြောစကား..။ :k:

    • Thint Aye Yeik

      September 10, 2016 at 3:51 pm

      .ကျောက်ခေတ်ဆီကို ပြန်ပို့တဲ့စာကြီး
      :k:

  • မမချွိ

    September 13, 2016 at 1:21 pm

    နာတော့ ကျောက်ခေတ်လို့ ကြားရင် တင်းပုတ်နဲ့ ထုချင်စိတ်ပဲ ပေါ်လာတယ်။

    :k:

Leave a Reply