စိတ်၏သားကောင်

Foolish GirlSeptember 12, 20161min3027

ဘယ်လိုလူလဲဟုတ်လား

ဟုတ်ကျွန်တော်လူမိုက်ပါ

ဘယ်လို ဟုတ်လား မယုံဘူးလား

ဟုတ်ကဲ့ကျွန်တော်လူမိုက်စစ်စစ်ပါဗျ

ကျွန်တော်က စိတ်ဆတ်တယ် ၊ စိတ်မြန်လက်မြန်သမား ၊ ဒေါသကြီးတယ် ၊ စိတ်မရှည်ဘူး ၊ ကိုယ့်ခံစားချက်ကိုပဲရှေ့တန်းတင်တယ် ၊ စကားအပြောမတတ်ဘူး ၊ အငြင်းသန်တယ်

အဲဒီလောက်နဲ့……. လူမိုက်လို့ခေါ်ရသလားလို့တော့မတွက်နဲ့ကိုယ့်လူ

တကယ်တော့ ဆိုးသွမ်းလုယက်နေတဲ့လူမျိုးကို ပဲလူမိုက်လို့ခေါ်သင့်တာမှမဟုတ်ဘဲ

ကျွုပ်လိုစိတ်ရှိတာကမှ လူမိုက်အစစ်ဗျ

ဘာလို့လဲဟုတ်လား ဟ ဟ ဟ ဟ ဟ ဟ ဟား

ကျွန်တော်က ကျွန်တော့လုပ်ရပ်တွေ အတွေးအခေါ်တွေ မှားမှန်းသိတယ်

အမှန်ကဘာဆိုတာလည်းသိတယ်

ဒါပေမယ့် အမှားထဲမှာ ဘဲပျော်မွေ့နေလို့ အမှားထဲကနေရုန်းမထွက်နိုင်သေးဘူးဗျ

တကယ်တော့ လောကမှာ ခင်များကြောက်ရမယ့်လူက ဓါးကိုင်ပြီးရန်မူတတ်တဲ့သူမျိုးမဟုတ်ဘူး

ကျွုပ်လိုလူမျိုးကိုကြောက်ရမှာ

ဓါးကိုင်ပြီးရန်မူတတ်တဲ့သူက ကိုယ့်ကို တစ်ခါတည်းသတ်နိုင်တာ ပြီးတော့ သူ့အပြစ်အတွက်သူချက်ချင်းပြန်ပေးဆပ်ရတာ

ကျွန်တော်ကတော့ ခင်များဘဝကို အကြိမ်ကြိမ်သတ်မှာ…………………………..

7 comments

  • ကျော်လွင်ဖြိုး

    September 13, 2016 at 7:59 am

    “ဓါးကိုင်ပြီးရန်မူတတ်တဲ့သူက ကိုယ့်ကို တစ်ခါတည်းသတ်နိုင်တာ ပြီးတော့ သူ့အပြစ်အတွက်သူချက်ချင်းပြန်ပေးဆပ်ရတာ
    ကျွန်တော်ကတော့ ခင်များဘဝကို အကြိမ်ကြိမ်သတ်မှာ…………………………..”

    အကြိုက်ဆုံး စာသား း)

  • ပျင်းတကာ့ ထိပ်ခေါင်တင်

    September 13, 2016 at 8:40 am

    အထက်ပါအရည်အချင်းနဲ့ လူမိုက်မျိုးဆို လူတစ်ယောက်ဘဝကို အခါခါသတ်ဖို့ chance နဲတယ်။ တစ်ချက်ထဲနဲ့ရှင်းဖို့များတယ်။
    😛

    • Foolish Girl

      September 14, 2016 at 9:56 am

      လူအပေါ်မူတည်မယ်ထင်တယ်နော် ကျွန်တော်ဆိုရင်တော့ ဖြည်းဖြည်းချင်းညှင်းပြီးမှသတ်မယ် 😛

  • ဦးကြောင်ကြီး

    September 13, 2016 at 10:26 am

    ဆိတ်အိသားဂေါင် = မြက်

  • မမချွိ

    September 13, 2016 at 1:16 pm

    မိုက်နေတုန်းပါပဲ

    😥

    • Foolish Girl

      September 14, 2016 at 9:58 am

      မိုက်မြဲမိုက်ဆဲ

Leave a Reply