တပတ်စာအတွေးများ

Foolish GirlSeptember 12, 20161min1851

၁) အခြားလူအတွက်လုပ်ပေးနေတာလို့ပြောပြောပြီး။

၂) လုပ်ဆောင်နေတဲ့အရာတိုင်းမှာ ငါ့အတွက်ဆိုတဲ့ အတ္တလေးက 50 % တော့ပါဝင်ပါတယ်။

၃) ပျော်ရွှင်ခြင်းသည် မိမိပိုင်ဆိုင်သောပိုင်ဆိုင်မှုကြောင့်ဖြစ်တည်တာမဟုတ်ဘဲ မိမိခံယူသောရပ်တည်ချက်ကြောင့်သာပျော်ရွှင်မှုဖြစ်တည်သည်။

၄) လူတစ်ယောက်အသက်ရှင်တဲ့ကာလတစ်လျှောက်လုံး ကိုယ့်ကြိုက်တာတွေချည်း လုပ်ခွင့်ရနေမယ် လုပ်ရမယ်လို့ ပုံသေတော့မှတ်မထားသင့်ဘူး။

၅) ကိုယ့်ဘက်ကအလျော့ပေးတာများလာရင် သူကဘယ်တော့မှအလျော့ပေးခံနေရတယ်ဆိုတာ နားလည်နိုင်မှာမဟုတ်ဘူး။

၆) ကိုယ့်စိတ်နဲ့နှိုင်းရင်မရိုင်းဘူး ဆိုပေမယ့်လည်း ကိုယ့်စိတ်နဲ့နှိုင်းပြီးယုံကြည်ပြန်တော့လည်း အလွဲသုံးစားလုပ်တတ်ကြတယ်။

၇) အနိုင်ရတာများတဲ့သူက အရှုံးရဲ့အရသာကိုနားလည်နိုင်မှာမဟုတ်ဘူး။

၈) ကိုယ့်ကို အမြဲအထက်စီးဆက်ဆံတဲ့သူက ကိုယ့်ကို ကိုယ်ချင်းစာစိတ်ရှိစမ်းပါလို့ ပြောလာတဲ့အခါ ပြုံးပြလိုက်ပါ။

၉) ဘယ်လောက်ပဲထောင့်စေ့အောင်တွေးပြီးအားလုံးအတွက် အကောင်းဆုံးလုပ်ပေးနေပေမယ့် ဘယ်သူကမှအကောင်းပြောမှာမဟုတ်ဘူး။

 

 

One comment

  • မမချွိ

    September 13, 2016 at 1:15 pm

    မှန်ပါတယ်။
    သဘောတူပါတယ်။

    :k:

Leave a Reply