ထမင်းပူပူလေးနဲ့စားမယ် ငါးချိုချဉ်ကြော်

အောင် မိုးသူSeptember 14, 20163min2778

 

ဒီတစ်ပတ်တော့ အစီအစဉ်မှာ ချက်ပြခဲ့တဲ့ ငါးချိုချဉ်ကြော်လေးကို ပို့စ်တင်လိုက်ပါတယ်။

အမေက ဒီအတိုင်း ချက်ကျွေးနေကြမို့ပါ။ ကျတော့်ကို အမြဲတမ်း ငါးချိုချဉ်ကြော်ပြလေ အဲ့ဒါ

လူတွေ သိပ်ချက်မစားကြဘူးဆိုတာနဲ့ ချက်ပြလိုက်ပါတယ်။ အမေလည်းဆေးရုံမှာမို့ အလုပ်တွေရှုပ်

နေတာနဲ့ပဲ ရွာထဲမလာဖြစ်ဘူး။ ဒီနေ့တော့ ရွာထဲလာရင်း ငါးချိုချဉ်ကြော်ပြသွားတယ်။

002
ကျတော်ကတော့ ဆလားဗီးယားပဲ သုံးလိုက်တယ်။ အမေကတော့အကောင်လိုက်ကြော်တယ်။ ကျတော်ကတော့ အတုံးလေးတွေ တုံးလိုက်တယ်။
003
ငါးကို ဟင်းခတ်မှုန့်နဲ့ဆားနဲ့ နယ်ထားမယ်။ မန်ကျည်းသီးအရည်ဖျော်ထားမယ်။ သကြားအနည်းငယ်။ ကြက်သွန်နီ ငါးလုံးလောက်ရယ်။
004
ဆီထည့်မယ်။
005
ငါးကိုကြော်မယ်
006
သုံးတဲ့ ဂျပန်ဟင်းခတ်မှုန့်ကြော်ထင်တယ် ရဲနေတာပဲ။ အရမ်းကြွပ်မနေဘဲနဲ့
007
ကြော်ပြီးသွားရင် ဆယ်ထားမယ်။
008
ကြက်သွန်ငါးလုံးလောက်ကို အဝိုင်းလေးတွေလှီးထားမယ်
009
ဆီနည်းနည်းနဲ့ အနှစ်လုပ်မယ်
010
နနွင်းမှုန့်နည်းနည်းနဲ့ ကြက်သွန်ကြော်မယ်
011
မန်ကျည်းရည် ငါးဇွန်းလောက်ထည့်မယ်။
012
သကြားနှစ်ဇွန်းလောက်ထည့်မယ်
013
ပဲငံပြာရည်နည်းနည်းထည့်မယ်
014
ကြက်သွန်လည်းနွမ်းလာရင် အနှစ်ရပြီ
015
ဆယ်ထားတဲ့ ငါးကြော်ပေါ်လောင်းချမယ်

 

untitled-1-copy
ငါးချိုချဉ်ကြော်ရပြီ

8 comments

  • Foolish Girl

    September 14, 2016 at 10:39 am

    ဗိုက်တောင်ဆာလာပေါ့ ရှလွတ်

  • ဇီဇီခင်ဇော်

    September 16, 2016 at 12:14 pm

    မိုက်လိုက်တာ။
    မှတ်လိုက်ပြီ။
    ချက်အူးမယ်။

    :chit:

  • သျှားသက်မာန်

    September 16, 2016 at 4:38 pm

    ဗိုက်ဆာနေတာနော်…လာစွနေတယ်….

  • kai

    September 16, 2016 at 5:11 pm

    ချိုချဉ်မှာ.. ရှလကာရည်လို့ထင်နေတာ..။ မန်ကျည်းရည်ထည့်တာကိုး..

  • Thint Aye Yeik

    September 19, 2016 at 1:21 pm

    .အောက်ဆုံးကပုံကို ကြည့်ပြီး ဖုန်းစခွင်ကို လျှာဂျီးနဲ့ ပလပ် ပလပ်လို့ ယက်ပြိုက်တယ်
    မှတ်ကရော

Leave a Reply