ဗုဒ္ဓဂယာသို့.. by winkyawaung

kaiAugust 29, 20101min651

၁၀-၄-၂၀၁ဝ ဗုဒ္ဓဂယာ

အဖိုးတန်တဲ့ မိုးယံရွှေလမင်းနှင့်မြတ်ဆုကုဋေထီဆိုင် သူဌေး ဦးမျိုုးညွန်+ဒေါ်တင်တင်မြင့်တို့မှ
ထီအရောင်းကိုယ်စားလှယ်တော်ကြီးများ အား ဗုဒ္ဓဂယာသို့ ဘုရားဖူးရန်(၁၅)ရက်
ခရီးစဉ်ကို တတိယအသုတ်အဖြစ် (၁၀)ဦးကို အခမဲ့စားရိတ်ငြိမ်းဒါနပြုလိုက်ပါသည်။

နံနက်(၆)နာရီ လေဆိပ်ဆင်းတယ်။ နံနက်(၇)နာရီလေဆိပ်ရောက်တယ်။
နံနက်(၁၀)နာရီမှ ရန်ကုန်လေဆိပ်မှ ထွက်ရပါတယ်။နံနက်(၉)နာရီထွက်မဲ့လေယာဉ်ဟာ
နံနက်(၁၀)နာရီမှထွက်ခဲ့ကြရပါတယ်။ ရန်ကုန်လေဆိပ်မှာ စစ်ဆေး၍ကြာနေပါတယ်။
နေ့ (၁၂း၂၀)နာရီမှာ ဗုဒ္ဓဂယာကို ရောက်တယ်။ရာသီဥတုကလဲ ပူလိုက်တာကွယ်။
ဗုဒ္ဓဂယာ လေဆိပ်ကလဲ စစ်ဆေးတာကြာနေပြန်ပါတယ်။ ကမ္ဘာကြီးက ရွာကြီးဖြစ်အောင်
တိုးတက်နေ တဲ့(IT)ခေတ်မှာ မြန်မာလေဆိပ်နဲ့ ဂယာလေဆိပ်တို့က
စစ်ဆေးရေးဂိတ်တွေ တိုးတက်မူများ နှေးကွေးနေသေးတယ် ထင်ပါတယ်။
နံနက်စာထမင်းကို နေ့လည်(၂း၃၀)နာရီမှ စားကြရပါတယ်။ထမင်းစားကြပြီး
ဘုရားဖူးကြ တယ်။ည(၇)နာရီမှာ ဘုရားဖူးပြီးပါတယ်။ ညစာကိုည(ရး၃၀)နာရီ
စားကြတယ်။ မိတ်ဆွေ ဘလော့ဂါ ရှင်မော်ဒန်( ဓမ္မဂင်္ဂါ)ထံကို
ဖုန်းဆက်ချိန်းတယ်။ မနက်ဖြန် မိဂထာဝုန်ကျောင်းမှာ ဆုံကြမယ်။ ည(၁ဝး၃၀)နာရီ
ပုတီးစိတ်၍ အိပ်တယ်။
ရန်ကုန်နှင့် ဗုဒ္ဓဂယာကို လေယာဉ်မောင်းချိန်(၂း၂၀)နာရီကြာတယ်။
လေယာဉ်နာမည်က (8M 601)ပါ၊ ခရီးသည်ထိုင်ခုံပေါင်း(၁၆၈)၊ လေယာဉ်မောင်း
(၃)ဦး၊ လေယာဉ်မယ်(၆)ဦးပါကြောင်း သိရပါတယ်။လေယာဉ်ကြီးကတော့
ပြောစရာဆိုစရာ မရှိအောင်ကို ကောင်းမွန် ပြည့်စုံပါတယ်။ လေယာဉ်ထွက်ချိန်၊
ဆိုက်ရောက်ချိန်များ နောက်ကျခြင်းကို ထပ်ခါတစ်လဲ တောင်းပန်း ပါတယ်။
မိုးယံရွှေလမင်း သူဌေးဇနီးမောင်နှံတို့ရဲ့
စေတနာရယ်..ဘုရားဖူးပို့ဆောင်ပေးတဲ့ နီလာကုမ္ပဏီရဲ့ ဝန်ဆောင်မူကောင်းလို့
အများစိတ်ချမ်းသာကြရပါတယ် ခင်ဗျား..။

မနက်ဖြန် ခရီးစဉ်ကို ဆက်လက်တင်ပြပေးပါမည်။

11-4-2010 ဗာရာဏသီ

နံနက်(၇)နာရီမှာ ဗုဒ္ဓဂယာက စထွက်တယ်။ လမ်းမှာ နေ့လည်စာ ထမင်းကြွေးပါတယ်။
စာသောက်ဆိုင် တစ်ဆိုင်မှာ ခေတ္တနားပြီးကြွေးပါတယ်။ အန္ဒိယနိုင်ငံမှာ
ပြည်နယ်(၂၉)ခု ရှိကြောင်းပြောတယ်။ ဈေးဆိုင်များကို ဝင်ရင်
ဒန်အိုးများအား လှပ်မကြည့်စေရန်၊ ဒန်အိုးကို လှပ်ကြည့်လိုက်တာနဲ့
တစ်အိုးဖိုးလုံး ငွေပေးရမှာဖြစ်ကြောင်းကို ကြိုတင်ပြောထားပါတယ်။
သူတို့နိုင်ငံဟာ ဒီမိုကရေစီ နိုင်ငံဖြစ်၍ အဆောက်အဦးများကို အခွန်အခများ
အင်မတန်များ ကြောင်းသိရတယ်။ အခွန်ရှောင်ရန်အတွက်
မပြီးအောင်ပြထားရကြောင်းကြားသိရတယ်။ ဗရာဏသီ ကိုနေ့လည်(၂)နာရီမှာ
ရောက်ကြတယ်။ အသောက မင်းကြီးရဲ့ ကျောက်စာတိုင် များ၊
ဘုရားပုံတော်များရှိရာ သမိုင်းပြခန်းသို့ ဝင်ကြပါတယ်။ ကင်မရာ၊
လက်ကိုင်တယ်လီ ဖုန်းများအား ယူဆောင်ခွင့်မပြုပါ။ ရာသီဥတုကလည်း
တော်တော်ကို ပူပြင်းပါတယ်။
မိဂထာဝုန်တော ဒေသကိုဘုရာဖူးကြတယ်။
မြတ်စွာဘုရားရှင်တော် နှင့် ပဉ္စဝဂ္ဂီငါးပါးကို တရားဦးဟောကြားသော စေတီမှာ
ပရိတ် တရားတောများဖြင့်
ရွတ်ဖတ်ပူဇော်ကြပါတယ်။ဗုဒ္ဓဘုရားရှင့်နှင့်ပါတ်သက်သော ရဟန္တာများ
ဖြစ်တည်သောနေရာ ပလ္လင်တော်၊ စတင်သတင်းသုံးတော်မူသော ကျောင်းတော်နေရာ၊
ကဏ္ဍကုတိ တည်နေရာ များအား လည့်လည် ပူဇော်ကြပါတယ်။

ညနေပိုင်းမှာ စာရေးဆရာဘလော့ဂါ ရှင်မော်ဒန်၊ မော်ကွန်းသစ်နှင့် ကိုနော
တို့(၃)ဦးက လာရောက်တွေ့ဆုံဖြစ်ကြပါတယ်။ ဝမ်းပမ်းတသာဖြစ်ကြရပါတယ်။
စာရေးဆရာဆိုတာ ညီအကိုယ်မောင်နှမအရင်းတွေထက်
ချစ်ခင်တတ်ကြပါတယ်နော်..။ကျွန်တော်နှင့် ကျွန်တော့် မိတ်များ လိုအပ်တဲ့
လက်ကိုင်ဖုန်းနှစ်လုံးကိုလဲ စီစဉ်ပေးကြပါတယ်။ ကျွန်တော်
အလိုအပ်ဆုံးဖြစ်တဲ့ အင်တာနက်ကိုလဲ ချိတ်ဆက်ပေးသွားကြပါတယ်။ သူတို့ဆီက
ဆက်သွယ်ရေးနည်းပညာတွေသိပ်ကို ကောင်းကြတာပဲ။ ဈေးနည်းနည်းနဲ့ လူတိုင်
လက်ကိုင်ဖုန်းတွေကိုင်နိုင်ကြတယ်။ အင်တာနက်တွေကို
ကိုယ်ပိုင်သုံးနိုင်ကြတယ်။ ကျွန်တော်တို့ ဂုဏ်ယူစရာအတုယူစရာတွေပါပဲဗျာ..။ ဆရာတွေနဲ့ ဗာရာဏသီမြို့ထဲကိုလျှေက်သွားချင်လိုက်တာ..။ အချိန်ကလည်း တော်တော်လင့်သွားတယ်။
ဆရာသုံးဦးနဲ့ အားရအောင် မတွေ့ဆုံလိုက်ရတာ တော်တော်နာပါတယ်။
ကျွန်တော်တို့တည်းခိုရတဲ့ မိဂထာဝုန် မြန်မာကျောင်းတော်ကြီးကလည်းတော်တော်လေးကို ခန့်ညားထည်ဝါပါတယ်။
ဆရာသုံးဦးတို့ခင်ဗျား..ကျွန်တော့်ကို ယခုလို သူများနိုင်ငံတစ်နယ်တစ်ကျေးမှာ လာရောက်ကူညီပေးကြတာကို ဘဝတစ်သက်မှာတော့ လုံးဝကို
မမေ့နိုင်တော့ပါနော်..။မြန်မာပြည်ကို ဆရာတို့ပြန်ရောက်ရင်တော့
တာဝန်ကျေအောင်ဂါရဝပြု ဧည့်ခံပါရစေနော်….။ ပညာစုံလို့ လိုအပ်သော ပန်းတိုင်သို့ တက်လှမ်းနိုင်ကြပါစေကွယ်….။
ကျွန်တော်တို့တွေကတော့ မနက်ဖြန် မိဂထာဝုန်တောမှပြန်လည်ထွက်ခွါကြရပေဦးမည်…။

ခရီးစဉ်(၂)အား ဆက်လက်တင်ပြပေးပါမည်။

မှတ်ချက်။  ။ winkyawaung ၏ပို့စ်မှာ အကြောင်းတခုခုကြောင့်တင်မရသဖြင့့် အစားတင်ပေးခြင်းဖြစ်သည်။

One comment

  • winkyawaung

    August 30, 2010 at 3:06 am

    ကျွန်တော့်ပို့စ်တွေ တင်ပေးရတာနှစ်ခါရှိနေပြီ။ အားနာပါတယ်။ ကျေးဇူးလည်းတင်ပါ၏။ နောင်မဖြစ်အောင် ဂရုစိုက်ပြီးတင်ပေးပါမည်။ ဓာတ်ပုံတင်တဲ့နေရာမှာ မှားမှားသွားတာပါဆရာ။

Leave a Reply