ရွာအင်အား တဂျီးမဆန်သာ (အာဟိ)

ဇီဇီSeptember 16, 20166min100344

Wintpyone Myint
September 14 at 7:04am ·

အလွတ်သဘော ရေးတာပါ။ လူတစ်ယောက် ဖြစ်ထွန်းလာဖို့ ဆိုတာ ပြုစုပျိုးထောင်မှု လိုပါတယ်။ ဆိုက်ကားသမားကလည်း သူဌေးဖြစ်လာနိုင်တာပဲ ပြောလို့ ရတယ်။ ဒါပေမယ့် ကြားထဲမှာ ကွင်းဆက်တွေ ရှိတယ်။ အဲဒီဆိုက်ကားသမား ၂လုံး ၃လုံး ရောင်းတာတွေ မဟုတ်တာ လုပ်တာတွေ အဲဒါတွေ လူမသိတဲ့အပိုင်းပေါ့။ လက်ဖဝါးခြေဖဝါး ဘဝကနေ လူရိုသေရှင်ရိုသေ ဘဝဖြစ်လာဖို့ ဆိုတာ ဟိုခေတ်အမြင်ကတော့ မိမိကိုယ်ကိုအားကိုးမှု အခရာ လို့မြင်ကြတယ်။ ဒီဘက်ခေတ်ကျတော့ အဲဒီလို ပုံစံမျိုး မမြင်မိဘူး။ မြင့်မြင့်မားမား ရောက်လာတဲ့ လူတွေဟာ ကောင်းကောင်း ပြုစု ပျိုးထောင်ခံခဲ့ရတာချည်းပဲ။ အဓိက မိဘ၊ နောက် အိမ်ထောင်ဘက် စသူတွေက အသားကုန်ပံ့ပိုးပေးတဲ့အတွက် လူတော်တွေဟာ ထိပ်ကို ရောက်လာကြတယ်။ လူသားတန်ဖိုးမြင့်တဲ့လူတွေ ဖြစ်လာကြပါတယ်။ ကိုယ့်ဒူးကိုယ်ချွန်သမား မရှိဘူးလို့ မဆိုလိုပါဘူး။ ဒါပေမယ့် ကောင်းကောင်းပြုစုပျိုးထောင်ခံရမှုဟာ သိပ်ပြီး အခရာကျတယ်လို့ မြင်မိတာပါ။

အမေစု သား ကင် လက်သမားဆရာဆိုတော့ တစ်နေ့လုံး တစ်ညလုံး ဒီအတွေးက ခေါင်းထဲက မထွက်ဘူး။ သူတို့တိုင်းပြည်အနေအထားအရ သူချမ်းသာပေမယ့် သူအမြင့်ပိုင်းက လူ ဖြစ်မလာဘူး။ အမေစု မြန်မာပြည်ရောက်တုန်းက သူငယ်ငယ်လေး ရှိသေးတယ်။ အမေ့ရဲ့ ပြုစုပျိုးထောင်မှု တစ်ခုလုံးကို သူဆုံးရှုံးခဲ့တာကိုး။ အမေ ဆိုတာက အိမ်မှာ စွမ်းအားအကြီးဆုံး။ အမေတော်မှ သားသမီးတွေ ထက်လာတာ။ အမေစု ဘက်က ပေးဆပ်လိုက်ရတာရယ်၊ နစ်နာမှုတွေရယ်ဟာ မနည်းမနောပဲ။ တွေးတွေးပြီး ကြောက်လာလို့။ ငါ့သားသမီးလေးတွေသာ ဒီလိုဖြစ်လာရင် ဘယ်လိုများနေမလဲ ဆိုပြီး တွေးကြောက်တာ။


အဲ။ ဒီ စာကို အားလုံးထောက်ခံနေချိန်မှာ တဂျီးရယ် ဒီလို ဝင်ရေးတယ် ခည။

Thakhin Kai Bwor – အင်္ဂလန်လိုနိုင်ငံမှာ… ကလေးပြုစုပျိုးထောင်ဖို့.. မိဘ အထူးမလိုအပ်ပါဘူး..။
ပိုက်ဆံအရမ်းရှိရင်တော့ တမျီုးပေါ့..။
သာမန်အားဖြင့် အစိုးရက အကုန်တာဝန်ယူလုပ်သွားတာချည်း..။
ဆိုလိုတာက..
မိဘရှိနေလည်း.. ကလေးကျောင်းထားချိန်ကစလို့.. ကျောင်းကအကုန်တာဝန်ယူပါတယ်။
ကျောင်း… ဆိုတာက.. ကလေးပရိုဖက်ရှင်နယ်ဆရာတွေအုပ်ချုပ်သွန်သင်တာမို့.. မိဘထက်လည်းအများကြီးး… သာပါတယ်..။
လူတဦးချင်းစီရဲ့.. မူလဗီဇနဲ့.. အရည်အချင်းပေါ်မှာသာ.. အဓိက..ဖြစ်တယ်လို့… ထင်..။

Wintpyone Myint – သဂျီး အတွေးအခေါ်ကလည်း အံ့စရာကြီးပါလား။ ဒါပေမယ့်ကင်ရဲ့ မျက်နှာကတော့ သောကနဲ့ ရင်းနှီးပြီးသား မျက်နှာနော်။ တစ်ချက်လောက် ကြည့်ရုံနဲ့တောင် သိတယ်။ စိတ်ဒဏ်ရာ ရှိမယ်လို့ ထင်ပါတယ်

Thakhin Kai Bwor – အဲဒီကိစ္စ စာရေးဖို့သေသေချာချာတွေးနေတာ..။
အခု ကျုပ်အိမ်မှာ သမီးက အခု ၃တန်းတက်နေပြီ..။ သူ့ကို ကျောင်းကလေ့ကျင့်သင်ကြားပေးနေတာတွေကြည့်ပြီး.. အဲလိုသဘောပေါက်လာတယ်..။ လက်တွေ့ဘဝနဲ့ယှဉ်တွေးမြင်ကြည့်နေတာနော..။
ကင်မ်ဘဝက.. တော်တော်..တော်တော့်ကိုကောင်းပါတယ်..။
ဘယ်အိမ်မှာနေသလဲမသိရပေမယ့်.. သူဘတ်စ်ကားစီးနေတဲ့ပုံအာက်မှာ ဝိုင်းသနားနေကြတဲ့ကော်မန့်တွေကြား တခုတွေ့မိတာက.. သူနေတဲ့အိမ်က.. ပေါင်စတာလင် ရသိန်းတန်တယ်ဆိုတာပဲ..။
ဒေါ်စုတို့နေခဲ့တဲ့အိမ်များလားတော့မသိ..။
နော်ဝေးသူကိုယူတယ်..။ အခုကွဲနေတယ်။ သားနဲ့သမီးက တော်တော်ကြီးနေပြီ..။
အလုပ်က.. လက်သမားဆိုတော့.. ကိုယ်ပိုင်ကန်ထရိုက်အလုပ်ဖြစ်လိမ့်မယ်..။
လစာဆိုရင်တောင်.. ယူအက်စ်မှာဆို.. တနှစ် ၄သောင်းကနေ.. ရသောင်းလောက်ရှာလို့ရမှာပေါ့..။
ကြားထဲ.. The Lady ရုပ်ရှင်ကို ညှိနှိုင်းပေးလိုက်တာမှာ.. ဒေါ်လာသိန်းဂဏန်းတော့ ရမယ်ထင်မိတယ်..။
စီးပွားရေးလည်း တွေးခေါ်လုပ်တတ်ပုံရပါတယ်..။ တလက်စထဲ.. မိဘကျေးဇူး.. ဆိုတာကို အနောက်နိုင်ငံယဉ်ကျေးမှုမှာ ဘယ်လိုလက်ခံသုံးစွဲနေကြသလဲ.. သတိမထားမိလို့..။
အဲဒီ ကျေးဇူး..။ ကျေးဇူးခံ..ကျေးဇူးစား ဆိုတာတွေကို.. အခု တော်တော်အစာမကျေဖြစ်နေတယ်..။
မြန်မာတွေရဲ့ အတွေးအခေါ်နဲ့.. လူငယ်တွေရဲ့လွတ်လပ်မှုကို ကျေးဇူးဆိုတာတွေက.. ထောင်ချပိတ်ပစ်လိုက်တာလို့.. ထင်နေတယ်..။
နည်းနည်းဆွေးနွေးကြည့်ပါဦး..။

Hla Moe – အင်း ယနေ့ခေတ်မှာ ဒီအရာကလည်း ထိပ်ဆုံးကထား စဉ်းစားစရာပါ။ အရွယ်မရောက်ခင်တော့ မိဘအုပ်ထိန်းမူ လိုနေသေးတာပါပဲ။ တကယ် မိဘစစ်ရင်တော့ သားသမီးဆီက ပြန်ရမဲ့အရာ မမျှော်လင့်ကျပါဘူး။ သူတို့လေးတွေ အရွယ်ရောက်လို့ ကိုယ့်ဝန်ကိုထမ်း၊ ကိုယ့်လမ်းကို သောကကင်းစွာ လျှောက်နိုင်တယ်ဆိုရင်ပဲ မိဘတွေက ကြိတ်ပြီး ပီတိစားနေရတာပါ။

တိမ်မည်း – ကျနော်ကတော့ သိတက်မှူလို ့မြင်တယ်… စာတွေလည်း သင်ထားတာပဲ စဉ်းစားကြပေါ့… ကျေးဇူးဆပ်ရမှာလား သိတက်ရမှာလား… အမေကိုပစ်ဖို ့တောင်းယက်တဲ့သူဟာ သူ ့ကိုပစ်ဖို ့လည်း သူ ့သားက တောင်းယက်မှာပါ…

Wintpyone Myint – သမ္မတ ကလင်တန် ဟာ ငယ်တုန်းက တော်တော်ကို ညံ့တဲ့ ကောင်လေးတဲ့။ သာမန်ထက်ကို နည်းနည်း ပိုညံ့တယ်။ သူ့အမေ အကိုင်အတွယ်ကောင်းလို့ သူထိပ်တန်း ရောက်လာတယ်လို့ ဖတ်ဖူးထားပါတယ် သဂျီး။ အမေ့စကား တစ်ခွန်းဟာ ကလေးတစ်ယောက်အတွက် ဘာနဲ့မှကို မတူဘူး။ သိပ်ပြီး တာသွားတာကို။

Thakhin Kai Bwor – ဟုတ်မှာပါ..။ အဖေပစ်သွားတဲ့အတွက်..ခံစားချက်လည်းကြီးတဲ့ ဘီလ်ကလင်တန်ဟာ.. သူသမ္မတဖြစ်တော့.. စင်ဂယ်မားသားတွေကို… ထောက်ပံ့ကြေးတွေအသားကုန်ပေးတာပဲ..။
ဒါမျိုးက.. လူ၁ဘီလီယံမှာ.. တယောက်လေ…။

Shwe Kyi – နောက် ကြားဖူးတာ တခု ကျောင်းကစာသင်မရနိုင်လို့ ကျောင်းထုတ်လိုက်တဲ့ ကလေးကိုအမေကသင်ပေးတာလေ နာမည်ကျော်တယောက်ဖစ်လာတာလေ အာ့ဘူပါလိမ့် ဟီးး တော်ထှာ ညာမှမသေချာဘူး

Thakhin Kai Bwor – အမေရိကန်သန်း၃၀ဝကျော်မှာ.. ကမ္ဘာ့အတန်းသွားဖြစ်တဲ့လူဆယ်ဂဏန်းထဲက သွားမထုတ်နဲ့လေနော..။
အခြေခံသဘောနဲ့..ဓလေ့ကိုပြောကြကြေး..။

Shwe Kyi – မိခင်မေတ္တာနဲ့ဂရုစိုက်မှုဟာ ကလေးတွေကြိုးစားချင်စိတ်အတွက် အားတခုပဲဆိုတာကတော့သေချာတယ်
ယုံကြည်မှုရှိစေတယ်လေ

Thakhin Kai Bwor – မိခင်က..သိ-တတ်-တော်ဦးမှကိုး..၊
စတိုးဆိုင်ကနေ ပစ္စည်းအလစ်သုတ်နည်းကို.. မေတ္တာနဲ့ဂရုစိုက်ပြီး.. ကလေးကြိုးစားချင်စိတ်ရှိအောင် သင်ပေးတဲ့ မိခင်တွေလည်း.. ရှိမှာပဲ..။
( ကျန်တာ ကြိုက်တာထည့် စဉ်းစား.. )

Shwe Kyi – အဲ့တာကျ လူဆိုးနဲ့လူကောင်း ခေါင်းစဉ်အောက်ရောက်သွားပြီလေ သူကြီး

Thakhin Kai Bwor – အိုကွယ်.. ဘယ်ရောက်ရောက်..။
ပြောချင်တာက.. လူသားတယောက်(ကိုယ့်ကလေးဖြစ်စေဦး) ရဲ့ အခွင့်အရေးနဲ့လွတ်လပ်မှုကို.. လေးစား..။ အသိအမှတ်ပြု..။ မထိမ်းချုပ်နဲ့..။ ကိုယ့်အတ္တအတိုင်း သူကို ပုံမသွင်းနဲ့..။
ဒါပါပဲ..။

Min Khant Kyaw – ဘာသာရေးကျင့်ဝတ်အရ ပုံမှန် အားဖြင့်(USA) မှာ တပါတ်တကြိမ်တော့ ဘုရားကျောင်းတော့ရောက်မှာပဲ။ အများစု၊မိသားစု စုံညီတဲ့အချိန် တပါတ်မှာဘယ်နှစ်ကြိမ်၊၊အစရှိသည်က မြန်မာမှာနဲ့တော့မတူရေးချမတူ။အင်္ဂလန်နေ ဒေါ်စု သားများသည်လဲမြန်မာသွေးပါတာမို့ ထည့်စဉ်းစားစေချင်။

Thakhin Kai Bwor – အမေရိကားမှာလည်း.. အမေရိကန်တွေ.. ပုံမှန်ဘုရားကျောင်းမတက်တဲ့သူ အရမ်းများသွားပါပြီ..။ အစိုးရက လန့်လောက်တဲ့အထိပဲ..။
သွားနေသူတွေကလည်း.. ဆိုရှယ်အရသွားနေကြတာဖြစ်တယ်လို့.. ရုံးမှာ.. အလုပ်တူတူလုပ်နေသူတွေကို မေးကြည့်သိသာပါတယ်..။
အင်္ဂလန်မှာ.. ဒေါ်စုသားတွေဟာ.. မိခင်ရှိသည်ဖြစ်စေ..မရှိသည်ဖြစ်စေ.. အခုအခြေအနေထက် ပိုပြီးထူးလာမယ်လို့ မထင်မိပါ..။
အနောက်နိုင်ငံယဉ်ကျေးမှုဓလေ့အရ.. သားယောကျ်းလေးတွေ.. အိမ်မှာမိဘနဲ့.. အသက်၂ဝထိတောက်လျှောက်နေနေတာမျိုး.. မိဘနဲ့စကားစမြည်ပြော..မိဘစကားနားထောင်တာမျိုးလည်း.. ရှိမယ်လို့.. တယ်…မထင်..။
အခုအမေရိကားမှာတော့.. မြန်မာမိဘတွေရဲ့သားသမီးတွေတောင်.. အထက်တန်းရောက်တာနဲ့.. အိမ်သိပ်မကပ်.. တအိမ်ထဲနေလဲ.. သူ့ပရိုက်ဗေစီနဲ့သီးသန့်..။ ကောလိပ်ဆိုလည်း.. မိဘနဲ့ဝေးတဲ့နေရာကို လျှောက်ယူကြတာ..။

Shwe Kyi – အာ့ဆို သူကြီးရာ ဒီလိုထား သူကြီးအဓိကပြောချင်တာ ကျေးဇူးတရားဗန်းပြပြီးဇွတ်ပုံမသွင်းစေချင်တာမို့လား ရွှေကြည်က မိသားစု အတူချစ်ခင်နွေးထွေးတာကြိုက်တယ် အဲ့တော့ သူကြီးရောက်နေတဲ့နေရာလောက်လည်း မဟုတ် မြန်မာ့ ရှေးရိုးစွဲလည်းမဟုတ်တဲ့ လူ့အဖွဲ့အစည်းတခု ကြိုးစားထူထောင်ကြတာပေါ့

Thakhin Kai Bwor – မိသားစု အတူချစ်ခင်နွေးထွေးတာကို.. အဖြူမိသားစုတွေမှာ.. မမြင်ချင်မှအဆုံး..။ ခန့်မှန်းမိသလောက်.. မြန်မာတွေထက်.. သူတို့အများးးးကြီးပိုသာတယ်..။

မှီ – ဒါတော့ သူဂျီးကို ထောက်ခံတယ်ဗျာ ။ သူတို့ဘာသာ လွတ်လွတ်လပ်လပ်နေချင်လို့သာ နေကြတာ မိသားစု နွေးထွေးတာ။ ဂရုစိုက်တာတွေဟာ ကိုယ်တွေထက် ပိုတာ တကယ်ပါ။ တိုက်မှာ အဘိုးကြီးအဖွားကြီးတွေ အားကြီးပဲ။ သားသမီးတွေ တယောက်တလှည့် အချိန်မှန်လာြပြီး လုပ်ကိုင်ပေးလာခေါ် တကယ်ကို နွေးထွေပြီး တညဝန် အတော်ကျေကြတာပဲ။

Min Khant Kyaw – မြန်မာပြည်မှာ မိသားစု စည်းစည်းလုံးလုံးနေ နိုင်ဖို့က မိဘ နှစ်ပါးအပေါ်မှာ အများကြီး မူတည်ပါတယ်။
နံပါတ် ၁ စီးပွားရေး
နံပါတ် ၂ ဘာသာရေး
နံပါတ် ၃ လူမူ့ရေးကျွမ်းကျင်ပါးနပ်မူ့
ဒီအချက်သုံးချက်လောက်တော့ ရှိနေမှ။
အစိုးရ က ဒီလိုဖြစ်အောင် ထိန်းကြောင်းပေးနိုင်ရမယ်။ ဒါဆို စုန်းပြူးလောက်ပဲကျန်ပြီး တည်ငြိမ်တိုးတတ်ပြီး ရာဇဝတ်မူ့ နည်းပါး တဲ့ မြန်မာ့လူ့အသိုင်းအဝိုင်းပေါ်ထွန်းလာမှာပါ။

နန်းတော်ရာသူ – မြန်မာပြည်မှာက မိသားစုစည်းစည်းလုံးလုံး ဖေးမကူကြတာတော့ဟုတ်ပါရဲ့။တစ်ခုခုအခက်အခဲဖြစ်ရင် မိသားစုဝန်ထမ်းတဲ့လူက ဒိုင်ခံထမ်းနေရပြီး ကိုယ်လွတ်ရုန်းတဲ့လူကကျတော့ ငါဘာလုပ်ခဲ့လုပ်ခဲ့ ပိမ်ကဝိုင်းဖြေရှင်းပေးမှာပဲလို့ ခံယူထားတဲ့လူတွေများနေတယ်။သံယောဇဉ်တွေချစ်ခြင်းမေတ္တာတွေကြီးမားပေမယ့် ကိုယ့်တာဝန်ကိ်ုယ်အပြည့်အဝယူဖို့ယုံကြည်ချက်အားနည်းနေတယ်။
နောက် မိဘကျေးဇူးကိုတွင်တွင်အော်နေတဲ့နိုင်ငံဖြစ်ပေမယ့် အသက်ကြီးလာရင် အရာမသွင်းတော့ဘူး၊ချောင်ထိုးထားတာများတယ်။ကိုးရီးယား၊ဂျပန်ဒရမ်မာတွေမှာ အဘိုးအဘွားအရွယ်တွေကို ဦးစားပေး အလေးထားရတာနဲ့ဆန့်ကျင်ဘက်က ဒီမှာဖြစ်နေတာပဲ။ ဦးထိပ်ထားသူရှိကောင်းရှိမယ်၊ရှားတယ်။

Wintpyone Myint – တော်တဲ့ယောက်ျား နောက်ကွယ်မှာ ထက်မြက်တဲ့ မိန်းမ တစ်ယောက် ရှိသတဲ့။ အဲဒါ အနောက်နိုင်ငံက ပြောတဲ့စကား။ ကဲ အဲဒါ ဘာပြောမလဲ သဂျီး

Thakhin Kai Bwor – လူသားမှာ ကျားနဲ့မ.. ၂မျိုးထဲရှိတာ.. တော်တော်ညံ့ညံ့.. ၅၀%စီရှိမှာပဲ..။
အဆန်းကြီးလုပ်လို့..။ ညံ့/တော်တဲ့မိန်းမတယောက်နောက်ကွယ်မှာလည်း..ညံ့/တော် ယောကျာ်းတယောက်ရှိမှာအသေအချာ..။
ဆိုတော့.. စကားအတင်းစပ်..
အင်္ဂလိပ်စာကျွမ်းတဲ့မျစ်မမ.. မိဘကျေးဇူးကို.. ဘိုလိုဖွင့်ပြပါဦး.။

Mwa Thel – ဆယ်ကျော်သက်ကလေးတယောက်ရဲ့လမ်းမှားမှု့ စိတ်ကျရောဂါဒါတွေဟာ ဘယ်နိုင်ငံမှာပဲဖြစ်ဖြစ် မိစုံဖစုံရှိမရှိတိုက်ရိုက်အချိုးကျမယ်ထင်ပါတယ်
မိဘကျေးဇူးဘာညာမြန်မာဆန်ဆန်အတွေးအခေါ်ဘာညာအသာထားလို့ လူသားဆန်ဆန်တွေးကြရမယ်ဆိုရင် ၁၈ ပြည့်မှ ကိုယိ့ခြေထောကိပေါ်ကိုယ်ရပ်နိုင်တယ်လို့နိုင်ငံတကာမှာအဆိုရှိတာမို့ ဘယ်နိုင်ငံကဆယ်ကျော်သက်မဆို မိဘတော့အနဲနဲ့အများလိုအပ်မယ်ထင်တာပဲ။ သဂျီးအဆိုအရမလိုအပ်ဖူးလို့ယူဆရတမို့ သဂျီးသမီးကိုမိဘအုပ်ထိန်းမှု့အောက်မှာမထားပဲအဝေးတနေရာမှာတယောက်ထဲရပ်တည်ခိုင်းကြည့်မယ်ဆိုရင် ဘယ်လိုများဖြစိမှာပါလိမ့်
သဂျီးရယ် လူငယ်ဟာလူငယ်ပါပဲ နိုင်ငံခြားမှာနေပြီးမိဘမလိုဘူးဆိုတဲ့စကားဟာသိပ်အနိုင်ယူလွန်းတယ်မထင်ဘူးလား သဂျီးစကားမှန်ကြောင်းသက်သေပြကြည့်လေ
နိုင်ငံခြားမှာ broken family က teenager တွေရဲ့စိတ်အခြေအနေဘယ်လိုလဲဆိုတာသဂျီးမမြင်ချင်ယောင်ဆောင်နေတယ်ထင့် ဆေးသမားတွေ စိတ်မူမမှန်တာတွေဟာ မိစုံဖစုံမှာဖြစ်ခဲတယ်ဆိုတာ မညင်းရဲဘာဘု ကြောက်ပါရဲ့၊

Thakhin Kai Bwor – အဖြူမဟုတ်ရင်.. အမဲဖြစ်ရမယ်လို့တော့ ကောက်ချက်မဆွဲစေချင်..။
ကြားမှာ ရောင်စုံသက်တန့်ရှိသပေါ့..။အသက်မပြည့်သူတိုင်းမှာ.. အုပ်ထိန်းသူလိုတာပေါ့..။ မိဘတွေသေကုန်ရင်လည်း ဆိုရှယ်ဆားဗစ်က.အုပ်ထိန်းသူတယောက် လစာပေးပြီးငှားပေးတာပေါ့..။
အခု.. ဆွေးနွေးကြည့်ချင်တာက.. မြန်မာတွေအပေါ်လွှမ်းမိုးလွန်းပြီး.. မရှိမဖြစ်လို့တောင်ထင်လာကြဟန်ရှိတဲ့.. မိဘကျေးဇူးဆိုတာအကြောင်း..
ဘယ်နှာ..ဝတ္တုတိုတွေ.. ရသစာတွေကောက်ဆွဲဖတ်လိုက်.. ဘာသာရေး၊ မိဘမေတ္တာ. အနန္တော..ဗုဒ္ဓေါတွေ.. လွတ်ကိုမလွတ်နိုင်..။ လွန့်.. လွန်လွန်းနေတယ်..။
ဆိုတော့..
ဒေါ်စုသား၂ယောက်လုံးအခြေအနေကို.. မြန်မာပြည်ကပုဂ္ဂိုလ်အပေါင်းက.. ဝိုင်းသနားနေကြပုံရသမို့.. (သူ့ ပုဂ္ဂလိကရေးရာ ဝင်မစွက်ချင်ပေမယ့်) ရယ်ချင်တာက.. တချက်..။

Mwa Thel – ပြသနာကအစိုးရကမိဘမဲ့တွေကိုထောက်ပံ့တယ်ဆိုတာမှန်တယ် ရုပ်ဝတ္ထုအရသူတိုလိုအပ်တာဘာမှမရှိဘူး
စိတ်အဟာရအတွက်ဘယ်သူတာဝန်ယူမလဲ
လူသားတယောက်ရဲ့ခံစားချက်ဆိုတာ အဖြူ အမဲ အရှေ့ အနောက်အကုန်အတူတူပဲ
မိသားစုဘဝဆိုတာလူသားတိုင်းလိုချင်တယ်လိုအပ်တယ်
မိခငိတယောက်ရံ့ခံစားချက်ဆိုတာလဲသားသမီးတိုင်အပေါ် မည်သည့်လူမျိုးမဆိုအတူတူဘဲ သဂျီး အမေရီးကားရောက်နေတာမှန်တယ် အမေရီးကားကလူတိုင်းသည် family life ကိုတန်ဖိုးမထားကြဘူးတဲ့လား
အခုဒေါ်စုသား ၂ ယောက်ကို သနားတယ်ဆိုတာကလဲ မိသားစုအတူရှိနေသင့်တဲ့အရွယ်မှာမိဘမဲ့ဖြစ်ရတာကိုသနားတာ သဂျီးလဲမိဘပဲ မိဘချင်းကိုယ်ချင်းစာနိုင်ရမပေါ့ ဘယ့်နှယ့် ဒေါ်လာသိန်းချီတန်တဲ့အိမ်မှာကိုယ့်သားနေရသည့်တိုင် ကိုယ့်ပျက်ကွက်မှု့အတွက်မိဘတယောက်နေရာက ကိုယ်ချင်းစာပေးသင့်ပါတယ် တခါတလေသဂျီးကသိပ်ဘဝမေ့တယ်
လူသားတယောက်ကိုလူသားတယောက်အနေနဲ့တွေးပါ လူတယောက်ရဲ့စိတ်ခံစားချက်ကိုထည့်သွင်းစဉ်းစားပါ
နေရာတိုင်းသီအိုရီရှိတယ်ဆိုပေမဲ့နေရာတိုင်းသီအိုရီအရချပြီးဖင်ပိတ်ညင်းလို့မရဘူး
လူသားသည်လူသားလိုတွေး သချာင်္လိုဖော်မြူလာထဲမထည့်သင့်ဘူး

Thakhin Kai Bwor – ဒီဘက်ခေတ်မှာ.. ၂၁ ရာစုမှာ ပညာရေးကသာ အဓိကအခရာပဲ..။
မိဘထက်သာတဲ့ အတိဇာတ သားသမီးတွေဖြစ်လာဖို့က ပညာရေးပေါ်မှာသာမှီတယ်..။ သဘောက.. မိဘက ဆရာလုပ်လွှမ်းမိုးထိမ်းကြောင်းနေမှတော့.. ဘယ်လိုလုပ်မိဘထက်သာတော့မှာလဲ..။ ယေဘုယျအားဖြင့်.. အနုဇာတ.. အဝဇာတတွေသာထွက်လာလိမ့်မပေါ့..။ မိဘဟာ.. သားသမီးကို အတိဇာတဖြစ်စေချင်.. ကောင်းစားစေချင်.. ကျောင်းကောင်းကောင်းကိုပို့ပါ..။
ကျောင်းစရိပ်ကို တတ်နိုင်သလောက်မျှခံပါ.။ အမေရိကားမှာတော့.. Student Loan ဆိုတာရှိတယ်..။ တချို့ချမ်းသာတဲ့မိဘတွေက.. အကုန်ဝင်ပေးတယ်.။ တချို့ တတ်နိုင်သလောက်ဝင်ပေးတယ်.။ တချို့ ကိုယ့်ဖာကိုယ်ရှာရတယ်..။
ဒီStudent Loan က တိုင်းပြည်ရဲ့.. အမေရိကားရဲ့.. အဓိကမောင်းနှင်အားပဲ..။ မြန်မာပြည်မယ် ကျေးဇူးနဲ့ ဖမ်းတုတ်ထားတော့.. သားသမီးလူငယ်တွေခမြာ.. ရှာတဲ့ငွေကို အိမ်ပြန်ပို့ရတာနဲ့.. ပြန်ဆပ်ရတာနဲ့.. ကိုယ့်ဘဝတက်လမ်းအတွက်.. မသုံးနိုင်..။ ကျောင်းစရိပ်အဖြစ်မရင်းနိုင်..။ အစိုးရက..သက်ကြီးမစွမ်းမိဘတွေအတွက်.. ပင်စင်..ကျန်းမာရေးရံပုံငွေစနစ်လုပ်သင့်တယ်..။
ကျောင်းသားလူငယ်တွေအတွက်.. စတိုင်ပင်.. စကောလရှစ်စနစ်တွေလုပ်သင့်တယ်..။
အစိုးရက.. ဒီကျေးဇူးဓလေ့ကိစ္စ… ဝင်ပါသင့်နေပြီလို့.. ဆို.. လို… ရင်း..။

Wintpyone Myint – သဂျီး ဆိုလိုချင်တာက ခလေးကို ပုံသွင်းတာကို ပြောတာဖြစ်မယ်။ လူကို ပုံသွင်းတယ် ဆိုတာ မြန်မာပြည်မှာက ခေတ်စားတယ်လေ။ အမှန်က သားသမီးကို ပုံမသွင်းရဘူး။ အာဏာရှင်စနစ်ရဲ့ အသက်ဟာ လည်း လူတွေကို ပုံသွင်းတာပဲ။ ပုံသွင်းခံရတဲ့ ကလေး သိပ်မဖြစ်ထွန်းဘူး။ ဒါကြောင့် မိဘလွှမ်းမိုးမှု မရှိစေချင်တာကို ပြောတာဖြစ်မယ်။

Mwa Thel – ခုဟာက အပိုင်းခွဲညင်းနေတာ အမရေ။ မိဘလွမ်းမိုးမှု့ပုံသွင့်မှု့ကိုမညင်းဘူး။ ဒေါ်စုသားတွေကိုမလိုပဲသနားနေတာဆိုတဲ့စကားကိုခွဲညင်းနေတာ။ ပုံမသွင်းနဲ့ဆိုတာလက်ခံပါတယ် မိဘမရှိပံအဆင်ပြေနိုင်တယ်ဆိုတာကိုညင်းနေတာ

Thakhin Kai Bwor – ကျေးဇူးဆိုတဲ့.. သားသမီး/မိဘ အပေးအယူသဏ္ဍန်ပေါက်အောင်လုပ်ထားတဲ့.. မျက်နှာဖုံးတပ်ထားတဲ့ဓလေ့နဲ့.. လူလူချင်းအပြန်အလှန်ထိန်းချုပ်ဖို့ ကြိုးစားနေတယ်လို့.. ပိုပိုသေချာလာမိတယ်..။
ဒါက.. အာဏာရှင်ကြိုက်.. စနစ်ပဲ.။ ကြည့်ရတာ.. ဇတ်ခွဲယဉ်ကျေးမှုသိပ်ကြီးတဲ့.. အိနိ္ဒယရဲ့.. လောကနိတိဆြာတွေဆီက လာတာဖြစ်မယ်..။
ဗုဒ္ဓသာသနာရဲ့ အပေါ်မှာ.. အသာလေးလွှမ်းပေးလိုက်တဲ့.. ကြောက်စရာ့ပုဝါပါး..။  ကျေးဇူးကို.. အင်္ဂလိပ်လို.. စာလုံးရှာမရဘူးဗျ..။
အနီးစပ်ဆုံးကတော့.. benefit ထင်တာပဲ..။ စာလုံးမှာတင်အဓိပ္ပါယ်တန်းပေါ်နေတယ်..။
တကယ်မှာက.. ကျေးဇူးဆိုတာမှာလည်း.. အဓိပ္ပါယ်အပြည့်ရှိတယ်..။
ကြေး..စူး.. ကလာတာ..။
စူးနစ်နေတဲ့..ကြေး..။

Mwa Thel – အာ့တာသတ်သတ်ရှင်းမယ်သဂျီး တာဝန်ယူမှု့ဆိုတာဖုံးလွှမ်းသွားအောင် ရှောင်လွှဲချငိတာနဲ့ဇွတ်သူ့အခွင့်အရေးကိုမထိပါးဘူးလိုဆင်ခြေပေးနေတာ ပိုစ့်သတ်သတ်တင်ပါ့မယ်
သဂျီး ကွန်မြူနစ်သိပ်မဆန်စမ်းပါနဲ့။ သူ့အခွင့်ရေးအရလွှတ်ထားပေမဲ့တာဝန်ယူမှုဆိုတဲ့ guide line ကတောမိဘမှန်ရင်ပေးပိုင်ခွင့်ရှိတယ်။ ဒါကိုအကျယ်ရှင်းပါ့မယ်အားရင်။ မိဘကျေးဇူးနဲ့ကိုင်ကိုင်ပေါက်ပြီးဖင်ပိတ်မညင်းစေချင်ဘူး တာဝန် ဝတ္တရား လူသားဆန်မှု့တွေပေါ်မှာအခြေခံရမယ်။ သဂျီးကမြန်မာ့ရှေးထုံးတွေဖိနှိပ်မှု့ကြားကြီးပြင်းလာဖူးလို့လားတော့မသိဘူး မိဘနဲ့သားသမီးတာဝန်ယူမှု့ဆိုတာတွေကိုသိပ်တဖက်စွန်းရောက်အောင်ညင်းနေတော့တာပဲ။

နောက်တပိုင်းဆက်ရှင်းမယ်
မြန်မာနိုင်ငံမှာမိဘတွေဟာသားသမီးတွေအပေါ်ချုပ်ကိုင်လွန်းတယ် စွက်ဖက်မှု့များတယ် သားသမီးတွေဘဝကိုချုပ်နှောင်ထားတယ်ဆိုတဲ့စကားကိုမညင်းပါဘူး လက်ခံသင့်သလောက်လက်ခံပါတယ် အချို့မိဘတွေသည်အစွန်းရောက်လွန်းတာဝန်ခံပါတယ် ဒါပေမဲ့မိဘတိုင်းမဟုတ်ပါဘူး အင်မတန်နဲပါးသောပမာဏပါ
အနောက်နိုင်ငံမှာသားသမီးကိုလွတ်လပ်ခွင့်ပးတယ်မချုပ်နှောင်ဘူးဆိုတဲ့အပေါ်မှာတော့ အပိုင်းခွဲပြောပါ့မယ် အပြည့်အဝလက်မခံပါဘူး
အခုအရင်ရှင်းမှာက မိဘကျေးဇူးအတင်းဆပ်ခိုင်းတယ်ဆိုတဲ့စကား
သဂျီး လောကကြီးမှာလေ ဘယ်မိဘကမှသားသမီးအပေါ်ကိုယ်ပြန်ရကောင်းစေရယ်လို့ရည်ရွယ်ပြီးသားသမီးကိုမပျိုးထာင်ဘူး သူ့ပြုစုပျိုးထောင်မှု့သည်ဖြူစင်ပါတယ်
ပမာဏနဲပါးသောမိဘတွေတော့ရှိကောင်းရှိမယ် ဒါပေမဲ့လူနဲစုတစုထဲနဲ့တနိုင်ငံလုံးကမိဘတွေကိုမစော်ကားသင့်ဘူး
သားသမီးဆိုတာ မိဘအပေါ်သိတတ်ရမယ်လို့သေအောင်ပြော သိတတ်ချင်တဲ့သားသမီးမှသိတတ်တာပါ
ကိုယ်တောင်သာနေပါလျက်မိဘပစ်ထားသူတွေ ကိုယ်မပြည့်စုံသော်ညားမိဘကိုမိဘမှန်းသိတတ်သူတွေ မတူပဲတည်ရှိနေပါတယ်
ဒါတွေဟာလူတယောက်ချင်စီးရဲ့စိတ်နဲ့ပဲဆိုင်တယ် သူသိတတ်တာအပေါ်မိဘမှာအပစ်မရှိဘူး ဘယ်မိဘမှသားသမီးအပေါ်ဓမြမတိုက်ဖူး
သားသမီးနဲ့မိဘကြားဖြူစင်တဲ့မတ္တာနဲ့ဖြည့်စီးပေးမှု့တွေအပေါ် ကျေးဇူးအတင်းဆပ်ခိုင်းနေတယ်ဆိုတဲ့စကားလုံးနဲ့မစော်ကားစေချင်ဘူး
အဲ့လိုဆို မိဘကျေးဇူးဆပ်စရာမလိုဘူး မြန်မာတွေဟာမိဘကျေးဇူးဗန်းပြပြီးသားသမီးတွေကိုချုပ်ကိုင်ထားတယ် လက်မခံနိုင်ဘူးဆိုရင် ကိုယ့်မိဘကိုအိမ်ပေါ်ကနှင်ချလိုက်လေ ချနိုင်လား ချရဲလား
လွယ်သလားလုပ်ဖို့ ခင်ဗျားကြီးကျုပ်ကိုအနိုင်ကျင့်တယ်မိဘကျေးဇူးဆပ်စရာမလိုဘူးလို့ပြောရဲသလား
ကိုယ်ကိုတိုင်မပြောရဲပဲ သူများမိဘနဲ့သားသမီးဖြုစင်တဲ့မတ္တာ သိတတ်မှု့တွေဟာ မိဘရဲ့အတ္တကြောင့်လို့များပြောရဲတာ ပြောရက်တာအံ့ဩပါတယ်
နောက်တပိုင်း
အနောက်နိုင်ငံမှာမိဘတွေကသားသမီးကို လွတ်လပ်ခွင့်ပေးတယ် မစွက်ဖက်ဖူး မှန်တယ်
မစွက်ဖက်တာသည် သူ့ကိုယ်ပိုင်လွတ်လပ်ခွင့်
ဒါပေမဲ့မိဘရယ်လို့ဖြစ်လာရင်မမှားတန်တာမမှားအောင် လမ်းမှန်အာင်ညွှန်ပြပေးရမှာသည် မိဘတိုင်းအလုပ်
သားသမီးကို လွတ်လပ်ခွင်ပေးထားတယ် ဆိုတဲ့စကားလုံးဟာ ပုဂ္ဂိုလ်ရေး မစွက်ဖက်ဖူးဆိုတဲ့အပိုင်း နဲ့ တာဝန်ပျက်ကွက်မှု့ကို ကာကွယ်တဲ့စကားလုံးပဲ
ဆိုလိုချင်တာကကျောင်းမှာကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်လို့ရအောင်သင်ပေးတယ် အိုခေ ဒီထိလက်ခံတယ်
မိဘကလဲသူဘာလုပ်လုပ် သူ့လွတ်လပ်ခွင့်မချုပ်ကိုင်ဘူး ဒီအပိုင်းလက်မခံဘူး
ကိုယ့်သားသမီးကိုယ့်ရှေ့
ဆေးလိပ်သောက်တယ်
ဆေးချတယ်
ဒါးရှည်တဝင့်ဝင့်နဲ့လိုက်ခုတ်တယ်
သေနပ်တလက်နဲ့လိုက်ပစ်တယ်
ကြည့်နေရမလား
သဂျီးပြောတဲ့သူ့လွတ်လပ်ခွင့်ကဒါလား မိဘကစွက်ဖက်ပိုင်ခွင့်မရှိဘူးတဲ့လား
မိဘကကိုယ်အသုံးမကျတာဖော်ပြလိုက်တာပဲ
ကျောင်းကသင်ပေးတယ်ဆိုတာဒါတွေပါသလား
မိဘဆိုတာ အရှေ့အနောက် အဖြူအမဲ မည်သူမဆို မိဘရယ်လို့ဖြစ်လာရင် ကိုယ့်ကလေးလမ်းမှန်ရောက်အောင်လမ်းညွှန်ပေးရမှာလောကနိယာမတရားပဲ
အဲ့တော့ ကိုယ့်ကလေး လုပ်ချင်တာလုပ်တာကြည့်နေတာဟာ သူ့လွတ်လပ်ခွင့်ကိုပေးတာမဟုတ်ဖူး ကိုယ်တာဝန်မကျေတာကို ဖုံးဖို့ကြိုးစားတာ ကျွန်မတော့ဒီလိုပဲမြင်တယ်
ကျွန်မဆိုလိုချင်တာက သားသမီးတွေကိုချုပ်ကိုင်တယ်ဆိုတာ သူတို့လမ်းမမှားအောင်ညွှန်ပြတာပဲရှိတယ် သူတို့ဘဝကြီးတခုလုံးစွက်ဖက်တာမဟုတ်ဖူး
ကိုယ်မွေးလာတဲ့ကလေး သူ့ခြေထောက်ပေါ်သူရပိနိုင်အောင် လူတန်းစေ့နေနိုင်အောင် လမ်းပြပေးနေတာ မိဘကရကောင်းစေမဟုတ်ဖူး
ဒီနိုင်ငံဟာအမေရိကားလို့ လုပ်လုပ်မလုပ်လုပ် အစိုးရကကျွေးပြီးရေသာခိုအချောင်လိုက်လို့ရတဲ့နိုင်ငံမဟုတ်ဖူး
ကိုယ်လုပ်မှကိုယ်စား
ကိုယ်စုမှနောင်ရေးသေချာတဲ့နိုင်ငံ
အမေရိကားလိုတန်းလာမညှိနဲ့လေ
နိုင်ငံအခြေအနေအရသားသမီးတွေ အသက်မွေးဝမ်းကျောင်းပညာခိုင်မာမှလူတန်းစေ့တဲ့နိုင်ငံလေ
ဒါ့အတွက်မိဘတွေလုံးပမ်းတယ်
လုံးပမ်းတဲ့နေရာမှာလောဘနဲတဲ့မိဘရှိမယ်
ပြင်းထန်တဲ့မိဘရှိမယ်
ဒါတွေအားလုံးသည်သားသမီးနောင်ရေးစိတ်အေးဖို့လုပ်နေကြတာ
မိဘကျေးဇူးအတင်းဆပ်ခိုင်းနေတယ်မစော်ကားနဲ့လေ
သဂျီးဘဝသိပ်မေ့တာပဲနော်
ရန်ကုန်မှာကြီးလို့တော်တော့တယ်
အင်္ဂလန်မှာကြီးတဲ့ဒေါ်စုတောင်သဂျီးလိုမတွေးဘူး ဘာကွာလဲတော့မသိဘူးအဲ့လိုနောက်ပိုင်းမသေချာတဲ့စနစ်ကြောင့်လဲ မြန်မာပြည်ကမိဘတွေက ကိုယိ့သားသမီးရှေ့ရေးစိတ်အေးရအောင် အလွန်အကျွံတွေဖြစ်ကုန်တာပေါ့
ကျေးဇူးခံကျေးဇူးစားဆိုတာအတော်ခါးသီးတယ်ဆိုတာလက်ခံတယ် ဒေါ်စုလဲအခုကြုံနေရတာနဲမှမနဲ ခါးသီးစရာကောင်းလှပေမဲ့ သူစိမ်းကြားကကျေးဇူးခံကျေးဇူးစားနဲ့ မိဘနဲ့သားသမီးကြားထားရှိမှု ညီမျှချင်းမချနဲ့လေသဂျီး
ရကောင်းစေတော့မမျော်ကိုးပါဘူး သူတို့လေးတွေဘဝခိုင်မာဖို့ မိဘတာဝန်လို့ခံယူရတဲ့နိုင်ငံကိုး
မိဘကျေးဇူးဘလာဘလာပြောနေတာ
တကယ်တန်းကျ ပညာရေးထောက်ပံ့မှု့မရှိတဲ့တိုင်းပြည်မှာမိဘတွေ နှစ် ၂ဝ လောက်သားသမီးပညာရေးအတွက်ရုန်းကန်ပံ့ပိုးပေးရတာကျကျော်ချသွားကြတာကိုး
ဆိုတော့ကား အကျိုးရှိလို့အကြောင်းဖြစ်တဲ့တိုင်းပြည်မှာ ကိုယ့်စိတ်ခံစားချက်တခုနဲ့တော့ညီမျှခြင်မချသင့်ဘူးလေ
ဆိုလိုချင်တာက မိဘကလဲသားသမီးကို တောက်လျောက်ပံပိုးပေးနေရတဲ့တိုင်းပြည်မှာ ပင်စင်ယူပြီးနောက်အာမခံမပေးနိုင်တဲ့တိုင်းပြည်မှာ မိဘတွေကိုတပြန်တလှည့်သားသမီးတွေကပြန်ကြည့်ရတဲ့အပေါ် အပစ်တင်ခြင်းတင် ခေတ်စနစ်အမွေဆိုးကိုသာအပစ်တင်သင့်ပါကြောင်း

ဦးဆာမိ – အမှန်အတိုင်းပြောရရင်တော့ …လူတွေအပေါ် အားအားယားယား လိုက်ပြီး နားမလည်ပေးနိုင်ဘူး ။
ဆိုချင်တာက ဒီလိုဗျာ ..
ဒီလောက် ကိုယ့်ဘဝနဲ့ကိုယ့်အကြောင်းဒုက္ခတွေများရတဲ့အထဲမှာ မတူညီတဲ့ သဘောထားနှစ်ခုကိုအပင်ပန်းခံပြီး မညှိချင်တာပါ ။
သဂျီးဆိတဲ့ လူကြီးဟာ တခါတရံ ကိုယ်နဲ့သဘောထားတိုက်ဆိုင်ပေမယ့် တခါတရံမတိုက်ဆိုင်ဘူး။
မတိုက်ဆိုင်တဲ့ အခြေအနေဆိုရင် လုံးဝ ဆွေးနွေးငြင်းခုန်တာမလုပ်တော့ဘူး ။ သူ့ကိုလည်း နားလည်ဖို့မကျိုးစားတော့ဘူးပေါ့ ။
ပြီးတော့ အကျိုးဆက်က သူနဲ့ငြင်းပြီးဘာထူးလဲဆိုရင် ..ဘာဘာ ဘာမှမထူးဘူးလေ 😀
ဥပမာပြောရရင် ..
သူက ဝါဝါမြင်တိုင်း (ထေရဝါဒ ဗုဒ္ဓဘာသာဘုန်းကြီး ) စိတ်အချဉ်ပေါက်နေတတ်တာကိုး ။
သူကြည့်လို့ရတာ အပြာရောင်တွေဖြစ်ချင်ဖြစ်မပေါ့ (မိုးပြာဂိုဏ်း – ပစ္စုပ္ပန် ကမ္မဝါဒ )
နောက်တခုက ဘုရားဆိုလည်း သူနှစ်သက်သလို ယူဆပြီး ကန်တော့ဖို့တောင် ဝန်လေးချင် လေးနေတတ်တာမျိုးလေ ။
သေချာတာကတော့ သူ့အပြောအရ ထေရဝါဒရဟန်းဆိုရင် ကန်တော့ခြင်း ၊ အမြင့်နေရာမှာ နေရာပေးခြင်းမျိုးမလုပ်ချင်ဘူး လို့ သိရတယ် ။ သူ့စကားအရ အပြန်အလှန်လေးစားယုံလောက်ဘဲဆိုပါတော့ ။
နောက်တခုက ဘုရားဟာတရားတော်တွေနဲ့ပါတ်သက်ရင်လည်း သူ့စိတ်ဘောကျ လက်ခံတတ်တာမျိုး ။
ဥပမာ – ကာလာမသုတ္တံတစ်ခုလောက်သာ ကိုးကားပြီး လက်ခံပုံရတယ် ။
ဆိုတော့ ..
သဂျီးဆိုတဲ့လုကြီးဟာ ဘုရားဆိုတာဟာ အတွေအခေါ်ပညာရှင်တစ်ယောက် ။တရား ဆိုတာဟာ အခုချိန်မှာ ကာလာမသုတ်မှတပါး ယုံလောက်စရာမရှိ ။ (အများအားဖြင့်ဟိန္ဒူဘာသာကျမ်းတွေက ဆွဲယူထားတာလို့ ယုံကြည် )
ထေရဝါဒသံဃာဆိုတာ အာဏာရှင် ၊ သူတပါးစားဦးစားဖျားစားတဲ့သူ ။
ဒီလိုဒီလိုတွေ ယူဆလက်ခံထားတဲ့သူဆိုတော့ …
မိဘကျေးဇူးတွေ ဆရာကျေးဇူးတွေ ဟာ ရီစရာပျက်လုံး တစ်ခုဖြစ်နေတော့မှာပေါ့လေ ။
ဒါကြောင့် သူနဲ့ ယူဆပုံခြင်း မတိုက်ဆိုင်လို့ ငြင်းနေရင်ပင်ပန်းတာအဖတ်တင်ပါလိမ့်မယ် ။
အဖြေမှ မထွက်နိုင်ဘဲ လေဗျာ ။
သူကလဲ ကျုပ်တို့ကို ကတုံး တုံးပြီး အဝါရောင်ဝတ်တဲ့ ဘုန်းကြီးတွေကို ရှိခိုးနေတဲ့ ပေါကြောင်ကြောင်ကောင်တွေလို့ ယူဆလိမ့်မယ် ။
အဲ့ဒီ ဘုန်းကြီးတွေပြောတဲ့ ဟိန္ဒူကျမ်းကို မှီငြမ်းထားတဲ့ တရားဆိုတာတွေကို ယုံကြည်ပြီး အညောင်းမိခံ တရားထိုင်နေတတ်တဲ့ ငပေါတွေလို့ မြင်ချင်မြင်လိမ့်မယ် ။ ကတုံးနဲ့ သင်္ကန်းပတ်တာကလွဲပြီး လူလူခြင်း ထိုင်ကန်တော့နေတတ်တဲ့ ကျပ်မပြည့်တွေလို့ထင်ရင်ထင်လိမ့်မယ် ။
ကျုပ်တို့ကလည်း သူ့ကို –
ဘလာ ဘလာ
ဘလာ ဘလာ
ဘလာ ဘလာ 😛
အဲ့ဒီလိုတွေဆိုတော့ ဒီငြင်းခုန်ဆွေးနွေးပွဲဟာ အဖြေမရှိ ။
မျဉ်းပြိုင်နှစ်ချောင်းလိုဘဲ ဆုံမှတ်သည် အင်ဖနတီ 😛

 

““““““““““““““““““““““““““““““““““““““““““““““““`

ဇာတ်လမ်း အစ က အဲဒါပဲ။ ဆရာ တင်လတ်ဆီကဟာလည်း ကူးပေးအူးမယ်။

https://www.facebook.com/sylatt/posts/10153888758563807?hc_location=ufi

ဒီ ရက်ပိုင်း ရန်ရှောင်မလားစိတ်ကူးတာ။ ခုမရတော့ဘူးး

:mrgreenn:
ဘယ်သူရှိမတုန်း။ ရွာတဂျီး ကိုယ်တိုင်ပေါ့။ ရွာထဲ ရန်မစရတော့ ဖွဘုတ်ဆင်းပြီး ရန်ရှာတာ ဆရာ တင်လတ်က အစ ဆရာမ ဝင့်ပြုံးမြင့် အဆုံးပဲ။

မနက်ကမှ သူ့မန့်တွေ စီကာစဉ်ကာ ဝင်ဖတ်တော့ ကိုယ်ကတော့ သူ ဘာဆိုလိုတာကို နားလည်ပေမဲ့ တစ်ရွာလုံးနဲ့ တစ်ယောက် အကစ်ခံနေရရှာတာမြင်တော့ ကိုယ့် တဂျီးလေး ဘက်က ပါအူးမှပဲ ဆိုပြီး ဒီ ပို့(စ) နဲ့ ရန်စ အဲလေ စတင်ပါ့မယ်။

ဆဲချင်ရင် သူ့ကို ပိုဆဲကြပါ။ ခင်ဇော် ပျင်းနေလို့ အစထောင်တယ်ပဲ မှတ်ပါတော့။။

:mrgreenn:

ကိုယ် တွေ မိရိုးဖလာ အသိမှာ သားသမီးနဲ့ မိဘ ချစ်ရမှာ နွေးထွေးရမှာထက် ကြောက်ရဖို့ ရိုသေဖို့ ကျေးဇူးသိတတ်ဖို့ စသည်ဖြင့် သင်ကြားခံလာရတာများတာကိုးး။

ဆိုတော့ ကာ အသက်နဲ့ ဝါနဲ့ ရာထူးနဲ့ ဘာကြီးကြီး၊ ကြီးသူက ငယ်သူကို ဘာပြောပြော ဘာလုပ်လုပ်ရပေမဲ့ တစ်ခုခု ငယ်သူက ကြီးသူက မျက်လုံးလှန်ကြည့်ရင်တောင် တော်လှန်သလား ဆိုတဲ့ စိတ်ဓာတ်အကျင့်က ကိုယ်တွေမှာ စွဲလာတာ။

ခုထိ စွဲတုန်းပဲ။ ကိုယ်တိုင်တောင် သတိထားပေမဲ့ တစ်ခါတစ်ခါ အဲဒီ မဟုတ်တဲ့ မာန်က ပေါက်ထွက်တတ်သေးတာ။

:k:

တဂျီးက အဲဒီ အကျင့်ကို အတော်မျက်မုန်းကျိုးခဲ့တာမို့ ရရင် ရသလို ခွင်ထဲက အမြဲပြောလေ့ရှိတယ်။

အဲဒီတော့ သူ့ အပြောဟာ မိရိုးဖလာ ဘာသာရေးမှာ ညိတယ်။ မိရိုးဖလာ ရိုသေမှု အစဉ်အလာမှာ ညိတယ်။ မိရိုးဖလာ အကျင့်စရိုက်တွေမှာ ညိတယ်။

ကိုယ်ကတော့ သူ ပြောရင် ပြောတဲ့ အထဲက စေတနာကို ကြည့်ယူလိုက်တယ်။

ကျန်တာ လက်မခံရင် ငြင်းတယ်။ ဂလောက်ပဲ။

ဒီလောက် အရေထူတဲ့ လူကြီးကို စိတ်ဆိုးလည်း အပိုပဲ။ ရန်စ လည်း အပိုပဲ။

ပြူးကြည့်နေတာသာ ကောင်းလို့ ဘာမှ ကို ငြင်းမနေချင်တော့ဘူးး

(ကဲကဲ။ တဂျီးဘက်က အရင်ပြောပေးရတဲ့ အတွက် ပွိုင် တိုးပေးလိုက်တော့၊ အဟွတ်)

:k:

ဆက်မယ်။
ကိုယ် ဒီ ရောက်တော့ စလုံးရဲ့ အစဉ်အလာကို အရင် ဖမ်းမိတယ်။

ဒီမှာ နိုင်ငံသားတစ်ပိုင်းဖြစ်ရင် လစာရဲ့ ၂ဝ ရာခိုင်နှုန်းကို အစိုးရ ရဲ့ ထဲ မထည့်မဖြစ်ပေးရတယ်။

ကန်ပနီက ၁၅ရာခိုင်နှုန်း အစိုးရကို ပေးရတယ်။ ပင်စင်သွားချိန်မှာ အဲဒီ ပိုက်ဆံတွေ ထုတ်ပေးတယ်။

အိမ်ဝယ်ရင် အဲဒီ ထဲက ပေးလို့ရတယ်။ ဆေး စားရိတ်၊ ရောဂါဖြစ်ရင် အဲဒီထဲက ပေးလို့ရတယ်။ ဒါက အကြမ်းဖျင်းး ပြောပြတာ။

အဲဒီတော့ ကိုယ် သွားတွေးမိတာ တစ်ခုရှိတယ်။

ကိုယ် စလုံးကို ဘာလို့ထွက်ခဲ့လည်း ဆိုတော့ ကိုယ့် အဖေ ပင်စင်ယူဖို့ ၂ နှစ် အလိုမှာ မောင်လေး ကျောင်းမပြီးသေးဘူးး

ရှင်းရှင်းပြောရရင် ခါးပြတ်မစိုးလို့ ထွက်ခဲ့ရတာ။ ကိုယ့်တို့ ရွှေပြည်ကြီးမယ် အစိုးရ ဝန်ထမ်း ပင်စင်ယူရင် အဘ မျိုးတွေ လောက်က လွဲပြီးကျန် ရာထူးရှိတဲ့သူ က ဘာကျန်နိုင်မလဲ။

ဆိုတော့ မိဘကျေးဇူး ဆပ်ရန် ခေါင်းစဉ် တစ်ခုနဲ့ ထွက်လာတာ။ ရှာသမျှ သူတို့ အတွက်ပဲ တွေးခဲ့တာ။

ကျန်တာတော့ ကိုယ့်သဘောကိုယ်ဆောင် အမြဲထင်ရာစိုင်းခဲ့တာမို့ မိဘကို ခါးညွှတ်ရိုသေတဲ့ထဲမပါတဲ့ သမီးမှန်းတော့ ကွကိုယ်သိတယ်။

ချစ်ခြင်း တရားနဲ့ပဲ ဘယ်သူ့မဆို ဆက်ဆံတယ်။ မိဘကိုက အစ အကြောက်တရားနဲ့ မဆက်ဆံခဲ့ဖူးလို့ ဒီ အတွေးမျိုးဝင်လားတော့မသိဘူးး

🙂

တွေးမိတာက စလုံးတွေမှာ မိဘကျေးဇူး ဝန် မရှိဘူးလို့ တွေးမိတာ။

အချိန်တန် အရွယ်ရောက်ရင် ကိုယ့်လမ်းကိုယ်လျှောက်ရုံပဲ။

ကိုယ့်မှာ ခုထိ အဲဒီ ဝန်တွေ ပိနေချိန်မှာ ရွယ်တူ စလုံးတွေ သွားချင်တဲ့ နိုင်ငံကို နောက်ကြောင်းအေးအေး သွားနိုင်တယ်။

ကျရှုံးမှာ ကို မကြောက်ပဲ ရှေ့ဆက်နိုင်တယ်။ ကိုယ်တွေက ကိုယ် က လဲကျလို့ မရဘူး ဆိုတဲ့ အသိနဲ့မို့ အနည်းနဲ့ အများ အကြောက်တရား ရှိတယ်။

တဂျီး ပြောတာ ပြန်ကောက်ပေးရရင် လူတစ်ယောက်ကို ပဲ့ပြင်တာ ပညာရေးတဲ့။

မိဘနဲ့ ရင် အုပ်မကွာနေရတိုင်း ကောင်းတာမဟုတ်ဘူးး၊ အဲဒီ မိဘ ညာဏ်နည်းရင် နည်းသလို ကလေးရဲ့ အရေးအရာ ကိစ္စတွေ ပြောင်းသွားနိုင်တယ် လို့သူ ဆိုလိုချင်တာ ကိုယ်နားလည်တယ်။
ဒါပေမဲ့ တဂျီးရဲ့ အစွန်းနင်း စကားပြောနည်းက သိတဲ့ အတိုင်းး တစ်ဖက်လူ အတော်ခံရခက်အောင် တစ်ရွာလုံးနဲ့ တစ်ယောက် ထိုင်ငြင်းနေတာ သိသလောက် ၄ ရက်လောက် ရှိပြီမှတ်တာပဲ။

အဲဒီတော့ သူ အားတယ်ပဲ မှတ်ပြီး ရန်စ တည်ပေးမယ် စိတ်ကူးတယ်။

သူ စတင် ဆက်စပ်ပြောတဲ့ ကိစ္စက အမေစု မိသားစု ကိစ္စမို့ နည်းနည်း ဆန်းဆန်းတင့် အစ်ရှူးဖြစ်သွားသလားထင်မိတယ်။

အမှန်က အင်္ဂလန်က လက်သမား ဆိုတာ မြန်မာ လက်သမားတွေလို မြင်လို့ သနားတတ်ကြလားမသိဘူးး
အဟေးဟေးး။ :mrgreenn:

ဒီ စာကြောင်း အရီးမြ မြင်ပြီး ပြန်လာပါစေဗျာ။

 

ဒါပေမဲ့ သူပြောနေတာက ယူအက်(စ) စတန်းဒတ်နဲ့ ဆိုတော့ မြင်ပြင်းကပ်စရာဖြစ်နေတာပေါ့။

:k:
အမှန်က အစိုးရကောင်းလို့ ပညာရေးကောင်း စီးပွါးရေးကောင်း စံနစ်ကောင်းရင် လူတစ်ယောက်ချင်းစီမယ် ဒီလောက် ကျေးဇူးတွေ ပိစရာမရှိဘူးး

(ဆဲဂျစေသတည်း)

:mrgreen:
ကျေးဇူးပိပြီး မချစ်တတ်တော့တဲ့ နှလုံးသားနဲ့ နေရမှာ ကိုယ်က ပိုကြောက်တယ်။

ခုက အနန္တော အနန္တ ၅ ပါး မက ခင်ပွန်းကြီး ၁ဝ ပါး က အစ မိတ်ဆွေ ဆက်ဆံရေးအဆုံး ကလေး ဘဝကတည်းက ရိုက်သွင်းလာတဲ့ ကျေးဇူးသိတတ်မှုနဲ့ ရှေ့မရောက်တော့တဲ့ အခြေအနေတွေ ရှိနေတာကို သူပြောချင်တာ ဖြစ်ပါလိမ့်မယ်။

စံနစ်ကောင်းတဲ့ နိုင်ငံတွေမှာ လူ ချင်း လူ အတူတူ အချင်းချင်း ဆီက ချစ်ခြင်းမေတ္တာက လွဲရင် ဘာမှ မျှော်ကိုးစရာမလိုဘူးလေ။ သိတတ်မှု၊ ကျေးဇူးခံကျေးဇူးစား၊ တွေမလိုအပ်တာကို တဂျီး ရှင်းပြရင်း သွသူ လည်နေတာရယ်။

ကိုယ်လည်း နားလည်သလောက်သာ ရှင်းရတာ ပြောပြချင်သလောက် ပြည့်စုံအောင် မရေးနိုင်ဘူး

ရုံးဆင်းခါနီး အချိန်မရတော့ ဒီလောက်ပဲ။ ကျန်တာ မန့်မှာ ဆက်ငြင်းကြပေါ့။ ထုံးစံ အတိုင်းးပဲ။ ကိုယ်တော့ မအားဘူးး၊ စမူးမယ် သီချင်းဆိုလိုက်အူးးမယ်။

 

:k:

 

 

44 comments

  • ကျော်လွင်ဖြိုး

    September 16, 2016 at 4:23 pm

    စောစောစီးစီး ဂွတိုက် သွားလိုက်ဦးမယ်။
    ဟိုးးးးးးးးး လွန်ခဲ့သော နှစ်သုံးဆယ် ကျော်လောက်ကလို့ ထင်ပါတယ်။
    စန္ဒာ မဂဇင်း မှာ ပတ္တမြားခင် ရဲ့ အခန်းဆက် ဆောင်းပါးတွေ ပါတယ်။
    သူ အမေရိကန် ရောက်တော့ မြင်ရ ကြုံရ တာတွေကို ပြန်ရေးပြတာပေါ့လေ။
    အဲဒီကထဲက အဲဒီရဲ့ ကလေးထိန်း စနစ်က ခု ဒဂျီး ပြောသလိုပဲ ကလေးတွေကို လွှတ်ပေးထားတယ်ပေါ့။
    ကလေး ငယ်ငယ် ထဲက အခန်းခွဲသိပ်။
    တခုခု လဲဟယ် ပြုဟယ် ဆိုလဲ သိပ် ဂရုမစိုက်။
    အဲ့လို။
    အထက်တန်းကျောင်းအထိက အစိုးရ က ထားပေးတယ် ကျွေးထားတယ်။
    တက္ကသိုလ် တက်ဖို့က ကလေးတွေက အချိန်ပိုင်း အလုပ်လေးတွေ လုပ်ပြီး ပိုက်ဆံရှာပြီး တက်ရတယ်ပေါ့။

    အဲဒီတော့ ဘာဖြစ်လာသလဲ ဆိုတော့ ကိုယ့် မြန်မာ တွေ မှာရှိတဲ့ (အာရှ သားတွေ အကုန်ပါပဲ) သားသမီး နဲ့ မိဘ ကြားက သံယောဇဉ် က ခေါင်းပါးလာတယ်။
    မိဘ ကလဲ သားသမီး ကို သိပ် ဂရု မစိုက်တော့သလို သားသမီး ကလဲ မိဘ ကို အဖက် မလုပ်တော့ဘူး။

    ပြောရရင် ကိုယ့် အရှေ့တိုင်းသားတွေက သံယောဇဉ် တွေ မေတ္တာ တွေ ကို အတော် အလေးထားပြီး
    အနောက်တိုင်း က လူတွေက ရုပ်ဆန်ကြတယ် လိုပဲ။

    အခုတော့လဲ ကိုယ့်ဆီမှာလဲ မိဘ ဆီက ရသလောက်ယူ ပြီးရင် ပစ်ထား စနစ် ခေတ်စားလာသလားလို့ရယ် း)
    ပိုတောင် ဆိုးသွားပြီ ဟီးဟီး

    • kai

      September 16, 2016 at 4:39 pm

      လောလောဆယ်.. ဒီတပါတ်ထဲဖြစ်တာ… မြင်သာအောင်ရှင်းပြပါ့မယ်.။

      အိမ်ကသမီးပိစိက.. အကဝါသနာပါသကိုး..
      ဆိုတော့.. စိတ်ကလေးရှိတုံး.. ပီအန်အိုလေးဘာလေးသင်ခိုင်းမလားတွေးပြီး ပြောလိုက်တာ.. တပါတ်တောင်မကြာဘူး.. အိမ်ကို ကျောင်းကပေးလိုက်တဲ့ ပီအန်အိုကြီးနဲ့.. ပြန်ချလာသဗျ..။
      ကလေးက တကယ်စိတ်ဝင်စားတော့.. ကျောင်းကိုပြော.. ဆရာမကိုပြော.. သူ့အမေနဲ့တိုင်ပင်ပြီး.. ညနေကျောင်းပြန်ချိန် ပီအန်အိုသင်ပေးတဲ့အတန်း သူ့ဖာသူအပ်ခဲ့တာ..။
      ကျောင်းက.. ဒေါ်လာ ၅ရာလောက်တန်တဲ့ ဟာကြီး တနှစ်စာ အိမ်မှာကျင့်ဖို့.. ပေးလိုက်သပေါ့လေ..။
      ပျက်ရင်တော့.. ၁ရာလျှော်ရမယ်တဲ့..။ သင်တန်းကြေးကတော့.. ဖရီး.။

      ဆိုလိုချင်တာက..
      စနစ်ကောင်းက.. ကောင်းရင်..လန့်စရာပါကောင်းလာပါတယ်..။
      အဲဒီ ပီအန်အိုကို.. မိဘသင်တာထက်.. ကျောင်းက သင်တန်းဆရာမက သင်တာပိုစနစ်ကျမယ်.. ပိုကောင်းမယ်သေချာပါတယ်.။
      ကျေးဇူးလား.. ဘယ်သူ့မှ ပိစရာ..ထိစရာမရှိ..။ ကလေးကျောင်းစရိပ်ကို အစိုးရကပေးတယ်..။ ပီအန်အို..ကွန်ပြူတာ.. အားကစားပစ္စည်းတွေကို အစိုးရကပေးတယ်.။ ချမ်းသာတဲ့ကုမ္ပဏီတွေက လှူထားတယ်..။
      ဆရာတွေလစာကို.. ကျောင်းကပေးတယ်.။ ကျောင်းလစာ..ကုန်ကျစရိပ်တွေကို ပြည်နယ်အစိုးရကပေးတယ်..။
      တက္ကသိုလ်ကျောင်းသား/ပရိုဖက်ရှင်နယ်..တချို့က.. အားလပ်ချိန်အမှတ်ပိုရဖို့.. ဆိုင်ရာနယ်ပယ်တွေအတွက်.. ဗော်လန်တီယာလာလုပ်ပေးတယ်.။

      ကျုပ်က..သူက.. ကလေးမိဘတွေက.. ဒီတိုင်းပြည်မယ်နေသူတွေက.. အစိုးရဆီအခွန်ဆောင်တယ်..။

      အဲလိုဖြစ်တော့ရော..
      သားသမီး နဲ့ မိဘ ကြားက သံယောဇဉ် က ခေါင်းပါးသွားနိုင်မလား..။
      မထင်ရေးချရယ်တဲ့မှ.. မထင်..။

      မြင်တွေ့နေရသလောက်ကတော့.. မြန်မာပြည်ကသူတွေထက်.. “သူတို့အများကြီးပိုချစ်တတ်ကြသည်..။” :k:

      • မိဘကျေးဇူးဆိုတာကိုပဲပြန်ဆွဲထုတ်ဦးမယ်။
        မိဘကျေးဇူးသိတတ်ရမယ်ဆိုတာ ဗုဒ္ဓဘာသာတွေက ကိုယ့်သားသမီးကိုကုသိုလ်ရစေလိုတဲ့စေတနာနဲ့ သွန်သွန်သင်နေတာကိုယ့်သားသမီးကိုကုသိုလ်ရစေလိုတဲ့ေ စတနာနဲ့သွန်သွန်သင်နေတာလည်းပါတယ်။ ခံစားရလိုမှုအတွက်ချည့်တော့မဟုတ်ပါ။
        အသက်ကြီးလာရင် မြန်မာလူကြီးတွေဟာ ပြည့်စုံတဲ့နိုင်ငံကလူကြီးလိုအလုပ်မလုပ်တော့တာလည်း ဘဝတစ်လျှောက် မသန့်တဲ့အစားအသောက်တွေကြောင့်ကျန်းမာရေး၊ အသက်ရှင်နေထိုင်ရေးတွေက အဆင်ပြေပြေမရှိတဲ့အထုအထောင်းဒဏ်တွေကြောင့် စိတ်ရော ခန္ဓာပါ မလန်းဆန်းကြတော့တာများပါတယ်။
        ဒါကြောင့် အိုမင်းချိန်မှာအစိုးရအားကိုးမရတဲ့နိုင်ငံမို့စောင့်ရှောက်ဖို့လိုပါတယ်။

        ကိုယ်သိပ်မလိုအပ်လှဘူးထင်တာက ဆရာ့ကျေးတွင်တွင်အော်နေတာကိုပဲ။
        အာစရိယပူဇော်ပွဲတွေတခမ်းတနားနဲ့ မပျက်မကွက်နှစ်စဉ်ပူဇော်တာတွေဟာ တချို့ မိဘကိုတောင်ပုံမှန်ပူဇော်ရဲ့လားတွေးမိတယ်။

        ဆရာ/မ တွေဟာ မိဘတွေလို အဖက်ဖက်ကအနစ်နာခံပျိုးထောင်လာရတယ်လို့မထင်ပါ အဖက်ဖက်ကအနစ်နာခံပျိုးထောင်လာရတယ်လို့မထင်ပါ။
        သူတို့အလုပ်အကိုင်၊ဝင်ငွေအတွက် သူတို့အလုပ်သူတို့လုပ်ပါတယ်။
        မြန်မာပြည်မှာ အများစုဆို အနစ်နာခံဖို့မပြောနဲ့ ကျောင်းသားနစ်နာစေတဲ့ ဆရာမတွေတောင် ဘယ်လောက်များတာသိကြတယ်လေ။
        မိဘလိုဘဝတစ်လျှောက် ပြုစုစောင့်ရှောက်လာတာမဟုတ်ပဲ သူ့အတန်းမှာစင်ရတုန်း သူ့အလုပ်သူလုပ်တာမို့
        အာစရိယပူဇော်ပွဲတောင် အလှူငွေထည့်ဖော်မရဘူး။လာဖော်မရဘူးဆိုတဲ့လူတွေကို ယှဉ်ပြောဖို့ခက်နေပါတယ်။
        အတော်များများနဲ့ကွဲလွဲမယ်ထင်ပါတယ်။ 🙂

        • ဇီဇီခင်ဇော်

          September 17, 2016 at 7:17 am

          သော် ပြောတာ မှန်ပေမဲ့
          ခုချိန်ကတော့ ရွာ့ပြင်ထွက်ရမဲ့ စကားဖြစ်နေသေးတယ်။

          အတွေးအခေါ် ပညာရေး ပိုက်ဆံ အစစ အရာရာ ဆင်းရဲတဲ့နိုင်ငံမှာ လူလူချင်းဆီ က တစ်ခုခုရဖို့ ဒီလိုတွေ သုံးမှပဲ ရမယ်လို့ ခပ်ရိုင်းရိုင်း မတွေးချင်ပါဘူးလေ။

          ချစ်ခြင်းမေတ္တာနဲ့ ဝေမျှခြင်းထက် အကြောက်တရား အစဉ်အလာ ဆိုတာတွေနဲ့ ဖိ ခံထားခဲ့ရတာကိုးး

    • ဇီဇီခင်ဇော်

      September 17, 2016 at 7:08 am

      အာ့ဒါလည်း ဘရိန်းဝတ်ပဲ သလားး
      ကိုယ့် ခွက်(ရှ) လေး ဆီမယ် ဒီ လို တွေးတတ်တာရှိမယ်လို့တောင် မထင်။
      အာဟိ။
      :mrgreenn:

      အနောက်တိုင်းက ရုပ် ဦးစားပေးတယ်။ မနွေးထွေးဘူးး။
      ယဉ်ကျေးမှု မရှိဘူး စသည်
      ဘလာ ဘလာ။
      အာ့ဒါ ဘရိန်းဝပ်တွေ သလားး

      :k:
      ပို့(စ) သတ်သတ် တင်ပေးမယ်။

      • ကျော်လွင်ဖြိုး

        September 19, 2016 at 8:05 am

        အဟိ.. ခုမှ ရုံးပြန်တက် အေးအေးဆေးဆေး နားချိန် ရလို့ ပြန်ရေးရမှာ း)
        အနောက်တိုင်းက အကုန်လုံး ရုပ်ဦးစားပေးတယ် ဘာညာ သာရကာ လို့ ရေးမိသွားတာ ဆောရီးပါ။
        အဲ့လို ရည်ရွယ်တာတော့ မဟုတ်ဘူးရယ်။
        ဒါမဲ့ “ငါ့ ပိုက်ဆံ နဲ့ ငါ လုပ်တာ ဘသူ့ ဂရုစိုက်ရမတုန်း” ဆိုတဲ့ ဆဲချက် ဆိုချက်လေး တွေလဲ တွေ့မိ။
        အရှေ့တိုင်း ထဲကလဲ သူများတွေ ရေးထားတဲ့ တရုတ် တွေလို မိဘ စကားသည် တစ်သွေးတစ်သံ တစ်မိန့် ဆိုတာကြီးကို အားမပေး။

        ကိုယ်ကြီးလာရတဲ့ ပုံစံနဲ့ပဲ ဆိုင်မလားတော့ မသိ။
        ငယ်ငယ်ထဲက အမေနဲ့ဆို နင် ဘာလုပ်ရမယ် ဘာမယ် ညာမယ် ဆိုပြီး မရှိဘူးရယ်။
        တစ်ခုခုဆို သားအမိ ၂ ယောက် ခေါင်းချင်ဆိုင်ကြပြီ။
        သားကတော့ ဒါလုပ်ချင်တယ် ဒါလိုချင်တယ်
        အမေက ဘယ်လို ဖြစ်ချင်တယ်။
        ဒီတော့ ဒါကို ဒီလို လုပ်ရင် ဘာဖြစ်မလဲ ဟိုလို လေး လုပ်လိုက်ရင်ကော ဘာဖြစ်မလဲ ပိုကောင်းသွားမလား နဲ့။
        ကြီးလာတော့ negotiate လုပ်တတ်လာတာ reason တွေနဲ့ ခံငြင်းတတ်လာတာ အဲ့ဒီက စမယ် ထင့်။
        အခုထိလဲ အိမ်နဲ့ အဝေးကြီး မှာ ရောက်နေပေမယ့် တစ်ခုခု လုပ်စရာရှိ ပြောစရာ ရှိရင် အမေနဲ့ ပြောနေတုန်း။
        ဒါလေး ဒီလို လုပ်လိုက်ရင် ကောင်းမလား ဘာမလား နဲ့။

        ဆိုတော့ကာ
        အပေါ်မှာ ပြောခဲ့သလို
        အနောက်တိုင်း စနစ် ထဲက သားသမီး ကို ကိုယ့်အားကိုယ်ကိုးတတ်အောင် လွှတ်ပေး ကိုယ့်ခြေထောက်ပေါ် ကိုယ် ရပ်တတ်အောင် ထိန်းကျောင်းပေးတာမျိုး ကို သဘောကျတယ်။
        ကိုယ့်ကလေးတွေကို အသက်ပြည့်တာနဲ့ အိမ်ကနေ လစ်တော့ ကိုယ့်စရိတ် ကိုယ်ရှာတော့ ကိုယ့်ဝမ်းကိုယ်ကျောင်းတော့ ကျန်တာ ငါတို့နဲ့ မဆိုင်တော့ဘူး ဆိုတာကြီးကို သိပ် မကြိုက် (အကုန်လုံးတော့ မဟုတ်လောက်ပါဘူး။)
        ကလေးတွေကလဲ အသက်ကြီးလာတာနဲ့ မိဘ တွေကို ပစ်ထားတာကို သဘောမတွေ့။
        (ဇာတ်ထုပ်တွေထဲမယ် အသက်ကြီးလာတာတောင် မိဘ နဲ့ အတူ နေတုန်း ဆို loser လို့ တံဆိပ်ကပ် တာတွေ မြင်ဖူးလို့)
        အရှေ့တိုင်း စနစ် ထဲက မိသားစု သိုက်သိုက်ဝန်းဝန်း နဲ့ လူကြီးမိဘ တွေကို အိမ်ဦးခန်း တင်ထားတာကို သဘောကျမိ။
        မိဘစကား ကို အမိန့်လို နာခံရမှာကို မကြိုက်။
        အမေ့ မှာ နှလုံးရောဂါ ရှိလို့ပါ ဆိုတာမျိုးတွေ လာရင် အလွန်မုန်း။

        ဒီ စနစ် ၂ခု ရောလိုက်လို့ရလဲ အကောင်းသား။
        ငယ်တုန်းမှာ မိဘ က ကလေးတွေကို နွေးနွေးထွေးထွေး ဆက်ဆံ။
        ကြီးလာတော့လဲ ကလေးတွေက မိဘ တွေနဲ့ တိုင်တိုင်ပင်ပင် နေ။ း)

        ကိုယ်ပဲ ခေတ်နောက်ပြန် ဆွဲနေသလား မသိ။

  • Thint Aye Yeik

    September 16, 2016 at 4:55 pm

    ”ဖျင်ပိတ်ငြင်းသော သဂျီးဆိုသူကို ဖျင်ပိတ်ပြန်ငြင်းကြသူများ”ဆိုတဲ့ နာမည်နဲ့ page ထောင်ကြမား ?
    :k:

    အနော်တော့ ငြင်းအားဘူး။ ငြင်းဖို့လည်း မစွမ်းသာသေးဘူး။ ဒီတော့ တစ်ခွန်းပဲ ပြောရတော့မှာပဲ။
    ”သားးး ဘာမှ မတိဝူး။ တား အခုမှ ခေးပဲ ရှိသေးတာ။ သားဘာသာသား သားဟာသား ဆော့နေတာ”

    :mrgreenn:

    • kai

      September 16, 2016 at 4:57 pm

      အင်း.. ဒီဇတ်လမ်းမူရင်းဇတ်ထုပ်က.. ကိုရင့်ဘဝကိုကြည့်ပြီး.. ဖြန့်တွေးတာကနေ.. ဖြစ်လာတာလို့.. ပြောရင်လည်းရပါတယ်..။

      ကဲ.. ငြင်းကြည့်ပေတော့..။ :k:

      • Thint Aye Yeik

        September 16, 2016 at 8:18 pm

        အမငွိ
        အစ ဆွဲထုတ်ပြန်ပြီ
        :k:

        သားမပါဝုနော်
        သားဖာသာသား သားဟာနဲ့သား ဆော့နေတာပါဆို
        :k:

        အနော့် အခြေအနေနဲ့ဆိုင်တာလေး ပြောရရင်
        မိဘကျေးဇူးကို အသိအမှတ်ပြုပါကြောင်း။
        ဒါမယ့် မိဘ အမျှော်အမြင်နည်းလို့ အရင်က ချမ်းသာခဲ့ပြီး အခု ဆင်းရဲသွားရတဲ့အဖြစ်ကိုလည်း ”သိ”မှတ် ထားပါကြောင်းနဲ့
        အခု လက်ရှိ တွေးပြီး လုပ်နေတာကတော့ ကိုယ့်အတွက်ရယ် ကိုယ်ချစ်တဲ့မိဘရယ်ကို ကိုယ်မှ ကယ်မထုတ်ရင် ဒီဆင်းရဲတွင်းထဲက ထွက်နိုင်မယ် မမြင်လို့
        ကိုယ့်တစ်ကိုယ်စာ ရုန်းထွက်ရင် လွယ်ပေမဲ့ အဲ့လိုကျတော့လည်း ရုန်းမထွက်ချင်သမို့ သူတို့(ကိုယ့်မိဘ)အသက်ကြီးချိန်မှာ မပူမပင်မကြောင့်ကျပဲ နေနိုင်ဖို့ဆိုတာ ထည့်တွေးပြီး ရည်မှန်းချက် ထားပါတယ်။
        ဒါက ကျေးဇူး ရှိလို့ ဆပ်ကို ဆပ်ရမယ်လို့ တွေးပြီး လုပ်နေတာတော့ မဟုတ်။

        မိအိုဖအိုကို မပြည့်မစုံ ချို့တဲ့စွာ မြင်ရဖို့ရာ. . .
        (ကိုယ့်မိဘမှ မဟုတ်။ တခြား သူစိမ်း အိုကြီးအိုမတွေ မွဲတေပြာကျနေတာမြင်ရင်လည်း စိတ်မကောင်းဖြစ်မိတာပဲ)
        ကိုယ့်မိဘ ဆိုတဲ့ သွေးသားတော်စပ်မှုလေး ရှိတော့ သူစိမ်းထက်တော့ စေတနာ ပိုသပေါ့။

        ဆိုတော့ ကိုယ့်ခံယူချက်နဲ့ကိုယ် ဆက်လျှောက်ပြီး ကိုယ့်လမ်းကိုယ် ဖောက်ရဦးမပေါ့။
        .ကျေနပ်သားပဲ ဘာပြသနာရှိ?

        :k:

  • အမှန်တော့ မွပြုံးပို့စ်မှာသူကြီးမန့်ထားတာတွေက မိဘကျေးဇူးဆိုတာနဲ့မချုပ်နှောင်စေချင်ဘူး ဆိုတာတော့မှန်တယ်ဗျ။
    မိဘကျေးဇူးဆိုတာကလည်း အော်နေတိုင်းလည်း သိတတ်တဲ့လူနည်းပြီး။ဘာမှမပြောပဲဖြည့်ဆည်းနေတဲ့လူတွေလည်းတပုံကြီး။
    ကိုယ့်နိုင်ငံက မိဘတွေကိုကတော့ မဖြစ်မနေကြည့်ရှုစောင့်ရှောက်ကြဖို့သင့်တယ်။နိုင်ငံက အစစမထောက်ပံ့ပေးထားလို့ အိုရေး၊သေရေးခက်လို့ပါ။
    အဲ့ဒါက သူကြီးတို့ကျင်လည်တဲ့နိုင်ငံနဲ့တုပြောမရပါဘူး။

    မိခင်ရင်ငွေ့မပါပဲတိုးတက်နိုင်တယ်ဆိုတာကတော့
    မိခင်ဘယ်လောက်ထိန်းကွပ်နေပါစေညံ့တဲ့ကလေးညံ့မယ်။တော်တဲ့ကလေးက တစ်ယောက်တည်းကြိုးစားလည်းတော်မယ်။
    ဒါပေမယ့် တစ်ယောက်တည်းဆိုတဲနေရာမှာ အမေနဲ့အနီးကပ်နေရပြီးမထိန်းကွပ်ပေးတာနဲ့၊ အမေကတပြည်တရွာစီခြားနေပြီး မထိန်းကွပ်ပေးနိုင်တာမှာ ကလေးရဲ့ခံစားချက်တွေကွာပါတယ်။အစိုးရက အစစအရာရာဖြည့်ဆည်းပေးလည်း ဆုတစ်ခုခုရလာလို့တောင် ပြစရာငါ့အဖေ၊အမေ မရှိတဲ့ကလေးဟာ အားတက်နိုင်မယ်မထင်ပါ။

    ဘယ်လောက်ပဲ အနောက်နိုင်ငံစိတ်ဓာတ်ရိုက်သွင်းထားထားပါ။

    • ဇီဇီခင်ဇော်

      September 17, 2016 at 7:10 am

      အတော်မျှတတဲ့ အတွေးပါ မယ်သော်လေး။
      အစွန်းဘယ်ဘက်မှ မရောက်ပါဘူးး

      🙂

  • လုံမလေးမွန်မွန်

    September 17, 2016 at 12:53 am

    မှတ်မှတ်ရရ အသက် ၁ဝ နှစ် ..(၅) တန်းစတက်တဲ့နှစ်မှာပဲ… အိမ်က စီးပွားရေးစကျတယ်… အဖေနဲ့အမေ ရဲ့ ရန်ပွဲတွေကြားမှာပဲ ကြီးပြင်းလာခဲ့တယ်.. အရွယ်ရောက်လာလို့ ဝတ်ချင်စားချင် ဖြစ်လာတဲ့အချိန်ှမှာပဲ..သူများနဲ့တန်းတူ ဆိုတဲ့ အဆင့်ကနေ တဖြည်းဖြည်းကျလာတယ်.. စာတော်တဲ့သူဖြစ်တော့ အမေက အရမ်းအားကိုးတယ်… သူခံစားရတဲ့ ဆင်းရဲဒုက္ခတွေကို မခံစားစေချင်ဘူး.. အဲဒီအချိန်ကတည်းက တစ်ခုပဲ သိခဲ့တယ်.. ဒီဆင်းရဲဒုက္ခက ထွက်ပေါက်ဟာ ငါဖြစ်ရမယ် ဆိုပြီးတော့.. ဆယ်တန်းအောင်တယ်..ကိုယ်ဝါသနာပါတာကို စွန့်လွှတ်ခဲ့တယ်.. စဉ်းစားသမျှ ဆုံးဖြတ်သမျှဟာ မိသားစုကို ပြန်ကယ်နိုင်ဖို့ပဲ.. ဒုတိယနှစ်မှာ အဖွားဆုံးတယ်.. တတိယနှစ်မှာ အဖေဆုံးတယ်.. ကျောင်းပြီးးပြီးချင်း အလုပ်လုပ်တယ်… စာသင်တယ်.. တတ်နိုင်သမျှ အိမ်ကို ပြန်ပိုု့တယ်.. အမေက အလုပ်မလုပ်ဘူး… မောင်လေးက သူ့တစ်ကိုယ်ရည် သုံးနိုင်ရုံလောက်ပဲ… တစ်ခါတစ်ခါတော့လည်း စဉ်းစားမိတယ်… ငါ ဘယ်သူ့ကိုမှ ပြန်ကြည့်စရာမလိုရင် ငါဖြစ်ချင်တာတွေ အကုန်လုပ်နိုင်တယ် ဆိုပြီး.. အထူးသဖြင့် သူငယ်ချင်းတွေ MBA ဘွဲ့တွေရ.. ကျောင်းတွေတက် လုပ်နေတဲ့အချိန်ပေါ့.. ဒါပေမယ့် ကိုယ့်မိသားစုမှာလည်း ကိုယ်က ဖိုးသူတော် ဖြစ်နေတော့ မတတ်နိုင်ဘူး.. ဒီလိုဖြစ်လာအောင်လည်း အမေ ဘယ်လောက်ဒုက္ခခံခဲ့လည်း ဆိုတာ သိနေခဲ့တော့.. အခုလို အိမ်ကို ပြန်ထောက်ပံ့ခွင့်ရတာကိုပဲ ဝမ်းသာနေတာ… အားကျပါတယ်.. မိဘကို ကန်တော့တယ်ဆိုရုံလောက်ပေးပြီး ကိုယ့်လစာနဲ့ကိုယ် နေနိုင်သုံးနိုင်တဲ့သူတွေကိုပေါ့…

    နိုင်ငံခြားက စနစ်တွေကို အားကျတယ်… နိုင်ငံခြားက လူတွေနဲ့ ယှဉ်လိုက်ရင် မြန်မာပြည်က လူကြီးတွေဟာ အသက်ကြီးလာရင် အလုပ်မလုပ်ဘဲ သားသမီးလုပ်စာကို ထိုင်စားတာများတယ်.. သူတို့အတွက်လည်း လုပ်စရာအလုပ်မရှိဘူး.. သားသမီးတွေကလည်း မိဘကို အလုပ်လုပ်ခိုင်းရင်ကိုပဲ ကျေးဇူးမသိတတ်သလို ဖြစ်တယ်.. မြန်မာစာသင်ပေးတဲ့ နိုင်ငံခြားသူက အသက် ၆၀.. အလုပ်လုပ်တယ်.. နိုင်ငံခြားဘာသာစကားသင်တယ်.. အမေ့အသက် ၄၈.. အိမ်မှာပဲ ဘုရားတရားလုပ်တယ်.. ဘာတွေကွာလဲဆို စနစ်ကွာတယ်…

    ရွယ်တူသူငယ်ချင်းတွေ စကားပြောကြည့်တယ်.. ကိုယ်တွေ အသက်ကြီးလာရင် ကိုယ့်သားသမီးတွေကို ကိုယ်တွေလို မဖြစ်စေရဘူး.. ကိုယ့်ကို ကြည့်စရာမလိုဘဲ သူတို့ဘဝကိုပဲ သူတို့ရှေ့ဆက်နိုင်အောင် အခုကတည်းက ကြိုးစားနေကြတယ်..

    • ဇီဇီခင်ဇော်

      September 17, 2016 at 7:14 am

      မမဂျီး အမေပြောဖူးတာရှိတယ်။
      ငတ်တဲ့နေရာမှ အတူတူ တွန်းတွန်းတိုက်တိုက် မတည့် အတူနေ နေရတာထက်စာရင်
      ၂ ဖက်လုံး အဆင်ပြေပြီး ခွဲနေပြီး ချစ်ခင်ကြတာ ပိုလိုလားသတဲ့။

      မြန်မာ စံချိန်နဲ့ ဆို ဘယ်လို အတွေးအခေါ်လို့ ပြောမလဲမသိ။

      ဒါမဲ့ ချစ်ခင်ခြင်းမှာလည်း ချည်နှောင်မှုနဲ့ ရှေ့မဆက်နိုင်တဲ့ အခြေအနေတွေ ရှိပေမဲ့လည်းး
      ရိုက်သွင်းခံထားရတဲ့ ကျေးဇူးတရားနဲ့ ရှေ့မရောက်နိုင်ထက် ဝန်ပိခြင်းတွေထက် အချင်းချင်းချစ်ခင်နေနိုင်တာ သာပါသေးတယ်လေ။

  • အခုနက ရီပလိုင်းကအမွန့်အောက်ရေးမို့ ဘယ်လိုလုပ်ဒီအောက်မဆီမဆိုင်ရောက်သွားလည်းမသိ ဆောရီး။

    ဒီအောက်ရေးချင်တာက အနောက်ကလူတွေရုပ်ဝတ္ထုဦးစားပေးတယ် မနွေးထွေးဘူး ဆိုတာ တော့ သိပ်မမှန်ထင်မိ။
    ကိုယ်ကအနောက်မှာမနေဘူးပါ။ဒါပေမယ့် ရုပ်ရှင်တွေအကြည့်များတယ်ရယ်
    ဖဘမှာခင်တာတွေရယ်နဲ့ကြည့်ပြောရရင် သူတို့ရဲ့နွေးထွေးမှုကမှ ရုပ်ဝတ္ထုမဆန်တာ၊ကြွားဝါမှုမပါတာ၊ မြန်မာတွေက နွေးထွေးတယ် သံယောဇဉ်ကြီးတယ် ကြည့်ရှုစောင့်ရှောက်နိုင်တယ်ဆိုတာကို လူတကာအလယ် ဖော်ပြလိုမှုအတွက်ပါထည့်လုပ်လေ့ရှိတယ်။တကယ့်တကယ်အခက်အခဲဖြစ်လာရင် အားပေးနှစ်သိမ့်ဖို့လိုအပ်လာရင် အပြစ်တင်ဖို့လောက်သာအားသန်တယ်။

    တစ်ခုကောင်းတာက လူကြီးသူမအပေါ် ဂါရဝတရား ထားတတ်တဲ့ဓလေ့မှာတော့ကွာသွားတယ်။

    • hmee

      September 23, 2016 at 9:29 pm

      အနောက်တိုင်းက လူတွေ မနွေးထွေးဘူးဆိုတာကို ကန့်ကွက်တဲ့ထဲ များပါမယ်။ ခု လက်ရှိရောက်နေတော့ မျက်မြင်တွေ့နေရတယ်။ လူတိုင်း လူကို လူလို့ပဲ သဘောထားတယ်။ လူကြီးလည်းလူကြီး အလျှောက် ကလေးလည်းကလေး နွေးထွေးမှု အပြည့်။ ကလေးတွေ ကျောင်းမှာ ကလေးအချင်းချင်းရော ဆရာမတွေကော ဆက်ဆံမှုတွေ မြင်ရတွေ မြင်ရတာ ကိုယ်တွေ ဆီနဲ့ တခြားဆီ။ မသိဘူး မမြင်ဘူးပေမဲ့ ကူညီတတ်တယ်။ ကလေးခြင်း အနိုင်ကျင့်တာမတွေ့ရသလောက်။ တယောက်ငိုနေရင် မင်း အကြီးကြီး အဖက်ခံချင်လားဆိုပြီး နှစ်သိမ့်တဲ့ ရင်ထဲက လာတဲ့ ဖက်ခြင်းတွေဟာ တကယ့်ကို နွေးထွေးမှုတွေ။ ဆရာမတွေ ကလေးတွေကို ဆက်ဆံပုံတွေ သိပ်နွေးထွေးတာများ မြင်ရတာ ကိုယ်ပါ လုံခြုံ နွေးထွေးတာ။ ကလေး တခုခုဆို စိတ်ရှည်လက်ရှည်မေး ပြီး နားလည်အောင်ရှင်းပြ။ နွေးထွေးမှုတွေ အရေးတယူရှီမှုတွေ မြင်ရတာ စိတ်ချမ်းသာချက်။ ပန်းခြံတွေမှာဆို အဖေနဲ့သား ချက် ကစားနေတာ (အဖေက ဝှီးချဲနဲ့ )။ အမေနဲ့ စကားတပြောပြော လမ်းလျှောက်နေတာ။ အဖေနဲ့ သား ( အဖေက ၇ဝလောက် သားက ၅ဝကျော်လောက်) ငါးအတူတူမြှားနေတာတွေ။ ကိုယ့်အိမ်နဲ့ ကိုယ်နေပေမဲ့ မိဘအိမ် အချိန်မှန်လာ လုပ်စရာရှိတာလုပ် ဆေးခန်းပို့ အပြင်လိုက်ပို့ အမြဲလို တွေ့နေရတာ။ မိသားစုကို အချိန်ပေးတာတွေများ ငြိမ်းချမ်းလိုက်ကြတာ။ အဖိုးအဖွား မိသားစုလိုက်တွေ ပန်းခြံတွေမှာ အချိန်ယူ ပျော်ပွဲစားထွက် အပန်းဖြေနေတာတွေ မြင်ရတော့ ကိုယ်တွေ လူမျိုးတွေနဲ့ ကိုယ့်ဘဝကိုယ်တောင် ပြန်သနားမိသေးသလိုလိုပဲ။ နွေးထွေးပါတယ်ဆိုတဲ့ ကိုယ်တွေတောင် မိဘဆီ တနှစ်တခေါက် ပြန်ဖို့ အတော်အချိန်ယူရသေးတာ။ မနွေးထွေးပါဘူးလို့ သိထားတဲ့ သူတွေများ အမြဲလို လာနေတာတွေ့နေရတယ်။

  • ကြောင်ဝတုတ်

    September 17, 2016 at 9:19 am

    ပြောရရင်တော့ ဂလိုဗျ…

    မြန်မာမိဘတွေမှာ… သားသမီးအပေါ်ကျွေးမွေးပြုစုစောင့်ရှောက်ခဲ့ရတဲ့ကျေးဇူးအကြောင်းပြုပြီး…
    Give and Take လုပ်တတ်တဲ့အကျင့်တွေရှိတယ်ဗျ…
    ပြောရရင် မိသားစုတွင်းအာဏာရှင်စနစ်ဆိုပါတော့…
    (ခေါင်းစဉ်တပ်တာနဲနဲကြမ်းသွားရင် ခွင့်လွှတ်ပါဗျာ… ကျွန်တော်ကတော့ ဒီလိုပဲမြင်လို့ပါ…)

    အဲဒီကျေးဇူးတရားဆိုတဲ့ဟာကြီးကြောင့်…
    အမှန်တရားတွေ ဆိတ်သုဉ်းသွားတယ်…
    မိဘဘယ်လို စီမံစီမံ ဘယ်လိုပဲမှားမှား မှားကြောင်းပြောခွင့်မရကြဘူး…

    အဲဒီကျေးဇူးတရားဆိုတဲ့ဟာကြီးကြောင့်…
    ချစ်ခင်မှုတွေ လျော့နည်းသွားတယ်…
    မိဘကို ချစ်ခင်ရမယ့်အစား ကြောက်စရာအဖြစ်သတ်မှတ်ပြီး…
    ကျေးဇူးတရားတွေကြောင့်သာ အဖေအမေလို့ ခေါ်နေပေမယ့် ရင်ထဲမှာအမုန်းကြီး ကျိတ်မုန်းနေတာမျိုးတွေရှိတယ်…

    အဲဒီကျေးဇူးတရားဆိုတဲ့ဟာကြီးကြောင့်…
    ဆန္ဒတွေ စိတ်အားထက်သန်မှုတွေ ပျောက်ဆုံးသွားကြတယ်…
    မိဘဆန္ဒတခုအတွက် မိမိစိတ်ဆန္ဒကို ချိုးနှိမ်လိုက်ပြီး စိတ်မဝင်စားတဲ့အရာတခုကို…
    ကျိတ်မှိတ်လုပ်ရင်း စိတ်အားထက်သန်မှုတွေပျောက်ဆုံးကုန်လေ့ရှိတယ်…

    အဲဒီကျေးဇူးတရားဆိုတဲ့ဟာကြီးကြောင့်…
    အမှတ်မထင် ကျိန်စာတိုက်ခံရတတ်တယ်…
    မိဘစကားမှနားမထောင်ရင် တသက်လုံးလူဖြစ်မှာမဟုတ်ဘူး…ဆိုတာမျိုး…

    မပြောတော့ပါဘူးဗျာ…
    ကိုယ်ဖြတ်သန်းရသော… ကိုယ့်မိဘဖြစ်လာသောသူတို့နဲ့လဲ သက်ဆိုင်ပါတယ်…
    လူအမျိုးမျိုး စိတ်အထွေထွေပေါ့…

    ပြောရရင် မိဘကျေးဇူးသိတတ်တာကောင်းပါတယ်…
    ဒါပေမယ့် အဲ့ဒီကျေးဇူးဆိုတာကြီးကို ခုတုံလုပ်ပြီး Give & Take ပုံစံလုပ်တာတော့ သဘောမတွေ့ဘူး…

    ပိုစ့်နဲ့အရာအားလုံးမဆိုင်ပါဘူး…
    သို့ပေမယ့် အရင်းခံက ဒီကိစ္စပါပဲ…

    ခင်မင်လျက်-
    ဖက်ဖက်ကက်

  • ဝင့်ပြုံးမြင့်

    September 17, 2016 at 10:03 am

    ခက်တာက တိုင်းပြည်က မွဲနေတော့ ဘာလုပ်လုပ် ဘာတွေးတွေး မှားနေတော့တာပေါ့။ မိဘကို ဦးထိပ်ထားတဲ့ လူမျိုးက ဗမာ မဟုတ်ဘူး။ တရုတ်။ တရုတ်မှ တရုတ်အစစ်။ တရုတ်ဆိုတာက မိဘက သေဆိုသေ ၊ ရှင်ဆိုရှင်တွေ။ အဲတရုတ်တွေ ကောင်းစားနေတော့ ဘာသွားပြောရမလဲ။

    • kai

      September 17, 2016 at 1:25 pm

      မွဲတာတနှစ်လည်းမက.. ၁ဝနှစ်လည်းမက.. အနှစ်၅ဝလည်းမက.. အနှစ်၁၀ဝလည်းမက.. အနှစ် ၂၀ဝ လည်းမက.. အနှစ် ၅၀ဝ လည်းမကဆိုရင်.. ဘယ်နေရာ.. ဘာဖြစ်တာလည်း စစ်ရတော့မပေါ့…။
      မြန်မာဟာ.. နိုင်ငံရေးစနစ်တွေထဲ.. သက်ဦးဆံပိုင်မြေရှင်ပဒေသရာဇ်လည်းကြုံဖူး..။ တိုက်သတ်သိမ်းအင်ပါယာထောင်သူစစ်မင်းစစ်အာဏာရှင်တွေနဲ့လည်းကြုံဖူး..။

      ကိုလိုနီဘဝမှာတောင်.. အင်္ဂလိပ်လို စည်းမျဉ်းခံဘုရင်စနစ်ရဲ့ကိုလိုနီ..။ ဖက်စစ်ဂျပန်ရဲ့ကိုလိုနီလည်းဖြစ်ဖူး.။

      နီဖြူကွန်မြူနစ်တွေအုပ်ချုပ်တာအောက်မှာလည်း တိုင်းပြည်နေရာတော်တော်များများကျဖူး..။

      ပါလီမန်ဒီမိုကရေစီဦးနုခေတ်လည်းဖြတ်ဖူး..။
      အာဏာသိမ်းစစ်အာဏာရှင်အောက်ဗိုလ်ချုပ်ကြီးနေဝင်းလက်ထဲမှာလည်းကျဖူးပြီး..
      .. မြန်မာ့နည်း မြန်မာ့ဟန်ဆိုရှယ်လစ်စနစ်ဆိုတာကြီးရဲ့.. ပြည်သူပိုင်ကောက်သိမ်းတာအောက်မှာလည်း ရောက်ဖူးပြန်…။

      အဲ.. အစိုးရလုံးဝအာဏာမရှိတဲ့.. ဗရမ်းဗတာစနစ်တကျ..အုပ်ချုပ်ရေးဘဝတွေလည်းဖြတ်ဖူးတဲ့အပြင်.. အာဏာရှင်စစ်အစိုးရက..အရောင်ပြောင်းဒီမိုကရေစီ(ဆို)လိုက်ပါတဲ့ခေတ်လည်း.. တွေ့ဖူးပြန်ရော..။
      အဲ.. အခု.. ဘာတဲ့.. ဒေါ်အောင်ဆန်းစုကြည်ရဲ့.. ဖယ်ဒရယ်ပြည်ထောင်စုဒီမိုကရေစီဆိုပါစို့..။

      “တိုင်းတိုင်းပြည်.. ဘာကြောင့်မွဲ… လူမျိုးကြီးရဲ့မူလအတွေးအခေါ်ဓလေ့တွေကြောင့်မွဲ…” လို့.. တန်းပြောလိုက်ပါ့ဗျာ..။
      တိုတိုပြောရရင်တော့..မြန်မာတွေ.. ဆင်းရဲကြတာ… ကမ္ဘာ့အကြာဆုံးပြည်တွင်းစစ်ကြီးတွေဖြစ်နေတာ..
      “စနစ်ကြောင့်… မဟုတ်..။”

      Reverse engineering နဲ့.. မြန်မာ့ဓလေ့တခုချင်းစီကို လိုက်စစ်… ။
      ခေတ်စနစ်နဲ့ကိုက်အောင်.. အထပ်ထပ်ဆွေးနွေး.. တွေးခေါ်.. လိုက်ပြင်..။
      ဒီနေ့စပြင်.. ဒီနေ့.. ကိုယ်ကိုယ်တိုင်က.. စတိုးတက်ပါလိမ့်မယ်.. လို့…စ်..။ :k:

      ( စကားချပ်.. Reverse engineering စကားလုံးက သုံးရတာသိပ်တော့ မဆိုင်ဘူး.။ ဒါပေမယ့် မူလအဓိပ္ပါယ်လေးကြိုက်လို့..။
      Reverse engineering က.. လူလုပ်ပစ္စည်းတခုခုကို .. နည်းပညာခိုးယူချင်တဲ့အခါ.. တစစီဆွဲဖြုတ်ပြီး လုပ်ပုံဖြစ်ပုံကို ကြည့်တဲ့အခါသုံးတာ..
      အင်ဂျင်နီယာတွေအတွက် ပရိုဖြစ်စေတဲ့ ဘဝပြောင်းစာလုံးပဲ..။ )

      • မင်း ခန့် ကျော်

        September 17, 2016 at 10:36 pm

        မိသားစုတပြုံတခေါင်းကြီးနဲ့။
        ဆင်းရဲတဲ့အခြေအနေ။
        ထူးထူးခြားခြား ထွန်းပေါက်သူတယောက်
        ပါလာမယ်။
        မိဘသာမက အိမ်ရှိအကုန်လုံး ထွန်းပေါက်သူ
        အပေါ် ပုံအောကြ။
        ထွန်းပေါက်လာတာနဲ့အမျှ မိဘကျေးဇူးတင်မက
        ကျန်အိမ်သားတွေရဲ့ကျေးဇူးပါ ဆပ်ပေတော့ပဲ။
        ဆပ်သင့်သလား?
        ကိုယ့်ဟာကိုယ် မြင့်လာတဲ့ဘဝမှာနေမလား?
        မြန်မာပြည်အနေအထားနဲ့ လူတယောက်ထွန်းပေါက်
        ဖို့ ချို့တဲ့နေတဲ့ အသိုင်းအဝိုင်းအတွက်မလွယ်ဘူးနော်။
        မြန်မာတွေရဲ့မိသားစု စိတ်ဓာတ်ဆိုတာ ချို့တဲ့ တဲ့
        ဘဝ ကဆင်းသက်လာတာပါ။

        • kai

          September 18, 2016 at 7:56 am

          ယဉ်ကျေးမှုတော်လှန်ရေးလုပ်သင့်ပြီ..။

          ဆပ်သင့်သလားဆိုတော့.. ( ဒီခေတ်ဆို )မဆပ်သင့်ဖူးပဲပြောရမှာပဲ..။
          ဆပ်ရမယ့်ကျေးဇူးတွေနဲ့.. ဆက်သွားရင်.. ဆက်ပြီးအမြင့်မှ တက်လို့မရတော့တာပဲ..။
          ceiling ခေါင်မိုးသွားတိုက်မိပြီး.. ဆွဲချဖြစ်သွားသပေါ့..။
          ရက်တော့ ရက်စက်တယ်..။ ဒါပေမယ့် ဒီလိုသွားမှ.. တဦးချင်းစီက. The sky’s the limit. ကန့်သတ်ဘောင်မရှိ ဖြစ်မယ်.။
          တဦးစီက ပြောင်းမှ..(ကြီးကြီးကျယ်ကျယ်ပြောရရင်) တိုင်းပြည်..လူမျိုး.. လိုက်ပြောင်းမယ်..။

          ဆိုတော့..
          မြင့်မြင့်ပျံ..။ နောက်ကိုမငှဲ့နဲ့.. ကျေးဇူးမဆပ်နဲ့.. ။ (ကန်လည်းမထုတ်နဲ့)
          ကိုယ်မိဘဖြစ်တဲ့အခါကျ.. ကိုယ့်သားသမီးကိုသာ.. တာဝန်(လုံးဝ) ကျေပေး..။

          တကယ့်”စုံရေ” ပေါ့..။
          ( စာတွေထဲ ပါတဲ့ စုံရေက.. ဆန်ရေလိုချင်လို့.. စုံရေအကြောင်းအတင်းပြော.. ရိုက်သွင်းနေတာကြီးလို့.. သဘောပေါက်လာမိ.. )

        • မင်း ခန့် ကျော်

          September 18, 2016 at 10:26 am

          အဲသလိုအတွေးအခေါ်ကြီးသာ ကျယ်ပြန့်ကြည့်ပါလား။
          တိုင်းပြည်ဘယ်လိုမှမတိုးတတ်ဘူး။
          ဆင်းရဲတွင်းကဖောက်ထွက်ဖို့ တယောက်တော့ စွမ်းရမယ်။ အဲသည်စွမ်းတဲ့တယောက်ကိုကျန်တဲ့သူတွေက ေနောက်ကနေတွန်းတင်။
          အပေါ်ရောက်ရင် ေအောက်ကလူတွေကိုရသလောက်ပြန်ဆွဲတင်။
          ရှေးစစ်ပွဲထဲကလို တတပ်လုံးဝင်မရတော့
          အမာခံတွေ မြင်းရုပ်ကြီးထဲဝင်ပြီး မြို့
          ကို သိမ်းသလိုပေါ့။
          မြင်းရုပ်ထဲကလူတွေ မြို့ထဲ ဝင်နိုင်တာနဲ့
          နောက်လှည့်မကြည့်ကြေးဆိုရင် သူတို့ပါ
          အသက်ပျောက်သွားမှာ။
          မြို့ပြင်က ကျန်တဲ့သူတွေပါခေါ်နိုင်လို့ ေအောင်ပွဲဆင်ရတာပါ။
          US ေတောင် အစပိုင်းက ဝါးအစည်း
          ပြေသလို ြပြည်တွင်းစစ်တွေ ြဖြစ်ပြီး
          ပြန်စုစည်းနိုင်မှ ခုအခြေအနေကိုရောက်
          တာမလား။
          မြန်မာပြည်လို ဆင်းရဲတွင်းက ထွက်ဖို့က
          မိသားစု တစုချင်းကနေ ေဖောက်ထွက်ရမှာပါ။
          အဲသလို မိဘ ဆွေမျိုးသားချင်းရဲ့ကျေးဇူးမှ
          မဆပ်ချင်တဲ့သူက အပြင်မှာ စီးပွားရှာရင်
          အဲသလိုစိတ်မျိုးနဲ ဘယ်မှာအောင်မြင်မူ့ကြာ
          ရှည်ခံနိုင်မလဲ။
          ဒီလူက ေကျေးဇူးကန်းတတ်တဲ့သူမျိုးပါကွာ
          ဆိုပြီး အပေါ်ယံပဲ (မဖြစ်သာလို့)ေပေါင်းကြ
          သင်းကြ လက်တွဲကြမှာပါ။
          ဆိုလိုရင်း ေတော့ သဘောပေါက်လောက်မှာပါ။
          ကျေးဇူးကန်းတတ်တဲ့ လူတယောက်အကြောင်း ဆက်စဉ်းစားကြည့်ပေါ့ သူကြီးရေ။

        • kai

          September 18, 2016 at 1:29 pm

          မိဘကျေးဇူး.. ဘာကျေးဇူး..ညာကျေးဇူးဆိုတာမျိုးက.. မြန်မာမှာပဲရှိတာမို့…
          ဘာမဆိုင်ညာမဆိုင်.. ကျေးဇူးကန်းတယ်ဆိုတာကလည်း ရှိလာသပေါ့..။
          ဘာမဆိုင်ညာမဆိုင်.. ဘေးလူကလည်း.. လူတဖက်သား မိသားစုအရေးကို..အတင်းတုတ်နှိမ်ချလို့ရတဲ့စာ(စကား) တလုံးလဲတိုးလာသပေါ့..။ 🙁
          ..
          ..
          ကျန်တာဆက်စဉ်းစားကြည့်ပေါ့..။

          မြန်မာက.. ကမ္ဘာမှာအချမ်းသားဆုံးတနိုင်ငံဆိုရင်တော့ တမျိုးတွေးရမှာပေါ့လေ..။
          =
          ဆိုတော့…
          မြန်မာဟာ.. ခုလောလောဆယ်အခြေအနေမှာ.. ခရစ်ယန်နိုင်ငံ.. ဒါမှမဟုတ်.. ခရစ်ယန်အတွေးအခေါ်တွေလွှမ်းမိုးလာရင်တိုးတက်မယ်ထင်မိတယ်..။
          God ထာဝရဘုရားသခင်က.. ကျေးဇူးတွေအကုန်လုံး ကောက်သိမ်းပေးလိုက်တာကိုး..။
          အဲဒီအခါမှာ.. မိဘနဲ့.. သားသမီးအပါအဝင်.. လူသားတွေအကုန် ခွင့်တူညီမျှသွားတာမို့ပါ..။
          ဟိန္ဒူလိုလို… မဟာဗြဟ္မာဖန်ဆင်းရှင်ကိုလည်း… ယုံသလိုလိုမယုံသလိုလို.. ဟိုမရောက်ဒီမရောက်.. ကြားချထားလို့ဖြစ်တဲ့ အခြေအနေမဟုတ်(တော့)

        • မင်း ခန့် ကျော်

          September 18, 2016 at 7:52 pm

          သူကြီးက ခရစ်ယာန်အတွေးအခေါ် လိုချင်သလား?
          ဖတ်ကျိ
          ဧဖက် ၆
          ‘သားသမီးတို့ သခင်ဘုရာ၏ အလိုတော်နှင့်အညီ မိဘစကားကို
          နားထောင်ကြလော့။ မိဘစကားကိုနားထောင်ခြင်းအမူ့သည်
          တရားသောအမူ့ဖြစ်၏။ မိဘကိုရိုသေစွာပြုလော့။ ဤပညတ်တော်ကား၊ သင်သည်ပြည်တော်၌ကောင်းစား၍အသက်တာရှည်မည်
          အကြောင်း ဟူ၍………………
          ဘာသာရေးအဆုံးအမတိုင်းမှာ မိဘ ဆိုတာက ဘုရားပြီးရင်ပဲ။
          နိုင်ငံရေးဘက်ဆက်လှည့်မယ်ဗျာ။
          ဒေါ်စု။
          ပြည်သူက တွန်းတင်လိုက်ပြီ။
          ထိပ်ရောက်သင့်သလောက်ရောက်ပြီ။
          ခုအရွယ်နဲ့မမျှ ေကျေးဇူးဆပ်နေတာ ကမ္ဘာ ဘယ်နှပါတ်ပါတ်နေပြီ
          လဲမသိ။
          တိုင်းပြည်ရဲ့ခေါင်းဆောင်တိုင် ဒီလိုပဲ။
          ပြည်သူတွေဘက်ပြန်မကြည့်တဲ့ ေခေါင်းဆောင်တွေရဲ့ဇာတ်သိမ်းက
          သူကြီးပိုသိပါတယ်။

        • kai

          September 19, 2016 at 6:43 am

          ကိုယ်ရင့်စာထဲတင်အဖြေက ပါနေပြီ..

          ဘာသာရေးအဆုံးအမတိုင်းမှာ မိဘ ဆိုတာက ဘုရားပြီးရင်ပဲ

          ဟုတ်ပါ့…။ ဘုရားနောက်မှာရှိသင့်သပေါ့..။ ဒါမှ.. God က.. ကျေးဇူးမှန်သမျှ ကောက်သိမ်းလိုက်ပြီး.. ထာဝရဘုရားရှင်က.. သင့်ကိုလည်းဖန်ဆင်း.. သင့်မိဘလည်းဖန်ဆင်းတာဖြစ်ပြီး.. အားလုံးဖန်ဆင်းခံအဖြစ် တတန်းထဲ သွားကျမှာကိုး..။
          ဘုရား၊ တရား၊ သံဃာ.. ရတနာ၃ပါးနဲ့.. မိဘ.. ဆရာ.. တတန်းထဲဖြစ်စရာမလို…။
          ထေရာဝါဒအနှစ်သာရအရဆိုရင်တော့.. မိဘနဲ့သားသမီး.. သံသရာမှာ.. တပြန်တလှည့်စီပဲ..။ ဒီဘဝသားသမီးက.. နောင်နောက်ဘဝတခုခု မိဘဖြစ်ကိုဖြစ်တာတဲ့..။ အဲဒါကို ကျော်ပြီး.. အနန္တောအနန္တငါးပါးကောက်လုပ်ခံထားရတာကိုး..။ ရှေ့နောက်မညီရှုပ်ကုန်ရော..။

          “ရတနာသုံးပါးကို ကိုးကွယ်ရာလို့ ဗုဒ္ဓက ချမှတ်ခဲ့ပြီးသည့်နောက် အနန္တောအနန္တငါးပါးကို ထပ်ထည့်လာတယ်။ ဘယ်သူတွေထည့်လဲဆိုရင် ဖြူးဆရာတော်ကြီးစကားနဲ့ ပြောရရင်တော့ ဝါဇိတ်-ဂါဆရိုင်းတွေကထပ်ထည့်လာတယ်။ ဂိုဏ်းဆရာတွေ –။ သူတို့က ရတနာသုံးပါးနဲ့ တန်းတူနေရာလိုချင်တယ်။ ရတနာသုံးပါးကို သူတို့ဝင်လို့မရဘူး။ ဒါဆို ငါတို့ ရတနာငါးပါးဆိုလဲ ကြည့်မကောင်းဘူး။ လုပ်ကြစို့ဟေ့အနန္တောအနန္တငါးပါး ဆိုပြီးတော့။ သူတို့စင်ပေါ်ရောက်ချင်တာနဲ့ မိဘကိုပါဆွဲထည့်တော့ မိဘပါ ပါလာတယ်။ အဲဒါ အနန္တောအနန္တငါးပါး ဖြစ်လာတာ။” – မေတ္တာရှင်(ရွှေပြည်သာ)

          “You don’t pay back your parents. You can’t. The debt you owe them gets collected by your children, who hand it down in turn. It’s a sort of entailment. Or if you don’t have children of the body, it’s left as a debt to your common humanity. Or to your God, if you possess or are possessed by one.

          ― Lois McMaster Bujold, A Civil Campaign

          ၃ရ : ၁၀၂-၁၀၇

          သားဖြစ်သူသည် သူနှင့်စပ်သော ပြင်းထန်သော အလုုပ်ကိုု သိရန် အချိန်ရောက်သောအခါ အဖဖြစ်သူသည် ဤသိုု့ဆိုု၏ ‘ငါသည် သင့်အား စတေးခြင်းဖြင့် (ဘုုရားသခင်ကိုု) ပေးဆက်ရန် မြင်ကွင်းကိုု မြင်မိ၏။ သင်၏ မြင်ကွင်းသည် အသုို့ရှိသနည်း’ ။ သားဖြစ်သူသည် ဤသိုု့ ဆိုု၏ ‘အိုု၊ ငါ၏ဖခင်။ ဘုုရားသခင်က အမိန့်ရှိသည့်အတိုုင်းသာ ကျွန်ုုပ်ကိုု စီရင်ပါလေ။ အကယ်၍ အလ္လာသည် သူတဦးတယောက်၏ မမှိတ်မသုုန်သော ယုုံကြည်မှုကိုု ဤသိုု့ သိလိုုပါလျှင် သင်သည် (မှန်ကန်သောသူတဦး) ကျွန်ုုပ်ကိုု ရှာတွေ့ခဲ့ပြီဖြစ်သည်’
          ဤသိုု့အားဖြင့် ထိုုသူတိုု့သည် မိမိတိုု့၏ အတ္တကိုု (အလ္လာကိုု) နှင်းအပ်လိုုက်လေပြီ။

        • kai

          September 19, 2016 at 6:50 am

          ကျုပ်က ဒီလိုရေးတော့ အူကြောင်ကျားနဲ့..” မိဘတွေကို နှိပ်ကွပ်ကြဟေ့. ” လို့မြောက်ပေး.. ရေးနေတယ်လာမလုပ်နဲ့ဦးနော..။ ခင်ဗျားမိဘနဲ့ ခင်ဗျားက.. အဲလိုမိဘ/သားသမီးဖြစ်နေလားလဲ..လာမလုပ်ပါနဲ့နော..။

          . အတွေးအခေါ်ပိုင်း..ဒီဘိတ်လုပ်.. ပြောနေသူကို “ဘာ”ဆိုပြီးစွတ်စွဲဆုံးဖြတ်ရင် .. မိမိအမြင်နဲ့ ဆုံးဖြတ်စီရင်ရင်.. ပုဂ္ဂလိကထိပါးမှု..personal assault ဖြစ်ပါတယ်..။
          ဥပဒေကြောင်းအရတောင်.. အဲလိုပါ..။
          ငြင်းခုန်ခြင်းအနုပညာလည်း မမြောက်ပါ..။

          လောကမှာ အဖြူမဟုတ်တာနဲ့.. အမဲကားမဖြစ်..။
          ကြားတွင်ရောင်စုံသက်တံ့ရှိပါ၏။

    • kai

      September 17, 2016 at 1:53 pm

      ဟုတ်ပါ့..။ ချိုင်းနီးစ်တွေရဲ့.. အဓိကအတွေအခေါ်စီးဆင်းရာ ကွန်ဖြူးရှပ်ဒသနထဲမှာ.. မိဘရိုသေတာက သော့ချက်ဆိုတာပဲ..။
      =
      Filial piety
      In Confucian philosophy, filial piety (Chinese: 孝, xiào) is a virtue of respect for one’s parents, elders, and ancestors. The Confucian classic Xiao Jing or Classic of Xiào, thought to be written around the Qin-Han period, has historically been the authoritative source on the Confucian tenet of xiào / “filial piety”. The book, a conversation between Confucius and his student Zeng Shen (曾參, also known as Zengzi 曾子), is about how to set up a good society using the principle of xiào (filial piety). The term can also be applied to general obedience, and is used in religious titles in Christian Churches, like “filial priest” or “filial vicar” for a cleric whose church is subordinate to a larger parish. Filial piety is central to Confucian role ethics.[2]

      In more general terms, filial piety means to be good to one’s parents; to take care of one’s parents; to engage in good conduct not just towards parents but also outside the home so as to bring a good name to one’s parents and ancestors; to perform the duties of one’s job well so as to obtain the material means to support parents as well as carry out sacrifices to the ancestors; not be rebellious; show love, respect and support; display courtesy; ensure male heirs, uphold fraternity among brothers; wisely advise one’s parents, including dissuading them from moral unrighteousness; display sorrow for their sickness and death; and carry out sacrifices after their death.

      Filial piety is considered a key virtue in Chinese culture, and it is the main concern of a large number of stories. One of the most famous collections of such stories is The Twenty-four Filial Exemplars (Ershi-si xiao 二十四孝). These stories depict how children exercised their filial piety in the past. While China has always had a diversity of religious beliefs, filial piety has been common to almost all of them; historian Hugh D.R. Baker calls respect for the family the only element common to almost all Chinese believers.[3]

  • Mr. MarGa

    September 17, 2016 at 10:04 pm

    မြို့မေတ္တာ ဝင်ခံလိုက်ပါဦးမယ်
    မိဘနဲ့ ဆရာကို အနန္တော အနန္တ ငါးပါးထဲကနေ တခြားနေရာကို ရွှေ့သင့်တယ်လို့ မြင်နေမိတာ နည်းနည်းကြာပြီ။
    မိဘကျေးဇူးဆိုတာ ဆပ်ရမယ်။ ကြွေးဟောင်းဆပ်၊ ကြွေးသစ်ချ ဆိုတာတွေက တကယ်တမ်း တွေးကြည့်ရင် သားသမီးတွေကို တရစ်ပြီးတရစ် လှုပ်မရအောင် ချည်ထားသလိုပဲ
    ဒါပေမယ့်
    ကိုယ့်နိုင်ငံ ကိုယ့်အခြေအနေကို သိနေတာမို့ အနောက်နဲ့တော့ တန်း မညှိတော့ပါဘူး။
    သူရို့ဆီမှာက အိုမင်းမစွမ်း ဖြစ်လာရင်တောင် အာမခံချက် ရှိနေတာမို့ သားသမီးတွေအနေနဲ့ ကိုယ့်အတွက်ပဲ တွေးပြီး နေသွားလို့ရပေမယ့် ဒီမှာတော့ ဘာ အာမခံချက်မှ ရှိတဲ့ အခြေအနေ မဟုတ်ဘူးလေ။
    သားသမီးသည် မိဘနဲ့ အတူနေမှ သေချာထိန်းကျောင်း ပဲ့ပြင်နိုင်မယ် ဆိုတဲ့ အယူကိုတော့ လက်မခံပါ။ ဘယ်လောက်ပဲ တော်တဲ့ တတ်တဲ့ မိဘ ဖြစ်နေပါစေ သားသမီးကို ဆုံးမ ပဲ့ပြင်ရာမှာ သူတို့တွေ ကြုံခဲ့ရတဲ့၊ ဆုံးမခံခဲ့ရတဲ့ ပုံစံတွေက အနည်းနဲ့အများတော့ လွှမ်းမိုးနေလိမ့်မယ်။
    ပြောချင်တာက ကလေးတစ်ယောက်ကို လမ်းမှန်ရောက်အောင် ညွှန်ကြား ပြသတဲ့နေရာမှာ စနစ်က အဓိကကျပါတယ်။ ကလေးတွေကို ပုံဖော်ရာမှာ စနစ်မှန်နေရင် အုပ်ထိန်းသူ ဘယ်သူ၊ ဆရာ ဘယ်သူဆိုတာ အဓိကမကျတော့ပါဘူး။
    မိဘနဲ့ သားသမီးကြားက သံယောဇဉ်က ကျေးဇူးတရားနဲ့ ချည်ထားမှ ခိုင်မြဲမယ့်အထဲမှာ မပါပါဘူး။ ဘာ အပေးအယူမှ မပါတဲ့ သံယောဇဉ်က ပိုခိုင်မာမယ်လို့ပဲ မြင်မိတယ်။
    (ထုံးစံအတိုင်း စကားကြီးစကားကျယ်တွေ ပြောမိသွားလားမသိ၊ နားမလည်လည်း လည်အောင်သာ ဖတ်တော့)
    :hee:

    • kai

      September 18, 2016 at 7:58 am

      လူငယ်တွေ ဒီလိုအတွေးအခေါ်တွေရှိလာတာ.. အားရပါတယ်..။
      ဒီအတိုင်းဆိုရင်တော့.. မြန်မာပြည်တိုးတက်လာဖို့.. လက်ဆယ်ချောင်း တခါစာလောက် လျှေ့ာပြရတော့မလားပဲ..။ :k:

  • kai

    September 18, 2016 at 5:31 pm

    How many US Presidents grew up without their biological father – either never knowing him, or losing him by, say, age 13?

    12. They are as follows:

    George Washington
    Thomas Jefferson
    James Monroe
    Andrew Jackson
    Andrew Johnson
    Rutherford B. Hayes
    James Garfield
    Grover Cleveland
    Herbert Hoover
    Gerald Ford
    William Jefferson Clinton
    Barack Obama

  • weiwei

    September 19, 2016 at 1:42 pm

    အားလုံး ပြည့်စုံအောင် ငြင်းထားပြီးကြပြီဆိုတော့ ဘာမှ ထပ်ငြင်းစရာမတွေ့တော့ဘူး ..
    ဒီအထဲက လူတွေကတော့ နဂိုထဲက အတွေးအခေါ်ကောင်းပြီးသားဆိုတော့ ပြောစရာမလိုဘူးပေါ့ ..
    တကယ့်အပြင်လောကမှာတော့ အတွေးခေါ်တွေ ဒီထဲမှာလောက် မမြင့်ကြတာကအများစု ..
    ပတ်ဝန်းကျင်မှာကြည့်ရသလောက် အများစုက မိဘကို ပြန်ကြည့်နေကြရတယ် .. မနိုင်ဝန်ထမ်းနေကြရတယ် .. အဲလိုလုပ်နေကြတာကိုပဲ ဂုဏ်ယူနေကြတယ် .. ကုသိုလ်တွေရနေတယ်လို့ယုံကြည်ကြတယ် .. အဲလိုမလုပ်နေတဲ့လူကို ကဲ့ရဲ့ပြစ်တင်ကြတယ် … မိဘကို မသိတတ်ရင် တစ်သက်လုံး မကြီးပွားဘူးလို့လဲ ယုံကြည်ထားကြတယ် … သူတို့ဟာသူတို့တော့ ကျေနပ်လို့ အဆင်ပြေနေကြတာပါပဲ ..

    မိဘနေမကောင်း နာတာရှည်ဖြစ်လို့ အလုပ်ပါထွက်ပြီး အုနီးကပ် ပြုစုနေရတဲ့သူတွေ ပတ်ဝန်းကျင်မှာတင်ရှိတယ် .. အချိန်တန်တော့ မိဘကသေသွားရော .. အဖြစ်အပျက်တွေကတော့ အမျိုးမျိုးပါ … ပြောရင် ကုန်မှာမဟုတ် ..

  • ဇီဇီခင်ဇော်

    September 19, 2016 at 2:05 pm

    ရှင်းရှင်းလေးကို ဘာတွေရှုပ်နေကြတုန်းတော့မသိ။
    ဟိ။
    :k:
    ဒီ ပို့(စ) က မိဘကျေးဇူး ကန်းဖို့ ပြောတာလည်းမဟုတ်ဘူးး
    မသိတတ်ဖို့ပြောတာလည်းမဟုတ်ဘူးး
    မိုက်မိုက်ကန်းကန်းပြန်ပြောဖို့လည်း ပြောတာမဟုတ်ဘူးး
    ဦးထိပ်ရွက်ထား ဝန်များတဲ့ “ကျေးဇူး” ဆိုတဲ့ အမည်ခံ အစဉ်အလာတစ်ခုနဲ့ မျိုးဆက်တွေ ရှေ့မရောက်တဲ့ အချက်လေး တစ်ခုပဲ ဆွဲထုတ်ပြရုံတင်။

    ကိုယ်ကတော့ ကိုယ့်လက်ထက်မှာ ကိုယ့်သားသမီးဆီကအသက်ကြီးလာရင် ပြန် မျှော်လင့်ရတဲ့ သံသရာကိုဖြတ်မယ်။
    ဒါလောက်ပဲ။
    :k:
    ခုထိတော့ ဘာဖြစ်ဖြစ် မိဘက အဓိကပဲ။
    ဒါပေမဲ့ ဒီ အဓိက နဲ့ ကိုယ့်မှာ ရှေ့မရောက်တဲ့ ကိစ္စတွေအများကြီးရှိခဲ့တာ သိနေတယ်။

    နားမလည်ရင် အစက ပြန်ဖတ်ကြ။
    :k:

    • kai

      September 19, 2016 at 3:05 pm

      နားမလည်ရင် အစက ပြန်ဖတ်ကြ။

      :k:

      • ဇီဇီခင်ဇော်

        September 20, 2016 at 8:44 am

        စိမ်းလိုက်ပြီ။
        အာဟိ။

        :k:

    • မင်း ခန့် ကျော်

      September 21, 2016 at 3:42 pm

      ခေါင်းကြီးတဲ့သူတွေမို့
      တဆုံးကြီး မြင်ပြီး ေစေတနာ ၃တန် အဲ့
      မယူသင့်တာယူကုန်မစိုးလို့ပါ :mrgreen:

  • Thint Aye Yeik

    September 19, 2016 at 2:24 pm

    ”လူမျိုးရေး တရားဟာလဲ ငါ့လူမျိုးမှ ငါ့လူမျိုး၊ တခြားလူမျိုးတွေဟာ ငါ့လောက် မမြတ်။ ငါ့လူမျိုးသာ ကမ္ဘာကြီးစိုးရမယ်ဆိုတဲ့ ကျဉ်းမြောင်းသေးသိမ်တဲ့ လူမျိုးရေးတရားမဟုတ်ဘဲ ကိုယ့်လူမျိုး ကိုယ်ချစ်သော်လဲ တခြားလူမျိုးကို မုန်းတီးခြင်း၊ အထင်သေးခြင်း မဖြစ်ဘဲ ကမ္ဘာမှာ တိုင်းပြည် အချင်းချင်း သင့်မြတ်စွာ တဦးအကျိုးတဦး ဖြစ်ပွားစေအောင် ဆောင်ရွက်တဲ့ လူမျိုးရေးတရားမျိုးလဲ ဖြစ်ရမယ်။

    ဂျပန်ပြည်မှာလို စစ်ဘက်က လက်ဝါးကြီး အုပ်ပြီး၊ တိုင်းပြည် လွှတ်တော်က ဘာမှ အစိုးမရတဲ့ ဝါဒမျိုး မရှိရအောင် ၊ စစ်ဘက်ကို တိုင်းပြည်လွှတ်တော်က အုပ်စိုးနိုင်ခွင့် ရှိရမယ်။

    .နောက် လွတ်လပ်စွာ ဖော်ပြခွင့် စည်းရုံးခွင့် အစည်းအဝေး ခေါ်ခွင့်နှင့် စီတန်း လမ်းလျှောက်ခွင့်၊ လွတ်လပ်စွာ တွေးတောခွင့်၊ ကိုးကွယ်လိုရာ ဘာသာကိုးကွယ်ခွင့်၊ တရားနှင့် မညီသော အဖမ်းအဆီး အချုပ်အနှောင်မှ ကင်းလွတ်ခွင့်၊ ကိုယ်ရေး လွတ်လပ်ခွင့်၊ ကိုယ့်အိမ်ကိုယ့်ယာနှင့် နေထိုင်ခြင်းကို မတရားသဖြင့် နှောင့်ယှက်ခြင်းမှ ကင်းလွတ်ခွင့်၊ လူတိုင်း ပညာသင်ကြားနိုင်ခွင့်၊ အခမဲ့ ဆေးဝါးအကူအညီ ရရှိခွင့်၊ မတရားသဖြင့် စီးပွားချုတ်ချယ်မှုများမှ လွတ်ကင်း ချမ်းသာခွင့်၊ အလုပ်သမား၊ လယ်သမားများရဲ့ အနည်းဆုံး အခွင့်အရေးများကို အစိုးရက စောင့်ရှောက်ပေးခြင်း၊ လူနည်းစုတိုင်းရင်းသားများ၏ အနည်းဆုံး အခွင့်အရေးများကို အစိုးရက စောင့်ရှောက်ပေးခြင်း၊ တိုင်းပြည်တွင် တိုင်းရင်းသား လူမျိုးတိုင်း ကိုယ့်ဘာသာ၊ ကိုယ့်ဓလေ့၊ ကိုယ့်ယဉ်ကျေးမှုအတိုင်း ဆောင်ရွက်နိုင်ခွင့်၊ အိုစာ နာစာ၊ အထိအခိုက် လျော်ကြေးရံပုံငွေ အစရှိသည်တို့ကို အစိုးရက ထားပြီး အိုမင်း၍၎င်း၊ နာဖျား၍၎င်း၊ ထိခိုက်နာကျင်၍၎င်း၊ အလုပ် လုပ်ချင်သော်လည်း အလုပ်မရနိုင်၍သော်၎င်း အသက်မွေးဝမ်းကျောင်း မပြုစွမ်းနိုင်သူများသည် အစိုးရ၏ အထောက်အပံ့ကို ရရှိခွင့်၊ ဒီမိုကရေစီ အခွင့်အရေးမျိုးတွေလဲ ရှိရမယ်။

    အထက်ပါ အချက်တွေဟာ ဒီမိုကရေစီ ဝါဒတွေရဲ့ အခြေခံတွေဘဲလို့ ယူဆတယ်။ ဒီလို အခြေခံ သဘောတရားတွေကို ရည်ရွယ်ရင်း ရှိတဲ့ လူ့အဖွဲ့အစည်းဟာလဲ ဒီတရားတွေနှင့် ညီတဲ့ အများဆန္ဒအရ ရွေးကောက်ခြင်း၊ ဆုံးဖြတ်ခြင်း၊ ဆောင်ရွက်လုပ်ကိုင်ခြင်း စတဲ့ နည်းစံနစ်မျိုးသာ သုံးရပေလိမ့်မယ်။ ”

    ဗိုလ်ချုပ်အောင်ဆန်း
    (ဖက်ဆစ်တိုက်ဖျက်ရေးနှင့် ပြည်သူ့လွတ်လပ်ရေး မိန့်ခွန်း မှ. . .)
    (မူရင်း သတ်ပုံအတိုင်း)

    ဘာရယ်မဟုတ်. . .
    ဒီမိန့်ခွန်းကို ဖတ်ပြီး တွေးမိတာလေး လာပြောတာ။

    ဗိုလ်ချုပ်အောင်ဆန်းသာ အသက်ရှည်ခဲ့ရင် . . .
    အခုအချိန်ဆို ဗမာပြည်လည်း သူကြီးရောက်နေတဲ့ US လို
    ဒီမိုကရေစီပါး ကောင်းကောင်းဝနေလောက်ပြီ။
    သက်ကြီးရွယ်အိုတွေအတွက် အစိုးရက ကြည့်ရှုစောင့်ရှောက်မှုတွေ. . . နာမကျန်းဖြစ်သူတွေအတွက် အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုတွေ. . .
    အခမဲ့ ပညာရေးတွေနဲ့. . . လူ့အခွင့်အရေး အပြည့်နဲ့ပေါ့။

    ဗိုလ်ချုပ်သာ အချိန်ကြာကြာ လုပ်ပိုင်ခွင့် ရှိခဲ့ရင် သူကြီးတောင် ဒီလိုအပြောတွေနဲ့ စစ်လာမြူနေရမှာတောင် မဟုတ်လိုက်။

    ဒါမယ့် ဗိုလ်ချုပ်ရဲ့သမီးတော် ဒေါ်စုကြီး ငုတ်တုတ် ရှိသေး။
    တစ်ခုပဲ သူ့ခမျာ လုပ်ပိုင်ခွင့်လေး ရတာ အချိန်အတော် နည်းသွား။

    ဒါမယ့်. . . လုပ်နေတယ်။ ပြောင်းလဲချိန်တန်ပြီမှန်း သိတဲ့သူက ဦးဆောင်ပြီး လုပ်နေတယ်။
    ရုံးပိတ်ရက်တောင် မနားပဲ စီစဉ်ညွှန်ကြားနေတယ်။
    သူကြီးတို့ ဘာတို့ လေကန် ဝေဖန်နေချိန်မှာ သူမက. . .သူမအလွန်ကာလအတွက်တောင် ကြို ပြင်ဆင်နေလောက်တယ်။

    ဆိုတော့ သူကြီး. . .
    မကြာခင်. . . US နဲ့ တန်းညှိလို့ ရလောက်တဲ့ အတွေးအခေါ်တွေ လက်ဆင့်ကမ်းခဲ့တဲ့ အမျိုးသမီးကြီးတစ်ယောက် ကြိုးစားဖန်တီးဆဲ ကာလ. . .
    ဒီကာလကို မှတ်ထား။
    ဒီလို အပြောတွေနဲ့ သူကြီးဟာ နောက်ထပ် လက်ဆယ်ချောင်း တစ်ခါလောက်ပဲ စစ်မြူလို့ ရတော့မှာပါ လို့

    ဆယ်ခါ ပြောသဗျာ. . .

    😆

    • kai

      September 19, 2016 at 2:31 pm

      အသက်၇ဝကျော်အဖွားကြီးက.. ပိတ်ရက်မရှိအလုပ်လုပ်နေတာ.. ကိုရင့်လိုလူငယ်က(လည်း).. လေနဲ့အားပေးနေလို့မဖြစ်ဖူးဗျ..။
      လိုက်လုပ်လေ..။ လိုက်လုပ်..။ ကြို..ကျော်ပြီးတွေးပြီးကို လုပ်လိုက်..။
      ကိုယ်က တိုက်ရိုက်မလုပ်နိုင်တော့တောင်.. နောက်နောင် ကိုယ့်သားသမီးလက်ထက်ကျ.. ဒါမျိုးမဖြစ်စေဖို့ လုပ်လိုက်..။
      ( ဘာလုပ်ရမလဲကတော့ အခုရေးနေတယ်..။ ဒေါ်စုလည်း ဒါကိုဦးစားပေးလုပ်ပါလိမ့်မယ်.. )
      လက်ချောင်း၁ဝချောင်းနဲ့.. ၅ခါကို.. နောက်တခုဖြုတ်ချပေးမယ်..။

      ကျုပ်ကလေကန်ဝေဖန်နေတာတော့မဟုတ်..။
      ဒီစာစုက..လူသိန်းဂဏန်းလက်ထဲရောက်အောင်ကို ဖြန့်မှာ..။ အဲဒီအတွက်.. ကိုရင်တို့ဆီက.. ဘရုန်းစတိန်းနေတာ..။ :k:

  • ဝင့်ပြုံးမြင့်

    September 19, 2016 at 5:28 pm

    ဘာလုပ်လုပ် ခေါင်းပြောင်းမှ အကုန်ပြောင်းတာ ။ ခေါင်းမပြောင်းရင် ဘာမှ မပြောင်းဆိုတော့ ခေါင်းပြောင်းရေး လုပ်ငန်းစဉ် ဟာ ဝေဖန်လေကန် လို့ ပြောလို့ မရ။ ဒါက မိန်းကြီးလေ။ သဘောချင်းညီမျှသည်ဖြစ်စေ၊ မညီမျှသည်ဖြစ်စေ၊ လူ့ဦးနှောက်ရဲ့ အတွင်းကျဆုံး အတွေးအခေါ်ကို စိန်ခေါ်ပြီဆိုတော့ ဒါ ကို ဘယ်လိုပြောမလဲ။

  • Ma Ei

    September 20, 2016 at 1:04 pm

    ခရီးသွားနေတာနဲ့ ခုမှ ဒီပို့စ်ကို စဆုံးဖတ်ဖြစ်တော့တာ
    မြန်မာမှာက တလုပ်စားဖူးသူ့ကျေးဇူး တလုပ်စာလေးနဲ့တင် ကျေးဇူးရှင် သတ်မှတ်ရတာကိုး
    မိဘနဲ့ သားသမီးကြား ကျေးဇူးတရားဆိုတာတော့ ဆိုဖွယ်ရာမရှိ
    မိဘမျက်ရည်ကျရရင် အဲ့ဒီသားသမီး တစ်သက်မကြီးပွားဆိုတာ ကျိန်စာလိုပါဘဲ
    ကိုယ်တော့ အသက်ရွယ်အရ မိဘ သားသမီး ကောင်းတဲ့သူ မကောင်းတဲ့သူ မျိုးစုံမြင်တွေ့ခဲ့တာမို့
    တစ်ယောက်မကောင်း/ကောင်းတာနဲ့ အကုန်မကောင်းဘူး/ကောင်းတယ်ပြောမရတာ လက်ခံရပါမယ်
    သဂျီးရေးသလို …

    .လောကမှာ အဖြူမဟုတ်တာနဲ့.. အမဲကားမဖြစ်..ကြားတွင်ရောင်စုံသက်တံ့ရှိပါ၏။…

    ဆိုတာလေး အကြိုက်တွေ့လို့ ကိုယ်နေတာ ရောင်စုံသက်တန့်အတွင်းမှာ ပါလားလို့လေ….

  • မောင်ဘလိူင်

    September 20, 2016 at 1:17 pm

    ဘာရယ်မဟုတ်ဘူး။ ဝင်ငံဦးမယ်။ အိုရှိုပြောသလိုသာ လုပ်ကြ။ လင်မယားတွေ ခလေးမွေးပြီး
    တာနဲ့ ကလေးထိန်းတဲ့၊ ပျိုးထောင်တဲ့ နေရာစီပို့။ ဒီတော့ကလေးတွေကလည်း ဘယ်သူတွေက
    သူတို့ အဖေ အမေဆိုတာ မသိတော့ဘူး။ ပြီးတော့ ဒီလိုတွေလည်း ငြင်းစရာ မရှိဘူး။
    မွေးမေ ကျေးဇူး ဆပ်ဖူးချင်တယ်လေ …ဘာတွေလည်း မလိုတော့ဘူးပေါ့လေ။ ဟီဟီ။

    • kai

      September 20, 2016 at 4:24 pm

      တိုးတက်တဲ့နိုင်ငံတွေမယ်.. အဲလိုနီးပါးပါပဲ..။
      ကလေးမွေးပြီး.. နာနီနဲ့ထား..။
      မိဘက တနေကုန်အလုပ်လုပ်..။
      အသက် ၄နှစ်ရောက်ရင်.. ကလေးက.. တနေကုန်ကျောင်းသွား..( ကျောင်း+ After school)
      တွေ့ချိန်မှမရှိတာ..။

  • မင်း ခန့် ကျော်

    September 21, 2016 at 3:36 pm

    ဒါမျိုးကိုတော့ ရုပ်ပိုင်းဆိုင်ရာတိုးတတ်ပြီး
    စိတ်ပိုင်ဆိုင်ရာ ချို့တဲ့တယ်လို့ မြင်ပါတယ်။
    စက်ရုပ်လူသားမျိုးပေါ့။

    • kai

      September 22, 2016 at 7:06 am

      . သူတပါးကိုအကြွေးချ..အကြွေးမျှော်..အကြွေးယူတာကိုမှ.. စိတ်ပိုင်းဆိုင်ရာမြင့်တယ်.. တိုးတက်တယ်ထင်ရင်တော့.. သိပ်မဟန်ဘူးပဲ..။
      လူသားဟာ.. ကိုယ့်ဝတ်ကိုယ်ကျေရင်.. .. အိုကေသင့်ပါတယ်..။ :k:

  • Foolish Girl

    September 26, 2016 at 4:25 pm

    တဂျီးကိုဝန်းရံကြ ဒုန်းဒုန်းဒုန်း

  • ဦးကြောင်ကြီး

    September 27, 2016 at 9:58 am

    ရွှေအိုးသာဂ ျီး

Leave a Reply