မလွဲသင့်သောအတွေးတစ်ချက်

အိမ်ထောင်သည်တွေအပေါ်သာယာမိသူတွေဟာ
အတိတ်ဘဝက ကံကြောင့်လို့သတ်မှတ်ကြသလို
ကျူးလွန်သူကာယကံရှင်တွေကတော့ အချစ်ကြောင့်လို့ လွှဲချတတ်ကြတယ်။

ယောက်ျား၊မိန်းမ နှစ်မျိုးစားလုံးဟာဆန့်ကျင်ဖက်လိင်ရဲ့ဆွဲဆောင်မှုအပေါ်သာယာတတ်ကြပါတယ်။

*အိမ်ထောင်သည်ဘဝမှာတော့ ယောက်ျားတွေကချည့်ဖောက်ပြန်မှုပိုများလာရခြင်းဟာ
ပိုလွတ်လပ်မှုရှိခြင်း၊ဖျော်ဖြေမှုများခြင်းနဲ့သားသမီးဗာရီယနည်းပါးခြင်း တို့ကြောင့်လည်းသက်ဆိုင်ပါတယ်။

မိန်းကလေးတွေဘက်ကစ၍ဆွဲဆောင်တာမျိုးချည့်အပြစ်ပြောလို့မရပါဘူး။
လက်တည့်စစမ်းချင်တဲ့ယောက်ျားတွေဟာလည်းဒုနဲ့ဒေးပါ။

အိမ်ထာင်သညေ်ယာကျ်ားဘက်က တည်ငြိမ်အေးဆေးပါလျက်မိန်းကလေးတွေဘက်က စတင်ဆွဲဆောင်ကာ ဖောက်ပြားကြခြင်းတွေများသလို၊

အိမ်ထောင်သည်ယောက်ျားတွေက စဆွဲဆောင်လို့ နှလုံးသားကျွံဝင်ပြီး အရှက်ကွဲကြရတဲ့မိန်းကလေးတွေလည်းရှိတတ်ကြပါတယ်။

ဘယ်ဘက်ကပဲ စကျူးလွန်သည်ဖြစ်စေ စိတ်ဆင်းရဲသောကကြီးစွာဖြစ်ရတာက    အိမ်ထောင်သည်ရဲ့ဇနီးနဲ့သားသမီးတွေပါ။
သားသမီးတွေဟာ ဖခင်ကြောင့်အရှက်ရရသလို၊
ဇနီးဖြစ်သူမှာတော့ အရှက်ရခြင်းထက် ခင်ပွန်းသည်ရဲ့ ချစ်ခြင်းမေတ္တာဆုံးရှုုံးရလေခြင်းဆိုတဲ့ သောကနဲ့ သားသမီးတွေမျက်နှာငယ်မယ့် မဖူလုံမယ့်အရေး၊ဖခင်ဆိုတဲ့အရံတံတိုင်းကြီးပျောက်ဆုံးမယ့် ိစု်းရိမ်မှုအရေးက ပိုတတ်ကြပါတယ်။

*အိမ်ထောင်သည်မိန်းမတွေအဖို့မှာတော့ ဖောက်ပြန်နိုင်ချေနည်းပါးကြပါတယ်။
စိတ်နှလုံးသားက ယိမ်းယိုင်သည့်တိုင် မိသားစုဗာရီယ၊မိရိုးဖလာဓလေ့အစရှိတဲ့   ခြိမ်းေြုခာက်မှုတွေကြောင့် လက်မလွန်ခင် ချွန်းအုပ်တတ်ကြပါတယ်။
ဒါ့ထက် မြန်မာ့ဓလေ့အရ အိမ်ထောင်သည်မိန်းမတွေကို ကျူးလွန်လိုစိတ်နည်းပါးကြတာလည်းပါပါတယ်။

ယနေ့ခေတ်အနေနဲ့ကတော့ အင်တာနက်လူမှုကွန်ယက်စာမျက်နှာတွေမှတဆင့် အိမ်ထောင်သည် ၊                       အပျိုလူပျို မခွဲခြားပဲ ဆွဲဆောင်သိမ်းသွင်းရ လွယ်ကူလာတာတွေကြောင့် ဖောက်ပြားမှုတွေပိုဖြစ်လာကြပါတယ်။

မမြင်ကွယ်ရာနေရာ စာတိုတွေမှတဆင့် တစ်ဦးနဲ့တစ်ဦးသာယာလွန်ကျူးလာကြပါတယ်။
အချစ်စိတ်မွှန်နေတဲ့ကာလတွေမှာ မိသားစုဆိုတာမျက်စိထဲ၊အတွေးထဲကပျောက်နေတတ်ကြပါတယ်။

ဒါကြောင့်မို့ မိမိတို့ရဲ့ဖောက်ပြန်လိုစိတ်ကို အချစ်ဟု အမည်တပ်ထားသူတွေဘက်ကလည်း                        နှလုံးသားဆိုတာ အချိန် နေရာ လူမရွေး ညွတ်နူးသာယာတတ်တဲ့သဘောရှိတာမှန်ပေမယ့်

မိမိတို့သားသမီးတွေ အဖေရင်း၊အမေရင်းစုံလင်စွာမနေရမယ့်အခြေအနေကို တွေးမြင်ယောင်ပြီး ခဏတာပျော်ရွှင်မှုကို ဖျောက်နိုင်သလောက် ဖျောက်ကြသင့်ပါတယ်။

19 comments

  • kai

    September 17, 2016 at 2:06 pm

    ယောကျာ်းက.. ချမ်းသာတဲ့ဒဏ်ကို မခံနိုင်ဘူးတဲ့..။
    မိန်းမက.. ဆင်းရဲတဲ့ဒဏ်ကို မခံနိုင်ဘူးတဲ့..။

    အဲလိုပြောကြတာပဲ..။

    • ဆင်းရဲတာ ချမ်းသာတာမပါပဲ နှလုံးသားဆိုတဲ့ခေါင်စဉ်အောက်ကျွံဝင်မိတကြတာတွေလည်းရှိတယ်။အထူးသဖြင့် လူမှုကွန်ယက်တွေက ပိုအထောက်အကူပြုနေတယ်။အခုတလော တော်တော်မျများများ အိမ်ထောင်ရေးပြဿ နာတွေရင်ဆိုင်နေကြရတယ်။တစ်ချို့က အချစ်မျက်ကန်းဆိုသလို အင်္ဂလန်မှာကျောင်းတက်လာတဲ့အပျိုမမက လှိုင်သာယာက ပန်းရံဆရာကလေးအဖေကို ခွဲမရ၊ပြုမရ၊တားမရ၊ဆီးမရ လည်းကြားရရဲ့ 🙂

      • kai

        September 17, 2016 at 3:06 pm

        အသက်ပြည့်ကြတယ်ဆိုရင်တော့.. နှလုံးဟားရဲ့ဆုံးဖြတ်ချက်တွေက.. (တချိန်ကျ) မှန်ချင်လည်းမှန်နေတတ်တာပဲ..။ ဤဒွန္ဒယာကြီးကား.. ဘာမှအတတ်ပြော၍မရ..။
        ဥပဒေအရကတော့.. အိမ်ထောင်ရှင်ဟာ.. ဟိုမှာဒီမှာဖက် ကိစ္စပြီးပြတ်ပြီးသလားကြည့်ရ..ကြည့်ယုံသာပါပဲ..။

        • အသက်ကြီးကြီး၊ရုပ်ကြမ်းကြမ်း၊ကျူးကျော်ရပ်ကွက်က ကလေး၃ယောက်အဖေ၊လက်ရှိအိမ်ထောင်ပေါင်းဆဲဆိုတော့ အကွက်ကျကျလုပ်ကြံဖို့လို့သာပဲသတ်မှတ်မိတယ်။
          တစ်ဖက်ကတော့ အချစ် ဆိုတဲ့ခေါင်စဉ်အောက်ဘာမှမမြင်နိုင်။
          ကာယကံရှင်ရဲ့အမျိုးတယောက်ကလာငြီးပြလို့ လူမှုကွန်ယက်ဇာတ်လမ်းတွေပေါ့ ကြောက်စရာ 🙂

    • မင်း ခန့် ကျော်

      September 17, 2016 at 10:24 pm

      ချမ်းသာခြင်း
      ဆင်းရဲခြင်းထက်
      ပါတ်ဝန်းကျင်
      မျိုးရိုးဗီဇ နဲ့များပိုဆိုင်မလားလို့သူကြီး။

      • kai

        September 18, 2016 at 1:44 pm

        ယူထားကြပြီးမှ.. တကျက်ကျက်.. နေ့တိုင်းစိတ်ညစ်နေကြရတာနဲ့စာရင်.. အချိန်မနှောင်းကြခင်(အရွယ်တွေရှိတုံး) .. ကိုယ်လမ်းကိုယ်လျှောက်တာ ၂ဖက်လုံးအတွက်.. ပိုမကောင်းလားလို့လည်း.. တွေးမိတယ်..။
        ဒါက လူသားဆန်တာတမျိုးပဲ..။
        ယောကျာ်းက လွှမ်းမိုးတဲ့ မြန်မာ့ဓလေ့မှာ.. မြန်မာမိန်းမတွေ ပိုသတ္တိရှိကြစေချင်တယ်..။

        ဆိုတော့…
        လူမျိုးတော်တော်များများနဲ့ ခင်မင်ရင်းနှီးဖူးတယ်..။
        သိသလောက်တော့..
        မြန်မာလူမျိုး၊ မူလဗီဇက.. လိင်ကိစ္စ..တက်မက်မှုနည်းပါတယ်..။
        ဘဝကြင်ဖော်ဆိုပြီး.. အပြန်အလှန်.. သစ္စာရှိတာများပါတယ်..။

        • အဲ့ဒါတော့သူကြီးလွဲပြီ။
          ဒီလိုအွန်လိုင်းဇာတ်လမ်းတွေကမွှန်တုန်းခဏပဲ။ကောက်ရိုးမီးလို ဟုန်းခနဲဆုံးဖြတဟုန်းခနဲဆုံးဖြတ်မိကြပေမယ့် သွေးအေးသွားတဲ့အခါ စိတ်ပျက်စရာကစိတ်ပျက်စရာက္စတွေပါ။အထူးသဖြင့် အိမ်ထောင်သားသမီးအပေါ်တစ်သက်လုံးနောင်တရပြီ။ အနောက်ကလူနေမှု၊စိတ်ခံစားချက်၊တွေးခေါ်ပုံနဲ့လုံးဝခြားနားတယ်လေ။

      • ကိုမင်းခန့်ကျော် မျိုးရိုးဗီဇကိုချည့်လွှဲချလို့လဲမရဘူးဗျ။ဒါမျိုးက typing နဲ့ဆွဲဆောင်ကောင်းရင်တောင် အဖြူထည်တောင်အရောင်ပျက်တတ်တာမျိုးပါ။

  • စပ်မှန်းသိပေမယ့် ငရုတ်သီးစားသလို

    ပူမှန်းသိပေမယ့် အရက်သောက်မိသလို

    သလို

    သလို

    သလိုတွေကြောင့်

  • hmee

    September 19, 2016 at 3:52 am

    ကိုယ့်တာကို လုံအောင်လုပ်ကြရမှာပဲ။

    • မထင်မှတ်တဲ့လူတွေပါ မထင်မှတ်စရာဖြစ်လောက်အောင်လွယ်နေတဲ့အိုင်တီခေတ်ပေကိုးမွမှီရေ

  • ဇီဇီခင်ဇော်

    September 20, 2016 at 9:20 am

    ခုဆို မထင်ထားတဲ့ နေရာတွေကပါ ကြားရတာ။

    😥

  • Thint Aye Yeik

    September 22, 2016 at 11:10 am

    အိမ်ထောင်ရေး ဖောက်ပြန်မှု ဆိုတာကြီးက ကြားရတာကိုက ရှက်စရာကြီးပါလေ…။
    အိမ်ထောင်ရေး ဖောက်ပြန်ကြတဲ့ ယောကျာ်း မိန်းမတွေကို မြင်မိရင်
    တစ်လင်တစ်မယားစနစ်နဲ့ အနှစ် သုံးဆယ်ကျော်တဲ့အထိ… (တကျက်ကျက် ရန်ဖြစ်နေလျှက်က)
    မကွဲမကွာ…နေလာကြတဲ့ ကျနော့်အဖေနဲ့အမေကို ကျေးဇူးတင်မိတယ်။

    .ရှေးလူကြီးတွေက… အခု လူငယ်တွေထက် ပို စည်း စောင့်နိုင်ကြသလိုပဲနော်..။

    • နည်းပညာရဲ့ဘေးထွက်ဆိုးကျိုးတွေကလဲ လူတွေကို အလွယ်ဖောက်ပြန်စေသွားတယ်။မမြင်ကွယ်ရာလိုဖြစ်နေတယ်မို့လား။

  • A mar nyo

    September 22, 2016 at 2:35 pm

    အခုခေတ်ကလည်း အင်တာနက်ကချစ်ကြပြီး အိမ်ထောင်ရှိမှန်းသိလည်း ဇွတ်တိုးနေကြတာတွေဆိုတော့
    မျက်မြင်ပဲကျောင်းဆရာမဆိုပြီး အင်တာနက်ကနေအိမ်ထောင်ရှင်ကလေးအဖေနဲ့ ကြိုက်နေတာ တွေးမိတာလေးကတော့ ဒီလိုဆရာမက ကျောင်းသားတွေကို အကျင့်စာရိတ္တနဲ့ပတ်သက်ပြီးဘယ်လိုများသင်ကြားမလဲလို့

Leave a Reply