ဘန်ကောက် ရောက်တုန်း လက်မလွတ်သင့်သော ညဈေး ၅ ခု

Mon LaySeptember 17, 20163min1201
13872661_1741236232763640_8898218515651586064_n

ညဈေးတွေမှာ နိုင်ငံတကာ Brands တွေနဲ့ စားသောက်ဆိုင် ကောင်းကောင်းတွေ ရှာဖို့ အကောင်းဆုံးနေရာတွေ ပေါ့။ လက်မှုပညာသည် ပြုလုပ်ထားသော ရိုးရာလက်ဆောင်ပစ္စည်းများ၊ ဒေသခံများပြုလုပ်သော ရိုးရာအစားအစာများ လေ့လာဖို့ ညဈေးက သွားသင့်တဲ့နေရာတခုပါ။ ဈေးနှုန်းချိုသာစွာနဲ့ နာမည်ကြီး တံဆိပ်တွေ ဝယ်နိုင်တဲ့ လက်မလွှတ်သင့်တဲ့ ဘန်ကေက်က ညဈေး ၅ ခုကို ဖော်ပြပေးလိုက်ပါတယ်နော်…..

Ref: www.bangkok.com

13872661_1741236232763640_8898218515651586064_n

Rot Fai Market Srinakarin
Rot Fai ညဈေးဟာ တော်တော်ကျယ်တဲ့ ညဈေးကခုပါ။ ဘန်ကောက် မြို့၏အရှေ့ဘက် ဆင်ခြေဖုံးအရပ် Srinakarin မှာတည်ရှိပါတယ်။ ညဈေးက အပိုု်င်း၃ရှိပြီး နေ့တိုင်း ခေတ်မှီအဝတ်အစားများ၊ ရှားပါးပစ္စည်းများကို ကမာ္ဘတဝန်းမှ စုဆောင်းပြီ ရောင်းချလျက်ရှိပါတယ်။ညဈေး၏ အဓိက အားသာချက်ကတော့ အရေအတွက်များများကို ဈေးနှုန်းချိုသာစွာ ရနိုင်လို့ သွားရောက်လည်ပတ်သင့်တဲ့ နေရာတခုပါ။

13872661_1741236232763640_8898218515651586064_n

JJ Green
JJ Green လို့ အမည်ရတဲ့ ညဈေးဟာ Chattuchak Weekend Market ကြီး၏ ထောင့်တွင်တည်ရှိပါတယ်။ Chattuchak Weekend Market ဟာဈေးဆိုင်ပေါင်း 15000 ကျော်ရှိပြီး တနေ့လည်ပတ်သူ ဦးရေ ၂ သိန်းကျော်ခန့်ရှိပါတယ်။ 30% ဟာ နိုင်ငံခြားသားများဖြစ်ပါတယ်။ JJ Green ညဈေးကတော့ ကျောင်းသားတွေအတွက် နာမည်ကြီးအကြိုက်များတဲ့ နေရာပေါ့။ဈေးဝယ်လို့လဲကောင်း သောက်စရာနေရာတွေလဲ အများအပြားရှိတဲ့ ညဈေးပေါ့။ ဧည်သည့်တွေ အများအပြားလာရောက်တဲ့ ပတ်ဝန်းကျင်လည်းဖြစ်လို့ သင့်လဲ သွားရောက်ဖို့ လမ်းညွန်ပါရစေနေ်ာ်။
13872661_1741236232763640_8898218515651586064_n
Asiatque Night Market
Asiatque ညဈေးကတော့ မိသားစုနဲ့ ညနေညခင်း ဈေးဝယ်ထွက်ဖို့ အကောင်းဆုံးနေရာတခုပါ။ ကျယ်ပြန့်သော လမ်းများ၊ မြစ်လေးမှ တိုက်ခတ်လာသော လေပြေလေညှင်းများ နှင့်သန့်ရှင်းသောပတ်ဝန်းကျင် အဖြစ်မြင်နိုင်တဲ့ ညဈေးတခုပါ။ ဒါပေမဲ့ တခြားညဈေး တွေထက် ဈေးကြီးတယ်။ပြဇာတ်ရုံရှိပြီး ဓါတ်ပုံရိုက်လို့ကောင်းတဲ့နေရာတခုပေါ့။

13872661_1741236232763640_8898218515651586064_n
Rot Fai Ratched
ဒီညဈေး ဟာ Ratchada ခရိုင်နဲ့နည်းနည်းဝေးပေမဲ့ ဆိုင်ခန်းတွေအများအပြား နဲ့ပြည်နှက်နေတာပါ။ နောက်ဆုံးပေါ် Fashion အဝတ်အစားတွေ၊ Second-hand နာမည်ကြီး တံဆိပ်တွေ အများအပြားဝယ်ယူရရှိနိုင်ပါတယ်။ ဒီညဈေးက မြူကြွတဲ့ သီချင်းသံများဖြင့် ဆူညံ အသက်ဝင်နေပြီး စားစရာ အစားအသောက်များ နှင့် ဈေးနှုန်းသက်သာသော ဝီစကီများ ရရှိနိုင်လို့ အရမ်းမိုက်တယ် ညဈေးပါဘဲ။

13872661_1741236232763640_8898218515651586064_n
Patpong Night Market
Patpong ကတော့ နာမည်ကြီးပေါ့။ ညဈေးအပြင် ဘားတွေရှိတဲ့ ကျော်ကြားရာနေရာတခုပေါ့။ နာမည်ကြီး တံဆိပ်တွေကို replica များရရှိနိုင်တဲ့ ညဈေးဖြစ်ပြီး အရမ်း စည်ကားသလို မြို့လည်ခေါင်း မှာဖြစ်နေတာက အားသာချက်များကြီးပေါ့။ ညစဉ်ညတိုင်း ဧည်သည်တွေ များပြားလွန်းလှပြီး ညဈေး၏ တခြားတဘက်မှာ ဘားတွေမှာ က နေတဲ့ ကောင်မလေးများ နှင့် သီချင်းသံတွေနဲ့ မြူးကြွလှတဲ့ Patpong ညဈေးရဲ့ ဆွဲဆောင်မှုတခုပါဘဲ။

13872661_1741236232763640_8898218515651586064_n

Night Market လမ်းညွန့်မြေပုံ
PS: အဲ့လိုခရီးတွေကိုလိုက်ပါခံစားချင်ရင်တော့ …Just Follow me!! ….မွန်လေးနဲ ့လိုက်ခဲ့လို့ရပါတယ်…..Free & Easy tour ပဲစီစဉ်ပြီးစရိတ်သက်သက်သာသာနဲ့ ့ကမ္ဘာပတ်ကြမယ်…..09421045685

One comment

  • Shar Thet Man

    June 9, 2017 at 2:11 pm

    Shopping ဆို ဘန်ကောက်နိုင်ငံလောက်ကောင်းတာမရှိ..နောက်နှစ်ထဲကျသွားဦးမယ်

Leave a Reply