သတင်းသမားတွေ သတင်းဆန်သင့်တယ်

CourageSeptember 21, 20161min1846
 သတင်းသမားတွေ သတင်းဆန်သင့်တယ်
– အင်းဝအပ်ချုပ်ဆိုင်က အိမ်အကူကလေးနှစ်ယောက်ကိစ္စနဲ့ ပတ်သက်ပြီး လူအခွင့်အရေးကော်မရှင်က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲကို ကြည့်ပြီးတော့ တွေးမိတာက light weigh တန်းက heavy weigh တန်းကို ယှဉ်ထိုးသလို ဖြစ်နေတာကို သွားတွေ့ရတယ်
– ပထမအချက်က မေးခွန်းတွေမေးနေကျတဲ့ မီဒီယာသမားတွေအနေနဲ့ လူ့/ကော်ရဲ့ လုပ်ထုံးလုပ်နည်းနဲ့ အခွင့်အာဏာကိုသိပ်မသိကျဘူးလို့မြင်မိတယ်။ ပြီးတော့ မေးခွန်းအားလုံးမှာ စိတ်ခံစားမှုတွေပါနေတယ်။ မထိရောက်ဘူး မတိကျဘူးဖြစ်နေတယ်။
– နိုင်ငံနဲ့ချည်ကာဖွဲ့စည်းထားတဲ့အဖွဲ့တစ်ခုအနေနဲ့ သူတို့ရဲ့လုပ်ရပ်တွေနဲ့ပတ်သက်ပြီး တော်ရုံမေးခွန်း စွပ်စွဲချက်တွေလောက်ကို ငပျောသီးခွာစားတာထက်လွယ်အောင် ဖြေနိုင်ဖို့ ကြိုတင်ပြင်ဆင်ပြီးသားဆိုတာကို ကြိုသိထားသင့်တယ်။ သူတို့မှားသည်ဖြစ်စေ မှန်သည်ဖြစ်စေ သူတို့ရဲ့လုပ်ရပ်အတွက် သူတို့ကို အပြည့်အဝကာကွယ်ပေးနိုင်မယ့် အချက်တွေရှိပြီးသားဆိုတာ သိထားသင့်တယ်။
– ပွဲရဲ့အမေးအဖြေတွေကြည့်ရသလောက်တော့ လူ့/ကော်အနေနဲ့ သူတို့လုပ်ခဲ့တဲ့လုပ်ရပ်ဟာ နှစ်ဖက်သောပုဂ္ဂိုလ်များကို ခေါ်ယူကာ စေ့စပ်ညှိနှိုင်းပေးရုံပဲဆိုတာကိုတွေ့ရတယ်။ မေးခွန်းတွေမှာက ရာဇဝတ်မှုမြောက်တဲ့ကိစ္စကို ဘာလို့ ငွေပေးပြီး ကျေအေးတာကို ခွင့်ပြုလိုက်လဲဆိုတာကိုတွေ့ရတော့ မေးတဲ့လူကိုယ်တိုင်က သူ့မေးခွန်းကိုသေချာစွာနားမလည်ဘူးဆိုတာကိုမြင်မိတယ်။ လူ့/ကော်အနေနဲ့က လူ့အခွင့်အရေးအရ နစ်နာမှုကိုဖေါ်ထုတ်ကာ နစ်နာသူနဲ့ ကြူးလွန်သူကြား အဖြေထုပ်ပေးရုံလုပ်ခဲ့တယ်ဆိုတာကို သိရမယ်။ မေးတဲ့သူတွေက လူကုန်ကူးမှု ဘာမှု ညာမှုလိုပဲဆိုဆို ဒါဟာဥပဒေအကြောင်းအရ တရားရုံးရောက်မှ ပြောရမယ်ကိစ္စဖြစ်ပြီး နစ်နာသူ ကာယကံရှင်ကိုယ်တိုင်က တရားရေးအရရင်ဆိုင်ဖို့ စိတ်ကူးမရှိရင် လူ့/ကော်အနေနဲ့လဲ ဘာမှမလုပ်နိုင်ကြောင်း အတိအလင်း ဖေါ်ပြပြီးဖြစ်တယ်။
– အဓိကကတော့ မီဒီယာသများတွေအနေနဲ့ သတင်းအချက်အလက်တစ်ခုကို ရယူဖိုု့ထက် ပုဂ္ဂိုလ်ရေးအမြင်တွေကို ဦးစားပေးလွန်းနေလို့ မေးသင့်တဲ့မေးခွန်းတွေကို ထိရောက်စွာမမေးနိုင်ပဲ အဆင့်မမှီတဲ့မေးခွန်းတွေနဲ့ ဖြေဆိုသူကို သာသာယာယာကျော်ဖြတ်ခွင့်ပေးသလိုဖြစ်နေတယ်။
– တစ်ကယ်တော့ ဆွေးနွေးညှိနှိုင်းရေးအဖွဲ့တစ်ခုကို တရားရုံးတစ်ခုလိုသဘောထားကာ အပြစ်တင်နေတာက သူတို့ရဲ့ အရည်အသွေးမပြည့်ဝမှုကို လှစ်ပြနေသလို့ဖြစ်သွားတယ်။
– ဥပဒေကြောင်းအရဆိုရင်တာ တရားလိုကကျေးအေးလို့ အမှုပိတ်လိုက်တာနဲ့ ဒီအမှုဟာ ပလပ်လိုက်ရတယ်ဆိုတာကို သတိထားမိရမယ်။
– ပြောချင်တာကတော့ဗျာ ဒီအမှုနဲ့ပတ်သတ်ပြီး မီဒီယာသမားတွေ အပါအဝင် လူထုတော်တော်များများက စိတ်ခံစားမှုတွေများနေတယ်။ စိတ်ခံစားမှုပြင်းတယ်ဆိုပေမယ့် ဘယ်သူမှ အဖြေကိုမထုတ်နိုင်သေးဘူး။ ပြောရရင် လုပ်ရဲရင် ကော်မရှင်ကို တရားစွဲလိုက်ပါ ကာယကံရှင်မိသားစုကကျေအေးတောင်မှ ကိုကမကျေနပ်ရင် တရားရုံးကိုဦးတိုက်စွဲချက်တင်လိုက်ပါ (လူကုန်ကူးတိုက်ဖျက်ရေးအဖွဲ့က တင်ထားပြီးလို့လဲသိရပါတယ်)။ ကဲဘယ်လိုလဲ စိတ်ခံစားမှုတွေနဲ့ တောင်ရေးမြောက်ရေး တောပြောတောင်ပြောလုပ်နေမယ့်အစား ဒီလိုလုပ်ကြည့်ကျပါလား လုပ်ရဲကျလား။
– ထပ်ပြောလိုက်မယ်ဗျာ။ ဒီသတင်းစာရှင်းလင်းပွဲကို သွားတဲ့ သတင်းသမားတွေဟာ စိတ်ခံစားချက်ကို ဦးစားပေးလွန်းပြီး လူမိုက်ဆန်ဆန်မေးခွန်းတွေကိုသာ မေးတတ်တဲ့ အရည်အသွေးမပြည့်သေးတဲ့လူတွေလို့ပဲ ကောက်ချက်ချတယ်။
တူးဝေးကိုတော်

6 comments

  • ဇီဇီ

    September 27, 2016 at 12:12 pm

    ဘယ်နေရာဖြစ်ဖြစ် ပရို ဆန်တာ ကောင်းတာပေါ့။
    ပရိုဆန်တဲ့ အပေါ်မှာ ကောင်းသောစေတနာပါတာ အကောင်းဆုံးပေါ့။

    🙂

    • Courage

      September 27, 2016 at 6:04 pm

      “ရာဇဝတ်မှုမှန်းသိရဲ့သားနဲ့ လုပ်ပိုင်ခွင့် အခွင့်အာဏာကို အသုံးချကာ လူ့အခွင့်အရေးကိုချိုးဖေါက်ရာရောက်နေပါတယ်”
      လွှတ်တော်ထဲက ပြောသလိုပြောပါတယ်

  • Thint Aye Yeik

    September 27, 2016 at 4:16 pm

    ဒါ ဒို့တိုင်း ဒို့ပြည် ဒို့မြန်မာပြည်

    • Courage

      September 27, 2016 at 6:05 pm

      မြန်မာ ဒုံးဒုံးဒုံး
      မြန်မာ ဒုံးဒုံးဒုံး
      မြန်မာ ဒုံးဒုံးဒုံး

  • kai

    September 28, 2016 at 11:08 am

    ဒီလိုနဲ့ ၂ဖက်လုံး ..မျှ.. ညှိယူသွားမှာပေါ့..။ နည်းနည်းချင်းတော့.. နည်းနည်းပြောင်းလာမှာပါ..။

    တကယ်တော့.. မူလအမြုတေအတွေးအခေါ်ကို မပြောင်းရင်.. ဘာလုပ်လုပ်.. ဘာမှဖြစ်လာမယ်မဟုတ်..။
    စနစ်ကြောင့်မဟုတ်..။

  • uncle gyi

    October 11, 2016 at 8:55 am

    အမှန်ကလုူ့ကော်လုပ်ပုံလွဲတယ်ထင်ပါတယ်
    သူ့အလုပ်ကအခွင့်အရေးခ ျိုးဖောက်ခံရတယ်ဆို
    သူတို့ကအခွင့်အရေးအပြည့်ရအောင်ပြန်တောင်းပေးဖို့လိုပါမယ်
    အခုတော့သူတို့ပြောပုံက
    သူတို့ခ ျင်းညှိတာပဲ
    သူတို့ခ ျင်းပြေလည်တော့စာခ ျုပ်ပေးလိုက်တာပဲဆိုတာက
    တာဝန်မဲ့လွန်းတယ်ထင်ပါတယ်

Leave a Reply