Happy New Year 2017

၉ လပိုင်းကုန်တော့မည်။
၉ လကုန် ရင် ၁ဝ လပိုင်း
နောက် ၁၁ လ
နောက် ၁၂ လ
ဒီဇင်ဘာရဲ့ ေနောက်ဆုံးည
Happy New Year 2017 လို့များ
မြန်မာပြည်သူ ြပြည်သားများ လှိုက်လှိုက်လှဲလှဲ ကြိုဆိုနိုင်ပါ့မလား?
ပြည်သူများပျော်ရွှင်နိုင်ရေး အတားအဆီးများ ကို အစိုးရကရော ဖယ်ရှားပေးနိုင်မည်လား?
ခု ချိန်ထိတော့ ကျတော့်အနေဖြင့် ဟင့်အင်းဟု ေြဖြေရပါမည်။
ကျတော်တို့လိုချင်သော ဖြစ်စေချင်သော အစိုးရ တရပ်ကို
တင်မြှောက်ပေးနိုင်ခဲ့သည်မှန်သော်လည်း
အဘက်ဘက်မှ ယိုးယွင်းပြီး ဖြေရှင်းရမည့် သောင်းခြောက်ထောင်
သောပြသနာများ ကို
ကြိုတင်တွက်ဆ ထားသည့်အတိုင်း တဦးတည်းကသာ ဒိုင်ခံ
ဖြေရှင်း နေသည်မှာ သည်နေ့အထိပင်။
ရှင်းရှင်းပြောရလျှင် အတိုင်ပင်ခံ(ဒေါ်စု) သွားသလောက်
နောက်မှ လိုက်ပါနိုင်စွမ်းNLD အစိုးရတွင်မရှိ သည်မှာ
လက်ရှိ အခြေအနေများက သက်သေထူလျက်ရှိနေသည်။
ဦးသိန်းစိန် အစိုးရ လက်ထက် အချိန်ထက်ပင် ဟူ၍
ပြောမထွက်ဝံ့။
သက်တမ်းနုသေးသည်ဟူ၍လည်း ကျတော့်အနေဖြင့် စောကြော
မပေးစေချင်။
အနည်းဆုံးတော့ တည်ငြိမ်မူ့ အထူးသဖြင့် စီးပွားရေး ပိုင်းကို
ထိန်းနိုင်သည့်အင်အားတော့ရှိသင့်သည်။
တရားဥပဒေ စိုးမိုးရေး၌ ပါးနပ်စွာ ကိုင်တွယ်နိုင်သင့်သည်။
သတင်းမီဒီယာ ပိုင်း၌ လက်သွက်ခြေသွက် သွားသင့်သည်။
ပညာရှင်များ များများ နှင့် ခပ်သွက်သွက် ချိတ်ဆက်နိုင်ပြီးဖြစ်သင့်
သည်။
ခုတော့ အမေ အမေ ဒေါ်စု ဒေါ်စု
တယောက်တည်း ။
အစကတည်းက ကျတော်မြင်မိတဲ့ ေဒေါ်စုအစိုးရအဖွဲ့ မှာ
အင်အားမပါနိုင်ဘူးဆိုတာ
Happy New Year 2017 လို့ အားရပါးရ
မျော့်လင့်မျော်မှန်းချက်အပြည်နဲ့ ြမြန်မာပြည်သူများ
ကြိုဆိုနိုင်ဖို့ ၃ လ အတွင်းတော့ မျော်လင့်နိုင်ပါ့မလားဆိုတာ……

16 comments

  • kai

    September 22, 2016 at 7:01 am

    စိတ်စောနေတယ်ဆိုတာ အဲမှာပေါ်တာပဲ..
    ဘယ်နှာ.. စက်တင်ဘာတောင်မကုန်သေး.. ဟက်ပီနယူးရီးယားနေတာ..။

    ဆိုတော့… ထုံးစံအတိုင်းပဲပြောဦးမယ်..။
    စနစ်ကြောင့်မဟုတ်..။
    အတွေးအခေါ်တို့၏ မူလအမြုတေသည် ဘာသာရေး..။

    • မင်း ခန့် ကျော်

      September 22, 2016 at 9:46 am

      မနေ့ညက ( မြန်မာအချိန်)
      ဒေါ်အောင်ဆန်းစုကြည် ရဲ့ မိန့်ခွန်းလေး မြန်မြန်
      တင်ပေးပါ သူကြီး။

    • ဘာသာရေး ကြောင့်လို့ပြောမယ့်အစား

      ဘာသာရေးနဲ့လုပိစားနေသူတွေကြောင့်လို့

      ပြောရင်ပိုမှန်ပါမယ်

      ဥပမာ OMG

  • မင်း ခန့် ကျော်

    September 22, 2016 at 9:28 am

    ယုံကြည်စရာ အနာဂါတ်မရှိရင်
    လူဆိုတာ ပျက်ဆီးတတ်တယ် တဲ့။
    ဆောင်းဦးလှိုင် စာသားလေး. ???

  • ဦးကြောင်ကြီး

    September 27, 2016 at 9:50 am

    မြေအိုးNDF

    • မင်း ခန့် ကျော်

      September 27, 2016 at 10:03 am

      ဆစ်တပ်ကျပ်ကျီးလွှတ်လိုက်ရမား :mrgreen:

  • ဇီဇီခင်ဇော်

    September 27, 2016 at 12:06 pm

    စက်တင်ဘာပဲရှိသေးတယ်။
    ဟက်ပီးနယူးရွား ခေါင်းစဉ်တပ်ပြီး ဒေါ်စု အစိုးရကို အပြစ်တင်ဖို့ဆွာ တော်ရုံစကေးနဲ့တော့မရဘူးးး

    တော်ဒေကွာ။
    ဘလာဘို

    :mrgreen:

    • မင်း ခန့် ကျော်

      September 27, 2016 at 3:54 pm

      အဖြေမရှိသေးတဲ့ မေးခွန် များမေးမိတာမို့. :mrgreen:

  • kai

    September 28, 2016 at 12:01 pm

    ဒေါ်စုအုပ်ချုပ်ရေးရဲ့ ဝန်ကြီးတချို့တွေနဲ့တွေ့ပြီး.. စကားပြောပြီးပြီ…။
    အချိန်နည်းနည်းတော့စောင့်ပေါ့….။ ၅နှစ်အစိုးရသက်တမ်း.. မှာ.. ၁နှစ်ဆိုရင်တော့.. အဖြေတခုထုတ်လု့ိရမယ်ထင်မိတာပဲ..။

    ဆိုတော့..
    ကိုရင်က.. တခြားပါတီကဆိုရင်တော့.. အစိုးရလုပ်သမျှအကုန်ထိုင်ဝေဖန်ပေတော့…။
    ကျုပ်က.. ဒေါ်စုကို လစ်ဗရယ်လို့သတ်မှတ်ထားတာမို့.. ကိုရင်က.. လစ်ဗရယ်.. ဘယ်မှာ.. အစွန်းဖက်နဲနဲနင်းပြောလေ.. နေရာရအောင်မြင်လေဖြစ်လာမှာပဲလို့ထင်မိတာပဲ..။
    ညာဖက်တော့ မသွားစေလို..။ :k:

    • ဇီဇီ

      September 28, 2016 at 1:16 pm

      +1
      :mrgreenn:

      လူတော်တော်များများ အစွန်းနင်းပြီးသာ ပြောချင်ကြတာရယ်။
      ဘယ် အစွန်းနင်းပြောရမယ် မသိတာများတယ်။
      အဲလို ဘယ်အစွန်းကို ဘယ်လိုနင်းပြီး ဘယ်လိုပြောရမယ် ဆိုတဲ့ အစွန်းနင်း စကေးကျတော့ ဒို့ တဂျီး ကို ဘူ မှ မမှီဘူးရယ်။

      ဟေးဟေးဟေးးး
      :mrgreen:

    • မင်း ခန့် ကျော်

      September 28, 2016 at 3:18 pm

      ဦးဝင်ထိန် လို မျိုး နဲ့တူပါတယ်သူကြီးရေ။
      ဆဲစရာရှိ ဆဲပစ်။
      ထုတ်စရာရှိထုတ်ပစ်။
      အချင်းချင်းတောင်မုန်းခံပေတော့။
      ဒါပေသိ ဦးဝင်ထိန် မဆဲသင့်။
      ဦးဝင်းထိန် မထုတ်သင့် :mrgreen:

  • uncle gyi

    October 11, 2016 at 9:25 am

    အစိုးရတဲ့ အစိုးရဖြစ်တာ ရှိတာ
    တကယ်အစိုးရရဲ့ခြေလက်တွေဖြစ်တဲ့
    ပြည်ထဲရေးကိုအစိုးရကဘာအမိန့်မှမပေးနိုင်မှတော့ကြိုးဖြတ်ထားတဲ့ရုပ်သေးရုပ်ဖြစ်နေသေးတာ
    ကြိုးတွေအရင်ပြန်ဆက်နိုင်ပါစေ

    • မင်း ခန့် ကျော်

      October 11, 2016 at 9:35 am

      အစိုးရဆိုတာ လောလောဆယ်
      သဌေးက ခန့်ထားတဲ့ မန်နေဂျာ လောက်ပဲမို့……
      မန်နေဂျာ ကြိုးစားသလောက် ရမဲ့အကျိုးက သဌေးအတွက်ပဲမို့…
      ကျွန်တော်ယုံကြည်တာက ဒေါ်စု ဒီထက်ဖောက်ထွက်နိုင်မယ်လို့…….

      • kai

        October 12, 2016 at 3:57 pm

        ဒေါ်စုကဖေါက်ထွက်လိုက်ပြီပဲ…။
        ၆လနဲ့ ဒီလောက်သွားတာ.. တော်တော်မြန်တယ်ဆိုရမယ်..။
        ဆိုတော့..
        ပြည်ထဲရေးဝန်ကြီးကို.. သမ္မတက ခန့်တာပါနော..။
        ကာချုပ်က.. အမည်တင်ပေးရတာ..။
        သဘောက…
        ကက်ဘိနက်ကိုသမ္မတကသာ အုပ်ချုပ်စီမံတာဖြစ်တာမို့.. :k:

        • မင်း ခန့် ကျော်

          October 12, 2016 at 4:18 pm

          သဌေးက လုံခြုံရေးအတွက်
          အဲ့၂ေယောက်ထဲကတယောက်ခန့်လိုက်ကွာ။
          ဟုတ်ကဲ့။ဟုတ်ကဲ့။
          မဟုတ်သေးဘူး။
          ကျတော်ပြောချင်တာက စီးပွားရေး ဗျ သူကြီးရေ…..

        • kai

          October 12, 2016 at 4:37 pm

          တိုင်းပြည်လည်ပါတ်ငွေအများစုကြီးက.. ခရိုနီနဲ့.. တပ်သူဌေးတွေလက်ထဲမှာရောက်နေတာ…။
          အဲဒီငွေတွေက.. ဒေါ်လာငွေအဖြစ်လှည့်လို့မရတော့.. အသေတွေဖြစ်နေတာ..။
          အခု.. ယူအက်စ်ဆန်ရှင်ရဲ့.. SDN List အများကို လွှတ်လိုက်ပြီလေ..။
          ဒီတော့.. ငွေတွေရှင်ကုန်ပြီပေါ့..။

          စီးပွားရေးထဲ မျှောဝင်လာပါလိမ့်မယ်..။
          ပိုသေချာချင်ရင်တော့.. ဒေါ်စုတို့ပေါ်လစီနဲ့ချိန်ဆပြီး.. ငွေတွေဆွဲထုတ်လည်ပါတ်စေရမယ်..။
          ဥပမာ..။ အရင်စစ်အစိုးရက.. နေပြည်တော်မြို့ကြီးဆောက်ခိုင်းတာမျိုး…

          ကျုပ်ဆိုရင်တော့.. မြစ်ဆုံစီမံကိန်းကို.. မြန်မာခရိုနီတွေကို ဆောက်ခိုင်းတယ်..။ :k:

Leave a Reply