တရားဥပဒေ စိုးမိုးရေး နှင့် ကိုဓ ဥပဒေ

ခုတလော တရားဥပဒေ စိုးမိုးရေး နဲ့ ပတ်သက်ပြီး ဖတ်မိ မြင်မိ ကြားမိ တာတွေ များလာလို့

ဒီလိုတွေးမိလာလို့ ဒီလို ရေးပါတယ်။

အဆဲတောင်းတယ် လဲ ဆိုချင် ဆိုကြပါစို့။ 😛 😛 😛 😛

 

ထက်ထက်မိုးဦး သတင်းထောက်ကို ပါးရိုက်ပြီး ဒဏ်ငွေ တစ်ထောင် နဲ့ ပြီးသွားတာ အစ

အိမ်ဖော် ကို နှိပ်စက်သူတွေ လုယက်သူတွေ လူသတ်သူတွေ မူးယစ်ဆေးရောင်းသူတွေ မုဒိန်းကောင်တွေ တရားခံမပေါ်ဘဲ ဒါမှ မဟုတ် ပြစ်ဒဏ် မထိဘဲ လွတ်သွားတာတွေ အလယ်

အခု လူ့ကော် နဲ့ သိန်းငါးဆယ် အဆုံး

ဖြစ်ပျက်နေတာကို တွေ့ရ ကြားရတော့ ကိုယ်တွေရဲ့ တရားဥပဒေ စိုးမိုးရေး ဆိုတာကြီးက အတော်ကြီးကို လိုနေသေးတာပါပဲလားလို့ တွေးမိတယ်။

အစိုးရကြောင့် ဘာကြောင့် ညာကြောင့် လို့ မပြောပါဘူး။ (ပြောရင်လဲ ဟို အဘ တွေ ဖျက်ဆီးခဲ့တဲ့ အကျိုးဆက်တွေလို့ပဲ ပြောရမှာ)

ခက်နေတာက လောလောလတ်လတ် မှာ ဒါတွေ ငြိမ်သွားအောင် ဘာလုပ်မလဲ ဆိုတာက ခက်နေတာ။

ကိုယ့် ပုဂိုလ်ရေး အမြင် နဲ့ ပြောရရင် ဟို ဖိလစ်ပိုင် သမ္မတ ဦးတာတေကြီး လုပ်ပေါက်တွေကို သဘောကျသဗျ။

ရေတို အတွက် ကို ဒီလို ဆော်မှ ရတော့မှာပဲ။

ရေရှည်ကျရင်သာ စည်းစနစ် ကောင်းကောင်း နဲ့ လုပ်ပေါ့။

 

စာအုပ်တွေထဲ မှာလဲ ဖတ်ဖူးတယ်။ ဟိုးအရင် မြန်မာမင်းတွေ လက်ထက်ကလဲ တရားဥပဒေ စိုးမိုးရေး ဆိုတာကို မလုပ်နိုင်တဲ့ အတွက်

တစ်ခုခု အပြစ်ကျူးလွန်ပြီ ဆိုရင် တောင်စွယ် နေမကွယ်ခင် မာလကီးယားရော့ လဟယ် ဆိုတာတွေပဲ များတာကိုး

ဒါမှ သူများတွေ ဒါမျိုး မလုပ်ရဲအောင် ပုံစံ ပေးထားပြီးသား ဖြစ်ရော။

 

ဂျပန်ခေတ် က ဆိုလဲ ရွာတွေမှာ ဓားပြတွေ လူဆိုးတွေ လူရမ်းကားတွေ သောင်းကျန်းတော့ ဘယ်သူမှ မထိန်းနိုင် မသိမ်းနိုင် နဲ့

ဂျပန်တွေ လဲ ဝင်လာရော လူဆိုး မှန်သမျှ အကုန် လှံစွပ် နဲ့ ထိုး ရှော့ ပလိုက်တော့ အကုန် ရှင်းကုန်ရော တဲ့။

 

ဟမ်မူရာဘီ ရဲ့ ကိုဓ ဥပဒေ ကို ကြည့်ရင်လဲ မျက်လုံး တစ်လုံး အတွက် မျက်လုံး တစ်လုံး

လက်တစ်ဖက် အတွက် လက်တစ်ဖက် ဆိုတာ

လူဆိုတာကလဲ သူများကို သာ လုပ်ချင်တာ ကိုယ့် အသားနာမှာတော့ ကြောက်သား မဟုတ်လား။

အဲလိုနဲ့ ခြိမ်းခြောက်မှ ကြောက်ကြတော့မှာကိုး။

လုပ်ချင်ရာ လုပ် ပိုက်ဆံပေး လွတ်တယ်

ထောင်ကျသွားရင်တောင် ခဏပဲ ပြီးတော့ ထောင်ထဲမှာ ဇိမ်နဲ့ နေရမယ် ဆိုတဲ့ အစွဲကြီး နှစ် လေးဆယ် လောက် စွဲလာတဲ့ လူတွေ အတွက် က

ဒီလို ခပ်ကြမ်းကြမ်းကိုင်မှကို မှတ်တော့မှာ။

 

ဒီတော့ တရားဥပဒေ မစိုးမိုးတဲ့ အချိန်မှာ အကြောက်တရား နဲ့ အုပ်ချုပ်တာလဲ သိပ် မဆိုးလဲ ရွေးချယ်မှု တစ်ခုလို့ မြင်မိပါကြောင်း။

အဲဒီလို အုပ်ချုပ်ရင်း နဲ့ မှ တရားဥပဒေ စိုးမိုးရေး နဲ့ သင့်တင့်သော ပြစ်ဒဏ် ချမှတ်ရေး ဘက်ကို ဦးတည်သွားတာက ပိုများ ကောင်းမလား လို့ပါ။

ပြည်သူ့ရဲ အင်အား ကောင်းကောင်း လိုမယ်။

တရားစီရင်ရေး ယန္တရား ကောင်းကောင်း လိုမယ်။

အကျဉ်းထောင် စီမံရေး ကောင်းကောင်း လိုမယ်။

အဲ့ဒါတွေ ဖြစ်လာဖို့ အတွက် အုပ်ချုပ်ရေး ကောင်းကောင်း လိုမယ်။

အုပ်ချုပ်ရေး ကောင်းဖို့ က လိုက်လုပ်မယ့် လူတွေ ကောင်းဖို့ လိုမယ်။

လူတွေ ကောင်းလာဖို့က ပညာရေး ကောင်းဖို့ လိုမယ်။

ပညာရေး ကောင်းဖို့က သင်ကြားရေး စနစ် ကောင်းဖို့ လိုမယ်။

လိုတာတွေ လိုတာတွေ တစ်ပုံကြီး နဲ့ ဆိုတော့ အနည်းဆုံး ဆယ်စုနှစ် တစ်ခုလောက်တော့ ကြာဦးမယ် ထင်တာပဲ အခြေခိုင်ဖို့ ဆိုတာက။

အဲဒီတော့ ဒီ ဆယ်နှစ်လောက် ကာလ အတွင်းမှာ ဒီ ခိုးဆိုးလုသတ် တွေကို ထိန်းဖို့ကျတော့ လုပ်တာနဲ့ ဆော် တဲ့ နည်းပဲ ကောင်းမယ် ထင်ပ။

တစ်သက်လုံးကြီး သတ်မယ် ဖြတ်မယ် ခုတ်မယ် ထစ်မယ် ဆိုပြီး အုပ်ချုပ် ဖို့တော့ မဟုတ်ဘူးပေါ့။

 

15 comments

  • kai

    September 22, 2016 at 10:45 am

    ထုံးစံကတော့.. မာဖီးယား..။ ယာကူစာ.. စသဖြင့်တွေက ထိန်းပေးတာပဲ..။ :k:

    • ကျော်လွင်ဖြိုး

      September 22, 2016 at 10:46 am

      မြင်ရ ကြားရ တာတွေ များလာတော့လဲ သတ်သာ သတ်ပလိုက်ပါတော့ကွာ ဆိုပြီး ညည်းချင်လာရော း)

      • မောင်ဘလိူင်

        September 22, 2016 at 2:03 pm

        သူဂျီး ဗမာပြည်မှာ လာပြီး မာဖီးယားဂိုဏ်း ထောင်ချင်ထောင်။ ဒါမှမဟုတ် နောင်တစ်ချိန် ဖြစ်ကောင်း ဖြစ်လာနိုင်တဲ့ ပုဂ္ဂလိက correctional facility တစ်ခု ထောင် ။ ဟီဟိ။

        • ကျော်လွင်ဖြိုး

          September 22, 2016 at 2:09 pm

          Death Race ထဲကလို ထောင် ဖွင့်စားကြရအောင်… 😛 😛 😛

  • ဝင့်ပြုံးမြင့်

    September 23, 2016 at 9:19 pm

    ခေါင်ချုပ် တရားသူကြီးကို လာဘ်စားရင် သေဒဏ် ချလိုက်။ အဲဒါမှ မတရားမှု အမြစ်ပြတ်ပျောက်မှာ။ အခု ကြားနေရတာက လာဘ်မစားတဲ့ တရားသူကြီး မရှိဘူးတဲ့။ တရားဥပဒေဟာ မှန်ကန်ဖြောင့်မတ်မှု၊ တရားမျှတမှုကို ကိုယ်စားမပြုတော့ဘူး။ လုပ်စားစရာ လုပ်ကွက်ကြီး တစ်ခုပါပဲ။ ရှက်စရာလည်း ကောင်းတယ်။ ရှက်တတ်ရင် အဲဒီ တရားဥပဒေပိုင်းကလူတွေ လဲသေဖို့တောင် ကောင်းတယ်။ တိုင်းပြည်ကို အုပ်ချုပ်ရမှာ တရားဥပဒေ။ အဲဒါကြီး တစ်ခုလုံးလုံးကို သုံးမရအောင် လုပ်ထားကြတော့ ရှင်းရှင်းပြောရင် အကုန်လူညံ့ချည်းပါပဲ။

  • ဦးကြောင်ကြီး

    September 27, 2016 at 9:55 am

    ဏိယောက်ဖ ဂ ျီအီးတပ်မှူ း နေကောင်းရား

  • ဇီဇီခင်ဇော်

    September 27, 2016 at 11:59 am

    ကောင်းသားး!!!
    ကြိုးစားကြတာပေါ့နော့။
    ကျောက်ခေတ် ပြန်သွားဂျမယ်လေလို့။
    ဒါမှ နာလည်း ကြိုက်တဲ့ သူ တင်းပုတ်နဲ့ထုပြီး ဂူထဲ တရွတ်ဆွဲပြီး ခေါ်လို့ရတဲ့ အခြေအနေပေးတော့မေ။
    :k:

  • ဝင့်ပြုံးမြင့်

    September 27, 2016 at 5:14 pm

    ဖဘ ထဲမှာ ဖတ်လိုက်ရတာပဲ။ သတင်း source ကိုတော့ မသိဘူး။ ဘင်္ဂလီ – ရခိုင်ကိစ္စ ထင်တယ်။ အဲဒီထဲမှာ အမေစု ပြောတာက တရားဥပဒေ က လူလူချင်းချစ်လာအောင်တော့ မလုပ်နိုင်ပါဘူးတဲ့။ ဒီစကား ကို ဘယ်လိုမှ ဘဝင်မကျနိုင်ဘူးရယ်၊ လူလူချင်း ချစ်လာအောင် တရားဥပဒေက လုပ်ရမှာလေ။ မယားပြိုင်ဥပဒေလို မတော်မတရားဥပဒေ ပြဌာန်းပြီး မယားကြီးနဲ့ မယားငယ် ချစ်ခိုင်းကြည့်ပါလား။ ဥပဒေက မတော်မတရားဖြစ်လု့ိ လူတွေ မချစ်နိုင်ကြတဲ့ကိစ္စကြီးကို။ အမေစုကို ဘာမှ မဝေဖန်လိုပါ။ မီဒီယာ တာဝန်ကျေဖို့သာ စိတ်ကူးရှိပါတယ်။ အမေစုက စကားပြောရင် တက်သာ ဆုတ်သာ ပြောတတ်တယ်။ အားပြင်းပြင်းစကားလုံး မသုံး။ ယတိပြတ် အပြော မပြော။ ဒါလေးတွေ တဖြည်းဖြည်းတော့ သဘောပေါက်လာပါတယ်။

    တရားဥပဒေ ကိစ္စမှာကတော့ ကြံကြီးစည်ရာ ဥပဒေတွေဟာ ဒီတိုင်းပြည်မှာပဲ ရှိမယ်ထင်တယ်။ မုဒိမ်းမှု ထောင် ၃ နှစ်၊ မယားငယ်ယူရင် ထောင် ရ နှစ်။ အဲဒီတော့ မယားငယ်ယူပြီး မုဒိမ်းကျင့်တာပါ ပြောကြပေါ့။ အိုးအိမ် အမွေဆက်ခံမှု၊ ဘာဥပဒေမှ ရေရေရာရာမရှိ။ ကျူးကျော်ဝင်ရောက်တဲ့လူက အမှန်လိုဖြစ်နေတယ်။ မအူပင်မှာ တိုက်ကြီး ဧရာမကို သားရင်းသမီးရင်းတွေ မရဘဲ အိမ်ဖော်မ သမီးက ရသွားတာ တကယ်ရှိပါတယ်။ အိမ်ဖော်မ သမီးက သူဟာ မွေးစားသမီးဖြစ်ကြောင်း စာချုပ်စာတမ်းလုပ်နိုင်ခဲ့တဲ့အခါမှာ သားရင်းသမီးရင်းတွေ ငုတ်တုတ်ပြုတ်ရတော့တာ။ နေအိမ်မှာ သနားလို့ ခေါ်ထားမိရင် ခေါ်ထားမိတဲ့လူက အမှား။ အဲဒီလို ယုတ်မာအောက်တန်းကျတဲ့ ဥပဒေတွေ မြန်မာပြည်မှာပဲ ရှိတယ်။

    ရှိစုမဲ့စု ဥပဒေလေးနဲ့ မှန်မှန်ကန်ကန်ဖြစ်အောင် လုပ်ဦးမလား။ ရှေ့နေတွေ တရားသူကြီးတွေကို လုပ်သာကျွေးပေတော့။ အဓိကက ခေါင်ချုပ် တရားသူကြီး။ ခေါင်ချုပ် တရားသူကြီးကသာ ဖြောင့်မတ်တယ် ဆိုတာ သေချာရင် အောက်ကလူတွေ မဟုတ်တာ လုပ်ဖို့ လိုပါဦးမလား၊ လာဘ်စားစရာလိုပါဦးမလား။ အောက်အဆင့်တွေမှာ ဘယ်လောက်ပဲ လာဘ် ထိုးထိုး အထက်ရောက်ရင် တရားသူကြီးနဲ့ မှန်မှန်ကန်ကန်ဖြစ်မှာပဲ ဆိုတဲ့ အသိ ဝင်နေရင် ငွေကုန်ခံပါဦးမလား။ မဟုတ်တာတွေ လုပ်နေပါဦးမလား။

    အခုတက်လာတဲ့ အစိုးရ က ဥပဒေပိုင်းကို ပြင်မယ်ဆိုတဲ့ အသံ ထွက်မလာသေးဘူး။ တိုင်းပြည်မှာ ဘာသာစုံ သာတူညီမျှ နေနိုင်ဖို့ဟာ ထုံးတမ်းစဉ်လာ ဥပဒေတွေ အကုန် ဖျက်သိမ်းရတော့မယ်။ တစ်ခုတည်းသော ဥပဒေသာ ထားရမယ်။ ဘယ်တရားဥပဒေကိုမှလည်း ပြုမယ် ပြင်မယ်လို့ အသံမထွက်သေးဘူး။ ဒါတွေလုပ်ဖို့ က ကြာဦးမယ်ဆိုတော့ ပို့စ်ပိုင်ရှင် ပြောသလိုပဲ ရေတိုနည်းကို သုံးရတော့မှာ။ အဲဒီရေတိုနည်းကို သုံးမယ်ဆို တရားသူကြီးကို လစာ ၃ဆလောက်တိုးပေးပြီး လာဘ်စားရင် သေဒဏ်သာ ချပစ်လိုက်။ ဒီထက့်ကောင်းတာတောင် ဒီလောက်မကောင်းဘူး။

    • kai

      September 28, 2016 at 11:41 am

      မာဖီးယားဂိုဏ်းထောင်လေ..။
      အဲဒါ.. ရေတိုနည်း..။ ကမ္ဘာ့နိုင်ငံတွေအောင်မြင်ခဲ့တဲ့နည်း..။

  • အဲဒီတော့ ဒီ ဆယ်နှစ်လောက် ကာလ အတွင်းမှာ ဒီ ခိုးဆိုးလုသတ် တွေကို ထိန်းဖို့ကျတော့ လုပ်တာနဲ့ ဆော် တဲ့ နည်းပဲ ကောင်းမယ် ထင်ပ။

    တစ်သက်လုံးကြီး သတ်မယ် ဖြတ်မယ် ခုတ်မယ် ထစ်မယ် ဆိုပြီး အုပ်ချုပ် ဖို့တော့ မဟုတ်ဘူးပေါ့။

    ကြိုက်တယ်ဗျို့

  • အတွေးလေး

    September 30, 2016 at 10:44 pm

    တရားဥပဒေစိုးမိုးရေး ဆိုတာကြီးကို စလုံးရေ ကနေပြန် စ ရမယ့်အခြေနေမျိုးမှာဆိုတော့ က ။ပြောတော့ပါဘူးလေ။

  • uncle gyi

    October 11, 2016 at 9:08 am

    အမှန်ကဖြစ်နေတာအကုန်ဥပဒေရဲ့အားနည်းခ ျက်ကြောင့်ပါ
    မထက်ပါးရိုက်တာဒါဏ်ငွေတထောင်ဆိုတာစာအုပ်ထဲပါတဲ့အတိုင်းပဲ
    ပြန်မှမပြင်ကြတာ
    အမှန်ကဥပဒေတွေအကုန်ပြန်ပြင်လိုက်ရမှာပါ
    ပြင်ပြီးရင်
    ဒါးဒါးခ ျင်းတုတ်တုတ်ခ ျင်းဆိုတာတွေမလိုတော့ပါဖူး

    • ကျော်လွင်ဖြိုး

      October 11, 2016 at 9:13 am

      ဟုတ်
      အဓိက က တော့ ဥပဒေ ပြင်ပြီး
      လိုက်နာအောင် ထိန်းနိုင်ရင် အကောင်းဆုံးပါပဲဗျာ။
      ဒါးဒါးချင်း တုတ်တုတ်ချင်း ဆိုတာက မပြင်နိုင်သေးသရွေ့ ပြောတာပါ။ း)

  • Thint Aye Yeik

    October 12, 2016 at 5:27 pm

    ကိုဓ ဥပဒေထဲမှာ
    ကျားဖြစ်သူက နောက်မီးလင်းရင်
    မဖြစ်သူကလည်း ထပ်တူညီမျှ နောက်မီး လိုက် လင်းခွင့်ရှိတယ်လို့ ပါလားငင်
    မတိရို့။

  • Mr. MarGa

    November 3, 2016 at 1:09 am

    ရှုပ်ပါတယ်
    ဆယ်နှစ်အထက် အကုန်သတ် 😛

Leave a Reply