မွေးချင်းသို့ မွေးနေ့ဆုတောင်း

ဇီဇီSeptember 27, 20161min25211

အသားဆို အစိမ်းစားဖို့တောင် မကြောက်တတ်သော အမတစ်ယောက်တွင်
အနံ့အရသာပြင်းသော ဘယ် အစားအသောက်မျိုးမဆို လုံးဝမစားသော မောင်တစ်ယောက် ရှိလေသည်။ :mrgreenn:

မဆာဘူး ပြောပြောပြီး မျက်စိရှေ့တွင်ရှိသော စားစရာများကို ချန်ထားက ရန်များ၏ ထုံး နှလုံးမူကာ စားတတ်သော အမတစ်ယောက်တွင်
ဘယ်လောက်ကောင်းတာကျွေးကျွေး မဆာလျှင် လုံးဝ ငြင်းနိုင်သော မောင်တစ်ယောက်ရှိလေသည်။ :mrgreenn:

အပြောဆိုးသလောက် သဘောကောင်း သော အမတစ်ယောက်တွင် (အာဟိ) :mrgreenn:
စကားမပြောသလောက် မလုပ်ချင်တာကို ခေါင်းမာမာနဲ့ မလုပ်ပဲနေနိုင်သော မောင် တစ်ယောက်ရှိလေသည်။ :mrgreenn:

အင်မတန် အာရုံများကာ ဟိုစပ်စပ် ဒီစပ်စပ် နေရာတကာ ပါသော အမတစ်ယောက်တွင်
ဘာလုပ်လုပ် အင်မတန် အာရုံစိုက်ကာ သေချာလုပ်နိုင်သော မောင် တစ်ယောက် ရှိသည်။ :mrgreenn:

ပြသနာ ရင်ဆိုင်ရလျှင် သွေးပူ သွေးဆူပြီး ရှေ့နောက်မကြည့် ဝုန်းတတ်သော အမတစ်ယောက်တွင်
ဘယ်သူ့ ပြသနာကိုမဆို သေချာခေါင်းအေးအေး စဉ်းစားနိုင်လေ့ရှိသော မောင် တစ်ယောက်ရှိသည်။ :mrgreenn:

စကားကို တနေကုန် ပေါက်ပေါက်ဖောက်သလိုပြောချင်လေ့ရှိသော အမတစ်ယောက်တွင်
၁ဝ ခါလောက် မေးမှ တစ်ခါ လောက် ဖြေလေ့ရှိသော မောင် တစ်ယောက်ရှိသည်။ :mrgreenn:

ရောက်လေရာ ဇာတ်လမ်းတွေ အများကြီးနဲ့ အာရုံများကာ ရှုပ်နေတတ်သော အမ တစ်ယောက်တွင်
ဒီတစ်ယောက်ကိုပဲချစ် ဒီတစ်ယောက်ကိုပဲ ယူ၊ စွဲမြဲသစ္စာရှိတတ်သော မောင် တစ်ယောက်ရှိသည်။ :mrgreenn:

မိုက်ခဲ ဟု အမည်တွင်သည် အထိ နေရာမရှောင်သီချင်းဆိုသော အမ တစ်ယောက်တွင်
ဂစ်တာတီးရင်း အသံထွက် သီချင်းဆိုဖို့တောင် ရှက်တတ်သော မောင်တစ်ယောက် ရှိသည်။ :mrgreenn:

မဟုတ်တာမှန်သမျှ ကိုယ့်ကိုယ်ကို ထိန်းနိုင်တယ် အကြောင်းပြကာ အစုံလုပ်တတ်သော အမ တစ်ယောက်တွင်
ပရွက်ဆိတ်တောင် လုံးဝမသတ်၊ ဘီယာတောင်မသောက်၊ အားနာလို့မှ ညာမပြောတတ်သော မောင် တစ်ယောက်ရှိလေသည်။ :mrgreenn:

အင်မတန်ချောမောလှပ သော အမ တစ်ယောက်တွင်
သူက အကြီးလားဟု အမြဲ အမေးခံရသော မောင်တစ်ယောက်ရှိလေသည်။ (အာဟိ အဂန်း) :mrgreenn:

ဘားမှ မုန့်ဘူးး။ ဒီနေ့ ဇော်သန့်မွေးနေ့မို့ သူနဲ့ကိုယ့်ကြား ခြားနားမှုတွေ စဉ်းစားမိရင်း ကိုယ့်မောင် အရင်းအတွက်ကျ မွေးနေ့ပို့(စ) မရေးပေးဖူးလို့ ရေးလိုက်တာ။ :mrgreenn:

တူတာတွေ စဉ်းစားလိုက်တော့၊
၁) ရုပ်ရှင်ကြည့်ရတာကြိုက်တယ်။
၂) စာရေးရတာ ကြိုက်တယ်။

ငင့်။ အဲဒါ အပြင် ထပ်စဉ်းစားမရတော့ဘူးး

:a:
ထားပါတော့။
တစ်လောကလုံးမယ် ကိုယ့် အချစ်ဆုံး၊ အထင်ကြီးဆုံး၊ အလေးစားဆုံး က ကိုယ့်မောင်ပဲ။
အာ့ ခုမှ ဝန်ခံတာ။ အာဟိ။ :mrgreenn:

 

Happy Birthday!!!

11 comments

  • Zaw Thant

    September 27, 2016 at 1:51 pm

    .. သာဓု.. သာဓု.. ဒါပေသိ တချိုဟာတွေက အခု မဟုတ်တော့ဘူး.. အခုဆို ခြင်တွေ တဖြောင်းဖြာင်းသတ်နေရတယ်.. ကလေး ရှိလို့..
    .. တခြားတူ တာတွေ ရှိပါသေးတယ်.. တချို့ အတွေး အခေါ် အယူအဆတွေက တခြားသူတွေနဲ့ ပြောလို့ မရ.. ကိုယ့်အချင်းချင်းပဲ ပြောလို့ ရတာမျိုး.. upbringing နဲ့ ဆိုင်မယ် မှတ်တယ်..

      • ဇီဇီ

        September 28, 2016 at 10:33 am

        upbringing
        ˈʌpbrɪŋɪŋ/
        noun
        noun: upbringing; plural noun: upbringings

        the treatment and instruction received by a child from its parents throughout its childhood.
        “she had had a Christian upbringing”
        synonyms: bringing up, rearing, raising, breeding, care, upkeep, cultivation, fostering, tending; nurture, training, teaching, education;
        childhood, early life, family history, background;
        nature, character;
        paideia
        “her upbringing had not prepared her for that”

        :mrgreenn:

  • သျှားသက်မာန်

    September 27, 2016 at 2:22 pm

    အော်..ဂလို

  • kai

    September 28, 2016 at 11:05 am

    ကောင်းတယ်..။ ခြင်တွေများများသတ်..။ ကြွက်တွေများများသတ်..။ ယင်တွေများများသတ်..။
    မွေးနေ့မှစ၍.. နောင်တွင်.. လူ့အသက်ဒုက္ခပေးသော အကောင်ဘလောင် များများသတ်နိုင်ပါစေရန်.. ဆုတောင်းပို့သပါ၏။ :k:

  • နွေဦး

    September 28, 2016 at 1:23 pm

    ရှေ့ကနေ လူ့ပြည် အရင်ရောက် ..
    လုပ်လို့ရသမျှ ကောင်းတာကော မကောင်းတာကော
    အကုန်လုပ်သွားတဲ့ အမတယောက်ရဲ့ နောက်က
    လိုက်ခဲ့တဲ့ မောင်လေးတယောက်
    လုပ်စရာ မိုက်စရာ အခွင့်အရေးမရလို့
    သံဝေဂ ကြီးစွာ ရပြီး တေမိမင်း လို
    လိမ်လိမ်မာမာ နေတာဖြစ်လိမ့်မယ်…

    • ဇီဇီ

      September 28, 2016 at 2:01 pm

      အမှန်ပဲ။
      :mrgreenn:

  • ムラカミ

    September 28, 2016 at 3:04 pm

    မွေးနေ့လား
    အပေါ်က အာလဖွားယိ ပြောတဲ့အတိုင်းဗျာ..
    ကြိတ်တောင်းတဲ့ဆုဒေ ပြည့်ပါဇီ…

  • ပျင်းတကာ့ ထိပ်ခေါင်တင်

    September 30, 2016 at 9:53 am

    မာမီမားသားက တော်လက်ထာ..
    မောင်နှမ၂ယောက်ကို ဘဲလဲန်းစ်ညီအောင် မွေးထားဒါ :k:
    ဇကားမစပ်တစပ် happy belated birthday ပါဂျာ…

  • Thint Aye Yeik

    September 30, 2016 at 12:03 pm

    စကားကို တနေကုန် ပေါက်ပေါက်ဖောက်သလိုပြောချင်လေ့ရှိသော မောင်တစ်ယောက်တွင်
    ၁ဝ ခါလောက် မေးမှ တစ်ခါ လောက် ဖြေလေ့ရှိသော မောင် တစ်ယောက်ရှိသည်။ :mrgreenn:

    ခွိ… သူ့ဘာသာသူ…အမတွေ မောင်တွေ..နေရာ မှား ရောထွေးကုန်ပြီ..
    :k:

    မမဂျိ မောင်ဆိုတော့ အနော်တို့မောင်ပဲပေါ့။ အဲလေ… ကိုယ်လည်း ယောင်ကုန်ပါပြီ။
    မမဂျိ မောင်ဆိုတော့ အနော်တို့ အစ်ကိုရိ ပေါ့။
    :k:
    ကျန်းမာပြီး ချမ်းသာပြီး…လန်းဖြာနိုင်ပါစေကြောင်း…

Leave a Reply