ကျိန်စာများရခဲ့လေသလား
အချစ်တဲ့ ခါးလိုက်တာ
တချို့တချို့ကပြောတယ် အခါးဓါတ်ကဆေးဘက်ဝင်တယ်ဆိုပဲ
ဒါကြောင့်များ ငါကိုယ်တိုင်ကိုက
ခါးသက်သက် အရသာကိုမှ တပ်မက် မိနေတာလား????
ဒီလိုနဲ့ ခါးသက်ခြင်းတွေ ထပ်ခါထပ်ခါ ခူးခပ်စားရင်း
မသိစိတ်ကတော့ သကာရေကိုရှာဖွေနေမိလေရဲ့
ရူးမိုက်လိုက်တာလို့ ကဲ့ရဲ့ချင်ကဲ့ရဲ့ကြပါစေ
ငါရွေးတဲ့လမ်း ငါလျှောက်တဲ့လမ်း
အကောင်းဆုံးဖြစ်အောင်တော့ငါ လျှောက်လှမ်းမယ်

About Foolish Girl

C K has written 54 post in this Website..