အချစ် ခါးခါး

Foolish GirlSeptember 30, 20161min1685

ကျိန်စာများရခဲ့လေသလား
အချစ်တဲ့ ခါးလိုက်တာ
တချို့တချို့ကပြောတယ် အခါးဓါတ်ကဆေးဘက်ဝင်တယ်ဆိုပဲ
ဒါကြောင့်များ ငါကိုယ်တိုင်ကိုက
ခါးသက်သက် အရသာကိုမှ တပ်မက် မိနေတာလား????
ဒီလိုနဲ့ ခါးသက်ခြင်းတွေ ထပ်ခါထပ်ခါ ခူးခပ်စားရင်း
မသိစိတ်ကတော့ သကာရေကိုရှာဖွေနေမိလေရဲ့
ရူးမိုက်လိုက်တာလို့ ကဲ့ရဲ့ချင်ကဲ့ရဲ့ကြပါစေ
ငါရွေးတဲ့လမ်း ငါလျှောက်တဲ့လမ်း
အကောင်းဆုံးဖြစ်အောင်တော့ငါ လျှောက်လှမ်းမယ်

5 comments

  • Thint Aye Yeik

    October 12, 2016 at 5:02 pm

    အချစ်ဟာ ခါးတယ် လို့ သိထားပြီဆိုတာ. . .
    အချစ်ဟာ ဘယ်လို အရသာ ဆိုတာကိုတောင် မသိတဲ့ ကျနော့်ထက်ထက်တော့ သာတာပဲ
    :k:

    • Foolish Girl

      October 13, 2016 at 9:21 am

      စာရေးဆရာမ ဂျူးပြောသလို
      အချစ်ဆိုတာဘီယာလိုပဲခါးတယ်နော်တဲ့
      နောက်ဘီယာကိုတကယ်သောက်ကြည့်လိုက်တော့မှ
      အချစ်ဆိုတာဘီယာလိုဘဲ ခါးသလိုလိုချိုသလိုလိုဖြစ်သွားတယ် ဆိုပဲ

  • kai

    October 12, 2016 at 5:24 pm

    ဝမ်းမှာခါး… တဲ့..။
    ဗိုက်သို့.. ဆေးဖက်ဝင်သမို့..
    ဗိုက်နဲ့ခံစား..။

  • ဦးကြောင်ကြီး

    October 13, 2016 at 11:26 am

    ဖူးလစ်ဂဲလ်ကို ဗူးအစစ်နွှဲခြင်တယ် မူးရစ်စွဲနေမိပါပီ ဦးတနှစ်ကဲပါရစေ…

    • Foolish Girl

      October 13, 2016 at 2:40 pm

      ဦးကြောင်ကြီး မူးကြောင်ပြီး
      စွတ်လာဖြီး နေပါနဲ့ဗျာ

Leave a Reply