အိမ်ဦးနဲ ့ကြမ်းပြင်ဖြစ်သွားတဲ့ဘန်ကောက်….

Mon LaySeptember 30, 201615min1596
အိမ်ဦးနဲ ့ကြမ်းပြင်ဖြစ်သွားတဲ့ဘန်ကောက်….
#Bangkok
#Phuket
ခုခရီးစဉ်လေးကတော့ဘန်ကောက်အကြောင်းကောင်းကောင်းသိနေပြီးတော့သွားချင်တဲ့အဖော်၃ယောက်ကိုတောင် Tour leader လုပ်ပေးခဲ့တဲ့ခရီးစဉ်
လေးပါ..တစ်ခေါက်ရောက်ပြီးတာနဲ ့နောက်တစ်ခေါက်ဆို..ကျွမ်းနေပြီလေ.
%e1%80%ab%e1%80%99%e1%80%ad%e1%80%ab%e1%80%ad%e1%80%ab%e1%80%ad%e1%80%b9
                             လေယာဉ်ပေါ်မှာ
 
ပြီးခဲ့တဲ့မေလလောက်ကသွားခဲ့တာပါ…ဘန်ကောက်တစ်ခုတည်းကျတော့
လည်းပျင်းလို့…အပန်းလည်းဖြေချင်ကြတယ်ဆိုတော့..ဖူးခပ်ပါတစ်ခါတည်း
ထည့်လိုက်တယ်..၄ညအိပ်၅ရက်ခရီးစဉ်ပေ့ါ။
အရင်တစ်ခေါက်ကလို ရေဆာတဲ့ဒဏ်ကိုမှတ်လောက်သားလောက်ခံပြီးသွားတဲ့သကာလ..ဒီတစ်ခေါက် Nok Airနဲ ့လက်မှတ်ဖြတ်လိုက်တော့တယ်..
Nok Air ကbudgetလိုင်းဖြစ်တယ်ဆိုပေမယ့်..လေယာဉ်ပေါ်မှာအဆာပြေ
တစ်ငုံသောက်ဖို ့ရေနဲ ့ကိတ်လေးတစ်ခုကျွေးတော့တော်သေးတာပေါ့။
အဲဒါနဲ ့လေဆိပ်ရောက်တော့..မေလဖြစ်ပေမယ့်..ဘန်ကောက်ကိုသွားတဲ့လူ
တွေများ..အားလား……..Check-inမှာအကြာကြီးစောင့်ရပါသေးတယ်။ပြီး
တော့ဟိုတယ်ကိုTaxi ငှားပြီးသွားလိုက်တယ်..ဟိုတယ်တော့မဟုတ်ပေမယ့်
မြန်မာလူမျိုးအများစုတည်းကြတဲ့…ဈေးလည်းသက်သာတဲ့ Tuldis towerပါ။
(တည်းချင်ရင်ပြောနော်..900ဘတ်တည်းရယ်..မနက်စာတော့မပါဘူး.ကျန်တာအကုန်အဆင်ပြေတယ်)
#Madame_Tussauds
ညနေစောင်းမှဘန်ကောက်ကိုရောက်သွားတော့..လည်စရာအနေနဲ ့
ဖယောင်းပြတိုက်Madame Tussaudsပဲသွားလိုက်တော့တယ်..ခုဆိုနာမည်
ကြီးသူတွေတောင်..ဖယောင်းပြတိုက်ထဲမှာတော်တော်များများရောက်လို့နေပါ
ပြီ..ဒေါ်စုတောင်ပါသေး။
13240055_1180532538646773_8250113699573795723_n 14508709_1290399697660056_1071392801_n 14528339_1290399724326720_931300338_n %e1%80%95%e1%80%bb%e1%80%ab%e1%80%b7%e1%80%bb
                                             ဖယောင်းပြတိုက်ထဲမှာ
#MBK_shopping_mall
ရှော ့ပင်ထွက်လိုထွက်ငြား..MBKလည်းသွားလိုက်ပါသေးတယ်..မွန်လေးတို့သွားတာလည်းနောက်ကျတော့တချို ့ဆိုင်တွေဆိုပိတ်လို့တောင်နေပါပြီ..မြေညီ
ထပ်မှာအိတ်လေးတစ်အိတ်ဝယ်မယ်လုပ်တော့..ဈေးကအဆမတန်ဈေးကြီးနေပါတယ်..စစ်တော့လည်းနည်းနည်းပဲလျှော ့ပေးပါတယ်..ကိုယ်လည်းလိုချင်တဲ့
ဈေးမရတော့မဝယ်ဘူးဆိုပြီးလုပ်နေတုန်းသယ်ရင်းကသွားရအောင်ခေါ်တော့
မှမြန်မာစကားသံလည်းကြားရော.ထပ်လျှော ့ပေး ပါမယ်..ထပ်လျှော ့ပေးပါ
မယ်ဆိုပြီးအတင်းကာရော..မြန်မာလိုပြောပြီးလိုက်ခေါ်ပါရော။လျှော ့ပေးတဲ့
ဈေးကခုနကသူတို ့တင်ထားတဲ့ဈေးထက်.ထက်ဝက်နီးပါးတောင်ကျသွားပါရော.ပြောရရင်တော့MBKမှာဈေးဝယ်ရင်ဆစ်ဝယ်ကြပါ..ဈေးတွေအဆမတန်တင်ထားတတ်ကြပါတယ်။
13244851_1180180308681996_1026967880828368974_n
#Food_court
ညစာအနေနဲ ့ကတော့Food Court မှာပဲဝယ်စားလိုက်ပါတယ်…သူကအရင်ဦး
ဆုံးကဒ်လုပ်ရပါတယ်..ကိုယ့်ဖာသာအစကတည်းဆိုင်တွေကိုလိုက်ကြည့်..ဈေး
တွေပါလိုက်ကြည်ေ့ပါ..ဘယ်လောက်ဖိုးစားမယ်…ဘာတွေရှိလဲဆိုပြီးတော့ပေါ့..ပြီးတော့ကဒ်လုပ်..ပြီးတာနဲ ့ကိုယ်ကြိုက်တဲ့ဆိုင်..စားချင်တဲ့အစားစာကိုမှာပြီး
ထိုင်ခုံလေးတွေမှာထိုင်စားပေါ့…စားပြီးလို့ကဒ်ထဲမှာကျန်တဲ့ငွေကိုလည်းပြန်
ထုတ်လို့ရပါသေးတယ်…အရမ်းမိုက်ပါတယ်…အဆင့်လည်းရှိတယ်…ဆိိုင်လေး
တွေကလည်းအများကြီး…..ဆိုင်ပေါင်း၃ဝကျော်မှာ..ကိုယ်ကြိုက်တဲ့အစား
အသောက်အပူအအေး..အချိုပွဲ..တစ်နေရာထဲမှာ..အမျိုးအစားစုံစုံလင်လင်နဲ ့
စားလို့ ရတော့..မွန်လေးအတွက်ကတော့အကြိုက်ပေါ့….
14341462_1276666665700026_1017826656_n
                             Food Court
#Breakfast
ကိုယ်တည်းတဲ့apartmentကမနက်စာမပါတော့..ရှော ့ပင်ထွက်မယ့်အတူတူ
အပြင်ထွက်တာနဲ ့လမ်းမှာမနက်စာကိုသွပ်လိုက်ပါတယ်။မွန်လေးတို ့တည်းတဲ့
Apartmentရဲ ့လမ်းကြားထဲမှာပင်.စားသောက်ဆိုင်တွေရှိပါတယ်..လမ်းထိပ်
မှာလည်းStar bucksတစ်ခုလုံးရှိတော့ကိုယ့်အတွက်ကတော့…cuppuchino
လေးနဲ ့ကိတ်လေးနဲ ့မနက်စာကိုဖြည့်လိုက်တာပေါ့။
#Platinum_Fashion_Mall
အမျိုးအစားစုံစုံလင်လင်နဲ ့ဖောက်သည်အနေနဲ ့ပြန်ရောင်းချင်ရင်တော့ဒီရှော ့
ပင်းမောလ်ကိုသွားတာအကောင်းဆုံးပါပဲ..အကြီးကြီးကနေသေးသေးလေးထိ
ရနိုင်တာပါ..ခုပေါ်နေတဲ့နောက်ဆုံးဒီဇိုင်းတွေ…ဖန်စီပစ္စည်းတွေ….ဖိနပ်…
အဝတ်အစားတွေ..အို..အစုံပါပဲ…ဝယ်ချင်စရာ။မွန်လေးလိုအွန်လိုင်းရှော ့လုပ်
တဲ့သူတွေအတွက်ကတော့တော်တော်အဆင်ပြေပါတယ်
#Chatthuchak_weekend_market
ဒီဈေးလည်းဝယ်လို့အသေကောင်းပါတယ်..မွန်လေးတို ့တည်းတဲ့ဟိုတယ်က
ကနေSky train စီးသွားရင်၅မှတ်တိုင်မြောက်ဆိုဒီဈေးကိုရောက်ပါတယ်..
(Skytrainစီးပုံလေးကိုဒီလင့်မှာကြည့်နိုင်ပါတယ်.
#www.facebook.com/permalink.php?story_fbid=1799707103645636&id=1796057874010559
ဒုတိယအကြိမ်ပြန်ရောက်တော့…အပေါက်ကိုဘယ်ကနေဘယ်လိုပြန်ထွက်ရ
မယ်တို့ ….ဘာတို့ကအစသိနေတော့..အေးအေးဆေးဆေးဈေးဝယ်လို့ကောင်း
နေရော။ဖုန်းကဒ်ကလည်းဝယ်ထားပြီးသားဆိုတော့လူခွဲသွားလည်းဖုန်းလေး
ကောက်ဆက်လိုက်ရုံပဲ။
#Phuket
မွန်လေးတို့နောက်နေ ့မှာဖူးခပ်ကိုလေယာဉ်နဲ ့ပဲသွားလိုက်ပါတယ်။
ဘန်ကောက်ကနေကားနဲ ့သွားလို့ရတယ်ပြောပါတယ်..လူပင်ပန်းတယ်လေ.
လေယာဉ်လေးနဲ ့ဆိုတော့လူသက်သာတယ်..အပေါ်စီးကနေ..ပင်လယ်ထဲကကျွန်းလေးတွေကိုရှုစားလို့ရတာပေါ့..ကြာချိန်ကတော့1နာရီနီးပါးပါ။.အဲ့ဖက်ကိုတော့အသင့်စောင့်နေတဲ့ဂို်က်နဲ ့ကားကစောင့်နေပြီးဟိုတယ်ကိုပို ့ပေးပါတယ်..
ဖူးခပ်လေဆိပ်ကနေဟိုတယ်ကိုရောက်ဖို ့၄၅မိနစ်လောက်သွားရပါသေးတယ်..မွန်လေးတို ့ကမြို ့ထဲဟိုတယ်မတည်းပဲ..ပင်လယ်နားကPatong Beach ဟိုတယ်ကိုတည်းတာလည်းပါပါတယ်..(ပင်လယ်ကြီးကိုအပြည့်အဝခံစားချင်တာလည်းပါတာပေါ့)
13254380_1180991238600903_4369284293007884097_n
လေယာဉ်ပေါ်ကဖူးခပ်မြင်ကွင်း
#Patong_Beach
ဖူးခပ်မှာ Beach တွေ၃၅ခုရှိတဲ့အထဲကလူအများrecommendပေးကျတဲ့
beach ကမွန်လေးတို့ သွားခဲ့တဲ့Patong Beachပါပဲ…သူရဲ ့Night lifeက
လည်းအရမ်းစည်ကားတော့အနောက်နိုင်ငံကလူဖြူတွေအကြိုက်ပါ…သောက်
တတ်တဲ့သူတွေသွားရင်လည်းအရမ်းကိုမိုက်တဲ့နေရာလေးပေါ့..အခြောက်မတွေနဲ ့လည်းပိုက်ဆံပေးပြီးselfie ဆွဲလို့ရပါသေး။..နာမည်ကြီးရှော့ပင်းမောလ်Jungceylonကြီးကလည်းရှိတော့..ဈေးဝယ်လို့ကလည်း
ကောင်း..လမ်းဘေးဆိုင်သေးသေးလေးတွေကလည်းချစ်ဖို ့ကောင်း။
14508489_1290399794326713_2013897131_n 14528396_1290399804326712_613310182_n 14542720_1290399790993380_2080467469_n %e1%80%94%e1%80%90%e1%80%b9%e1%80%90%e1%80%94%e1%80%b9%e1%80%90%e1%80%94
#Dinner
ဖူးခပ်မှာညစာသွားစားရင်တော့ဆိုင်တွေထက်လမ်းဘေးက..စားသောက်ဆိုင်မှာစားတာပိုအရသာရှိပါတယ်..ပင်လယ်စာတွေလည်းအစုံအလင်ကိုဈေးသက်သက်သာသာနဲ ့စားလို့ရပါသေးတယ်။တချို ့အလုပ်သမားလေးတွေကမြန်မာ
လူမျိုးတွေဆိုတော့ကိုယ်တွေကိုအပိုတွေတောင်ထည့်ပေးတာတွေနဲ ့လည်းကြုံရပါသေးတယ်.
#Phi_Phi_Don_Island
နောက်နေ ့ဒွေးနဲ ့ထက်ထက်တို့ မီကိုကော်ဖီကြော်ငြာတဲ့ကျွန်းရှိရာကိုသွားဖို ့ကား
သမားကလာခေါ်ပါတယ်။ဆိပ်ကမ်းနားရောက်တော့..4ထပ်စီးသင်္ဘောကြီးက
အသင့်စောင့်ကြိုနေပါတယ်..သင်္ဘောပေါ်ကိုတက်မယ့်တံတားနားမှာခဏရပ်ရပါတယ်..ပြီးတော့ဓါတ်ပုံကိုဖြတ်ခနဲလှမ်းရို်က်ပါတယ်..ဘာလဲဟပေါ့.(အပြန်ကျတော့အဲ့ဓါတ်ပုံလေးတွေကိုပန်းကန်ပြားနဲ့လုပ်ပြီးဘတ်100နဲ ့အမှတ်တရဝယ်ဖို့ပါ)
13307369_1192469227453104_2038043555241946991_n
ပန်းကန်ပြားဓါတ်ပုံ
သင်္ဘောကြီးကတော့အမိုက်စားပါ..အထဲမှာလည်းဝင်ထိုင်လို့ရသလို..အပြင်မှာ
လည်းထိုင်လို့ရအောင်ခုံလေးတွေချထားပေးပါတယ်..အပြင်မှာအကြာကြီးထိုင်
တာတော့မွန်လေးသိပ်မကြိုက်ပါ..ဓါတ်ပုံတွေရိုက်ပြီးတာနဲ ့အထဲမှာပဲဝင်ထိုင်ခဲ့
ပါတယ်..အဲကွန်လေးနဲ ့အေးနေတာပဲ..VIP roomတွေလည်းရှိတော့အမြင့်ဆုံး
VIP room မှာဘတ်၅၀ဝထပ်ပေးပြီးကျွန်းကိုရောက်ဖို ့ရှိအနားယူခဲ့ပါတယ်။အ
မြင့်ဆုံးVIP room ယူရင်မုန် ့တို့ အအေးတို့ ကြိုက်သလောက်ဖရီးသောက်လို့
ရတဲ့အပြင်..ဓါတ်ပုံတွေကိုလည်းအမို်က်စား..အလန်းစားအပေါ်စီးကနေရိုက်လို့
ရလို့VIP room အမြင့်စားပဲယူကြပါလို့။
14508503_1290399730993386_1602758533_n 14527636_1290399734326719_870057899_n 14528273_1290399700993389_1883980554_n
#Snorkelling
ကျွန်းကိုရောက်ဖို ့အရင်ဆုံးရေလယ်ခေါင်မှာသင်္ဘောကြီးကျောက်ချနေခဲ့ရပြီး
ကျွန်းရှိရာကိုသင်္ဘောငယ်လေးတွေနဲ ့တဆင့်ပြန်စီးရပါသေးတယ်။ကျွန်းပေါ်
ရောက်တော့၁၁ထိုးနေပါပြီ။ကျွန်းပေါ်မှာလုပ်မယ့်အစီအစဉ်များကိုသူတို့ ဘုတ်
ထောင်ပြီးရေငုပ်စမယ့်အချိန်၊နေလည်စာစားမယ့်အချိန်၊သင်္ဘောကြီးဆီပြန်သွားမယ့်အချိန်၊ဖူးခပ်ကိုပြန်သွားမယ့်အချိန်ဆိုပြီးပြပါတယ်။မွန်လေးတို့ အဖွဲ ့ထဲမှာမွန်လေးပဲရေငုပ်မယ့်သူပါတော့..ကိုယ်ပဲရေငုပ်ဝတ်စုံဝတ်ပြီးသူတို ့ခေါ်ရာ
မော်တော်ဘုတ်နဲ ့ရေငုပ်မယ့်နေရာကိုလိုက်သွားပါတယ်။ရေအောက်မှာငါးလေးတွေဆိုတာအရောင်စုံပါ..အဝါလေးတွေ..အစိမ်းလေးတွေ…..။
(သူတို့တစ်ခါတည်းကြော်ငြာပါတယ်…ရေမကူးတတ်သူတွေ…ရေကူးမကျွမ်းကျင်တဲ့သူတွေ..ကျွန်းပေါ်မှာအေးအေးချမ်း
ချမ်းနေခဲ့ပါဆိုပြီး….ဟုတ်ပါတယ်.ရေမကူးတတ်ရင်ရေမငုပ်တာကောင်းပါတယ်..ဘယ်လောက်ပဲlife jacketပါပါ
လေ..ကိုယ်တောင်ကူးတတ်တယ်ဆိုပေမဲ့..ရေထဲဆင်းတော့..ခြေထောက်ကအောက်ခြေကိုမမှီတော့ဘူး..ဒါတောင်အနက်ထဲသွားတာမဟုတ်သေးပါ)
14527480_1290399767660049_853243767_n
ရေကိုတစ်နာရီလောက်ငုပ်ပြီးသွားကြတော့ကျွန်းဆီပြန်လာခဲ့ကြပါတယ်။ကျွန်း
မှာအကျီလဲစရာရေချိုးစရာအခန်းတွေလည်းရှိပါတယ်။နေ ့လည်စာကိုကျွန်း
ပေါ်ကဘူဖေးစားသောက်ဆိုင်မှာစားခဲ့ကြတယ်။(Packageဝယ်ရင်အကုန်ပါ
ပြီးသားပါ။)
စားပြီးတော့ကမ်းခြေမှာလမ်းလျှောက်၊selfieတွေဆွဲပေ့ါ။အချိန်တန်တော့လာခဲ့
တဲ့သင်္ဘောငယ်လေးနဲ ့သင်္ဘောကြီးဆီကိုပြန်သွားခဲ့ကြတာပေါ့။
13221017_1181749265191767_4218669822767316225_n 14508725_1290399757660050_1355615138_n
#အပြန်
နောက်နေ ့ကျတော့ဖူးခပ်ကနေရန်ကုန်ကိုဘန်ကောက်ကနေတဆင့်ပြန်လာခဲ့ပါတော့တယ်…..ပျော်ရွှင်စရာခရီးစဉ်လေးပြီးဆုံးပါပြီ။
PS: အဲ့လိုခရီးတွေကိုလိုက်ပါခံစားချင်ရင်တော့ …Just Follow me!! ….မွန်လေးနဲ ့လိုက်ခဲ့လို့ရပါတယ်…..Free & Easy tour ပဲစီစဉ်ပြီးစရိတ်သက်သက်သာသာနဲ့ ့ကမ္ဘာပတ်ကြမယ်…..09421045685

6 comments

  • ဦးကြောင်ကြီး

    October 10, 2016 at 11:24 am

    သှ ျားကိုစားခြင်
    နွားပ ျို လားထင်
    မြားဆိုတအားခင်
    စကားခ ျို နားရွှင်..

  • Foreign Resident

    October 12, 2016 at 11:36 am

    အမှန်ပြောရရင် ၊ ပြီးခဲ့တဲ့ ၄ နှစ် ၊
    ” ဘန်ကောက်ခရီးသွားမှတ်တမ်း ( ပထမအကြိမ် ) ” ထဲကပုံ နှင့်
    အခု ” အိမ်ဦးနဲ ့ကြမ်းပြင်ဖြစ်သွားတဲ့ဘန်ကောက် ” ထဲကပုံ နှင့်
    ကိုယ်လုံး တော်တော် ကွာသွားပြီဘဲ ။

  • Thint Aye Yeik

    October 12, 2016 at 5:12 pm

    သွားချင်စရာတော့ ကောင်းသားနော့
    ၁၄ ရက်အတွင်းဆို ဗီဇာတောင် ယူစရာ မလိုတဲ့နိုင်ငံ ဆိုတော့. . .
    သွားအုန်းမှပါ။
    ခက်တာက လေယာဉ်လက်မှတ်ဖိုးနဲ့ ပါတ်စပို့ မရှိသေးတာ
    :k:

  • သျှားသက်မာန်

    October 13, 2016 at 5:04 pm

    လေယာဉ်ကလည်း ခုဆိုဘတ်ဂျက်လိုင်းတွေရှိနေပါပြီအသွားအပြန်မှ70 75 ပဲရှိပါတော့တယ်..ပတ်စ်ပို ့ကလည်း1ပတ်ဆိုရပါပြီ29500လောက်ပဲကျပါတော့တယ်..တော်တော်လွယ်သွားပါပြီ

  • သျှားသက်မာန်

    October 13, 2016 at 5:08 pm

    Foreign Resident >> ဟုတ်ပါတယ်..ပိုလည်းလှလာတယ်လည်းလုပ်လိုက်စမ်းပါ……………အဟက်ဟက်…

Leave a Reply