သူ့ကိုယ်သူ ဝတ္ထုလို့ ထင်နေတဲ့ကဗျာ

alinsettOctober 6, 20161min1887

”သူ့ကိုယ်သူ ဝတ္ထုလို့ ထင်နေတဲ့ ကဗျာ”
—————————–
ဥပမာ ဆိုကြပါစို့. . .
မင်းက သေနတ်တစ်လက်ကို ကျကျနနကိုင်ထားတယ်။

 

မင်းဟာ ယင်ကောင်ရဲ့အတောင်ပံကိုတောင် တစ်စက္ကန့်ရဲ့ဆယ်ပုံတစ်ပုံအတွင်း မလွဲအောင် ပစ်နိုင်စွမ်းလည်း ရှိတယ်။

 

မင်းရဲ့အရှေ့မှာ ရှိနေတာကတော့. . .
သူ့အကျီ င်္အတွင်းထဲကို လက်တစ်ဖက်နှိုက်နေတဲ့သူ. . .

 

သူ့အကျီ င်္ထဲက လက်တစ်ဖက်. . .
မင်းက သူ့ကို ထင်မယ်. . .
သူဟာ. . .
သူဝှက်ယူလာတဲ့ သေနတ်(သို့မဟုတ်)ဓါး…
မင်းကို(သို့မဟုတ်) သေနတ်နဲ့ချိန်လာတဲ့ ဘယ်သူ့ကိုမဆို. . .
ဖျတ်ခနဲ ဆွဲထုတ်ပြီး ပစ်/ပေါက်လိုက်မယ့်သူ…
သူဟာ. . .မသင်္ကာစရာ ရာနှုန်းပြည့်တဲ့သူ…

 

အဲ့လို အခြေအနေပေါ့. . .
မင်းက သူ့ကို သေနတ်နဲ့ချိန်လို့. . .
သူက မင်းရှေ့မှာ . . .
သူ့အိတ်ကပ်ထဲ လက်တစ်ဖက် နှိုက်လို့. . .
အခြေအနေက. . .
ထိတ်ခနဲ ငြိမ်သက်နေရာကနေ. . .
သူက. . .သူ့အကျင်္ ီအိတ်ထဲက လက်ကို ဖျတ်ခနဲ လှုပ်လိုက်တယ်။
သူ့လက်နဲ့ အကျီ င်္ကြားမှာ လက်ခနဲ. . .

အရာဝတ္ထုတစ်ခုက ဝင်းခနဲလင်းခနဲ. . .
ဒါကို မြင်လိုက်တဲ့ မင်းက . . .
(တစ်စက္ကန့်ကို ဆယ်ပုံ ပုံရင်တောင် ဆယ်ပုံထက် ပိုမြန်တဲ့ မြန်နှုန်းနဲ့. . .)
မင်းရဲ့လက်ညှိုးကို ကွေးချလိုက်တယ်။
”ဒိုင်း”
(ဒါက မင်းလက်ထဲက သေနတ်သံ)
”အား”
(ဒါက. . . သူ…သေအံ့မူးမေ့…လဲကျသွားတဲ့အသံ)
”. . . . . .”
(ဒါက. . . မင်းတို့ ဖြစ်ပုံကို ကြည့်ပြီး. . .
ဘယ်တတ်နိုင်မလဲလေ. . .ဆိုတဲ့အတွေးနဲ့. .
(လက်ခနဲမြင်ရုံလေးနဲ့ မင်းကို ဓါးနဲ့ပေါက်မယ်ထင်ပြီး သေနတ်နဲ့ပစ်ချလိုက်တဲ့ မင်းကို) အပြစ် မတင်ရက်တဲ့ အထိမ်းအမှတ်နဲ့. . .
ပွဲကြည့်ပရိသတ်ဖြစ်တဲ့ ငါ့ရဲ့) သက်ပြင်းရှိုက်သံ. . .
အမှန်တော့. . .
ငါ . . .မြင်လိုက်သားပဲ. . .
မင်း. . . . သေနတ်နဲ့ချိန်ထားတဲ့သူရဲ့လက်ထဲ (အကျီ င်္ထဲ). . . လက်ခနဲ လှုပ်သွားတာက. . .
သေနတ်လည်းမဟုတ် . . . ဓါးလည်းမဟုတ်. . .
(သူတပါးကို သေစေညွှန်းမယ့် ဘယ်အရာမျှမဟုတ်တဲ့)
လက်ဝါးကပ်တိုင်သင်္ကေတ ဆွဲပြားလေးတစ်ခု. . .

 

ငါ မြင်လိုက်သားပဲ။

 

——————————–

သင့်အေးရိပ်
05/10/2016

7 comments

  • Foolish Girl

    October 6, 2016 at 11:38 am

    လူတွေကိုမယုံကြည်ဘဲ စိုးရိမ်ထိန့်လန့်စွာရှင်သန်နေရသူပေါ့

    • Thint Aye Yeik

      October 6, 2016 at 12:10 pm

      ကျနော်က. . . အဲ့လို စိုးရိမ်စိတ်နဲ့အမှားတွေ အပြစ်တွေကို လုပ်မိတတ်တဲ့သူကိုတောင်
      နားလည်ပေးချင်နေတဲ့သူ
      😀

      • Foolish Girl

        October 6, 2016 at 1:45 pm

        နားလည်တတ်တာကောင်းတယ် နားလည်ပေးလွန်းရင်မကောင်းဘူးဗျ
        ကိုယ်တွေ့

  • ကထူးဆန်း

    October 7, 2016 at 1:57 am

    သိပါဘူး .. .သူကြီးတို့ ဆီ က ရဲ တွေ နဲ့ တွေ့နေတဲ့ အာဖရိကန် နွယ်ဖွားတွေ လားလို့ … 🙂

  • uncle gyi

    October 11, 2016 at 9:17 am

    သံသယပေ ျာက်ပါစေ

Leave a Reply