ချစ်သူလား / လက်တွဲဖော်လား

Foolish GirlOctober 6, 20161min1102

နွေးထွေးတဲ့ပွေ့ဖက်မှုတခုက ကိုယ်ချစ်ရတဲ့သူ ကိုလုံခြုံစေတယ်
ညစ်နွမ်းတဲ့ပွေ့ဖက်မှုတခုကကျ ကိုယ်ချစ်ရတဲ့သူ ရဲ့ဘဝကိုကိုစွန်းထင်းစေတယ်
နားလည်ပေးတဲ့စကားတခွန်းက ကိုယ်ချစ်ရတဲ့သူ ကိုအားတက်စေတယ်
အပြစ်တင်တဲ့စကားတခွန်းကကျ ကိုယ်ချစ်ရတဲ့သူ ကိုသိမ်ငယ်သွားစေတယ်
အားပေးတဲ့စကားတခွန်းက ကိုယ်ချစ်ရတဲ့သူ ကိုခွန်အားဖြစ်စေတယ်
လစ်လျူရှူတဲ့စကားတခွန်းကကျ ကိုယ်ချစ်ရတဲ့သူ ကိုစိတ်အားငယ်စေတယ်

ဂရုစိုက်တဲ့အပြုအမူတခုက ကိုယ်ချစ်ရတဲ့သူ ကိုကြည်နူးစေတယ်
အမှတ်တမဲ့အပြုအမူတခုကကျ ကိုယ်ချစ်ရတဲ့သူ ကိုဝမ်းနည်းစေတယ်
တွဲခေါ်တတ်တဲ့လက်တစုံက ကိုယ်ချစ်ရတဲ့သူ ကိုဘဝမှာရင်ဆိုင်ရဲစေတယ်
ချန်ထားတတ်တဲ့လက်တစုံကကျ ကိုယ်ချစ်ရတဲ့သူ ကိုဘဝမှာကြောက်ရွံ့့စေခဲ့တယ်လေ

ဒုက္ခတွေအမျိုးမျိုးထဲက ကိုယ်ချစ်ရတဲ့သူ ရဲ့လက်ကိုမလွှတ်တမ်း ဆုပ်ကိုင်ထားတဲ့လူ
အပြစ်တွေလုပ်တဲ့အခါ အပြစ်တင်တာထက် နားလည်မှုပေးတတ်တဲ့လူ
စိတ်ဓာတ်ကျအားငယ်တဲ့အခါ ဂရုတစိုက်နဲ့အားပေးတတ်တဲ့လူ
အဲဒီလိုလူဟာ မိမိအတွက်ချစ်သူအပြင် ဘဝမှာသင့်တော်တဲ့လက်တွဲဖော်တယောက်ပါပဲ

အခက်အခဲဖြစ်ချိန်ရှောင်ပြေးတတ်သူ ၊ ဒုက္ခတွေ့ချိန်ချန်တတ်သူ ၊
အမှားလုပ်ချိန် အပြစ်တွေသာပြောတတ်သူ
အဲဒီလိုဆိုရင်တော့ အဲဒီလိုလူဟာ မိမိအတွက် ချစ်သူသာဖြစ်မှာပါ

လူဖြစ်လာတာနဲ့ ပြသနာဆိုတာတစ်ခုမဟုတ်တစ်ခုကြုံနေရမှာပဲ
ဇာတ်ကားတွေထဲကလို အိမ်ထောင်တစ်ခုအစပြုလိုက်တာက
ပြသနာတွေချုပ်ငြိမ်းသွားတဲ့ Happy Ending မဟုတ်သေးဘူး Beginning of the life ပါ
အဲဒီအချိန်ကျရင် မကြုံဘူးမတွေ့ဘူးသေးတဲ့ ပြသနာတွေကထပ်ပြီးစောင့်နေဦးမှာဘဲ
ဒီတော့ အပေါ်မှာပြောခဲ့သလိုပဲ
ကိုယ့်အတွက် ချစ်သူ လိုအိမ်ထောင်ဖက်မျိုးက ကိုယ်နဲ့အတူတူ ဒုက္ခတွေကြုံလာရင် အတူတူခါးစည်းပြီးခံပေးနိုင်မှာလား????
ကိုယ့်အတွက် လက်တွဲဖော် လိုအိမ်ထောင်ဖက်မျိုးက ကိုယ်နဲ့အတူတူ ဒုက္ခတွေကြုံလာရင် အတူတူခါးစည်းပြီးခံပေးနိုင်မှာလား????

သေချာစဉ်းစားကြည့်ပါ
ဒါ့ကြောင့်
ကိုယ့်ချစ်သူကိုတကယ်ချစ်ရင်
တကယ်မြတ်နိုးတယ်ဆိုရင်
သူ့အတွက် အကောင်းဆုံး လက်တွဲဖော်ဖြစ်နိုင်အောင် ဖြစ်ထိုက်အောင်
မိမိအပြုအမူတွေဆင်ခြင်ဖို့လိုပါတယ်

2 comments

  • Thint Aye Yeik

    October 7, 2016 at 4:02 pm

    တချို့ မိတ်ဆွေကောင်းတွေကတော့ ချစ်သူတွေ လက်တွဲဖော်တွေထက်တောင် ပိုပြီးတော့ ကိုယ့်ကို နားလည်ပေးသေးတယ်။ ပိုပြီးတော့ ကိုယ်နဲ့အတူ ရှိနေပေးသေးတယ်။

    ကိုယ်က ချစ်သူရော
    လက်တွဲဖော်ရော မရှိသေးတဲ့သူ(ကြော်ငြာဝင်တာ)ဆိုတော့. . .
    မိတ်ဆွေကောင်းတွေနဲ့ပဲ ဘယ်သူက ဘယ်သူ့အခက်အခဲကို ဘာကူညီနိုင်မလဲ
    ဘာတွေ မျှဝေ ခံစားပေးနိုင်ကြမလဲ ဆိုတာကို ပို တွေးဖြစ်နေတယ်။
    အခုနှစ်ထဲမှာ ဆိုပါတော့
    😆

    • Foolish Girl

      October 12, 2016 at 10:35 am

      လူပျိုကြီး / အပျိုကြီးတကယ်လုပ်မှာလားပြောစမ်းပါရည်ရွယ်တဲ့မင်းအကြောင်းကို……………………

Leave a Reply