အရှေ့တောင်အာရှရဲ့ စိတ်ကူးယဉ်အဆန်ဆုံး အပန်းဖြေနေရာ (၉)ခု

Mon LayOctober 8, 20163min870

အရှေ့တောင်အာရှရဲ့ စိတ်ကူးယဉ်အဆန်ဆုံး အပန်းဖြေနေရာ (၉)ခု

1 Song Saa Private Island, Cambodia

song_saa_4_-_sunrise_yoga

Cambodia နိုင်ငံ Koh Rong ကျွန်းစုတွေတည်ရှိရာ ပင်လယ်ပြာပြာကြီးထဲမှာ  Koh Quen နဲ့ Koh Bong ကျွန်းနှစ်ကျွန်းကလဲ ဘေးချင်းယှဉ်လျက် လှလှပပ ရှိနေပါတယ်။ အဲ့ဒီ့ကျွန်းနှစ်ကျွန်းကို ဒေသခံတွေက “Song Saa” လို့ခေါ်ကြတယ်။ ခမာအခေါ်အရဆိုရင် “ချစ်သူများကျွန်း” လို့အဓိပ္ပါယ်ရပါတယ်။ Song Saa Private Island ကတော့ ကမ္ဘောဒီးယားနိုင်ငံမှာ ပထမဆုံးဖွင့်လှစ်တဲ့ ကျွန်းပေါ်က အပန်းဖြေဟိုတယ် တစ်ခုပဲဖြစ်ပါတယ်။ ပင်လယ်ထဲက သယံဇာတတွေကို ထိန်းသိမ်းတဲ့အနေနဲ့ ပင်လယ်ပြင်ဘက်မှာ အပန်းဖြေအိမ်နည်းနည်းဘဲ ထားရှိပါတယ်။  အပန်းဖြေဟိုတယ်မှာနေပြီး လှပတဲ့ပင်လယ်ပြင်အလှကို အိပ်ရာထဲကနေ လဲလျောင်း ခံစားရင်း အေးအေးဆေးဆေးအနားယူနိုင်ပါတယ် ။ အိပ်ခန်းထဲမှာအနားယူရတာ ပျင်းလာပြီဆိုရင်တော့ နေထွက်ချိန်မှာ ယောဂကျင့်တာ၊ ရေငုပ်တာ၊ ပင်လယ်ထဲမှာ လှေလှော်တာ၊ ကျွန်းပေါ်ကတောတွေကိုလေ့လာရေးခရီးထွက်တာ စတဲ့ activities တွေကို hotel က မိတ်ဆွေတို့စိတ်ကြိုက် အခမဲ့စီစဉ်ပေးမှာပါ။

2 El Nido Resorts, Philippines

elnido-apulit-cove

El Nido Resorts ဆိုတာကတော့ ဖိလစ်ပိုင်နိုင်ငံ Palawan မြောက်ပိုင်းဒေသမှာရှိတဲ့ ကျွန်းလေးကျွန်းပေါ်က ပတ်ဝန်းကျင်အလှကိုထိန်းသိမ်း ထားတဲ့ အပန်းဖြေ စခန်းတွေပဲ ဖြစ်ပါတယ်။ အဲ့ဒီ့ resorts တွေကို သွားမယ်ဆိုရင်တော့ တစ်နာရီကြာ လေယာဉ်စီးရမယ့်အပြင် နောက်ထပ် လှေစီးရပါမယ်။ အနည်းဆုံး ၂၅မိနစ်ကနေ အများဆုံး မိနစ် ၅ဝအထိ ကြာနိုင်ပါတယ်။ ဒါပေမယ့် ရောက်သွားပြီဆိုရင်တော့ လာရတဲ့ခရီးနဲ့တန်တဲ့ အပန်းပြေစရာတွေကို ကြုံတွေ့ရမှာပါ။ လူတွေလည်းအများကြီး မရှိပါဘူး။ မိတ်ဆွေအပါအဝင် ကံကောင်းတဲ့လူအနည်းစုသာ ဒီနေရာကိုရောက်နိုင်မှာ ဖြစ်ပြီး resort တွေကိုဝန်းရံထားတဲ့ စိတ်အပန်းပြေစေမယ့် ကြည်လင်နေတဲ့ရေတွေ၊ လှိုင်ဂူတွေ၊ သာယာလွန်းတဲ့ သဲဖြူဖြူဖွေးဖွေးတွေရှိရာ ကမ်းခြေတွေ နဲ့ သစ်တောစိမ်းစိမ်းတွေရဲ့ အလှကိုခံစားနိုင်မှာ ဖြစ်ပါတယ်။

3 Amanjiwo, Central Java, Indonesia

jiwo_pool2_alb

အဆင့်မြင့် အပန်းဖြေစခန်းတစ်ခုဖြစ်တဲ့ Amanjiwo ကတော့ Java ကျွန်းရဲ့အလယ်မှာ သီးသန့်တည်ရှိနေပါတယ်။ ဒီအပန်းဖြေစခန်းကတော့ လာရောက်အပန်းဖြေသူတွေကို အရှေ့တောင်အာရှရဲ့ အလှဆုံးရှုခင်းတွေနဲ့ ဆွဲဆောင်ထားပါတယ်။ အပန်းဖြေစခန်းကနေ ၃၆ဝ ဒီဂရီ လှည့်ပတ်ကြည့်လိုက်ရင် မီးတောင်တွေ၊ စပါးခင်းတွေ၊ ရွာတွေနဲ့ ဗုဒ္ဒဘာသာလူမျိုးတွေအထွတ်အမြတ်ထားရာ နေရာတစ်ခုဖြစ်တဲ့ တိတ်ဆိတ်အေးချမ်းနေတဲ့ Bobudur Temple ကိုတွေ့ရမှာပါ။ အဲ့ဒီ့ temple ကိုသွားမယ်ဆိုရင်တော့ နေဝင် နေထွက်ချိန်တွေမှာ  private tour တွေနဲ့ ချိတ်ဆက်ပြီးသွားလို့ရပါတယ်။ ရှုခင်းလှလှတွေကို အပြည့်အဝခံစားချင်တယ် ဆိုရင်တော့ မီတာ (၄၀) ကျယ်တဲ့ ပင်လယ်နဲ့တစ်ဆက်တည်း ရေကူးကန်ထဲမှာ ကိုယ့်ချစ်သူနဲ့အတူ ရေစိမ်ရင်း အဝေးကသစ်ပင်တွေရဲ့အနောက်ဘက်ဆီ နေဝင်သွားတဲ့ရှုခင်းကို ခံစားကြည့်ဖို့ တိုက်တွန်းပါရစေ

4 Langkawi Archipelago, Malaysia

rebak-islandLangkawi ကျွန်းစုရဲ့ လှပလွန်းတဲ့ရှုခင်းတွေကြောင့် အဲ့ဒီ့ကို တစ်ယောက်တည်းသွားရင်တော့ သိပ်ပြီးမထူးလှပါဘူး။ အရှေ့တောင်အာရှမှာ honeymoon အတွက် အပန်းဖြေစခန်း ဒါမှမဟုတ် စုံလင်တဲ့အစီအစဉ်တွေပါဝင်တဲ့ အပန်းဖြေစခန်းမျိုးကို ရှာနေရင်တော့ Langkawi ကျွန်းစုမှာ အကုန်ရှိပါတယ်။ သေးငယ်ပြီး ဖက်ရှင်ကျကျတည်ဆောက်ထားတဲ့ hotel တွေ နဲ့ သာယာတဲ့ကမ်းခြေတွေအနီးက hotel တွေကစလို့ ခရီးသွားများတဲ့နေရာမှာရှိတဲ့ hotel တွေနဲ့ ဈေးသက်သာတဲ့ ကမ်းခြေအပန်းဖြေစခန်းတွေအဆုံး Langkawi မှာ အားလုံးရှိပါတယ်။ စိတ်ကူးယဉ်ဆန်ဆန် အပန်းဖြေနေရာအတွက် ပထမဆုံးအနေနဲ့ Rebak ကျွန်းပေါ်က Vivanta by Taj အပန်းဖြေစခန်းကိုသွားဖို့ အကြံပေးချင်ပါတယ်။ တိတ်ဆိတ်တဲ့ကျွန်းလေးပေါ်က တစ်ခုတည်းသော အပန်းဖြေစခန်းဖြစ်ပြီး ကမ်းခြေတွေမှာ အပန်းဖြေနိုင်မယ့်အပြင် သေးငယ်တဲ့ပင်လယ်အော်တွေဆီကိုလည်း လှေနဲ့သွားနိုင်ပါတယ်။ ဒါ့အပြင် အပန်းဖြေစခန်းမှာရှိတဲ့ spa မှာလည်း ဇိမ်ခံလို့ ရပါသေးတယ်။

5 Tanah Lot Temple, Bali, Indonesia

dps-bali-tanah-lot-temple_b

Bali မှာရှိတဲ့နေရာတော်တော်များများက စိတ်ကူးယဉ်ဆန်ပြီး အချစ်သင်္ကေတလို့ ပြောနိုင်ပေမယ့် လှပတဲ့ Tanah Lot Temple ကတော့ ထူးခြားမှုတစ်ခုပါ။ ဒီ temple က စိတ်ကူးယဉ်ဆန်တဲ့နေရာဖြစ်လို့ သွားလည်စေချင်တာမဟုတ်ပါဘူး။ Tabanan ကမ်းရိုးတန်းကို သွားလည်ပြီး ကမ်းခြေမှာလမ်းလျှောက်ရင်း နေဝင်ချိန်မှာ နေရောင်ကြောင့် temple တစ်ခုလုံး အရောင်အဝါတွေ ရောပြွန်းပြီး ကောင်းကင်ဘုံသဖွယ် လင်းလက်တောက်ပနေတာကို မြင်ဖူးစေချင်လို့ပါ။ ကိုယ့်ချစ်သူနဲ့သာ ဒီလိုညနေခင်းမျိုးကို တူတူဖြတ်သန်းခွင့်ရခဲ့ရင် တစ်သက်လုံးမေ့နိုင်တော့မှာ မဟုတ်ပါဘူး။

6 Movenpick Resort & Spa Karon Beach Phuket, Thailand

hi145544725

Movenpick Resort & Spa Karon Beach Phuket ကတော့ ထိုင်းနိုင်ငံမှာ စိတ်ကူးယဉ်ဆန်ဆန်အပန်းဖြေလိုသူ ချစ်သူစုံတွဲတွေအတွက် ရိုးရိုးရှင်းရှင်းနဲ့ ပြီးပြည့်စုံစေမယ့် အပန်းဖြေစခန်းတစ်ခုဖြစ်ပါတယ်။ တိတ်ဆိတ်အေးချမ်းတဲ့ အပန်းဖြေစခန်း တစ်ခုဖြစ်ပြီး Phuket အလယ်ပိုင်းက Karon Beach နဲ့လည်းသိပ်မဝေးတဲ့အတွက် လမ်းလျှောက်သွားလို့ရပါတယ်။ Five star အဆင့် resort တစ်ခုဖြစ်ပြီး သွားရလွယ်ကူတဲ့နေရာမှာ ရှိတဲ့အတွက် တစ်ဆင့်ပြီးတစ်ဆင့် မသွားချင်တဲ့သူတွေ အတွက် အသင့်တော်ဆုံးပါ။

7 La Residence Phou Vao, Lao PDR

belmond-la-residence

Lao နိုင်ငံက La Residence Phou Vao resort ကတော့ တိတ်ဆိတ်ငြိမ်သက်တဲ့ တောတောင်တွေကြားမှာ နေရသလို ခံစားမှုမျိုး ပေးစွမ်းမှာပါ။ အာရှ နဲ့ ဥရောပရဲ့အကောင်းဆုံး အနုပညာလက်ရာဒီဇိုင်းတွေပေါင်းစပ်ပြီး အလှဆင်ထားရုံသာမက အချက်အပြုတ်ပိုင်းမှာလည်း အရှေ့တိုင်း၊ အနောက်တိုင်း အရသာတွေကို ပေါင်းစပ်ပြီး အရသာရှိတဲ့ ဟင်းလျာတွေကို ဖန်တီးချက်ပြုတ်ပေးပါတယ်။ စိမ်းလန်းတဲ့တောင်တောင်တွေကြားမှာ တည်ရှိတဲ့အတွက် လာရောက်တည်းခိုသူတွေ အေးအေးဆေးဆေးအနားယူ အပန်းဖြေနိုင်မှာဖြစ်ပါတယ်။

8 Bagan, Myanmar

ancient-city-of-bagan

ပုဂံရှေးဟောင်းနယ်မြေကတော့ မြန်မာနိုင်ငံအလယ်ပိုင်း မန္တလေးမြို့ တောင်ဘက်မှာရှိတဲ့ ဧရိယာ (၂၆) စတုရန်းမိုင် ကျယ်ဝန်းတဲ့နယ်မြေတစ်ခုဖြစ်ပါတယ်။ နယ်မြေတစ်ခုလုံးမှာ ထန်းပင်၊ မန်းကျဉ်းပင်တွေစီတန်းနေပြီး အဆုံးမရှိတဲ့ ဘုရားစေတီပေါင်းများစွာကလည်း လက်ညှိုးထိုးမလွဲပါဘဲ။ ညနေ နေဝင်ချိန်ဆို လိမ္မော်ရောင်နေလုံးကြီးရဲ့အောက်မှာ စေတီပုထိုးတွေက သပ္ပာယ်လွန်းလှပါတယ်။ ကျွန်တော်တို့အကြံပြုချင်တာကတော့ ပုဂံကိုရောက်ပြီဆို စေတီပုထိုးတွေနဲ့ အနီးအနားမှာရှိတဲ့ hotel တစ်ခုခုမှာနေပြီး လမ်းလျှောက်ပြီးဖြစ်ဖြစ်၊ မြင်းလှည်းနဲ့ပဲဖြစ်ဖြစ် ဘုရားစုံအောင်လိုက်ဖူးပါ။ ဒါ့အပြင် မိုးပျံပူဖောင်းစီးပြီးလည်း စေတီပေါင်းများစွာနဲ့ တင့်တယ်နေတဲ့ ပုဂံအလှကိုခံစားနိုင်ပါတယ်။ ခုချိန်ထိပုဂံကို ခရီးသွားအရမ်းမများသေးဘဲ နိုင်ငံခြားသားတွေသာအများစုလာရောက်လေ့ရှိတဲ့ အတွက် အေးအေးဆေးဆေးသွားရောက်အပန်းဖြေပြီး လှပတဲ့ညနေခင်းတွေကို ကုန်ဆုံးချင်တယ်ဆိုရင်တော့ ပုဂံကိုသာရွေးချယ်လိုက်ပါ။

9 Six Senses Con Dao, Viet Nam

640x450_03_ocean_front_3_bedroom_villa_master_bedroom

သဘာဝအလှများစွာကိန်းအောင်းနေတဲ့ Con Dao ကို အမျိုးသား သဘာဝဥယျာဉ်နဲ့ အဏ္ဏဝါဥယျာဉ်အဖြစ် ထိန်းသိမ်းခဲ့တာ နှစ်ပေါင်းများစွာကြာခဲ့ပါပြီ။ Six Senses Con Dao Resort ကတော့ အဲ့ဒီ့အလှအပတွေကိုခံစားနိုင်မယ့် အဆင့်မြင့်အပန်းဖြေစခန်းပဲ ဖြစ်ပါတယ်။ Con Dao ဒေသမှာကျန်ရှိနေတဲ့ ရိုးရာတံငါရွာလေးကို အနုပညာဆန်ဆန် လှပတဲ့ဒီဇိုင်းတွေနဲ့ အပန်းဖြေစခန်းတစ်ခု အဖြစ် ဖန်တီးထားတာဖြစ်ပါတယ်။ အပန်းဖြေစခန်းရဲ့ သဘာဝပတ်ဝန်းကျင် ကာကွယ်ထိန်းသိမ်းရေး နဲ့ စောင့်ရှောက်ရေး ဆိုတဲ့ ရည်ရွယ်ချက်အတိုင်း စွမ်းဆောင်နိုင်မှုကြောင့် National Geographic Traveler က ကမ္ဘာ့သဘာဝပတ်ဝန်းကျင်အထိန်းသိမ်းဆုံး အပန်းဖြေစခန်းတစ်ခုအဖြစ် အသိအမှတ်ပြုခဲ့ပါတယ်။ ဒါ့အပြင် အပန်းဖြေစခန်းမှာလာရောက်တည်းခိုသူတွေ အတွက် ပင်လယ်အလှကိုမြင်ရမယ့် နှစ်ခန်းတွဲ villa တွေကစလို့ စုံတွဲတွေအတွက် အခန်းတွင်းမှာ double basin, အခန်းတိုင်းမှာ BOSE sound system နဲ့ private ရေကူးကန်တွေလည်းပါဝင်တာကြောင့် ပတ်ဝန်းကျင်သာမက ဝန်ဆောင်မှုပါ ပြီးပြည့်စုံတဲ့ အပန်းဖြေစခန်းတစ်ခုဖြစ်ပါတယ်။

#credit
ရောက်ဖူးတဲ့နေရာဆိုတော့…ကမ္ဘောဒီးယား၊ဖူးခပ်နဲ ့ပုဂံပဲရှိသေးပါတယ်………..