Asia ရဲ့ အလှပဆုံး လျှို့ဝှက်နေရာ (၁၀) ခု

Mon LayOctober 8, 20165min1421

Asia ရဲ့ အလှပဆုံး လျှို့ဝှက်နေရာ (၁၀) ခု

လာမယ့်(၁၂)လအတွင်းအာရှရဲ့ဘယ်နေရာကိုသွားရမလဲဆိုတာဆုံးဖြတ်ရခက်နေပါသလား။LonelyPlanetသတင်းထောက်တွေက တောင်တွေကျော်၊ပင်လယ်တွေဖြတ်ပြီးရှာဖွေထားတဲ့စိတ်ဝင်စားဖွယ်နေရာတွေရှိပါတယ်။ကဲ….ဘယ်ကိုသွားမလဲဆိုတာဒီဆောင်းပါးကိုဖတ်ရင်း လေ့လာကြည့်ပါအုံး။

1 Hokkaido, Japan

Hokkaido, Japan

© Seigo Yamamura/Aflo / Getty Images

Hokkaido ရဲ့ အလှပဆုံး နှင်းတွေက နိုင်ငံတကာမှာ နာမည်ကြီးပါတယ်။ ဒါ့အပြင် Hokkaido မှာရှိတဲ့ ဂျပန်နိုင်ငံမြောက်ဘက်ဆုံး ကျွန်းကလည်း ခရီးသွားတွေကို ဆွဲဆောင်နေပါတယ်။ ခြေလျင်ဖြစ်ဖြစ်၊ စက်ဘီး၊ ဆိုင်ကယ်တွေနဲ့ဖြစ်ဖြစ် တက်နိုင်တဲ့ တောင်တန်းတွေ၊ လှပတဲ့ တောင်ပေါ်ရွာလေးတွေနဲ့ ဂဏန်း၊ ခရု၊ ကမာ စတဲ့ ပင်လယ်စာတွေလည်း ပေါများတဲ့ နေရာတစ်ခုဖြစ်ပါတယ်။ အခုဆိုရင် Hokkaido ရဲ့တောင်ဘက် ဆိပ်ကမ်းမြို့ဖြစ်တဲ့ Hakodate နဲ့ Tokyo ကို ကျည်ဆံရထားပြေးဆွဲ နေပြီဆိုတော့ အရင်ထက်အများကြီး သွားရလွယ်ကူသွားတာပေါ့။ ပြေးဆွဲနေတဲ့ ရထားကလည်း နာမည်ကျော် Japan Rail လိုင်းဖြစ်ပြီးတော့ ရထားလမ်းကိုလည်း နောက်နှစ် Asian Winter Games တွေကျင်းပမယ့် Sapporo မြို့အထိ တိုးချဲ့ပြေးဆွဲ တော့မှာ ဖြစ်ပါတယ်။

2 Shanghai, China

Oriental Pearl TV Tower and the buildings are around it. That is a landmark of Shanghai.

©tonnaja.com / Getty Images

စကြ်ာဝဠာကြီးရဲ့ အလယ်ဗဟိုကိုရှာဖွေနေတယ်ဆိုရင်တော့ လူဦးရေပေါင်း ၂၄သန်းကျော်နေထိုင်တဲ့ Shanghai မြို့ကိုသာ သွားလည်ပါ။ ပန်းခြံတွေထဲကကပွဲခန်းမတွေကိုသွားမလား၊ ရှေးခေတ်ပုံ့စံလက္ဘက်ရည်ဆိုင်တွေမှာထိုင်ချင်လား၊ပန်းကန်အပြည့်ထည့်ထားတဲ့ ပေါက်စီတွေကိုတရုတ်ရှာလကာရည်နဲ့တို့စားမလား…..။ ကော့တေးနဲ့ဘီယာဆိုင်တွေကိုမိုးမျှော်တိုက်ကြီးတွေကဝန်းရံထားပေမယ့်ရှန်ဟိုင်းမြို့ ဟောင်းလေးကတော့ကွယ်ပျောက်မသွားသေးပါဘူး။Shikumenလမ်းတွေပေါ်မှာလူတွေနဲ့ရှုပ်ထွေးနေပြီးအနုပညာလက်ရာမြောက်စွာ အလှဆင်ထားတဲ့အဆောက်အအုံတွေလည်းရှိနေပါသေးတယ်။ယခုနှစ်မှာတရုတ်ပြည်မကြီးရဲ့ပထမဆုံးDisneyresortနဲ့ကမ္ဘာ့ဒုတိယအမြင့်ဆုံး အဆောက်အဦဖြစ်တဲ့ Shanghai Tower လည်း ဖွင့်လှစ်တော့မှာ ဖြစ်ပါတယ်။

3 Jeonju, South Korea

Jeonju Hanok village with over 800 traditional Korean houses remaining in central Jeonju.

© Kangheewan / Getty Images

Jeonjuမြို့အလယ်မှာKorea နိုင်ငံရဲ့ ရှေးဟောင်းရွာတွေကို တွေ့နိုင်ပါတယ်။အမိုးချွန်ချွန်သစ်သားအိမ်တွေရာနဲ့ချီပြီးရှိတဲ့အပြင်၊ ရှေးဟောင်းပြတိုက်တွေ၊လက်ဖက်ရည်ဆိုင်တွေနဲ့လက်မှုပညာရှင်တွေရဲ့အလုပ်ခန်းတွေလည်းရှိပါတယ်။ဒါပေမယ့်ဒီမြို့မှာတွေ့ရမယ့်Korea လူမျိုးတွေကသူတို့မြို့ရဲ့ဗိသုကာလက်ရာ အဆောက်အဦတွေထက် အစားအစာတွေအကြောင်း ပြောပြဖို့ကို ပိုပြီး စိတ်ဝင်စားကြ ပါတယ်။ Korea နိုင်ငံရဲ့အစားအသောက်အပေါဆုံးနဲ့အကောင်းဆုံးမြို့လို့ ပြောရင်လည်းမမှားပါဘူး။Unescoကလည်း၂၀၁၂ခုနှစ်မှာကမ္ဘာ့အစားအသောက်အတတ်ပညာအကောင်းဆုံးမြို့လို့သတ်မှတ်ခဲ့ပါတယ်။Koreaရဲ့အကျော်ကြားဆုံးအစားအစာဖြစ်တဲ့ ရေညှိထမင်းလိပ် မွေးဖွားရာဒေသလည်းဖြစ်ပါတယ်။အခုဆိုရင်တော့Jeonjuမြို့ရဲ့လမ်းပေါ်ကအစားအသောက်ပြိုင်ပွဲတွေက လူငယ်တွေကို ဆွဲဆောင်နေပါတယ်။

4 Con Dao Islands, Vietnam

Sunrise at Con Dao Island, Ba Ria Vung Tau Province, Vietnam; Shutterstock ID 419810302; Your name (First / Last): Katie Johnston for Chris Downey ; GL account no.: 60240; Netsuite department name: Marketing Australia 7221; Full Product or Project name including edition: Best in Asia Landing Page

A© Cao Tran Tho / Shutterstock

ဆယ်စုနှစ်ပေါင်းများစွာကိုလိုနီလက်အောက်ခံဖြစ်ခဲ့တဲ့ConDaoကျွန်းစုတွေကအခုချိန်မှာတော့သက်ဝင်လှုပ်ရှားလာပါပြီ။အဲ့ဒီ့ကျွန်းစုတွေကအာရှခရီးသွားလုပ်ငန်းအတွက်စိတ်ဝင်းစားစရာဈေးကွက်အဖြစ် နေရာယူထားပါတယ်။၁၉၈၄ခုနှစ်ကတည်းကဖွင့်လှစ်ခဲ့တဲ့အမျိုးသားသဘာဝဥယျာဉ်မှာလှပတဲ့သန္တာကျောက်တန်းတွေဝန်းရံထားတဲ့Vietnam နိုင်ငံရဲ့အကောင်းဆုံး ရေငုပ်နေရာ၊ ခြေလျင်လေ့လာရေးခရီးအဖြစ်သွားနိုင်တဲ့အပူပိုင်းသစ်တောတွေနဲ့ ဖြူဖွေးနေတဲ့သဲသောင်ပြင်တွေရှိရာကမ်းရိုးတန်းတွေပါဝင်ပါတယ်။ကျွန်းပေါ်ကခရီးသွားအများစု ဈေးဝယ်တဲ့နေရာဖြစ်တဲ့ သမိုင်းဝင် Con Son မြို့မှာ ကော်ဖီဆိုင် တွေ ဘားတွေလည်းရှိပါတယ်။ ပိုက်ဆံများများသုံးနိုင်သူတွေအတွက် SixSensesအပန်းဖြေစခန်းလည်းရှိပါသေးတယ်။ဟိုချီမင်းမြို့ကနေ လေယာဉ်နဲ့သွားနိုင်ပါတယ်။အဲ့ဒီ့အပန်းဖြေစခန်းကလတ်ဆတ်တဲ့ပင်လယ်စာတွေကဘယ်နေရာမှာမှမရနိုင်သလိုတခြားနေရာတွေမှာမတွေ့နိုင်တဲ့ပင်လယ်ကမ်းခြေအလှကိုလည်းအပန်းဖြေစခန်းမှာခံစားနိုင်ပါတယ်။

5 Hong Kong, China

Traditional Chinese Junkboat sailing across Victoria Harbour at sunset, Hong Kong © chinaface / Getty Images

© chinaface / Getty Images

မိုးမျှော်တိုက်တွေဝန်းရံနေတဲ့အစိုးရရုံးဆိုင်ရာ ဟောင်ကောင်မြို့ကတော့တရုတ်ယဉ်ကျေးမှုတွေအရသာရှိတဲ့ဟင်းလျာတွေနဲ့ကုန်ပစ္စည်းတွေကြောင့်ကမ္ဘာမှာနာမည်ကြီးသလိုယခုအခါမှာလည်းမြို့ရဲ့အရှေ့တောင်ဘက်၅ဝစတုရန်းကီလိုမီတာလောက်ကိုUnesco အသိအမှတ်ပြုGeoparkအဖြစ်သတ်မှတ်ထားပါတယ်။အဲ့ဒီ့ဒေသမှာရှိတဲ့SaiKongမြို့နဲ့၎င်းဒေသက ရှေးဟောင်းကျောက်ဖြစ်ရုပ်ကြွင်းတွေထွက်ရာနေရာကိုယခုနှစ် မေလကစတင်ပြီးbusကားတွေပြေးဆွဲတော့မှာဖြစ်ပြီးမကြာမီLaiChiWoရွာအထိလည်းတိုးချဲ့ပြေးဆွဲမှာဖြစ်ပါတယ်။ တစ်ချိန်က ကန္တာရတစ်ပိုင်းဖြစ်ခဲ့တဲ့ Lai Chi Wo ရွာက အခုချိန်မှာတော့ ဒေသခံရွာသူရွာသားတွေက ခရီးသွားလုပ်ငန်းတွေ အချက်အပြုတ်လုပ်ငန်းတွေကိုလုပ်ကိုင်ပြီးတိုးတက်တဲ့ရွာတစ်ရွာဖြစ်နေပါပြီ။အဲ့ဒီ့ မြို့မကျတောမကျရွာလေးကနေ၎င်းရဲ့အိမ်နီးချင်းဖြစ်တဲ့ ShamShuiPoမြို့မှာလိုအနုပညာရှင်တွေပေါ်ထွက်လာပြီးတော့FishSchoolနဲ့Kin’sKitchenလိုမျိုး ကျော်ကြားတဲ့စားသောက်ဆိုင်တွေကလည်း  Hong Kong မြို့ နှစ်(၂၀) ပြည့်မှာ စတင်ဖွင့်လှစ်ခဲ့ပါတယ်။

6 Ipoh, Malaysia

Ipoh is a city in Malaysia, approximately 200km north of Kuala Lumpur © coleong / Getty Images

© coleong / Getty Images

မလေးရှားနိုင်ငံရဲ့လူသိနည်းတဲ့အစားအသောက်မြို့တော်က၎င်းရဲ့သမိုင်းဝင်ဒေသ တွေမှာဖွင့်လှစ်လိုက်တဲ့ ကော်ဖီဆိုင်ငယ်လေးတွေကြောင့်ဘူသိများလာခဲ့ပါတယ်။ နောက်တစ်ခုကတော့Ipoh မြို့လယ်ကမှန်ထပ်ခိုးခန်းတွေနဲ့နံရံမပါတဲ့ ခေါင်မိုး ထပ်တွေရှိတဲ့ Sekeping Kong Heng hotel ကြောင့်ပါ။ Roquette, Burps & Giggles နဲ့ Everyday Lifeshop လိုမျိုး  art-cafe တွေက ယိုယွင်းစပြုနေတဲ့ လက်ဖက်ရည်ဆိုင်ငယ်လေးတွေနဲ့ကိုလိုနီခေတ်အဆောက်အအုံဟောင်းတွေကြားမှာထင်ရှား နေပါတယ်။ဒါပေမယ့်အစားအသောက်နှစ်ခြိုက်သူတွေကတော့ Ipohရဲ့နာမည်ကျော် Lou Wong ကြက်သား ပဲပင်ပေါက်အကြွပ်ကြော် နဲ့  Funny Mountains က တိုဟူးပူတင်း ကို  ခုချိန်ထိ အားပေးနေတုန်းပါ။  ဒါ့အပြင် Kinta Nature Park မှာ စက်ဘီးစီးရင်းငှက်တွေ လိုက်ကြည့်မလား၊ Gopeng အနီးမှာ လှိုင်းစီးမလား၊ကမ်းပါးယံတွေထိပ်ကဘုရားတွေကို သွားဖူးမလား၊ မွှေးပျံ့နေတဲ့ Gaharu လက်ဖက်စိုက်တဲ့တောင်ကုန်းဆီသွားမလား…… ဒီလိုလုပ်စရာတွေများလွန်းတဲ့နေရာက မကြာခင်မှာ ခရီးသွားတွေများလာတော့မှာ အသေအချာပါဘဲ။

7 Pemuteran, Indonesia

Buddha statue on sea sand bottom on background of snorkeler swimming deep down into water to observe tropical reef. Vacation adventures and underwater safari on scuba diving sites in Bali, Indonesia.; © Tropical studio / Shutterstock

© Tropical studio / Shutterstock

Baliရဲ့အနောက်မြောက်ဘက်မှာရှိတဲ့Menjanganကျွန်းကပင်လယ်ရေပြာပြာထဲမှာ ရေစိမ်လိုက်တာနဲ့ ရောင်စုံရေပူဖောင်းလေးတွေကရေပေါ်မှာပေါ်လာပါလိမ့်မယ်။ ရေငုပ်ကြည့်ရင်လည်းအင်ဒိုနီးရှားရဲ့အလှဆုံးသန္တာကျောက်နံရံတွေကိုတွေ့ရပါလိမ့်မယ်။ ဒီရေအောက်ကမ္ဘာကအရမ်းကိုလှပပါတယ်။ဒါပေမယ့်သွားမယ်ဆိုရင် တော့တိုက်ရိုက်သွားလို့မရပါဘူး။MenjanganအနီးကPemuteranကမ်းခြေမှာနေပြီးအဲ့ဒီ့ကတစ်ဆင့်သွားရပါမယ်။ကျွန်းရဲ့တောင်ဘက်လမ်းတွေမှာတွေ့ရမယ့် မြစိမ်းရောင်စပါးစိုက်ခင်းတွေကလည်း လှေကားထစ်စိုက်ခင်းပုံစံနဲ့စိုက်ပျိုးတာဖြစ်ပြီး မြင်ရသူတွေကို နောက်တစ်ခါလာချင်အောင်ဆွဲဆောင်နေပါတယ်။ခရီးသွားတွေများလာမယ့်အချိန်ကိုစောင့်မနေပါနဲ့။ စောစောစီးစီးသွားပြီးအနုပညာဆန်ဆန်အလှဆင်ထားတဲ့အပန်းဖြေစခန်းတွေမှာအပန်းဖြေရင်းအရသာရှိတဲ့အစားအစာတွေရတဲ့ စားသောက်ဆိုင်တွေကိုလည်း သွားရောက်လေ့လာကြည့်ပါ။

8 Trang Islands, Thailand

Two wooden longtail boats mooring on the beach with limestone rock formation in the background, Trang, South of Thailand. © Sunphol Sorakul / Getty Images

© Sunphol Sorakul / Getty Images

ထိုင်းနိုင်ငံရဲ့Trangကျွန်းစုတွေကကပ္ပလီပင်လယ်ထဲကအိမ်နီးချင်းကျွန်းတွေဖြစ်တဲ့Phuket,KoPhiPhiနဲ့KoLantaကျွန်းတွေလိုပဲလှပပါတယ်။အဲ့ဒီ့ကျွန်းတွေလောက်တော့ခရီးသွားသိပ်မများသေးပါဘူး။စိမ်းစိုနေတဲ့တောင်တန်းတွေရဲ့အလယ်က ရွှေဝါရောင်ကမ်းခြေတွေ၊ သဲသောင်တွေကို ကွေ့ပတ်ပြီးပင်လယ်ကိုမျက်နှာမူ ဆောက်ထားတဲ့bungalow တွေနဲ့ ရွေ့လျားနေတဲ့သက်တန့်တွေက ခရီးသွားတွေကို လှပစွာ ဆွဲဆောင်နေပါတယ်။ တိုးတက်နေတဲ့ ပို့ဆောင်ရေးစနစ်ကြောင့် သွားလာရလည်း လွယ်ကူပါတယ်။ Ko Kradan ကျွန်းပေါ်မှာ အချိန်ဖြုန်းမလား၊KoNgaiကျွန်းကသန္တာကျောက်တန်း တွေကြားမှာရေငုပ်မလား၊KoSukornကစပါးခင်းတွေကြားမှာ ပြေးလွှားဆော့ကစားမလား၊ မြစိမ်းရောင်KoMukဂူထဲကို လှေလှော်ပြီးသွားလေ့လာမလား၊KoLibongကျွန်းပေါ်ကအန္တရာယ်မရှိတဲ့ပင်လယ်သတ္တဝါတွေကို သွားကြည့်မလား…… ။ခရီးသွားတွေသိပ်မများခင် အဲ့ဒီ့ကျွန်းတွေကိုသွားလည်ဖို့ အကြံပေးချင်ပါတယ်။

9 Meghalaya, India

Nohkalikai Falls @ Cherrapunji, Meghalaya during misty morning. © Mahesh / Getty Images

© Mahesh / Getty Images

Indiaရဲ့ ပျောက်ဆုံးနေတဲ့ကမ္ဘာကိုရှာဖွေနေတယ်ဆိုရင်တော့Meghalayaက ပျောက်ဆုံးနေတဲ့ကမ္ဘာပါဘဲ။ Bangladeshi လွင်ပြင်ကနေ Assam’sBrahmaputraVellyကိုပိုင်းခြားပေးတဲ့ထုံးကျောက်ကုန်းပြင်မြင့်ကြီးပါပဲ။မိုးအရမ်းများတဲ့အတွက်ကမ္ဘာ့အစိုစွတ်ဆုံးနေရာလို့တောင်သတ်မှတ်ခံရပါတယ်။ဒါပေမယ့် ကောင်းကင်ကြည်လင်ပြီး နေထွက်လာတဲ့အခါ ရေတံခွန်တွေ၊ကင်းစောင့်တဲတွေနဲ့ တောထဲကသစ်မြစ်ရှင်တွေကနေထိုးထွက်နေတဲ့တံတားတွေကို တွေ့ရမှာပါ။ ခြေလျင်တောင်တက်ခရီးတွေ၊လိုဏ်ဂူထဲကိုလေ့လာချင်သူတွေနဲ့ ရေထဲမှာဖောင်စီးရတာကြိုက်သူတွေအတွက်အထူးသင့်လျော်တဲ့ နေရာတစ်ခုဖြစ်ပါတယ်။၁ဝစုနှစ်ပေါင်းများစွာကြာမှလူသိများခဲ့တဲ့Meghalayaမှာအဓိကကိုးကွယ်တဲ့ဘာသာကတော့ခရစ်ယာန်ဘာသာဖြစ်ပြီး၊ လေး/မြှားပစ်တာက ဒေသအားကစားတစ်ခုပါ။မိုးရွာတဲ့အခါ လယ်သမားတွေကလိပ်ခွံပုံစံ ခြင်းတွေကိုကိုယ်မှာဝတ်ပြီးမိုးမစိုအောင်ကာကွယ်ကြပါတယ်။ဒီဒေသကမကြာခင်မှာခရီးသွားတွေများလာတော့မှာပါ။ ဒါ့ကြောင့် အခုချိန်မှာသွားလည်ဖို့ တိုက်တွန်းချင်ပါတယ်။

10 Taitung, Taiwan

Eight-arch bridge. © Anthony Ko / Getty Images

© Anthony Ko / Getty Images

စိမ်းစိုနေတဲ့တောင်ကုန်းတွေနဲ့စိမ်းပြာရောင်Pacificသမုဒ္ဒရာကြီးဝန်းရံထားတဲ့TaitungကTaiwanရဲ့လှပတဲ့လျှို့ဝှက်နေရာလေးတစ်ခုပါပဲ။ ကောက်ရိတ်သိမ်းပြီးချိန်မှာ တေးသီးချင်းတွေဆန်အရက်တွေနဲ့ ပြုလုပ်တဲ့ ကောက်ရိတ်ပွဲတော်တွေကျင်းပရာ ဒေသတစ်ခုလည်းဖြစ်ပါတယ်။ နှစ်စဉ်တရုတ်နှစ်သစ်ကူးတိုင်းမှာBombingMasterHandanပွဲတော်ကိုလက်ခံကျင်းပတဲ့မြို့လည်းဖြစ်ပါတယ်။ နွေရာသီတွေမှာဆိုရင်ကမ်းရိုးတန်းတစ်လျှှောက်လှိုင်းစီးသူတွေနဲ့ပြည့်နေပြီး၊ထိုင်ဝမ်ရိုးရာဘာသာရေးပွဲတော်အဖြစ်မီးပုံပျံတွေလွှတ်တဲ့အချိန်လည်းဖြစ်တော့ ကောင်းကင်ယံမှာလည်း ရောင်စုံမီးပုံးတွေနဲ့ ပြည့်နေပါတယ်။လိမ္မော်ရောင်လီလီစိုက်ခင်းတွေကြားမှာလမ်းလျှောက်ဖို့အတွက်စက်တင်ဘာမတိုင်ခင်သွားပါ။ပြီးရင်ပွင့်ဖတ်တွေကိုဟင်းခတ်အမွှေးအကြိုင်တွေနဲ့ကြွပ်နေအောင်ကြော်ထားတဲ့ဟင်းကို ပြီးအဲ့ဒါတွေအပြင်ဒီကျေးလက်ဒေသလေးမှာ ဝေလငါးကြည့်တာ၊ ကြယ်ကြည့်တာနဲ့ စက်ဘီင်္းစီးတာတွေကိုလည်း လုပ်နိုင်ပါသေးတယ်။

credit:huffingtonpost.com

Ps : ရောက်ဖူးတာဆိုတာ..ထိုင်းနိုင်ငံပဲရှိပါသေးတယ်…………