သူ့အရိပ်ဟာ ကိုယ့်အတ်တ Reflection

ဘင်္ဂလားနယ်စပ်စခန်းတွေ အတိုက်ခံရပြီး နောက်ဆက်တွဲ သတင်းတွေ တက်လာပြီ။ အကြမ်းဖက်တိုက်ခိုက်သွားသူတွေနဲ့ စစ်တပ် ရင်ဆိုင်တိုက်ပွဲဖြစ်တယ်။ နှစ်ဖက်စလုံးမှာ ထိခိုက်က ျဆုံးမှု ရှိကြောင်း… သတင်းနဲ့အတူ ဖမ်းဆီးရမိတဲ့ င်္ဘဂါလီသုံ့ပန်းအချို့ပုံ ဖဘမှာတက်လာတယ်။ ဖြစ်ပြီး နောက်တနေ့မှာတင် ဝင်စီးစဉ် အရှင်လက်ရ ဖမ်းမိဆိုတဲ့ ဘင်္ဂါလီ အကြမ်းဖက်သမားတဦးပုံကို အင်တာနက်မှာ မြင်ရတယ်။  ဆဲသံ ဆိုသံ နင်ပဲငဆသံတွေကတော့ ပြောမနေနဲ့.. ဇာဂနာပြောသလို ဆဲရင်းနဲ့ ဆင်းရဲနေတဲ့ မြန်တြံ့တွေပဲဟာ။ ကြားက လူ့အခွင့်အရေး၊ အရပ်သားအစိုးရ နဲ့ ဒီမိုကရေစီပါ အဆဲခံရတာ ဘယ်ပြောကောင်းမလဲ… ကိုယ့်အရပ်နဲ့ကိုယ့်ဇာတ် ဂလောက်တော့ ရှိပေမပေါ့..

ဒီနေ့ သတင်းစာမှာ အကြမ်းဖက်သမား၂ဦးကို သွေးသံရဲရဲနဲ့ မြေပေါ်ထိုင်လို့တွေ့တယ်။ ဓါတ်ပုံ ဘယ်သူပေးသလဲ စစ်တပ်ကလား၊ ပြန်ကြားရေးကလား၊ လူတွေပါဗ ျာ…။ ဘိန်းဂိုဏ်းခေါင်းဆောင် စိုင်းနော်ခမ်းကို တရုတ်ကမိပြီး သေဒဏ်ပေးတဲ့အခါ မြေပေါ်မှာ ဒူးထောက် တောင်းပန်ခိုင်းတာ မြန်တြံ့တွေ နာကြတယ် မဟုတ်လား။ ကူမြူ နစ်တရုတ် ငါ့လူကို မင်းသတ်လို့ အဲလို အပြစ်ပေးတယ်၊ လူတွေကို ပြတယ်လေ။ ကိုယ့်အလှည့်က ျတော့ ဘယ်လိုနေသလဲ။ အဲဒီလို မဆင်မခြင် လုပ်တဲ့အက ျ ိုးဆက် တရုတ်ကို ပိုအမုန်းပွား အထင်သေးတယ် မဟုတ်လား။ ပိုလေးစား အထင်ကြီး ကြောက်တာ မတွေ့ပါ၊ ပိုရွံတယ်ဆို မှန်လိမ့်မယ်။ ငါတို့မလုပ်လဲ ဘင်္ဂါလီအကြမ်းဖက်တွေ လက်ထဲရောက်ရင် လုပ်မှာပဲ အကြောင်းပြချက် မပေးပါနဲ့၊ ကိုယ့်ကိုယ်ကို ရဲလို့ ထင်ရင် သူခိုးဓါးပြလို ပြု ူမူလို့ မရဘူး။ အမေရိကန်ကို လူအထင်ကြီးတာ သူ့ကိုယ် တိုက်ခိုက်တဲ့ ရန်သူလို ဆင်ခြင်တုံမဲ့ ပြန်လုပ်ဘူး။ စိတ်ထဲတော့ မုန်းတီးလက်စားခြေချင်စိတ် ဘယ်လေ ျာ့ပါ့မလဲ။

မြေယိုးတရုတ် ကဗာမကြေဘူးကွ
မြေယိုးတရုတ် ကဗာမကြေဘူးကွ

ကိုယ့်လာသတ်တဲ့ရန်သူ ပြန်မသတ်ရ မဆိုလို၊ သူသေကိုယ်သေ ပစ်ကြပြီဆို သွေးထွက်သံယိုရှိ ကြမ်းတမ်းရက်စက်မှုများ ရှိတာ စစ်ရဲ့ အနိဌာရုံများပါ။ ဒါကြောင့် စစ်ပွဲကို ဘယ်သူမှ မလိုခြင်.. ကာယကံရှင်များပို ခံစားတတ်ပါမည်၊ အဲ.. စစ်မတိုက်ရရင် ခွက်ပေ ျာက်မှာစိုးတဲ့ လက်တဆုပ်စာ စစ်ခွေးဘီလူးနဲ့ စစ်ဘောမတွေကတော့ ခြွင်းချက်ပေါ့။ စစ်တိုက်ကြပြီဆိုလ ျင် လိုအပ်တဲ့ တုံ့ပြန်မှု ပြုပါ၊ ရန်သူ သေနတ်နဲ့ပစ်လို့ ကိုယ်က အမြောက်နဲ့ပြန်ထုတာ အနိုင်က ျင့်တယ် ပြောမရ၊ သို့ပေမဲ့ လုံလောက်တဲ့ အကြောင်းပြချက် ခိုင်လုံတဲ့ က ျ ိုးကြောင်းဆီလေ ျာ်မှု လိုတယ်။ ဥပမာ ယူအက်စ်က အရှေ့အလယ်ပိုင်းနဲ့ အာဖဂန်နစ်စတန် စစ်ပွဲမှာ မြေပြင်တိုက်ပွဲ ရင်ဆိုင်တိုက်ရင် အက ျအဆုံး အလွန်များမှာမို့ လေကြောင်းနဲ့ရေတပ်စစ်ကူ အဓိကထား ထိုးနှက်တယ်။ အားခြင်းမမ ျှတော့ မာမွတ်တို့ လ ျှာပွတ်ပေါ့။ ဒါကို အနိုင်က ျင့်တယ် ပြောမရဘူး။ အင်အားအလွန်အကျွံ မသုံးခင်မှာ လိုအပ်တဲ့ မြေပြင်လေ့လာမှု၊ အရပ်သား ထိခိုက်မှု အနည်းဆုံး ဖြစ်အောင် လုပ်ပီးမှ ပစ်တာ။ မြန်တြံ့စစ်တပ်သည် အရင်လို စစ်အဆိုးဓမြခေတ် မဟုတ်တော့ဘဲ အရပ်သားအစိုးရခေတ် ဖြစ်နေပြီမို့ အယင်လို သောက်ရမ်းတော့ လုပ်ရမည်မထင်။

သူ့အရိပ်ဟာ ကိုယ့်အတ်တပါပဲ
သူ့အရိပ်ဟာ ကိုယ့်အတ်တပါပဲ

ကိုယ့်ဖက်က ကြည့်တော့ လူဆိုး၊ သူ့ဖက်က ကြည့်တော့ သူရဲကောင်း ပါ။ အမှား အမှန် သမိုင်းကြောင်း နဲ့မဆိုင်ဘူး။ ခွဲသင့်တဲ့နေရာခွဲ တွဲသင့်တဲ့အခါ တွဲရတယ်။ စစ်သားထဲမှာတောင်မှ ပညာရှိတဲ့စစ်သား လူစိတ်ရှိတဲ့စစ်သား ကိုယ့်ကိုလာသတ်တဲ့ ရန်သူကို သူ့တန်ဖိုးအလေ ျာက် တုံ့ပြန်တတ်တယ်။ စကားစပ်လို့ ၈၈ခုနှစ် အရေးခင်းပီးစ မြစ်ကြီးနားလား လားရှိုးလား မသိဘူး အဲဒီမြို့ ထောင်မှာ ဖမ်းထားတဲ့ ကေ ျာင်းသားသူပုန်တွေကို အေဘီအက်စ်ဒီအက်ဖ် မြောက်ပိုင်းက မအောင်မြင်တဲ့ ညဖက် မြို့တွင်းတိုက်ပွဲ ဝင်ကယ်တယ်။ တပ်အထပ်ထပ် ချထားလို့ မဖြစ်ဘူး ထင်ပေမဲ့ အက ျဉ်းထောင်နားအထိ ရောက်နိုင်ခဲ့တယ်။ တိုက်ပွဲပြီးတော့ က ျက ျန်တဲ့ ကေ ျာင်းသားသူပုန်အလောင်းကို စစ်အခမ်းအနားနဲ့ သဂြိုလ်တယ်တဲ့။ အင်တာနက်မှာ တချိန်က ဖတ်ဖူး။ အဲဒါမှ ပရော်ဖက်ရှင်နယ် စစ်သား။။ အဲဒီစစ်ဗိုလ် ဘယ်သူ၊ ဘယ်ရောက်လို့ ဘာဖြစ်တယ်မသိ။

ထောက်ပြချင်တာ ရန်သူမိတဲ့အခါ သုံ့ပန်းဖြစ်နေပြီမို့ ဖမ်းဆီးရမိသူမှာ တာဝန်ရှိတယ်။ အနိမ့်ဆုံး အနေနဲ့ လူ့ဂုဏ်သိခါ ညှိုးနွမ်းစေမည့် အပြုအမူ လုပ်ရပ်များကို ရှောင်ကြဉ်ရပါမည်။ ဒီဖက်ခေတ် စစ်ဗိုလ်တွေ ခံတွင်းတွေ့နေတဲ့ ပရော်ဖက်ရှင်နယ်စစ်တပ်ဆိုတာ ယူနီဖောင်းကော်တောင့် နေအောင်ဝတ်၊ ခေတ်မှီမောင်းပြန်သေနတ် ကိုင်နိုင်ခြင်းထက် ကိုယ့်အခြင်းခြင်း၊ ကိုယ်နဲ့ပြိုင်ဖက်၊ ကိုယ်နဲ့ရန်သူ ဘယ်လိုဆက်ဆံ ပြုမူသလဲပေါ် ပိုမူတည်ပါတယ်။ အမေရိကန်လည်း သူသည်းမခံနိုင်တဲ့ ရန်သူဆို လက်ရမဖမ်းဘူး အသေသတ်တာပဲ။ တရားရုံးခွင့်ပြုချက်တောင်ပါလိုက်သေး။ မြန်တြံ့မှာက ျတော့ စစ်ခွေးသံအချို့ထွက်လာတယ်၊ အကြမ်းဖက်သမား ဖမ်းတာ တရားရုံး ဝရမ်းယူစရာ မလို သွေးထိုးလှုံ့ဆော်တယ်။ အရပ်သားအစိုးရ လက်ထက်မို့ ထင်သလို လုပ်မရတာ သိကြဘူးထင်ရဲ့။ ရန်သူနဲ့ တိုက်တဲ့အခါ ကိုယ့်ဖက် ထိခို်က်မှု အနည်းဆုံးဖြစ်အောင် စီမံပါ သို့သော် သုံ့ပန်းမိပြီ ဆိုရင်တော့ လူတဦးအနေနဲ့ ဆက်ဆံပါ။ တဖက်ရန်သူကို သေးသိမ်အောင် တမင်ဖြစ်စေ၊ ရုတ်တရက်ဖြစ်စေ ပြုလုပ်ပြီး ဝါဒဖြန့်ခြင်းဟာ ကောင်းက ျ ိုးထက် ဆိုးက ျ ိုးသာ ဖြစ်စေတယ်။ အဲဒီလို ပြုမူခံလိုက်ရသူဖက်မှာလည်း နာက ျည်းခံပြင်း မုန်းတီးစိတ်ပွားစေတယ်။ သူတို့အလှည့်ရောက်လို့ ကိုယ့်လူမိတဲ့အခါ ဘယ်လိုပြန်လုပ်မည်ထင်သလဲ။ သူတပြန် ငါတလှည့် ရိုင်းစိုင်းမှုများ ဆုံးပါဦးမည်လား။ ရန်သူကို နိုင်တုံး ထင်သလို ပြုခြင်းကို စစ်အဆိုးဓမြ လက်ထက်မှာ ဒီမိုသမားနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ ခံရပြီးပြီ။ လူ့ဂုဏ်သိပ်ခါမဲ့ အရှက်တကွဲ ပြုမူချက်များနော်၊  လိုရင်းရောက်ပါရဲ့လား.. စဉ်းစားပါ။

လူ့ဂုဏ်သိပ်ခါ ဘယ်မှာလဲ
လူ့ဂုဏ်သိပ်ခါ လိုက်လို့ရှာ

မိထားတဲ့သူကို လူသားတဦး အနေနဲ့ ထိတွေ့ဆက်ဆံခြင်းဟာ ကိုယ့်ဂုဏ်သိပ်ခါတက်စေသလို တဖက်သားရဲ့ လေးစားအထင်ကြီးမှုကိုလည်းရတယ်။ ဒါဆို စီအိုင်အေက တာလီဘန်နဲ့အယ်လ်ကိုင်းဒါးတွေကို သူတို့လ ျှို့ဝှက်အက ျဉ်းစခန်းမှာ ဘယ်လိုဆက်ဆံခဲ့သလဲ မေးရင် ၂ပိုင်းရှိတယ်။ ပထမပိုင်းက သူတို့ကို လူမြင်ကွင်းမှာ အဲလိုမလုပ်၊ စစ်အက ျဉ်းသားသဖွယ် ဆက်ဆံတယ်။ ဒုတိယပိုင်း လူကွယ်ရာကြမှ သတင်းအချက်အလက်ရဖို့ လူ့ဂုဏ်သိပ်ခါမဲ့ ခ ျ ိုးနှိမ်ဆက်ဆံတာ။ အဲဒီအတွက်လဲ ယူအက်စ်အစိုးရ တောင်းပန်ရပြီးပြီ၊ ပြုလုပ်သူများလဲ ပြစ်ဒဏ်အသီးသီးခံရတယ်။ စစ်ကြောရေးမှာ ပြုမူတာ အငြင်းပွားစရာပဲ။ လူ့အခွင့်အရေးနဲ့ သတင်းရရေး ဘယ်လို ဟန်ချက်ညီအောင် လုပ်မလဲ။ နွယ်လာလို့ ထည့်ရေးတာပါ၊ မြန်တြံ့ပြည် အဲလောက် မရင့်က ျက်သေး။ သိပ်ယဉ်ကေ ျးပါတယ်ဆိုတဲ့ နိုင်ငံတွေတောင် တကယ် သေရေးရှင်ရေးကြုံလာတဲ့အခါ လုပ်ခြင်တာလ ုပ်ကြတာပါပဲ။ ခုပြောနေတာ ပထမပိုင်းသက်သက်.. ဟန်ဆောင်ယဉ်ကေ ျးမှု ခေါ်ခြင်ခေါ် အထင်ကြီးအောင်လုပ်တယ် ပြောပြော လူ့က ျင့်ဝတ် ဖြစ်ပါတယ်။ မိထားတဲ့ရန်သူကို လက်ပြန်ကြိုးတုပ် မြေကြီးပေါ် စောင့်ကြောင့်ထိုင်ခိုင်း ဓါတ်ပုံရိုက် လူရှေ့သူရှေ့ထုတ်ပြ၊ သွေးသံရဲရဲနဲ့ပုံတွေ လူတွေကိုပြ။ ငါတို့ကို လုပ်တဲ့ကောင် ပြန်စော်လိုက်တယ်ပေါ့လေ။ မှန်ပါသလား… အဲလို လုပ်လိုက်လို့ ရန်သူကို ပိုနိုင်သွားသလား၊ မိမိ အားပိုကြီးလာသလား။ အမျိုးဘာသာ သာသနာကို အဲလို စောင့်ရှောက်လို့ မရ။ ကဗာ့အလယ်မှာ နှစ်ပေါင်းထောင်ချီ ယဉ်ကေ ျးမှု ရာဇဝင် စကားနဲ့ ပြောလို့ မဖြစ်။ ဒေါ်စုကလည်း သတိကြီးကြီးထားပြီး ဥပဒေနဲ့အညီ တုံ့ပြန်အရေးယူဖို့ ညွှန်ကြားထားပြီ။ အတိတ် သမိုင်းကြောင်းကို ပစ်စုပ်ပန် ဖြစ်ရပ်များက ညွှန်ပြတယ်။ မြန်တြံ့တတွေ က ျ ုပ်တို့ခေတ်ရောက်မှ ညံ့က ျမှာလား ….။

 

2 comments

  • Thint Aye Yeik

    October 12, 2016 at 11:44 am

    ဒါ ဒို့တိုင်း ဒို့ပြည် ဒို့ဗမာပြည်

  • kai

    October 12, 2016 at 3:39 pm

    မှန်ပါတယ်..။
    လူသားကို လူသားလိုသာ ဆက်ဆံရမှာပါ..။
    တချိန်ချိန်.. ကိုယ့်အလှည့်မရောက်လာဘူးလို့.. မည်သူကမှ အာမမခံနိုင်..။
    ဆိုတော့..
    လူသားဆန်စွာ… :k:

Leave a Reply