ခေတ်သစ်လိမ်လည်နည်းများ

Foolish GirlOctober 12, 20161min1184

မြန်မာနိုင်ငံမှာ  Facebook သုံးတဲ့သူတော်တော်ကိုများနေပါပြီ

အောက်ခြေအလုပ်သမားကအစ ဟိုးအထက်ကပုဂ္ဂိုလ်တွေထိတောင်ကို ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုနေကြတာပါ။

Facebook ကြောင့် ဝေးကွာသူတွေပြန်ဆုံတယ်၊ ဗဟုသုတတွေလည်းအများကြီးရ၊ သတင်းပေါင်းစုံ အတင်းအဖျင်းပေါင်းစုံလည်းသိရ၊ အစအစသောအကျိုးကျေးဇူးတွေအများကြီးရတယ်။

လောကသဘာဝအရ ကောင်းကျိုးရှိတော့ အဆိုးလည်းရှိပါတယ်။

Relationship ပျက်စီးရတယ် ၊ အိမ်ထောင်တွေကွဲရတယ်

သမီးပျိုလေးတွေအချိန်မတန်ခင် အပျိုရည်ပျက်ရတယ်

လူကုန်ကူးသူတွေ / ဒုစရိုက်သမားတွေရဲ့ သားကောင်ရှာတဲ့ စားကျက်ဖြစ်လာတယ်

အနီးကလူတွေနဲ့ဝေးကွာစေတယ်

ကျန်းမာရေး အထူးသဖြင့် လက်ဆစ်နှင့် မျက်လုံးကျန်းမာရေးကိုထိခိုက်စေတယ်

အစအစရှိသဖြင့်ပေါ့

ခုတလောခေတ်စားလာတဲ့ facebook ပြသနာလေးတွေက

၁) Online Shopping အတုလုပ်တယ် ငွေအရင်လွဲပါ ပစ္စည်းကို တစ်ပတ်နေရင်ပို့ပေးပါ့မယ် ဘာညာပေါ့၊ အစပိုင်းကတော့ မှန်မှန်ကန်ကန်လုပ်တယ် နာမည်လေးရပြီး Order များလာတော့မှ Page ကိုလက်စဖျောက် ကြိုရထားတဲ့ငွေတွေနဲ့ ပြေးပြီပေါ့။

၂) ဟိုတလောကကြားရတဲ့သတင်း ရှယ်ယာရောင်းတယ် Online ကနေပြီးတော့။ အမြတ် ၄၀%ရမယ်ဘာညာပေါ့။  ဒါကိုယုံတဲ့သူကလည်းယုံတယ်။ ပြီးတော့ နံပါတ်၁ ကလိုပဲငွေတွေရတော့ ထွက်ပြေးတယ်။

၃) မိတ်တွေဖွဲ့တယ်ခင်ချင်တယ်ဘာညာပေါ့။ ပြီးတော့ လပိုင်းလောက်လေးကြိုက်ပြီး အပြင်မှာမတွေ့ဘူးလို့တွေ့ချင်ပါတယ်ပြောပြီးချိန်းပြီးတော့ ပန်းဦးခြွေ ဒါမှမဟုတ် ရောင်းစား။

၄) နံပါတ် ၃ ကလိုပဲ ပန်းဦးခြွေခံရတဲ့မိန်းကလေးကို ဓါတ်ပုံတွေမသိအောင်ရိုက်ထားပြီးငွေညှစ်တယ်။

၅) နံပါတ် ၃ ကလိုပဲ ပန်းဦးခြွေခံရတဲ့မိန်းကလေးမျိုးကိုမှ နောက်မှ သူယုံတဲ့သူက မယားကြီးငုတ်တုတ်နဲ့။

၆) US က မြန်မာပြည်ကိုပစ္စည်းပို့ချင်လို့ပါဘာညာပြောပြီး သူပို့ရမည့်သူက နယ်မှာမို့ သူ့ဆီတိုက်ရိုက်ပို့မရလို့ကူညီပြီးရွေးထားပေးပါပြောတယ်အဲဒီအထုပ်ထဲမှာလည်းတန်ဖိုးကြီးပစ္စည်းတွေပဲထည့်ထားတာမို့လာမယူရင်တောင် ရွေးထားပေးတဲ့ပိုက်ဆံနဲ့ မရှုံးပါဘူးပြောပြီးအချိုသပ်မယ်။ ပြီးတော့ဘာတွေဆက်ဖြစ်မယ်ထင်လည်း။ ကြားဖူးတဲ့အလိမ်ခံရတဲ့သူကတော့ US ပါဆယ်ကို ဒေါ်လာ ၆၀ဝ နဲ့ရွေးလိုက်ရတယ်ပြောတယ်။ ပစ္စည်းကိုလည်းလာမယူ။ဖွင့်လည်းမဖွင့်ရဲ။ ဖွင့်လိုက်မှရောက်လာပြီး ဘာပျောက်တယ်ညာပျောက်တယ်ပြောမှ ပြသနာတဲ့လေ။

ဒီလိုလိမ်လည်တဲ့သူတွေရဲ့ အဓိကပစ်မှတ်က ဘယ်သူတွေလည်းသိပါသလား။

ဆယ်ကျော်သက်ကလေးမလေးတွေ ၊ အိမ်တွင်းအောင်းတဲ့အိမ်ရှင်မတွေ ၊ တောသူတောင်သားတွေပေါ့။

အဓိကကတော့ လောဘသမားတွေပေါ့။ သူတို့တွေက လူတွေရဲ့ပျော့ကွက်ဖြစ်တဲ့ လောဘ ကို ခုတုံးလုပ်ပြီးနှစ်ကျက်ကွက်နင်းကြတာ။

သိပ်ကြောက်ဖို့ကောင်းပါတယ်။

Facebook သုံးတာကိုတော့မတားလိုပါ။ တားလို့လည်းရမည်မဟုတ်ပါ။ တားလည်းမတားသင့်ပါ။

သို့သော် အရာရာကို ယုံသင့်မယုံသင့်။ ဟုတ်၏မဟုတ်၏ကို ကိုယ့်ဘာသာစဉ်းစားချင့်ချိန်တတ်ကြပါစေ။

4 comments

  • Thint Aye Yeik

    October 12, 2016 at 11:23 am

    FB ကတော့ ပြောလို့ ကုန်ဖွယ် မရှိတဲ့ ကောင်းကျိုး ဆိုးပြစ်တွေနဲ့. . .
    FB သုံးပြီး လုပ်စားချင်သူတွေရဲ့သားကောင် မဖြစ်ဖို့ အတော် သတိထားရတယ်
    အိမ်က ညီတော်မောင် ၁၆ နှစ်သားကိုတောင် FB ကြောင့် ဖြစ်လာနိုင်တာတွေ ပြောပြထားရသေးတယ်။

    • Foolish Girl

      October 12, 2016 at 11:43 am

      ဟုတ်ပ ကိုယ့်မှာကညီမတွေရှိတာဆိုတော့ သူတို့ကိုသတိအမြဲပေးနေရတယ်
      အခုဆို အမေ့ကိုလည်း မှာရတယ်။

  • etone

    October 13, 2016 at 4:24 pm

    လိမ်ခံရတယ်ဆိုတာ အငိုက်မိတယ်ဆိုတာထက် လောဘကြောင့် ခံရတာလို့ပဲ မြင်တယ် ။ ဒါကြောင့် အလကား ရမယ်ဆိုတိုင်း မလိုချင်လျှင်တော့ ….. ရှောင် ရှား နိုင်မှာပါ ။ 

    • Foolish Girl

      October 13, 2016 at 4:51 pm

      လောကမှာမလကားဘာမှမရဘူး ဆိုတာသိရက်နဲ့ အမြတ်အစွန်းများများရမယ်ဆို ယူလိုက်ချင်တဲ့ လောဘ က တကယ်ကိုကြောက်စရာကောင်းတယ်

Leave a Reply