အပြုံး၏နောက်ကွယ် အမုန်း၏အခြားတစ်ဖက် (အပိုင်း-၁)

Foolish GirlOctober 12, 20161min1313

ဆောင်းနှောင်းနွေ

ချစ်စရာကောင်းသောရုပ်ရည် ၊ ကြည်လင်သောမျက်လုံး ၊ လခုံးနှင့်တူသော မျက်ခုံးများကိုပိုင်ဆိုင်ထားသော မျက်နှာပိုင်ရှင်ဖြစ်သည်။

လိမ်လည့်လှည့်ဖြား ပြောဆိုလျှင် မည်သို့မျှမဖုံးမဖိတတ်သော ရိုးသားသည့်မျက်ဝန်း ပိုင်ဆိုင်သူ ဖြစ်သည်။

အရပ်မှာမရှည်သော်လည်း မိန်းမတစ်ဦးပိုင်ဆိုင်သင့်သော အဆစ်အကောက်အချိုးအစားဖြင့် တင့်တယ်လှပသူ အသားမဖြူသော်လည်း

ညိုညက်သောအသားအရေပိုင်ဆိုင်သူ ဆံပင်ကို step ဆွဲထားကာ ကပိုကရိုချထားတတ်သည်က သူမ၏ ဆွဲဆောင်မူတစ်မျိုးပင်ဖြစ်သည်။

ဆောင်းနှောင်းနွေသည် ရိုးသားသော်လည်း ခေါင်းမာသူတစ်ဦးဖြစ်သည်။ သူမမျှော်လင့်ကြီးစွာ ဆုံးဖြတ်ထားသည့် ကိစ္စ များကို

မည်သူဖျက်ဖျက်လက်မခံ မှားယွင်းသောဆုံးဖြတ်ချက်ဖြစ်ခဲ့ပါကလည်း နောင်တမရတတ်ပေ။

ခံစားချက်ကိုလျှို့ဝှက်တတ်သည်။ များသောအားဖြင့် ဝမ်းနည်းမှုကို ပို၍ဖုန်းကွယ်တတ်သည်။

သူမဝမ်းနည်းနေမှန်း သိနေရ ပေမယ့် သူမဆီမှ ဝမ်းနည်းမှုဟန်ပန်မျိုးလုံးဝထုတ်ဖော်ခြင်းမရှိတတ်ပါ။ အပေါင်းအသင်းဆန့်သည်။

မိတ်ဆွေဖွဲ့တတ်သည်။ အပေါင်းအသင်းများကို ခင်မင်တတ်သည်။ သို့သော် ယောက်ကျားလေးများနှင့် မူ ခပ်တန်းတန်းသာ ဆက်ဆံတတ်သည်။ စိုးရိမ်စိတ် ကြီးသူတစ်ဦးလည်းဖြစ်သည်။

မျှော်လင့်လွန်းရင် လွဲတတ်လွန်းလို့ မျှော်လင့်ရမှာတောင်သိမ်ငယ်မိတယ်

ဒါပေမယ့် အမြဲတမ်းမျှော်လင့်နေတတ်တဲ့ ငါ့အတွက်တော့

ကောင်းသောမျှော်လင့်ခြင်းကို ပေးခဲ့တဲ့ မင်းကို သိပ်ကျေးဇူးတင်တယ်။

အဲဒီမျှော်လင့်ခြင်းအတွက် ကိုယ်သိပ်ဝမ်းနည်းခဲ့ရပါတယ်။

ကိုယ်အရင်လို ဟန်ဆောင်ခဲ့ပါတယ်။ ဒါပေမယ့် ကိုယ်ဟန်ဆောင်တာပီပြင်ရဲ့လားဟင်။

ချစ်ခြင်းရဲ့နောက်ဆုံးရလာဒ်က လမ်းခွဲခြင်းဆို မချစ်ဘဲနေရတာပိုကောင်းပါတယ်

ဆောင်း

##################################################

“ဆောင်း ဘာလုပ်နေတာလဲ”

“ဘာမှမလုပ်ပါဘူးမေဦးရယ် ဒီလိုပဲ။ ပျင်းလို့ အဆောင်ရှေ့ဖြတ်သွားတဲ့ လူတွေကိုလိုက်ငေးနေတာ”

“ဟိုနှစ်ကောင်တော့အစောကြီးရှိသေးတယ် သေနေကြပြီ ငါကတော့မအိပ်ချင်သေးလို့ထွက်လာတာ။ နင်ရောမအိပ်ချင်သေးဘူးလား”

“အင်း မျက်စိကြောင်နေတာ”

“ပီတိတွေဖျာ ချီးချီးတွေပါနေတာမဟုတ်ဘူးလား”

“ဘာဆိုင်လို့လဲ”

“ဆိုင်တာပေါ့ ဒီနေ့နင့်ကိုကို ဆောင်းဦးမောင်ကြီးက စကားလာပြောလို့လေ”

“မစပါနဲ့ဟာ”

“အံမယ်ရုပ်ကြီးက ပျော်တယ်ဆိုပျော်တယ်ပေါ့ လာလိမ်မနေနဲ့ လိမ်လည်းမလိမ်တတ်ဘဲနဲ့”

“မစပါနဲ့ဟာ ငါအတည်ပြောနေတာ။ ငါသူ့ကိုသဘောကျတာတော့မှန်ပါတယ် ဒါပေမယ့်”

“ချစ်တယ်ဆိုချစ်တယ်ပေါ့ သဘောကျတာတွေဒါပေမယ့်တွေလုပ်မနေပါနဲ့”

“မဟုတ်သေးဘူး မေဦးရ။ သူနဲ့ငါက မဆုံနိုင်မယ့်မျဉ်းပြိုင်နှစ်ကြောင်းပါ။ဒီတော့ ငါတို့ကမဖြစ်နိုင်ဘူးလေ”

“ဂလိုလား။ နင်ကလည်းကမျဉ်းပြိုင် ဆိုတာပေါင်းစည်းနေတာတော့မဟုတ်ပေမယ့် သူတို့တွေကလမ်းဆုံးထိ အတူတူယှဉ်တွဲနေတာလေ။

ဘယ်လောက်ရိုလည်း (ရို= ရိုမန်းတစ်)”

“သူများပြောမနေနဲ့ နင်သာ နင့်ကိုနေမင်းနဲ့အဆင်ပြေအောင်နေ”

“တို့ကပြေသမှ ပြေပြေနဲ့တောင်မြည်သေး သူများတွေလို မမူတတ်တော့လေ ငှဲငှဲ”

“ပြေတယ်ဆိုပြီးတာပါပဲ အတွန့်က တက်သလားမပြောနဲ့ မပြောချင်ဘူး ဂယ်ပဲ ။ ဒါနဲ့ နင် Master ပါရင်ဆက်တက်မှာလား”

“ငါကတော့ပါပါ မပါပါ ဆက်မတက်တော့ဘူး”

“ဒါဆိုဘာလုပ်မှာလဲ”

“မသိသေးဘူး ကျောင်းကတော့ဆက်မတက်ချင်တော့ဘူး”

“စိတ်ညစ်တယ်မေဦးရယ်။ အနာဂတ်ကိုတွေးကြောက်နေတယ်။ မနက်ဖန်ဆိုတာကိုလည်းမယုံကြည်တော့ဘူး”

“ဘာတွေလျှောက်ပြောနေတာလဲ။ စာမေးပွဲကဖင်နားကပ်ပြီးဝင်တော့မယ်။ လျှောက်တွေးပြီးဘာလုပ်မှာလဲ။ ဒီနှစ်ကနောက်ဆုံးနှစ်အရေးကြီးတယ်။

ပြီးတော့ Master မပါရင်နင့်အိမ်ကဆူလိမ့်မယ်”

“မေဦးနင်ဟာလေ တကယ်ပဲ။ သူများကျတော့ Master ပါအောင် လိုက်တိုက်တွန်းပြီးသူကျတော့ ဟွန့်မပြောချင်ဘူး”

“မပြောချင်လည်းမပြောနဲ့တော့ဟာ လာအိပ်ရအောင် ခုနှစ်စဉ်ကြယ်တောင် အမြီးထောင်နေပြီ ”

မေဦးစကားကြောင့် ဆောင်းတစ်ယောက်အိပ်ယာဝင်ခဲ့သည်။ ဆောင်းရင်ထဲခံစားနေရသည်ကို မေဦးကိုပြောပြလိုက်ချင်သည်။

သို့သော်ပြောမထွက်ခဲ့ပဲ ရင်ထဲမှာဆက်လက်ထိန်းသိမ်းခဲ့သည်။

##################################################

3 comments

  • Thint Aye Yeik

    October 12, 2016 at 5:38 pm

    အပျော်ဇာတ်လမ်းလေးတွေ ဆိုရင်တော့ စိတ်ဝင်စားမယ်။
    :k:
    အလိုလိုကမှ စိတ်ရှုပ်စရာတွေ ကြုံနေလို့ အလွမ်းအဆွေး အညှိုးအတေးဇာတ်တွေဆို မဖတ်ချင် ဖြစ်နေတာ။
    :k:

    အကြံတစ်ခုရှိတယ်။
    ခီညားက ဇာတ်ညွှန်းရေး
    တခြား ရွာသူသားတွေနဲ့ စုပြီး ရုပ်ရှင်တစ်ကား ရိုက်ချင်တာ။
    ဗမာပေါကားတွေထက် သာအောင်ပေါ့။
    :k:

    • Foolish Girl

      October 13, 2016 at 9:19 am

      ဇာတ်ညွှန်း – Foolish Girl
      ဒါရိုက်တာ – Thint Aye Yeik
      ဇာတ်ဆောင်၊ ဇာတ်ပို့ – ရွာသူ/သားများ

    • Foolish Girl

      October 13, 2016 at 9:25 am

      အကြံတစ်ခုတော့ပေးချင်တယ်ဗျာ
      စိတ်ရှုပ်နေရင်
      ရယ်ရအောင် ရင်ထဲပေါ့သွားအောင် ဟာသကားတွေ ကြည့်လည်း ခဏပဲပေါ့ပါးတာ
      အားရပါးရငိုချလိုက် အော်ပစ်လိုက် ဖွင့်ထုတ်ပစ်လိုက် အောင့်မထားနဲ့
      ပိုပင်ပန်းတယ်

Leave a Reply