# ရွှေရင်မျှော်ဘုရား
ကားကမြန်လို ့လား…ခရီးလမ်းကြောင်းကပဲတိုလို့လားတော့မသိ…ကရင်ပြည်နယ် ဘားအံမြို့ရှိသံလွင်မြစ်ကမ်းဘေးမှ သမိုင်းဝင် ရွှေရင်မျှော်ဘုရားကို.မနက်3နာရီမှာရောက်သွားပါတယ်…တိုးကအိပ်စေချင်တဲ့ဆန္ဒနဲ ့ခရီးသွားဧည့်သည်များကို
မနိုးဘဲမနက်၅နာရီကျမှ..ရောက်ရှိကြောင်းပြောပြီးမျက်နှာသစ်ဖို ့သွားတိုက်ဆေးတို့ကားပေါ်ကဆင်းဆင်းချင်းပေးပါတယ်..
အိမ်သာတက်ဖို ့ကျတော့..ဘုရားထဲမှာရှိတဲ့အိမ်သာပဲ..တန်းစီပြီးတက်ရပါတယ်.
ပြီးတော့ဘုရားပရဝဏ်အတွင်းကိုလျှောက်ပတ်ကြည့်လိုက်တယ်…မနက်စောစောပဲရှိသေးတော့….ပတ်ဝန်းကျင်ကမှောင်နေတုန်း။မြူတွေကျနေလို့လား…ကိုယ်ကပဲအိပ်ချင်မူးတူးဖြစ်နေလို့လားတော့မသိ….ပတ်ဝန်းကျင်ကဝိုးတိုးဝါးတားနဲ ့.ကောင်း
ကောင်းမမြင်ရပါ။မနက်စာကိုဘုရားနားက”ချစ်စရာ”လက်ဘက်ရည်ဆိုင်မှာထမင်းကြော်နဲ ့ကြက်ဥကြော်စားလိုက်ပါတယ်။972112_1136734323026595_1438981335542144900_n
 ရွှေရင်မျှော်ဘုရားပေါ်မှာ
ပြီးတော့သဘာဝက ဖန်ဆင်းပေးထားသော အေးချမ်းသော ကျုံထော်ရေတံခွန်ကိုဦးစွာသွားကြပါတယ်…အသွားအပြန်၂နာရီ
ကြာလို့ရေတံခွန်ကိုပဲရောက်အောင်အရင်သွားတယ်လို့ပြောပါတယ်။ လမ်းခရီးကသာတဲ့နေရာရှိသလို..မသာယာတဲ့နေရာ
လည်းရှိပါတယ်..ပြီးတော့ကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ ့အုပ်ချုပ်နေတဲ့ကရင်ရွာလေးတွေကိုဖြတ်ကျော်သွားရင်းတွေ ့ရပါသေးတယ်။
#ကျုံထော်ရေတံခွန်
လမ်းကတော့ ဇွဲကပင်တောင်နောက်နားလောက်မှာ ဘားအံ လေပျံကွင်းတိုင်း မြိုင်းကြီးငူ
ဘက်ကိုလှည့်ရင်ရပါပြီ။ တောင်တက်လမ်းက ခဏပါပဲ မြိုင်ကြီးငူကျော်မှ တောင်တက်ရတာဆိုတော့
ကားသေးသေးလေးတွေ Hijet hondafit လေးတွေတက်တာတွေ ့ပါတယ်။ မြိုင်ကြီးငူ
ဆရာတော်ကဖောက်ပေးထားတာလေ အဲလမ်းက ဆက်သွားရင် ထိုင်းနယ်စပ်ထိရောက်တယ် ခိုးလမ်းလို့လဲခေါ်တယ်။
အထူးသတိပေးလိုတာက အဲနေရာဟာ မြိုင်ကြီးငှု DKBA အထူးဒေသ နယ်မြေပါ။ ဘာသာခြားနိင်ငံခြားသားများလုံးဝ အဆင်မပြေပါ။ ပေးမသွားပါနဲ ့။ နောက် သားငါးမစားရ သက်သက်လွတ်နယ်မြေဖြစ်ပါတယ်။ ကြက်ဥတောင် သယ်မရပါ။ လမ်းမှာ စစ်ဆေးရေးဂိတ်က မေးပါလိမ့်မယ်.သဘောတော့ကောင်းပါတယ်  😛 😛 နောက်အရက် အဆိုးဆုံးပါ။ အရက်ပုလင်းပါရင် လမ်းက တခုထဲသော မြိုင်ကြီးငူမရောက်ခင် ထမင်းဆိုင်လေးတဆိုင် မှာ အပ်ခဲ့ပါ။
ကျုံထော်ကိုရောက်မနက်9နာရီခွဲနေပါပြီ။ကားပေါ်ကနေအဝတ်အစားထုပ်တွေကိုတစ်ခါတည်းသယ်ခဲ့ပြီး တိုးလီဒါကောင်မ
လေးကထားလို့ရတယ်ဆိုတဲ့စားသောက်ဆိုင်လေးမှာအဝတ်အစားထုပ်တွေ၊အိတ်တွေထားပြီးရေထဲဆင်းဖို ့ရေတံခွန်ကို
လျှောက်လှမ်းလာခဲ့ပါတယ်..လမ်းမှာဝတ်စုံပြည့်ဝတ်ပြီး သေနတ်တွေလွယ်ပြီး ဘုရားထီးတင်ဖို့ အလှူငွေကောက်နေတဲ့ လက်နက်ကိုင်တွေ တွေ့ရပါတယ်။သေနတ်တွေလွယ်ထားတော့ဘာပြောပြော..ကြောက်မိပါတယ်…။
ရေတံခွန်ကိုပတ်ပတ်လည်ဝိုင်းရံနေတာကတော့..ချစ်စရာကောင်းတဲ့..မော်လ်ဒိုက်ကဟိုတယ်အခန်းတွေလိုချစ်စရာကောင်း
တဲ့ရေပေါ်စားသောက်ဆိုင်တွေပဲဖြစ်ပါတယ်။ဆိုင်တွေကလည်း
DKBA မိသားစု ဝင်တွေ ဖွင့်ထားတော့သက်သက်လွတ် ဟင်းလျာတွေ ရပါတယ်။ အသားပုံစံ သက်သက်လွတ်ဟင်းတွေ လဲရှိပါတယ် ဈေးကတော့ ၂၀၀ဝ ၃၀၀ဝ လောက်ပါပဲ။
..တစ်ဆိုင်နဲ ့တစ်ဆိုင်ကိုကူးဖို ့ဝါးတံတားသေးသေးလေးတွေ
လည်းရှိပါတယ်.ရေတွေဆိုတာကျောက်စိမ်းရောင်အတိုင်း.. သဘာဝအလျောက်စိမ်းနေပါတယ်…ရေတံခွန်ကလည်းတစ်နေရာထဲကကျနေတာမျိုးမဟုတ်ဘဲ.အဖက်ဖက်ကကျနေပြီးရေအောက်မှာလည်းရေများကကြည်တောက်နေပြီးမွန်လေးဆိုတာရေတံခွန်ကိုမြင်တာနဲ ့မနေနိုင်တော့ပါ…အတင်းပဲဆင်းပါတော့တယ်။ သတိတော့ထားဆင်းရတာပေါ့နော်…ကျောက်ဆောင်တွေကဟိုနေရာ..ကျိုးတိုးကျဲတဲ.. ဒီနေရာ..ကျိုးတိုးကျဲတဲနဲ ့…ချော်လဲရင်..အဖိုးမဖြတ်နို်င်တဲ့.. သွားတွေအကုန်ကျွတ်ထွက်သွားမှာပါ ။ရေသိပ်မကူးတတ်တဲ့ သူတွေအတွက်လည်းဘောငှားလို့ရသလို…ရေကူးတတ်တဲ့သူတွေအတွက်လည်း.. နက်တဲ့ဘက်ရောက်မသွားအောင်ကြိုးတွေနဲ ့တားထားသေးလို့ …အန္တရာယ်ဆိုတာ. .ပြောစရာတောင်မရှိပါ။ပြီးတော့.ကြိုးကိုကိုင်ပြီး
ရေထဲလျှောက်သွားရတာလည်းတကယ့်ကိုAdventureတစ်ခုကိုလုပ်နေတာနဲ ့တူပါတယ်…အရမ်းမိုက်။
ကျုံထော်ရေတံခွန်က သိပ်လှပါတယ် ပြင်ဦးလွင်က BE fall ဆိုတာထက် အများကြီးပို ကိုလှတယ် ရေဆော့
လို ့ပိုကောင်းတယ်..ယုံလိုက်ပါ။
1928992_1146355578731136_3709362638991583781_n 12592195_1705411053006932_1101961163005083358_n 12592343_1705411439673560_7612573814795709082_n 12654334_1705411483006889_2889679019201963006_n 12670616_1705411373006900_8456796110038388719_n 12932953_1146550335378327_147146007968846782_n 12938244_1147481535285207_2321558391561837583_n tour
လူဆိုတာရေနဲ ့ထိရင်အလိုလိုကိုလန်းကုန်ကြတာနော်….
၁၁နာရီထိုးသွားတော့တိုးလီဒါလေးကအပေါ်တက်ဖို ့ပြန်ခေါ်တော့.. မွန်လေးတို ့လည်းပြန်တက်လာကြပြီးအဝတ်အစားထုပ်တွေထားခဲ့ရာ စားသောက်ဆိုင်ကိုပြန်လာပြီးရေပြန်ချိုး၊အဝတ်အစားအသစ်တွေလဲ၊နောက်ခရီးဆက်ဖို ့လှလှလေးတွေပြင်
ကြတာပေါ့။
ရေတံခွန်ကပြန်ထွက်လာတော့ဘားအံမြို  ့ထဲကိုနေ ့လည်၁နာရီမှရောက်ပါတော့တယ်.ဘားအံမြို့ထဲက သရက်တော ကျောင်းတိုက်ရှေ့ စံမတူ ထမင်းဆိုင်မှာနေ ့လည်စာကိုစားကြပါတယ်။ ဘားအံ မှာတော့ အကောင်းဆုံးဆိုင်ဖြစ်ပါတယ် ကရင်ရိုးရာ လုံခြည် တို့ သင်တို်င်းတို့ လက်ဆောင်ပေးဖို့ ဝယ်ချင်လဲ စံမတူ ထမင်းဆိုင်ဘေးမှာဝယ်လို့ရတယ်။
#ထူးဆန်းအံ့ဩဖွယ်ကောင်းပြီး သဘာဝ၏ စက်ဝိုင်းပုံကန်ရေပြင်ရဲ့အလယ် မှာ ဖြစ်တည်နေတဲ့ သာမညတောင်ဆရာတော်၏ ကိုးနဝင်းကြေ ကျောက်ကလပ်စေတီတော်
“ဘားအံမြိုု့ အနီး၅မိုင်ခန့်အကွာရှိ ေကျာက်ကလပ်စေတီရှိကန်ရေပြင်သည်ပူပြင်းသော ရာသီဥတုဒဏ်ကြောင့် ကန်ရေလုံးဝ
ခန်းခြောက်သွားပြီး ပတ်ကြားအက်များဖြစ်ပေါ်လာသည့်အတွက်ကျောက်ကလပ် ဆရာတော် ဦးဆောင်၍ကန်ကိုပြန်လည်
တူးဖေါ်လျှက်ရှိပါသည်။ေကျာက်ကလပ်စေတီသည်ဘုရားဖူးများ အထူးစည်ကားသည့် တန်ခိုးကြီးဘုရားတစ်ဆူဖြစ်ပြီး ကရင်ပြည်နယ်ဘားအံသို့ ရောက်လျှင် သွားရောက်လည်ပတ်ကြသောနေရာဖြစ်ပါသည်။”တဲ့
ကျုံထော်ရောက်တော့ရာသီဥတုကအေးဆေးသလောက်..ကျောက်ကလပ်ကိုသွားတော့..ရာသီဥတုကပူခြစ်တောက်နေပါ
တယ်။ကျောက်ကလပ်ကိုသွားဖို ့တံတားလေးကိုဖြတ်ကျော်ရပါသေးတယ်.. တံတားကိုရမိနစ်လောက်လျှောက်ပြီးမှကျောက်ကလပ်စီရောက်ပါတယ်. .တောင်ခြေရောက်တော့အမောကိုပြေသွားတာပါပဲ။..တောင်တွေဝန်းရံနေတဲ့ကျောက်ကလပ်စေတီ
ကအတော့်ကိုသပ္ပါယ်လှပါတယ်။
ကျောက်ကလပ်တောင်ပေါ်ကိုလူကြီးတွေကတော့သိပ်မတက်တော့ဘဲ.. တဝက်လောက်မှာကျန်နေခဲ့ပြီးအမောဖြေကျန်ခဲ့ပါတယ်။ မွန်လေးတို ့လူငယ်တွေကတော့ဟိုးတောင်ထိပ်ထိရအောင်ကိုတက်ကြတာ. .တောင်ပေါ်ကနေအောက်ကိုပြန်ကြည့်
ရတာကြိုက်လို ့…ပြီးတော့view ကောင်းကောင်းနဲ ့selfie ဆွဲရတာလည်းကြိုက်လို့။တောင်တက်တော့လည်းခြေချော်ကျမှာ
ကြောက်စရာမလိုဘဲ.စတီးလက်ရန်းတွေနဲ ့လုပ်ပေးထားပါတယ်။
934058_1135843049782389_9090800590068310738_n 14079725_1772398419704277_1339504834915491357_ncapture
ကျောက်ကလပ်တောင်ပေါ်မှာ
#သမိုင်းဝင်ကော့ဂွန်းဂူ
ရှေးဟောင်းသမိုင်းဝင်ကော့ဂွန်းဂူဟာ ကရင်ပြည်နယ် ဘားအံမြို့နယ်၊ဖားကပ်စံပြကျေးရွာ၊ ကော့ဂွန်းကျေးရွာ
အနီး ကော့ဂွန်းတောင်ပေါ်ရှိ တဲ့ထုံးကျောက်သဘာဝ လိုဏ်ဂူတော် တစ်ခုပါ။ ဒီလိုဏ်ဂူတော်အတွင်း
မြေပြင်ဘက်ကျောက်သားနံရံတို့ သပ္ပါယ်လှစွာ မွမ်းမံချယ်သထားသော များပြားလှသည့် ဗုဒ္ဓရုပ်ပွားတော်တွေရှိပါတယ်။  ကရင်ပြည်နယ်၊ ဘားအံမြို့အနီးတစ်ဝိုက်မှာ လူသိများထင်ရှားတဲ့ ဂူကြီးတွေ အနက် ဒီကော့ဂွန်းလိုဏ်ဂူတော်ကြီးကတော့ အထင်ရှားဆုံးဂူတော်ကြီးပဲ ဖြစ်ပါတယ်။ ဒီဂူကြီးထဲမှာ ရှေးဟောင်းအုတ်ခွက်ဗုဒ္ဓရုပ်ပွားတော်များ ၊ ဗုဒ္ဓဆင်းတုတော်များ ၊ အုတ်ခွက်ဘုရားများ၊ ရှေးဟောင်းဗုဒ္ဓဝင်ကျောက်ဆစ် ပန်းပုလက်ရာများ ၊ ဂူနံရံပေါ်မှ အုတ်ခွက်ဘုရားများစွာနဲ ့အလွန်
စိတ်ဝင်စားစရာ ကောင်းလှပါတယ်။

သမိုင်းကြောင်း

လွန်ခဲ့တဲ့ မြန်မာသက္ကရာဇ် (၄၁၉) ခုနစ်တွင် ပုဂံပြည်ရှင် အနော်ရထာမင်းက ဘာသာရေးကို အကြောင်းပြပြီး သထုံပြည်ကြီးရှင် မနူဟာမင်းအား စစ်ခင်းခဲ့ရာ သထုံပြည်ကြီးကို ဖျက်စီးခဲ့ပါတယ်။အဲဒီနောက် အနော်ရထာမင်းဟာ မနူဟာမင်းနဲ့ ပိဋကတ်တော်များ၊ ပညာရှင်များကို ပုဂံသို့ ခေါ်ဆောင်သွားပြီး ထိုအထဲမှ မုတ္တမ မိဖုရားကြီးက ရှောင်တိမ်းရာမှ လွတ်မြောက်ခဲ့ပါတယ်။ အဲဒီအချိန်မှာ မိဖုရာကြီးက ရှောင်တိမ်းရာမှ ကော့ဂွန်းဂူသို့ ရောက်ရှိခဲ့ပါတယ်။ မိဖုရားကြီးက ဒီဂူကြီးရောက်ခဲ့တဲ့အချိန် ပုန်းအောင်းနေစဉ်အတွင်းမှာပဲ မိဖုရားကြီးက စေတီများ၊ ဗုဒ္ဓဆင်းတုတော်များ ၊ ရုပ်ကြွများ ထုလုပ်ပူဇော်ခဲ့ပါတယ်။ မိဖုရားကြီးဟာ ကော့ဂွန်းဂူ၌ သာမက အနီးအနားရှိ ပတ်ဝန်းကျင် ထုံးကျောက်လှိုင်ဂူများ ၊ ဂဝံစေတီများ ၊ဗုဒ္ဓဆင်းတုတော်များ ထုလုပ်ပူဇော်ခဲ့ပါတယ်။ ပြီးတော့ ဒီကော့ဂွန်းဂူကြီးထဲမှာ ထူးဆန်းသော ဘုရားရုပ်ထုတော် တစ်ဆူ ရှိပါတယ်။ မုတ္တမ မိဖုရာကြီးသည် ပုန်းအောင်းနေစဉ်အတွင်းမှာ ခံစားနေရတဲ့ ဝေဒနာဝဋ်ကြွေးတွေကို ကျေစေလိုသောကြောင့် ဆုတောင်းပြည့် “အကြွေးကြေဘုရား” တစ်ဆူလဲ တည်ထားခဲ့ပါတယ်။ နောက်ဆုံးတော့ ဒီကော့ဂွန်းဂူကြီးဟာ အလွန်ထင်ရှားပြီး အလွန်စိတ်ဝင်စားစရာကောင်းသော ဂူကြီးတစ်ခု ဖြစ်ပါတယ်။
credit
ကျောက်ကလပ်မှာပူလာသမျှ ကော့ဂွန်းဂူရောက်မှပဲ. .အေးချမ်းသွားပါတယ်.. ဂူရဲ ့အတွင်းအပြင်နံရံပေါင်းများစွာကိုနေရာအ
လွတ်မချန်ဘဲဗုဒ္ဓဆင်းတုတော်တွေတည်ထားတာမှ တကယ့်ကိုကြည်ညိုစရာနဲ ့အကြံကောင်းပါပဲ။ ဂူအတွင်းပိုင်းကပိုလို့
တောင်နေလို့ကောင်းပြီးအေးနေပါသေးတယ်.
12814521_972935832786678_67710592225631617_n 8267_1136234493076578_5235128976486041712_n 1010632_1136235779743116_5860788654849183809_n
#အံ့ဖွယ်ထူးဆန်း ဥဏောဒက ရေပူစမ်း နှင့် သမိုင်းဝင်အပြည့်နဲ့ ဘုရင့်ညီနောင်လိုဏ်ဂူတော်
ဘုရင်ညီဂူကိုငယ်ငယ်လေးတည်းကရောက်ဖူးပါတယ်.. သာမညသွားရင်ဝင်နေကြမို ့ပါ..အရမ်းရေချိုး၊ရေစိမ်လို့ကောင်းပါ
တယ်။ခုတော့မရောက်တာအတော်ကြာတော့.. အဝင်ဝလမ်းလေးတောင်အပင်တွေအုံ ့ဆိုင်းလို ့သာယာနေပါပြီ။ရေလည်း
ငယ်ငယ်တုန်းကလိုစိမ်.. ဒါပေမဲ့ဘုရားအရင်သွားဖူးမယ်ဆိုပြီးတောင်ပေါ်တက်ပါတယ်. .လှေကားထစ်တွေကိုမနည်းကုန်း
တက်၊မောတော့ရေသောက်နဲ ့သိပ်မကြာပါဘူး10ဆိုရောက်သွားရော.. ဂူအဝရောက်တော့မောနေရော..ဒါပေမဲ့အေးမြတဲ့
ခံစားမှုလေးတွေဖျက်ခနဲ ခံစားလိုက်ရပါတယ်..ဂူတွေကအဲလိုအေးနေတတ်တယ်လေ။
ဘုရားလည်းဖူးပြီးတော့ဘုရင်ညီရေပူစမ်းထဲငယ်ငယ်ကလိုရေစိမ်မယ်လို့လာလိုက်တာ.. အရင်ကလိုမျိုးမဟုတ်တော့ဘဲ..ရေ
ညှိုတွေတက်လို့နေပါပြီ. .ရေပူတာကတော့အရင်အတိုင်းပူနေတုန်းပါပဲ။ ချိုးတဲ့သူတွေကချိုး..စိမ်တဲ့သူတွေကစိမ်..တချို ့ဆိုခြေထောက်ပဲရေပူစမ်းထဲချထားတယ်..တစ်ကိုယ်လုံးမချိုးပါဘူး။ စိမ်မယ်ဆိုတဲ့ရည်ရွယ်ချက်တော့အပျက်မခံပါ..အဖွဲ ့ထဲမှာ
ဘယ်သူမှမချိုးပါ..မွန်လေးတစ်ယောက်တည်းပဲချိုးပါတယ်.. ဘယ်သူမှလည်းအနားကိုမလိုက်ပေးကြပါ။(ဟဲဟဲ..ရဲတယ်နော်)
ယောကျာ်းလေးတွေရဲ  ့ရေပူစမ်းကတော့… ရှယ်ပဲ…အကုန်သူကြည့်လို့ရတယ်. .ဘာမှမကာထားပါဘူး..ကျွမ်းထိုးသူထိုး..ဒိုင်
ပင်ပစ်သူပစ်နဲ ့..ပျော်နေကြပုံများ။
535259_1136246373075390_8097328360335118764_n 10363992_1136246386408722_5523492732451002921_n 12993576_559648447538244_3031415472017326508_n
ဘုရင်ညီရေပူစမ်းထဲကရေစိမ်နေတဲ့ကလေးတစ်ယောက်
နေ ့ချင်းပြန်ခရီးစဉ်လေးကတော့..ပျော်ရွှင်စွာနဲ ့ပြီးမြောက်ခဲ့ပါပြီ။
PS: အဲ့လိုခရီးတွေကိုလိုက်ပါခံစားချင်ရင်တော့ …Just Follow me!! ….မွန်လေးနဲ ့လိုက်ခဲ့လို့ရပါတယ်….. Free & Easy tour ပဲစီစဉ်ပြီးစရိတ်သက်သက်သာသာနဲ့ ့ကမ္ဘာပတ်ကြမယ်….. 09421045685