Switzerland နိုင်ငံကိုအလည်မသွားခင် သိထားရမည့်အချက် (၁၀)ချက်

Mon LayOctober 14, 20163min1818

ဥရောပတိုက်ရဲ့ ခရီးသွားအများဆုံးနိုင်ငံဖြစ်တဲ့ Switzerland နိုင်ငံကို မိတ်ဆွေတို့ရဲ့တစ်သက်မှာ တစ်ခါတော့သွားလည် ဖြစ်မှာပါ။ ဒါဆိုဘာလို့မပြင်မဆင်ဘဲ နေနေမှာလဲ။ လည်စရာမြို့တွေ၊ လုပ်စရာအလုပ်တွေ၊ သွားရောက်လည်ပတ်သင့်တဲ့ တောင်တွေနဲ့ အစားအသောက်ကောင်းတွေစားသောက်နိုင်မယ့် နေရာတွေက အဆုံးမရှိအောင်များပြားလွန်းပါတယ်။ ဒါပေမယ့် ဘယ်အရာတွေက ခရီးကိုပျော်ရွှင်အောင်ဖန်တီးမလဲ၊ ဘယ်အရာတွေက ခရီးကို နှောင့်နှေးသွားစေမလဲဆိုတာ သိထားဖို့လိုပါတယ်။

Amalfi Coast လမ်းညွှန်လိုဘဲ Switzerland မသွားခင် ခရီးသွားတွေ ကြိုတင် သတိထားရမယ့်အချက်တွေကို စာရင်းပြုစုထားပါတယ်။

 

  1. Switzerland နိုင်ငံက ကြီးမားတဲ့နိုင်ငံတစ်ခုမဟုတ်ပါ။

bigcountry

Switzerland ကိုသွားလည်ဖို့အကောင်းဆုံးအချက်က ၎င်းရဲ့တောင်ဘက်မြို့တော် Geneva ကနေ မြောက်ဘက်မြို့တော် Zurich ကို ရထားနဲ့သွားရင် ၂နာရီ နဲ့ ၄၅မိနစ်လောက်ဘဲကြာတာပါ။ ဘယ်နေရာကိုမဆို ရထားစီးပြီး အချိန်ခဏနဲ့ရောက်နိုင်တာက ခရီးသွားတွေကို ဆွဲဆောင်နိုင်တဲ့အချက်ပါဘဲ။ Germany နဲ့ ပြင်သစ်ကိုလည်း ရထားနဲ့သွားနိုင်တဲ့အတွက် အချိန်အများကြီးမလိုဘဲ သွားလည်နိုင်တဲ့ နိုင်ငံတစ်ခုဖြစ်ပါတယ်။

နိုင်ငံအကြောင်းရှာဖွေပြီး ဘယ်မြို့တွေကိုသွားမလဲဆိုတာဆုံးဖြတ်ပါ။ မြောက်ဘက်မှာဆို Zurich မြို့ဆီဦးတည်ပြီး သွားဖိုနဲ့ တောင်ဘက်မှာဆို Geneva မြို့ကိုဦးတည်သွားဖို့ စီစဉ်ပါ။ Zurich မြို့ကစပြီး Switzerland နိုင်ငံအနှံ့ကိုသွားရတာပိုအဆင်ပြေပါလိမ့်မယ်။ ကျွန်တော်အကြံပေးချင်တာတော့ ဒီလောက်ပါဘဲ။

 

  1. တစ်မြို့နဲ့တစ်မြို့ ပြောဆိုတဲ့ ဘာသာစကားမတူကြပါ။

Switzerland

Switzerland မှာလည်ပတ်တဲ့အခါ သွားတဲ့မြို့အလိုက် ကွဲပြားတဲ့ဘာသာစကားပြောဆိုတဲ့ မြို့သူမြို့သားတွေနဲ့တွေ့ပါလိမ့်မယ်။  Switzerland မှာ ဘာသာစကား(၄) မျိုးရှိပြီး ၃မျိုးကို နေရာအနှံ့ ကျယ်ကျယ်ပြန့်ပြန့်ပြောဆိုကြပါတယ်။ ဂျာမန်ဘာသာစကားကို မြောက်ပိုင်း၊ အလယ်ပိုင်းနဲ့ အရှေ့ပိုင်းဒေသတွေမှာ အသုံးပြုပြီး၊ အနောက်ပိုင်းမှာ ပြင်သစ်ဘာသာစကားနဲ့ တောင်ပိုင်းဒေသတွေမှာ အီတလီဘာသာစကားတွေကို ပြောဆိုကြပါတယ်။

 

  1. ရှုခင်းကြည့်တဲ့နေရာတွေက လှပပါတယ်။

Switzerlandviewpoints

Switzerland နိုင်ငံက ၎င်းရဲ့မြို့တွေနဲ့ ရှုခင်းတွေကိုကြည့်ဖို့အတွက် ရှုခင်းကြည့်တဲ့နေရာတွေ အများကြီးသတ်မှတ်ထားပါတယ်။ မိမိသွားလည်မယ့်မြို့တွေရဲ့ ရှုခင်းကြည့်စရာနေရာတွေကို ကြိုပြီးလေ့လာထားရင် လှပတဲ့ Switzerland   နိုင်ငံရဲ့ရှုခင်းတွေကို အလွယ်တကူ ခံစားနိုင်မှာပါ။

Zurich မြို့မှာဆိုရင် Uetliberg တောင်ထိပ်ပေါ်ကနေ ရှုခင်းကြည့်လို့ရပါတယ်။ ရထားနဲ့သွားမယ်ဆိုရင် မိနစ်၄ဝလောက်ပဲကြာပါတယ်။ Lucerne မြို့မှာဆိုရင် မြို့ကိုဝန်းရံထားတဲ့ Tower လေးခုထဲက ကြိုက်ရာ tower ပေါ်ကနေ ကြည့်နိုင်ပါတယ်။ Geneva မြို့မှာဆိုရင် Saint-Pierre ဘုရားကျောင်း အပေါ်ကနေ ရှုခင်းကြည့်လို့ရပါတယ်။ နေရာ(၃) ခုစလုံကနေ မြို့တွေရဲ့ မြင်ကွင်း နဲ့ ပတ်ဝန်းကျင်အလှတွေကိုခံစားနိုင်မှာဖြစ်ပြီး ဒေါ်လာနည်းနည်းဘဲကုန်ကျမှာပါ။

 

  1. နေရာတိုင်းရောက်တဲ့ ရထား နဲ့ Swiss Pass

Switzerlandtrain

Swiss အမြန်ရထားစနစ်က အကောင်းဆုံးနဲ့ အဓိက ပို့ဆောင်ရေးစနစ်ဖြစ်ပါတယ်။ မလိုအပ်ဘဲနဲ့ ကားငှားတာမျိုး မလုပ်ပါနဲ့။ ပြီးတော့ Switzerland နိုင်ငံအတွင်းမှာ လေယာဉ်နဲ့သွားမယ် ဆိုရင်လည်း မိုက်မဲရာကျမှာပေါ့။

ရထားစီးရတာလွယ်ကူစေဖို့အတွက် Swiss Pass ကိုဝယ်ထားဖို့ ဆွဲဆောင်တာတွေကြုံလိမ့်မယ်။ ဒါပေမယ့် အဲ့ဒါသိပ်မတန်ပါဘူး။ ဥပမာ- ကျွန်တော် Switzerland ကို ရရက်ခရီးသွားတုန်းက ကိုယ်သွားမယ့်မြို့အလိုက် လက်မှတ်ဝယ်တာက ဘယ်သွားသွား free ဆိုတဲ့ Swiss Pass ထက် ပိုသက်သာပါတယ်။ ကိုယ်သွားမယ့်နေရာတွေနဲ့ ကုန်ကျစရိတ်တွက်ပြီး ဈေးသက်သာမယ့် နည်းကို ရွေးချးပါ။

ကြိုတင်သတိပေးချက်

မိတ်ဆွေတို့ရဲ့ ဖုန်းတွေထဲမှာ SBB app ကို download လုပ်ထားပါ။ အဲ့ဒီ app ကတစ်ဆင့် ရထားအချိန်တွေ၊ ခရီးစဉ်တွေသိနိုင်ပြီး လက်မှတ်ဘိုကင်လည်းလုပ်နိုင်ပါတယ်။ Switzerland နိုင်ငံရဲ့ မြို့တွေမှာရှိတဲ့ အများသုံးပို့ဆောင်ရေးစနစ်ကိုသိချင်ရင်တော့ Google Map app မှာရှာနိုင်ပါတယ်။

 

  1. Hotel တွေက အရမ်းကောင်းပါတယ်။

hotelsswiss

Europe ရဲ့ တခြားနေရာတွေမှာ ဒီ့ထက်ကောင်းတဲ့ hotel တွေ ရှာတွေ့မှာမဟုတ်ပါဘူး။ နေရတာသက်တောင့်သက်သာရှိစေပြီး ဝန်ဆောင်မှုလည်းကောင်းတဲ့ hotelတွေဖြစ်တယ်။ 3 star အဆင့် hotel တွေက 5 star အဆင့် resort တွေလောက်နီးပါး ကောင်းပါတယ်။  Geneva ရဲ့မူအရ hotel မှာနေတဲ့ကာလတစ်လျှောက် Switzerland နိုင်ငံအတွင်းသွားမယ်ဆို transportaion အတွက်အခမဲ့ဖြစ်ပြီး၊ Lucerne မှာဆို mini bar မှာအခမဲ့ သုံဆောင်နိုင်ပြီး ၊ မနက်စာ အခမဲ့စားသုံးခွင့်ပါတဲ့ လှပတဲ့အခန်းတွေနဲ့ အခမဲ့ wifi ကတော့ hotel တိုင်းမှာရှိပါတယ်။ အဲ့ဒီ့hotel တွေမှာနေပြီးတာနဲ့ hotelတိုင်းကို Switzerland က hotel တွေလိုဖြစ်စေချင်နေတော့မှာ သေချာပါတယ်။

  1. ဈေးတော့မသက်သာပါဘူး။

francs

ဒီလောက်ကောင်းတဲ့ hotel တွေက ဈေးတော့နည်းနည်းများတာပေါ့။  မိတ်ဆွေတို့သိတဲ့အတိုင်း Euro ငွေလဲနှုန်းထားနဲ့ဆိုကျွန်တော်တို့ဘက်က နစ်နာပေမယ့် Switzerland ငွေ Francs (CHF) ဆိုရင်တော့ 100 CHF ကို အမေရိကန်ဒေါ်လာ $110 ပဲရှိတဲ့အတွက် သိပ်မကွာပါဘူး။

Switzerland မှာဘာလို့ဈေးမပေါပဲ အရာအားလုံးက ဈေးကြီးနေလဲဆိုတော့ Swiss နိုင်ငံသားတွေက အနည်းဆုံး တစ်နာရီလုပ်အားခ ၂၅ ဒေါ်လာ လောက်ရလို့ပါ။ ဈေးပေါတယ်ဆိုတဲ့ ပီဇာတစ်ချပ်တောင် ဒေါ်လာ ၃ဝ ရှိပြီး၊ Mc Donalds မှာစားမယ်ဆို ၁ယောက်စာကို  ၁၅ဒေါ်လာလောက်ကျပါတယ်။ 3 star အဆင့် hotel ဆိုရင် အနည်းဆုံး ဒေါ်လာ၁၈ဝ လောက်ပါမှ အဆင်ပြေပါလိမ့်မယ်။ ဒါတွေ ကြိုသိထားတော့ ကုန်ကျစရိတ်ကို ခန့်မှန်းလို့ရပြီး  မှန်းထားတာထက်တော့ ပိုမကုန်နိုင်ပါဘူး။

ကြိုတင်သတိပေးချက်

Switzerland မှာ Euro သုံးလို့ရပေမယ့် ကျွန်တော်တို့ကတော့ Francs ငွေကိုလဲဖို့ အကြံပေးချင်ပါတယ်။  နေရာတိုင်းက သူတို့ဒေသငွေကြေးနဲ့ သုံးတာကိုပိုသဘောကျကြတယ်။ တကယ်လို့ပိုက်ဆံတွေယူမသွားချင်ဘူးဆိုရင် ATM စက်တွေက ကဒ်ထဲကငွေကို သက်သာတဲ့နှုန်းနဲ့ francs ငွေအဖြစ်ပြန်ထုတ်ပေးပါတယ်။

 

7.Swiss Alps တွေဆီသွားပါ။

alps

Switzerland ကိုရောက်ပြီး Swiss Alps တွေဆီ မရောက်ခဲ့ရင် မတန်ပါဘူး။ အကုန်လုံးမဟုတ်တောင် Alps တောင်တန်းတွေထဲက တောင်တစ်ခုလောက်ကိုသွားလည်ဖို့တော့ အခွင့်အရေးရှိပါတယ်။ ဘယ်တောင်ကိုသွားမလဲဆိုတာသာ ရွေးချယ်လိုက်ပါ။

Titlis တောင်က သွားရတာလွယ်ကူပါတယ်။ ကျွန်တော်ကတော့ အဲ့ဒီကိုသွားဖို့ပဲ ဆုံးဖြတ်လိုက်တယ်။ Titlis တောင်ထိပ်ကို ရောက်ဖို့ဆိုရင် တောင်တွေကြားမှာ လှလှပပရှိနေတဲ့ Engelberg ရွာလေးကို ဖြတ်သွားရမှာပါ။ ဒါ့အပြင် Pilatus တောင်ကလည်းနာမည်ကြီးပါတယ်။ခရီးသွားများတဲ့  Lucerne မြို့ကနေသွားရင် မြန်ပါတယ်။

ကြိုတင်သတိပေးချက်

တောင်တိုင်းအတွက် ကိုယ်ပိုင် website ရှိတဲ့အတွက် တောင်ပေါ်ကရာသီဥတုအခြေအနေကို တိုက်ရိုက်ကြည့်နိုင်ပြီး မိုးလေဝသ ခန့်မှန်းချက်တွေလဲရှိပါတယ်။ မသွားခင်မှာ website ကနေ မိုးလေဝသခန့်မှန်းချက်နဲ့ ရာသီဥတုအခြေအနေကိုကြည့်ပြီး တိမ်ထူတဲ့နေ့တွေ နဲ့ မြူဆိုင်းနေတဲ့နေ့တွေဆိုရင် မသွားပါနဲ့။

  1. ဥရောပတိုက်ရဲ့ အကြီးဆုံး ရေတံခွန်ဆီသွားလည်ပါ။

rhinefalls

Switzerland နဲ့ပတ်သတ်လို့ ကျွန်တော်အကြိုက်ဆုံးကတော့ နေရာတိုင်းမှာ သဘာဝအလှတွေ ရှိနေတာပါ။ Zurich မြို့ရဲ့မြောက်ဘက်လောက်မှာရှိတဲ့ Rhine ရေတံခွန်တွေကို သွားလည်ရတာ အရမ်းပျော်စရာကောင်းပါတယ်။ လူတိုင်းသွားလည်သင့်တဲ့နေရာတစ်ခုပါ။ ဥရောပရဲ့အကြီးဆုံရေတံခွန်ဖြစ်တဲ့အပြင် အကောင်းဆုံးရှုခင်းကြည့်စရာနေရာတွေကလည်း ရေတံခွန်ကိုလာလည်စေဖို့ ဆွဲဆောင်နေပါတယ်။ ဝင်ကြေးက switzerland ငွေ Francs  5CHF ဘဲရှိပြီး ရေတံခွန်ပေါ်ကို လှေစီးပြီး သွားချင်တယ်ဆိုရင်တော့ 15 CHF လောက် ကျပါတယ်။

 

  1. ဒုတိယတန်းစား ရထား

secondclass of train in swis

Switzerland ရဲ့ဒုတိယတန်းစားရထားက တခြားနိုင်ငံတွေရဲ့ပထမတန်းစားရထားလောက်ကောင်းပါတယ်။ သက်တောင့်သက်သာရှိပြီးကျယ်ဝန်းတဲ့ ထိုင်ခုံတွေ နဲ့ ခြေထောက်ဆန့်စရာနေရာလည်းပါဝင်ပါတယ်။ ပထမတန်းစားရထားတွေထက်စီးတဲ့သူပိုများပြီး လက်မှတ်ကုန်တာမြန်လို့ စောစော Booking လုပ်ပြီး စောစောကြိုထွက်ဖို့တော့လိုပါတယ်။

အသက်၂၅နှစ်နဲ့အောက် ဖြစ်မယ်ဆိုရင်တော့ လူငယ်ရထားစီးခွင့်လက်မှတ်ကို ဝယ်လို့ရပါတယ်။ အဲ့ဒီ့လက်မှတ်နဲ့ဆိုရင် တခြားသူတွေထက်ပိုပြီးဈေးသက်သာပါတယ်။

 

  1. ရထားတစ်စင်းနဲ့တစ်စင်းကြား မြန်မြန်အဆက်အသွယ်လုပ်ပါ။

tightconnections

ရထားလက်မှတ်မှာ ရထားထွက်ချိန်က နေ့ခင်း ၂:၃ရ ဆိုရင် ၂:၃ရ အတိမှာ ထွက်ပါလိမ့်မယ်။ ရထားတစ်စင်းနဲ့ တစ်စင်းကြား မြန်မြန်အဆက်အသွယ်လုပ်ဖို့နဲ့ မြန်မြန်သွားဖို့ လိုပါတယ်။ ကျနော့်အတွေ့အကြုံအရပြောရရင် ပထမရထားကို ၈မိနစ်လောက် နောက်ကျသွားလို့နောက်တစ်စင်းစီးဖိုသွားတော့ အချိန်မီရုံလေးပါဘဲ။ အိပ်ပျော်မနေပါနဲ့ မဟုတ်ရင် နောက်ရထားကို အကြာကြီးထပ်စောင့်ရလိမ့်မယ်။

credit

8 comments

  • Thint Aye Yeik

    October 14, 2016 at 7:57 pm

    ဒါလေးကတော့ ဗဟုသုတ ရသားပဲဗျ

    ပြည်ပခရီးတို့ အဲ့နိုင်ငံတို့ တစ်ခါမှ မသွားဖူးတဲ့ ကျနော့်လိုလူအတွက်ပေါ့လေ
    :k:

  • သျှားသက်မာန်

    October 15, 2016 at 3:10 pm

    ဖတ်လို ့ဗဟုသုတရရင်ကျေနပ်ပါတယ်…

  • ကထူးဆန်း

    October 17, 2016 at 4:04 pm

    အနော့်လို တိတ်တဆိတ်ဖတ်နေသူ တွေ လည်း ရှိမှာမို့ ဘယ်သူမှ မမန့်လို စိတ်မပ ျက် နဲ့ နော် ..အားပေး နေပါတယ်။
    ခရီးစဉ်တွေ အားလုံး လိုက်ပါ နေပါတယ် ခင်ဗျ ..

  • သျှားသက်မာန်

    October 17, 2016 at 5:16 pm

    အားမငယ်ပါဘူးရှင့်….ကျေးဇူးပါ…မွန်လေးလည်းဖတ်ဖြစ်ပါတယ်….ကော်မန့် ရေးချင်မှရေးတာပါ…

  • Ma Ei

    October 18, 2016 at 9:55 am

    ဒီနေရာတော့ အရမ်းကိုစိတ်ဝင်စားတယ်
    သွားလဲသွားချင်တယ် သွားဖြစ်ခဲ့ရင်ပေလေ….

    • Ma Ei

      October 18, 2016 at 9:58 am

      သွားဖြစ်ခဲ့ရင်တော့လေ

  • သျှားသက်မာန်

    October 19, 2016 at 1:35 pm

    မွန်လေးနဲ ့ဆက်သွယ်လိုက်ပါ……………

    • Foreign Resident

      October 23, 2016 at 3:38 pm

      သျှားသက်မာန် says:
      ” မွန်လေးနဲ ့ဆက်သွယ်လိုက်ပါ ”
      ကျနော်လဲ ကမာ္ဘပါတ် ခရီးသွားဖို့ အစီအစဉ် ရှိတယ် ။
      မွန်လေး ကို ဘယ်လို ဆက်သွယ်ရမှာလဲ ။

Leave a Reply