Asia ရဲ့အထူးခြားဆုံးဘုရားအဖြစ်သတ်မှတ်ခံရတဲ့ One-Pillar (ကျောက်တိုင်) ဘုရား

Mon LayOctober 14, 20161min1232

အမျိုးသားသမိုင်းဝင်နေရာတစ်ခု အဖြစ်သတ်မှတ်ခဲ့တဲ့ 1962 နောက်ပိုင်းရာစုနှစ် တစ်ဝက်လောက် အကြာ ၊Vietnamဂရင်းနစ် မှတ်တမ်းမှာ ဗိသုကာလက်ရာ အမြောက်ဆုံး ဘုရားအဖြစ် မှတ်တမ်းတင်ပြီး (၇) နှစ်အကြာမှာ Mot Cott (One-Pillar) ဘုရားကAsiaတိုက်မှာဗိသုကာလက်ရာအမြောက်ဆုံး ဘုရားတစ်ဆူအဖြစ် Asia Record Organizationရဲ့အသိမှတ်ပြုခံခဲ့ရပါတယ်။ ဒါတင်မကသေးပါဘူး။ Mot Cot ဘုရားက နှစ်ပေါင်း တစ်ထောင်နီးပါး သက်တမ်းရှိနေတဲ့ဘုရားတစ်ဆူဖြစ်ပြီး သမိုင်းဝင်အမွေအနှစ် များစွာနဲ့ ဗိသုကာလက်ရာများစွာကိုလည်း ပိုင်ဆိုင်ထားပါတယ်။

 One-Pillar-Pagoda-Vietnam

ဗီယက်နမ်ရဲ့အကောင်းဆုံးသမိုင်းမှတ်တမ်းတစ်ခုဖြစ်တဲ့ “Dai Viet su ky toan thu” အရ Mot Cot ဘုရားကို Ky Suu နှစ်၊ ရက်စွဲအရပြောရရင် Sung Hung Dai Bao 1 (1049) ၊ Ly Thai Tong မင်းဆက်အုပ်စိုးနေစဉ်မှာ စတင် တည်ထားကိုးကွယ်ခဲ့ပါတယ်။ Ly Thai Tongမင်း (1028-1054) က သူ့ရဲ့အိမ်မက်ထဲမှာ ဗောဓိသတ္တဝ အဝလောကိတေဆဝရ ဘုရားလောင်းက သူ့အား ကြာပန်းပေါ်မှာထိုင်နေစဉ် သားတော်တစ်ပါးကို လာရောက်ပေးသနားတော်မူတယ်လို့ မြင်မက်ခဲ့တယ်။ အိမ်မက်ကနိုးလာတဲ့အခါ အမတ်တွေကို သူ့ရဲ့အိမ်မက်အကြောင်းပြောပြခဲ့ပြီး ဘုန်းတော်ကြီး Thien Tue က ဘုရင့်အား အိမ်မက်ထဲမှာမြင်တွေ့ခဲ့တဲ့အတိုင်း ကြာကန်ရဲ့အလယ်မှာ ဘုရားတစ်ဆူ တည်ဖို့ အကြံပေးလျှောက်တင်ခဲ့တယ်။ အဲ့ဒီ့အကြံပေးချက်အရ ဘုရားတည်ခဲ့ပြီး ပျော်ရွှင်မှု၊ ကံကောင်းမှုတွေ ရှည်ကြာစေခြင်းဆိုတဲ့ အနက်ဖြင့် Dien Huu ဆိုပြီး ဘွဲ့တော်ချီးမြှင့်ခဲ့ပါတယ်။

 One-Pillar-Pagoda-Vietnam

Tran, Post-Le, Nguyen ခေတ်အဆက်ဆက် ပြုပြင်မွမ်းမံမှုတွေ လုပ်ခဲ့ပေမယ့် မူလ ဗိသုကာလက်ရာတွေကတော့ မပျောက်မပျက် နဂိုအတိုင်းရှိနေဆဲပါ။ ရေကန်ထဲမှာ ဖူးပွင့်နေတဲ့ကြာပန်းတွေက အနုပညာဆန်ဆန်လှပမှုကိုပြသတဲ့အပြင်၊ ဗုဒ္ဓဘုရား ပွင့်တော်မှုခြင်းကိုလည်း တစ်နည်းအားဖြင့် ညွှန်းဆိုနေပါတယ်။ Mot Cot ဘုရားဟာ ဗုဒ္ဓသာသနာရဲ့ အမှတ်အသားတစ်ခုဖြစ်ခဲ့သလို ခမ်းနားတဲ့ထူးခြားမှုလည်းရှိတဲ့ ဘုရား တစ်ဆူဖြစ်ပါတယ်။ ဒီဘုရားဟာ သေးငယ်ပေမယ့် ၎င်းရဲ့ဗိသုကာလက်ရာတွေက အထူးခြားဆုံးဖြစ်ပြီး ခေတ်ပြိုင်ဗိသုကာလက်ရာတွေကမယှဉ်ပြိုင်နိုင်ခဲ့ပါဘူးလို့ ဗီယက်နမ် ဗုဒ္ဓဘာသာ သံဃာအစည်းအရုံး ဒုတိယအတွင်းရေးမှုး ဘုန်းတော်ကြီး Thich Duc Nghiep က မိန့်ကြားတော်မူခဲ့ပါတယ်။

 One-Pillar-Pagoda-Vietnam

ဘုရားရဲ့တည်ဆောက်ပုံကတော့ ကျောက်တိုင်တစ်တိုင်ပေါ်မှာ အခြေတည်ပြီး သစ်သားကျောင်းဆောင်ကို တည်ဆောက်ထားပါတယ်။ဖူးပွင့်နေတဲ့ကြာကန်ရဲ့အလယ်မှာတည်ထားတာဖြစ်တဲ့အတွက် အခြားဘုရားတွေနဲ့မတူ တမူထူးခြားနေပါတယ်။ ကျောက်တိုင်က အချင်း ၁.၂ မီတာ၊ ရေမျက်နှာပြင်ကနေအမြင့် ၄မီတာရှိပါတယ်။ ထိုကျောက်တိုင်က အပိုင်းနှစ်ပိုင်းကို တစ်ခုတည်းဖြစ်အောင် ဆက်ထားတာဖြစ်ပါတယ်။ ဘုရားရဲ့အမိုးကို တစ်ဖက်စီမျက်နှာမူပြီး လကို မျှော်ကြည့်နေတဲ့ နဂါး၂ကောင်နဲ့ အလှဆင်ထားပါတယ်။ သစ်သားအဆောက်ဦ ထဲမှာ ဗောဓိသတ္တဝ အဝလောကတေဆဝရ မထေရ်ကို သစ်သားနဲ့ပြုလုပ်ထားပြီး အနီရောင်ယွန်းရည်သုတ်ထားတဲ့ ဘုရားပလ္လင်ပေါ်မှာ စံပ္ပါယ်ထားပါတယ်။

မြင့်မြတ်တဲ့ သမိုင်း၊ ယဉ်ကျေးမှု၊ ဗိသုကာလက်ရာတွေကြောင့် Mot Cot ဘုရားဟာ ဗီယက်နမ်ရဲ့ နာမည်ကြီးဘုရားတစ်ဆူဖြစ်လာခဲ့တယ်။ Hanoi မြို့ကိုလာလည်တဲ့ ခရီးသွားတိုင်းအတွက် မသွားမဖြစ်နေရာတစ်ခုအဖြစ် Vietnam tours တွေက သတ်မှတ်ခဲ့ကြတယ်။ Vietnam discovery tours က စလို့ family tours အဆုံး၊ ဒါ့အပြင် Honeymoon Package တွေနဲ့ Vietnam ကိုလာရောက်လည်ပတ်ကြသူတိုင်း Mat Cot ဘုရားကိုသွားရောက်ဖူးမြော်ပြီး ထူးခြားတဲ့တည်ဆောက်ပုံနဲ့ ဗိသုကာလက်ရာ တွေကိုအံ့အားသင့်ခဲ့ကြတယ်။

Refrence :www.vietnamparadisetravel.com
Image Credit :www.vietnamparadisetravel.com

2 comments

  • Thint Aye Yeik

    October 14, 2016 at 8:01 pm

    Travel & Tour နယ်ပယ်မှာ တော်တော်ကြီး နှံ့စပ် ကျွမ်းကျင်နေပုံပဲ။
    အချက်အလက်တွေမှ ပြောစရာ ဒီညီမတော်မှာ မနည်းဘူးပဲ။
    ခရီးသွား လုပ်ငန်းတွေနဲ့ ချိတ်ဆက်ချင်တဲ့ မိတ်ဆွေများ စကားစပ်မိရင် ဆက်သွယ်ခွင့်ပြုပါခင်ဗျ

  • သျှားသက်မာန်

    October 15, 2016 at 3:06 pm

    ရပါတယ်ရှင့်ရပါတယ်….စိတ်လည်းဝင်စားလို့ကိုယ်ကိုယ်တိုင်လည်းအားရင်ခရီးတွေသွားပါတယ်…094210 45685 ကိုဆက်
    သွယ်လို့ရပါတယ်

Leave a Reply