ပျားရည်ဆမ်းခရီးအဖြစ် သွားသင့်တဲ့ အာရှရဲ့ ရိုမန်တစ်ဆန်တဲ့နေရာတွေ

Mon LayOctober 15, 20163min2414

ကမာ္ဘ့အကြီးဆုံးတိုက်ကြီးတစ်ခုဖြစ်တဲ့ အာရှတိုက်ဟာ စိတ်ကူးယဉ်ဖွယ် အလှအပတွေနဲ့ ပြည့်နှက်နေတဲ့ နေရာကြီးတစ်ခုပါ။ ကမာ္ဘ့အမြင့်မားဆုံးတောင်တန်းကြီးတွေ၊ ဖြူလွှလွှ သဲသောင်ပြင်ကမ်းခြေတွေ၊ အခြောက်သွေ့ဆုံး ကန္တာရတွေလည်း ပိုင်ဆိုင်ထားပါတယ်

ဒီအရာတွေထဲမှာမှ ပင်လယ်ကမ်းခြေတွေက ကြင်စဦးမောင်နှံတွေအတွက် ပျားရည်ဆမ်းခရီးသွားဖို့ ဆွဲဆောင်မှုအရှိဆုံးနေရာပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဇနီးမောင်နှံတွေရဲ့ ပျားရည်ဆမ်းခရီးစဉ်အတွက် သွားသင့်တဲ့နေရာ (၁၀) ခုကို ရွေးချယ်ဖော်ပြလိုက်ပါတယ်။

(ဝါကျွတ်ပြီလေ……………)

၁။ ထိုင်းနိုင်ငံမှ ဖူးခတ်ကမ်းခြေ

phuket

Credit : www.tripzilla.com

ကမာ္ဘပေါ်မှာ အကျော်ကြားဆုံး ကမ်းခြေတွေထဲက တစ်ခုဖြစ်တဲ့ ဖူးခတ်ကမ်းခြေဟာ ပျားရည်ဆမ်းခရီး ထွက်ချင်သူတွေအတွက် ပြီးပြည့်စုံတဲ့နေရာတစ်ခုပါ။ ဇိမ်ခံဟိုတယ်ကြီးတွေ၊ စည်းချက်ညီညာနေတဲ့ ညခင်းတွေ၊ ရိုမန်တစ်ဆန်တဲ့ နေဝင်ဆည်းဆာအလှတွေ ရင်ခုန်ဖွယ်ကောင်းတဲ့ လှုပ်ရှားမှုတွေနှင့် အကောင်းဆုံးပင်လယ်စာတွေ ရရှိနိုင်မယ့် နေရာကတော့ ဖူးခတ်ပါပဲ။

 

၂။ မော်လ်ဒိုက်ကျွန်းစုများ

maldive

Credit : www.tripzilla.com

နတ်ပြည်သမျှလှပတဲ့ မော်လ်ဒိုက်ကျွန်းက အလှတရားမျိုးကို ကမာ္ဘပေါ်မှာရှိတဲ့ ဘယ်နိုင်ငံမှ မတုပနိုင်ပါဘူး။ အိနိ္ဒိယသမုဒ္ဒရာမှာရှိတဲ့ ဒီကျွန်းငယ်လေးကို လာရောက်လည်ပတ်သူတွေ နှစ်စဉ် သန်းတစ်ဝက်ခန့်မှာ ပျားရည်ဆမ်းခရီးထွက်လာတဲ့ ဇနီးမောင်နှံတွေအများကြီး ပါဝင်ပါတယ်။ မော်လ်ဒိုက်ဟာ ဘန်ဂလိုတွေ၊ ပျားရည်ဆမ်းခရီးထွက်လာတဲ့သူတွေအတွက် အပန်းဖြေနေရာတွေ၊ ကြည်လင်တောက်ပနေတဲ့ ရေပြင်ပြာတွေ၊ အုုန်းပင်တွေ ၊ အဖြူလွှာဆုံးသဲပြင်တွေ ရှိတဲ့နေရာလည်း ဖြစ်ပါတယ်။ မော်လ်ဒိုက်မှာ ရေငုပ်ပြီး ရေအောက်အလှ ကြည့်ရှုခံစားနိုင်မှု  ကလည်း ကမာ္ဘ့အဆင့်မီပါပဲ။

 

၃။ အင်ဒိုနီးရှားနိုင်ငံမှ ဘာလီကျွန်း

bali

Credit : www.tripzilla.com

အင်ဒိုနီးရှားနိုင်ငံမှာရှိတဲ့ ကျွန်းတွေထဲမှာ ခရီးသွားဧည့်သည် လာရောက်မှု အများဆုံးဖြစ်တဲ့ ဘာလီကျွန်းဟာ လည်ပတ်ဖို့အကောင်းဆုံး အကြောင်းအရာတွေနဲ ့ ပြည့်နှက်နေပါတယ်။ တိတ်ဆိတ်အေးချမ်းတဲ့ ကမ်းခြေတွေ၊ ဘုရားကျောင်းတွေ၊ မီးတောင်တွေ၊ စိ်မ်းလမ်းစိုပြေနေတဲ့ အမြဲစိမ်းတောတွေ ရှိတဲ့ ကျွန်းတခုဖြစ်ပါတယ်။ ဘာလီကျွန်းမှာ စည်ကားလှတဲ့ ပါတီပွဲကြီးတွေ ရှိပေမယ့်လည်း ချစ်သူနဲ ့ ပျော်စရာကောင်းတဲ့ အချိန်တွေဖြတ်သန်းနိုင်ဖို့ အေချမ်းတိတ်ဆိတ်တဲ့ နေရာတွေလည်း ရှိပါတယ်။

၄။ အိန္ဒိယနိုင်ငံက ဂိုအာကမ်းခြေ

goia,india

Credit : www.tripzilla.com

အိန္ဒိယနိုင်ငံမှာ အနားယူဖို့ အကောင်းဆုံးနေရာထဲက တခုဖြစ်တဲ့ ဂိုအာကမ်းခြေဟာ စီတန်းပြီးပေါက်ရောက်နေတဲ့ အုန်းပင်တွေရှိရာ သဲသောင်တွေနဲ့ ကြည်လင်တဲ့ရေပြင်တွေကြောင့် ကျော်ကြားလှပါတယ်။ ဒေသခံတွေရဲ့ ရင်းနှီးဖော်ရွေမှု၊ အစားအသောက်တွေရဲ့ အရသာထူးကဲမှု၊ လေထုရဲ့လတ်ဆတ်မှုနဲ့ သဘာဝအလှတရားရဲ့ ခမ်းနားမှုတို့က ဂိုအာကမ်းခြေကို လူသိများစေပါတယ်။

၅။ ထိုင်းနိုင်ငံက ကျွန်းစုများ

thai island

Credit : www.tripzilla.com

ထိုင်းနိုင်ငံဟာ လှပတဲ့ အပူပိုင်းကျွန်း အမြောက်အများ ပိုင်ဆိုင်တဲ့ ဒေသတခုဖြစ်ပါတယ်။ ဖူးခက်အပြင် ခိုစမွေ၊ ခ်ိုဖီးဖီး၊ ခိုဖမ်းဂမ်၊ ခိုရောင်၊ ခိုတောင် စတဲ့ ကျွန်းတွေကိုလည်း  သဘာဝရှုမျှော်ခင်းအလှတွေ၊ ဖြူလွှလွှသဲသောင်တွေနဲ့ လတ်ဆတ်တဲ့လေထုတွေက ဝန်းရံထားပါတယ်။

၆။ သီရိလင်္ကာ

sri lanka

ငွေကြေးအကုန်အကျ သက်သာတဲ့ ပျားရည်ဆမ်းခရီးကို သွားချင်တယ်ဆိုရင်တော့ သီရိလင်္ကာကမ်းခြေတွေက စောင့်ကြိုနေမှပါ။ကုန်ကျစရိတ် သက်သာတယ် ဆိုပေမယ့် ဒီနေရာတွေမှာ ပျော်ရွှင်မှုတွေအများကြီးရှာဖွေနိုင်မှာပါ။ ဘာလို့လဲဆိုရင် သီရိလင်္ကာဟာ ယဉ်ကျေးမှုတွေ စုံလင်လှပြီး ထိပ်တန်းအစားအစာတွေ၊ အံ့ဩဖွယ်ကောင်းတဲ့ရှုခင်းတွေနဲ့ လှပတဲ့ ကမ်းခြေတွေ ပြည့်နှက်နေလို့ပါပဲ။

 

၇။ ဗီယက်နမ် နိုင်ငံက ကွန်ဒေါင်းကျွန်း

Con Dao, Vietnam

Credit : www.tripzilla.com

ဗီယက်နမ်နိုင်ငံမှာ လည်ပတ်စရာတွေ အများကြီးရှိတဲ့အတွက် သွားရောက်သင့်တဲ့ နေရာတခုကို သီးသန့်ဖော်ပြဖို့ မလွဟ်ကူလှပါဘူး။ အသက်ရှုုမှားလောက်အောင် လှပတဲ့ ဟာလောင်းပင်လယ်အော်၊ အေးချမ်းလှတဲ့ ဖူးကွတ်ကျွန်း၊ သမိုင်းဝင် ဟနွိုင်းမြို့ စတဲ့ လည်ပတ်စရာတွေ အမြောက်အများ ရှိပါတယ်။ ဒါပေမဲ့ တခုထဲကိုပြေပါ ဆိုရင်တော့ ဗီယက်နမ်နိုင်ငံ အရှေ့တောင်ပိုင်းမှာရှိတဲ့ ခမ်နားလှပတဲ့ ကွန်ဒေါင်းကျွန်းကို ညွှန်းရပါလိမ့်မယ်။ပြီးပြည့်စုံတဲ့ ပျားရည်ဆမ်းခရီးတခုကို ပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ ကွန်ဒေါင်းကျွန်းမှာ အပန်းဖြေရင်း တယောသံကို နားဆင်ခံစားကြည့်လိုက်ပါ။

 

၈။ ဖိလစ်ပိုင်နိုင်ငံက ပလဝမ်ကျွန်းစု

Palawan, Philippines

Credit : www.tripzilla.com

ဖိလစ်ပိုင်နိုင်ငံ အနောက်ပိုင်းမှာ တည်ရှိတဲ့ ပလဝမ်ကျွန်းစုဟာ ၎င်းနိုင်ငံရဲ့ ပျားရည်ဆမ်းခရီး သွားသူတွေ လာရောက်လည်ပတ်မှု အများဆုံး နေရာထဲကတခုပါ။ အသက်ရှုမှားလောက်အောင် လှပတဲ့ကမ်းခြေတွေ၊ အုန်းပင်ကြီးတွေ၊ ကမာ္ဘ ့အဆင့်မီ ရေအောက်ဒိုင်ဗင်ထိုးတဲ့ နေရာတွေ၊ သဘာဝအလှအပတွေ ရှိနေတဲ့ ကျွန်းငယ်လေးတွေနဲ့ ဒီကျွန်းစုကို ဖွဲ့စည်းထားပါတယ်။

 

၉။အိန္ဒိယနိုင်ငံက ခရက်လကျွန်း

Kerala, India

Credit : www.tripzilla.com

အိန္ဒိယနိုင်ငံတောင်ပိုင်း မှာရှိတဲ့ ခရက်လကျွန်းဟာ အိမ်ငယ်လေးတွေပါတဲ့ အပျော်စီးသင်္ဘောတွေ၊ လှပတဲ့မြို့တွေ၊ သဲသောင်ထူထူကမ်းခြေတွေ၊ အုန်းတောတွေနဲ့  ရိုမန် ့တစ်ဆန်တဲ့ နေရာတခုပါ။ အဲဒီကျွန်းမှာ သမိုင်းဝင်နေရာတွေလည်း အမြောက်အများရှိပြီးတော့ ဆန်းကြယ်တဲ့ လက်မှုပစ္စည်းတွေ၊ ဝါးနဲ့လုပ်ထားတဲ့ ပစ္စည်းတွေ၊ ချောကလက်တွေ၊ လက်ဖက်ခြောက်တွေက ပျားရည်ဆမ်းခရီး အပြန်အတွက်

အကောင်းဆုံး အမှတ်တရပစ္စည်းလေးတွေ ဖြစ်စေမှာပါ။

၁၀။ ထိုင်းနိုင်ငံက ပတ္တရားကမ်းခြေ

Pattaya, Thailand

Credit : www.tripzilla.com

ထိုင်းနိုု်င်ငံရဲ့ တခြားလည်ပတ်စရာ နေရာတခုဖြစ်တဲ့ ပတ္တရားကမ်းခြေဟာ ပျားရည်ဆမ်းခရီးထွက်ဖို့ အာရှရဲ့ အကောင်းဆုံး နေရာတွေထဲက တခုပါ။ ပျားရည်ဆမ်းခရီး လာရောက်တဲ့ လူတွေအနေနဲ့ အမျိုးအစားစုံလင်ပြီး ပျော်ဖို ့ကောင်းတဲ့ လုပ်စရာတာတွေဖြစ်တဲ့ ရေငုပ်တာ ၊ နေစာလှုံတာ၊ အပန်းဖြေ ပန်းခြံတွေကို လည်ပတ်တာနဲ့ ပါတီပွဲတက်တာ စတာတွေကို ပါဝင်ဆင်နွှဲနိုင်ပါတယ်။ ပင်လယ်ပြာပြာကြီးကတော့ လာရောက်လည်ပတ်သူတွေကို ရေလွှာစီးတာ ၊ လေထီးနဲ ့လှေနောက်မှာ လေဟုန်စီးတာ၊ မော်တော်ဘုတ်အမြန်မောင်းတာ စတာတွေလုပ်ဖို့ ဆွဲဆောင်လျက်ရှိပြီး ညနေပိုင်းဖျော်ဖြေမှုတွေကိုတော့ စားသောက်ဆိုင်ကြီးတွေ၊ ဘားတွေ၊ နှိုက်ကလပ်တွေ၊ ပျော်ပွဲစားရုံ စတဲ့နေရာတွေမှာ တွေ့နိုင်ပါတယ်။

PS : ရောက်ဖူးတာဆိုလို့ ..ပတ္တရား၊ထိုုင်းနိုင်ငံကကျွန်းစု နဲ ့ဖူးခပ်ပဲရှိပါသေးတယ်…………

4 comments

  • Thint Aye Yeik

    October 18, 2016 at 3:02 pm

    .ဖွေးဖွေးနဲ့အတူ သွားဖို့ အစအဆုံး စီစဉ်ပေးမလား သိချင်ပါတယ်
    :k:

  • သျှားသက်မာန်

    October 19, 2016 at 1:28 pm

    သိပ်ရတာပေါ့………ဖုန်း 094210 45685 ကိုဆက်ပေးပါ

  • YUYA MON

    November 17, 2016 at 3:18 am

    GREAT….
    THANKS!!!!

  • Shar Thet Man

    May 15, 2018 at 10:15 am

    မွန်လေးကတော့ မော်လ်ဒိုက်ကိုဟမ်းနီးမွန်းအဖြစ်နဲ့သွားမယ်စိတ်ကူးတယ်

Leave a Reply