ကမ္ဘာပေါ်က အကောင်းဆုံးရှုခင်းတွေ ပိုင်ဆိုင်တဲ့ အကောင်းဆုံး ဘားများ

Mon LayOctober 17, 20161min1212

ကမ္ဘာတစ်ခွင်က အကောင်းဆုံး ရှုခင်းရှိတဲ့ ဘားတွေကို ရှာဖွေရာမှာ ဥရောပကနေ အရှေ့အလယ်ပိုင်း၊ အမေရိက နဲ့ အာရှဒေသ က နေရာတော်တော်များများရောက်ခဲ့ပါတယ်။ ကျွန်တော်တို့ ရှာဖွေတွေ့ရှိခဲ့တာကတော့ အောက်ပါ ဘား (၅)ခုဘဲဖြစ်ပါတယ်။

အရှေ့အလယ်ပိုင်း၊ ဒူဘိုင်းနိုင်ငံ ၊ မြို့ပြင်က ဘား၊ Jumeirah Beach Hotel ရဲ့ ဘား

jumeirah-beach-hotel-uptown-terrace-hero

ဒီလှပတဲ့ ဟိုတယ် ရဲ့ ၂၄ထပ်မှာ ရှိတဲ့ မြို့ပြင်က ဘားလေး ဟာ ဒူဘိုင်းမြို့ ရဲ့ အဆောက်အဦး တွေရဲ့ ကောင်းကင်မြင်ကွင်း ကိုပေးစွမ်းနိုင်ပြီး အာရေဘီယမ် ပင်လယ်နဲ့ အနီးနားက သဲကန္တာရ ကို ကြည့်ရှုနိုင်ပါတယ်။ သူတို့ဆီမှာ ရနိုင်တဲ့ ယမကာ စာရင်းမှာ အစားစားချင်စိတ်ကို နှိုးဆွပေးတဲ့ ဟင်းလျာတွေ အပြင် အထူးကောင်းမွန်တဲ့ ပြင်သစ်ရှန်ပိန်အရက် နဲ့ ဝိုင်အရက်ရော ထားတဲ့ အရက်အရော တွေရနိုင်ပါတယ်။

အာရှ၊ စင်္ကာပူ၊ 1- Altitude ပြခန်း နဲ့ ဘား

1-altitude,singapore

အမြင့်ပေ ၂၈၂ ပေမှာ ရှိတဲ့ ကမ္ဘာပေါ်မှာ အမြင့်ဆုံး လဟာပြင်မှာ တည်ခင်းတဲ့ ဘား ဖြစ်ပြီး စင်္ကာပူနိုင်ငံ ရဲ့ လှပတဲ့ ရှုခင်းကို ၃၆ဝ အမြင်ဖြင့် ကြည့်ရှုနိုင်တဲ့ 1- Altitude ပြခန်း နဲ့ ဘားဟာ One Raffles Place ရဲ့ ၆၁ ထပ်ကနေ ၆၃ထပ်အထိ ရှိပါတယ်။ တြိဂံပုစံ ပြခန်းဟာ ဧည့်သည်တွေကို မြို့ရဲ့ အကောင်းဆုံး ရှုခင်းများ ထဲက အခု ၂ဝကို ပြပေးပါတယ်။

အမေရိက၊ နယူးယောက်မြို့၊ The Press Lounge ၊ Ink48 Hotel

5-press-lounge_650

ဒီဘားကတော့ Manhattan နဲ့ Hudson ရဲ့ အကောင်းဆုံး ရှုခင်းထဲက အချို့ကို မြင်တွေ့ရပြီး နယူးယောက်မြို့ ရဲ့ အကောင်းဆုံး ခေါင်မိုးထပ် ဘားထဲက တစ်ခုအနေနဲ့ အသိအမှတ်ပြုခံရတဲ့ နေရာတစ်နေရာ ဖြစ်ပါတယ်။ The Press Lounge ဟာ အကောင်းဆုံး ရိုးရာ ဝိုင်အရော၊ ဝိုင်စာရင်း များနဲ့ ရာသီအလိုက် ဟင်းလျာတွေ ကို ပေးစွမ်းနိုင်ပြီး လှပပြီး ဇိမ်ခံ အရည်အသွေးတွေနဲ့ ပြည့်စုံ တဲ့ ပတ်ဝန်းကျင်မှာ နွေးထွေးစွာ ကြိုဆိုနေတဲ့ ဝန်ဆောင်မှု များနဲ့ သင့်ကို နှစ်သက်စေမှာပါ။

ဥရောပ၊ အီတလီ (Amalfi ကမ်းခြေ)၊ ပြင်သစ်ရှန်ပိန်အရက်နဲ့ ကမာကောင် ဘား၊ Le Sirenuse Hotel

restaurant

ဒီချမ်းမြေ့ဖွယ် လှပတဲ့ ဟိုတယ် Le Sirenuse Hotel က ပြင်သစ်ရှန်ပိန်အရက်နဲ့ ကမာကောင်ဘား ရဲ့ စွဲဆောင်မှုဟာ အီတလီနိုင်ငံ တောင်ပိုင်း Amakfi ကမ်းခြေက ကျောက်ကမ်းပါးစွန်းတွေမှာ တည်ထားတဲ့ Positano ရွာလေး ရဲ့ စွန်းမိုက်တဲ့ ရှုခင်းတွေကို မြင်ရလို့ ဆိုတာ မေးစရာတောင်မလိုတော့ပါဘူး။ ဒီချမ်းမြေ့ဖွယ်မြင်ကွင်းဟာ ညစာမစားခင် ပြင်သစ်ရှန်ပိန်အရက် ဒါမှမဟုတ် ဝိုင်အရော တစ်ခွက် လောက်နဲ့ ဆိုရင် ပြီးပြည့်စုံနေပြီပေါ့။ ဒီ လဟာပြင်မှာ တည်ခင်းတဲ့ ဘားဟာဆိုရင် လှပတဲ့ ပရိဘောဂတွေနဲ့ ပင်လယ်ကြီးထဲကို နေလုံးကြီး ဝင်သွားပြီးနောက် မှာ ဖယောင်းတိုင်လေးတွေ ထွန်းညှိပြီး သင့်ရဲ့ ညနေစာကို စွဲမက် လှပနေအောင် ပြုလုပ်ထားတဲ့နေရာလေးတစ်ခုလည်းဖြစ်ပါတယ်။

ကာရေဘီယမ်၊ St Lucia ၊ ကောင်းကင်ဘုံအိမ်လေး၊ Jade တောင်တန်း

vsb-beach-dining

အရှေ့ကာရေဘီယမ် ပင်လယ်ထဲက ကျွန်းနိုင်ငံလေးဖြစ်တဲ့ St Lucia ရဲ့ နာမည်ကျော် Jade တောင်တန်းကို ကြည့်ရှုနိုင်တဲ့ လှပပြီး စိတ်ကူးယဉ်ဆန်တဲ့ နေရာလေးတစ်ခုဖြစ်ပါတယ်။ ဒီလဟာပြင်ဘား ဟာ ၎င်းရဲ့ နာမည်ကျော် အရက်ဘားဆရာတွေ ရောစပ်ပေးတဲ့ စွန်းမိုက်တဲ့ ယမကာအရသာကို တစ်စိမ့်စိမ့် ခံစားရင်း နေဝင်ချိန်ကို ကြည့်ဖို့ နေရာကောင်းတစ်ခုပါ။ ဒါမှမဟုတ် ဒီအိမ်လေးပေါ်မှာ သီးသန့်ညစာစားဖို့ တစ်ခုခု ပြင်ဆင်နိုင်တာပေါ့။

credit

 NS : တစ်နိုင်ငံမှမရောက်ဖူးသေးပါဘူး…ရောက်လည်းဘားကိုသွားဖြစ်မယ်မထင်….အသောက်သမားမှမဟုတ်တာ.

2 comments

  • Thint Aye Yeik

    October 18, 2016 at 2:56 pm

    သူကြီးရဲ့ ရွာကြီး ခရီးသွားနေပြီ
    :k:

  • သျှားသက်မာန်

    October 19, 2016 at 1:19 pm

    ဟုတ်ပါတယ်…အားလုံးလည်းလိုက်ချင်ရင်…လိုက်လို့ ရပါတယ်နော်

Leave a Reply