ပျော်ရွှင်မှုရဲ့နောက်ကွယ်

Foolish GirlOctober 19, 20161min923

ပျော်ရွင်မှုတစ်ခုကြောင့်

ငါအလွန်ပျော်ရွှင်ခဲ့တယ်

ဘာကိုမှသတိမရဘဲပေါ့

ဒါပေမယ့်

ပျော်ရွှင်မှုကသူ့တစ်ကိုယ်တည်းမလာဘဲ

သူ့အခြွေအရံအပေါင်းအသင်းတွေပါခေါ်လာတယ်

သူ့အခြွေအရံအပေါင်းအသင်းတွေက

ဝမ်းနည်းပူဆွေးခြင်းတွေဆိုတာ

သိလိုက်ရတဲ့အချိန်မှာ

သူတို့က ငါ့ဧည့်ခန်းထဲမှာ

ကျကျနနနေရာယူနှင့်ခဲ့ကြပြီးပြီ။

3 comments

  • သျှားသက်မာန်

    October 22, 2016 at 2:52 pm

    ပျော်ရွှင်ခြင်းရဲ ့အနောက် မပျော်ရွှင်ခြင်းပါရှိတတ်လို့ဂရုတော့စိုက်ကြရပါမယ်

  • Thint Aye Yeik

    October 22, 2016 at 6:02 pm

    ဝမ်းနည်းပူဆွေးမှုတွေချည်းပဲ သီးသန့် လာတာထက်စာရင်တော့ ပျော်ရွှင်မှုလေး ပါလာတာ ကံကောင်းတာပဲ

  • aye.kk

    October 28, 2016 at 8:04 pm

    ချစ်ခြင်းရှိရင်မုန်းခြင်းရှိတယ်
    ပျော်ရွှင်ခြင်းရှိရင်ဝမ်းနည်းပူဆွေးခြင်းရှိတယ်
    အရာအားလုံးဟာသတ်မှတ်ပြီးသားတွေပါ။

Leave a Reply