မိတ်ဆွေတို့ဘဝမှာလုပ်နိုင်လိမ့်မယ်လို့ တစ်ခါမှမတွေးထားဖူးတဲ့ Singaporeအပျော်ခရီးအတွက်စိတ်ကူးများ:

Mon LayOctober 20, 20164min1722

 Singaporeကိုခဏခဏရောက်ဖူးလို့ ပျော်စရာတွေကုန်သွားပြီလို့ထင်နေပါသလား။ထပ်ပြီးစဉ်းစားကြပါစို့။Singapore နိုင်ငံက သေးသေးလေးပါ။ဒါပေမယ့်ခရီးသွားတွေကိုဆွဲဆောင်နိုင်မယ့်လျှို့ဝှက်ချက်တွေကတော့အပြည့်ပါဘဲ။မိတ်ဆွေတို့တစ်ခါမှမတွေးထားဖူးတဲ့နေရာတွေနဲ့အစီအစဉ်တွေရှိပါသေးတယ်။အဲ့ဒါတွေကိုတော့ကျွန်မရဲ့အခုဆောင်းပါးမှာဖော်ပြပေးသွားမှာပါ။ဒီဆောင်းပါးကိုဖတ်ပြီးနေရာတွေကိုထပ် သွားပြီး ဘယ်လိုပျော်စရာကောင်းတာတွေကိုခံစားရင်း မိတ်ဆွေတို့ရဲ့ခရီးစဉ်ကိုကုန်ဆုံး မလဲဆိုတာ ဆုံးဖြတ်နိုင် လိ်မ့် မယ် လို့ ကျွန်မယုံကြည်ပါတယ်။

  1. လမုတောထဲမှာလှေစီးမယ်။
Kayak through mangroves
Image credit: Bureau of Land Management

Singapore မှာ လမုပင်တွေပေါက်တဲ့စိမ့်တောတွေရှိတယ်ဆိုတာ လူတိုင်းသိမှာပါ။ ဒါပေမယ့် အဲ့ဒီ့တောတွေထဲမှာ လှေစီးလို့ရတယ်ဆိုတာတော့ သိကြမှာမဟုတ်ပါဘူး။ Bedok တမံနဲ့ Pulau Ubin ကလမုပင်တွေအောက်မှာလှေစီးတာနဲ့မတူပါဘူး။ တောထူထပ်ပြီးလူသူမရှိတဲ့ကျွန်းတစ်ကျွန်းပေါ်ကိုသွားလည်ရသလိုပါဘဲ။ အခုမှစသွားမယ့်မိတ်ဆွေတွေကိုတော့၄နာရီခရီးကိုစာရင်းပေးဖို့အကြံပေးချင်ပါတယ်။ လွတ်လွတ်လပ်လပ်စွန့်စားချင်သူတွေကတော့ Pulau Ubin မြောက်ဘက် ကနေစပြီး တောင်ဘက်ထိရောက်တဲ့ Ubin Bisect Kayaking မှာစာရင်းပေးပါ။ လမုတောထဲမှာလှေစီးခြင်းကမိတ်ဆွေတို့ရဲ့ခရီးစဉ်ထဲမှာ ပါဝင်သင့်တဲ့အရာတစ်ခုပါ။

  1. လမုတောထဲက Pasir Ris တံတားပေါ်မှာအေးအေးဆေးဆေးလမ်းလျှောက်ကြ မယ်။
Stroll down Pasir Ris Mangrove Boardwalk
Image credit: Nparks

ရေထဲကမသွားချင်သူတွေ ပိုက်ဆံများများမကုန်ချင်သူတွေကတော့ လမုတောထဲက တံတားပေါ်မှာလမ်းလျှောက်လို့ရပါတယ်။ ဒီသစ်သားတံတားကတော့ Pasir Ris ဥယျာဉ်ထဲက ၆ဟက်တာ ကျယ်ဝန်းပြီးသေချာထိန်းသိမ်းထားတဲ့ လမုတောထဲမှာ ရှိတာပါ။ လစဉ်လတိုင်းမှာ volunteer တွေဦးဆောင်တဲ့ Naked Hermit Crabs က free guide tours တွေလည်းရှိပါတယ်။

  1. ဗဟိုမီးသတ်စခန်းမှာသမိုင်းတွင်ခဲ့တဲ့မီးသတ်သမားတွေအကြောင်းကိုလေ့လာ မယ်။
Learn about our brave firefighters at Central Fire Station
Image credit: © CEphoto, Uwe Aranas

Singapore ကမီးသတ်စခန်းတွေကို ပြည်သူတွေလာလေ့လာနိုင်ဖို့ ဖွင့်ပေးထားတယ် ဆိုတာ သိပြီးကြပြီလား။ အောက်မှာဖော်ပြထားတဲ့ မီးသတ်စခန်းတွေကို အပတ်စဉ် စနေနေ့ မနက် ၉းဝဝ ကနေ ၁၁းဝဝ ထိ သွားရောက်လည်ပတ်နိုင်ပါတယ်။

  • Alexandra Fire Station
  • Ang Mo Kio Fire Station
  • Bishan Fire Station
  • Bukit Batok Fire Station
  • Central Fire Station
  • Changi Fire Station
  • Clementi Fire Station
  • Jurong Fire Station
  • Paya Lebar Fire Station
  • Sengkang Fire Station
  • Tuas Fire Station
  • Woodlands Fire Station
  • Yishun Fire Station
  • Tampines Fire Station

မီးသတ်သမားတွေက မီးသတ်ကိရိယာတွေအသုံးပြုပုံ၊ မီးငြိမ်းသတ်ပုံနဲ့ သူတို့ရဲ့နေ့စဉ် အလုပ်တွေကို သရုပ်ဖော်ရှင်းလင်းပြပါလိမ့်မယ်။ ၁၉၀၉ ခုနှစ်ကတည်းက တည်ဆောက် ထားပြီး ခုချိန်ထိ မီးသတ်ဌာနချုပ်အဖြစ်ရှိနေတဲ့ Central Fire Station ကိုလည်း သွားရောက်လေ့လာခဲ့ပါ။

  1. Singapore ရဲ့ Free Market ကိုသွားလေ့လာမယ်။
go-nuts-at-singapore-really-really-free-market-srrfm
Image credit: Singapore Really Really Free Market (SRRFM)

Free market ရှိနေပြီဆိုရင် ဘာလို့တခြားဈေးတွေကိုသွားနေတော့မှာလဲ။ တကယ်ကို ပစ္စည်းမျိုးစုံအလကားရနိုင်တဲ့ ဈေးကွက်တစ်ခုပါ။ပိုက်ဆံပြတ်နေတဲ့အချိန်မျိုးမှာ ဈေးဝယ်ထွက်ချင်နေတယ်ဆိုရင်တော့ free market ကိုသာ သွားလိုက်ပါ။ ကိုယ့်မှာ စုဆောင်းထားတဲ့ပစ္စည်းတွေ၊ ကိုယ်မလိုအပ်တော့တဲ့အသုံးအဆောင်တွေရှိရင်လည်း free market မှာ အခြားသူတွေအတွက် ထားပေးနိုင်ပါတယ်။ အဲ့ဒီ free markert တွေက အတည်တကျမရှိတဲ့အတွက် ဘယ်နေ့ဘယ်နေရာမှာ free market ရှိမလဲဆိုတာ Singapore Really Really Free Market ရဲ့ facebook page မှာ ဝင်ရောက် လေ့လာနိုင်ပါတယ်။

  1. သင့်ရဲ့ F1ကားပြိုင်ပွဲမှာ ပြိုင်ကားမောင်းချင်တဲ့အိမ်မက်ကို KF1 ပြိုင်ကားကွင်းမှာ အကောင်အထည် ဖော်လိုက်ပါ။
Live your F1 dreams at KF1 Karting Circuit
Image credit: KF1

F1 ကားပြိုင်ပွဲမှာတော့ တကယ်ပြိုင်ကားမောင်းလို့မရဘူးပေါ့ဗျာ။ ဒါပေမယ့် Kranji မှာရှိတဲ့ KF1 ပြိုင်ကားကွင်းမှာ ကားမောင်းလို့တော့ရပါတယ်။ ဒီကွင်းထဲကလမ်းတွေကို Formula One track designer Hermann Tilke က design ဆွဲပေးထားတာပါ။ အပျော်တမ်းကားမောင်းချင်ရင်တော့ Tuesday ကနေ Sunday အထိ S$28 ပေးပြီးမောင်းနိုင်ပါတယ်။ ဒါမှမဟုတ် ကားပြိုင်မောင်းချင်တယ်ဆိုရင်တော့ S$ 60 ကနေ 120 ကြား ပေးရပါတယ်။ ကားပြိုင်မောင်းမယ်ဆိုရင်တော့ ပြိုင်ပွဲဝင်မယ့်သူက   ကြောက်တတ်လို့မရပါဘူး။ အမြန်ဆုံး speed က ကီလို၁၀ဝ ကျော်ပါတယ်။ F1 ကားပြိုင်ပွဲအတွေ့အကြုံ အပြည့်အဝခံစားနိုင်ဖို့ ညဘက်တွေမှာလည်း ကားပြိုင်ပွဲတွေ ရှိပါတယ်။

 

  1. XD Theatre မှာ 6D motion ride ကိုခံစားမယ်။

experience-a-6d-motion-ride-at-xd-theatre

2D, 3D နဲ့ 4D ရုပ်ရှင်တွေကြည့်ဖူးရုံနဲ့မလုံလောက်သေးပါဘူး။ ရုပ်ရှင်ထဲကအတိုင်း ခံစားနိုင်မယ့် 6D ရုပ်ရှင်တွေကြည့်ဖို့ Singapore Flyer ကိုသွားပါ။ 3D graphic ကို 1D wind sensations, 1D lighting ,1D motion effect တွေနဲ့ပေါင်းစပ်ထားပြီး ရုပ်ရှင်ကြည့်ရင်း roller coaster စီးနေရသလို ခံစားရမှာပါ။

  1. သံစဉ်တွေနဲ့အတူ ယိမ်းနွဲ့ရင်း ညတစ်ညကို ကုန်ဆုံးမယ်။
Image credit: Where to Lindy Hop in Singapore
Image credit: Where to Lindy Hop in Singapore

မိတ်ဆွေက အကဝါသနာပါ ပါသလား။ ဒါဆိုရင်တော့ ရှေးဟောင်း jazz သံစဉ်တွေနဲ့အတူ Lindy Hop အကကိုကရင်း အိမ်မက်တွေကို အကောင်ထည် ဖော်လိုက်ပါ။ ဒီ street dance အမျိုးအစားကတော့ swing dance တွေခေတ်စား ခဲ့ချိန်တုန်းက လူကြိုက်များခဲ့တဲ့အကတစ်ခုဖြစ်ပြီး tap dance နဲ့ swing dance ကိုပေါင်းစပ်ပြီး jazz ဂီတနဲ့ ကတဲ့ အကအမျိုးအစားဖြစ်ပါတယ်။ လတိုင်းမှာ free event တွေ  ရှိတဲ့အတွက် သင်တန်းသာကြိုတင်တက်ထားပါ။ ကျန်းမာဖို့အတွက် ဒီ့ထက်စတိုင်ကျတဲ့ နည်းလမ်းမရှိတော့ပါဘူး။

  1. Japan စစ်သင်္ချိုင်းကို သွားလေ့လာမယ်။
Reflect at Japanese Cemetery Park
Image credit: Aldwinteo (Aldwin Teo)

Ang Mo Kio မှာရှိပြီး ဒုတိယကမ္ဘာစစ်အတွင်းက ကျဆုံးခဲ့တဲ့ဂျပန်စစ်သားတွေရဲ့ သချိုင်းဖြစ်သလို ပန်းခြံတစ်ခုလည်းဖြစ်ပါတယ်။ သေဆုံးသူတွေရဲ့ နာမည်၊ မွေးနှစ်နဲ့ သေဆုံးတဲ့ခုနှစ်တွေရေးထိုးထားတဲ့ ကျောက်တိုင်ပေါင်း ၉၁ဝ ခု ရှိပြီး၊ ၁၉၈ရ ခုနှစ်မှာ အထိမ်းအမှတ်ပန်းခြံတစ်ခုအဖြစ် ဖွင့်လှစ်ပေးခဲ့ပါတယ်။ ဂျပန်ရိုးရာ zen garden ပုံစံအတိုင်းတည်ဆောက်ထားပြီး ပတ်ဝန်းကျင်ကငြိမ်သက်ကာ ရှုခင်းလည်း လှတဲ့နေရာတစ်ခုဖြစ်ပါတယ်။

credit

2 comments

  • Shar Thet Man

    May 10, 2018 at 11:13 am

    ကိုယ်စင်ကာပူသွားရင်တော့Free market ကိုသွားလေ့လာမှပဲ

  • Shar Thet Man

    March 22, 2019 at 11:02 am

    မကြာခင် စလုံးရောက်ပါတော့မယ်

Leave a Reply