ခရီးသွားတိုင်း လည်ပတ်သင့်တဲ့ စင်္ကာပူနိုင်ငံက အထူးခြားဆုံး နေရာ (၅)ခု

Mon LayOctober 20, 20165min1448

 စင်္ကာပူနိုင်ငံရောက်ရင် ဘယ်နေရာကစပြီး လည်သင့်လဲ မသိဘဲ ဖြစ်နေသလား။ စိတ်မပူပါနဲ့။ စင်္ကာပူမှာ ဒေသခံတစ်ယောက်လို လည်ပတ်နိုင်ဖို့ နေရာ (၅)နေရာကို အဆင်ပြေပြေ လည်ပတ်နိုင်ဖို့ နဲ့ (၁)နေရာ ချင်းစီရဲ့ တည်းနိုင်တဲ့ ဟိုတယ်တွေပါ ဖော်ပြပေးလိုက်ပါတယ်နော်။

၁။ Bugis District

တည်းခိုဖို့နေရာ။ Mercure Singapore Bugis

58190_700x

Bugis ဆိုတာကတော့ စင်္ကာပူနိုင်ငံ ရဲ့ နောက်ဆုံးပေါ် ဖက်ရှင်တွေကို ကြိုက်သူတွေအတွက် နေရာလေးလို့ ဆိုနိုင်တယ်။ Bugis လမ်းမှာ ဈေးသက်သာပြီး ဖက်ရှင်ကျတဲ့ အဝတ်အစား၊ အသုံးအဆောင်တွေကို မွှေနှောက် ဝယ်ယူနိုင်ပြီး Haji Lane မှာ ရှိတဲ့ များပြားလှတဲ့ ကော်ဖီဆိုင်တွေကိုလည်း လည်ပတ်နိုင်တယ်လေ။ ၂၄ နာရီ လုံး ဖွင့်တဲ့ Mustafa Centre ကတော့ လိုချင်တာကို ကြိုက်တဲ့ အချိန်ဈေးဝယ်နိုင်လို့ အရမ်းကို အဆင်ပြေတဲ့ နေရာလေးပေါ့။ Arab Street အတိုင်းသွားရင် ပါရှန်း ကော်ဇောတွေ ရောင်းတဲ့ အထည်အလိပ်ဆိုင်တွေ၊ Sultan Mosque စူလတန် မွတ်စလင်ဗလီ ၊ ရှေးစတိုင် ဟင်းချက်တဲ့ အိမ်တွေနဲ့ အရှေ့အလယ်ပိုင်း စတိုင် စားသောက်ဆိုင်တွေရှိပါတယ်။

Mercure Singapore Bugis
Image credit: Mercure Singapore Bugis

Bugis District ကို နှံ့နှံ့ စပ်စပ် လည်ချင်ရင် Mercure Singapore Bugis မှာတည်းဖို့ အကြံညဏ်ပေးချင်ပါတယ်။ Mercure Singapore Bugis မှာ ရှေးဟောင်းပုံစံ အခန်းတွေ ရှိလို့ သင် Instagram မှာ တင်ဖို့ ဓာတ်ပုံ အများကြီး ရိုက်နိုင်မှာပါ။ မြို့လယ်မှာ တည်ရှိတဲ့အပြင် အနီးနားက အနုပညာ နဲ့ ယဉ်ကျေးမှု နေရာတွေကို လည်း ကြည့်ရှုနိုင်သေးလို့ တည်းဖို့ သင့်တော်တဲ့ နေရာလေးပေါ့။

Mercure Singapore Bugis
Image credit: Mercure Singapore Bugis

ဒါ့အပြင် Mercure Singapore Bugis မှာ တစ်ခါဝင် သွားပြီးတာနဲ့ ပြန်မထွက်သွားချင်လောက်အောင် စွဲဆောင်မှု ရှိတဲ့ ဘားလည်းရှိပါတယ်။ Bartistry@One22 မှာ မနက်စာနဲ့ ကော်ဖီဆရာတွေရဲ့ ကော်ဖီကောင်းကောင်းလေးတွေကို အမြန်ရနိုင်ပါတယ်။ ညဘက်မှာတော့ Happy Hour အတွင်း လာပြီး အရက်သောက်နိုင်ပြီး ညဘက်အနားယူနိုင်တယ်။ ဟိုတယ်မှာ အရမ်းကို စွဲမက်ဖွယ်ကောင်းအောင် လျှာလည်သွားစေမယ့် အမဲနှပ်သီးသန့်ဟင်းလျာ စားသောက်ဆိုင်ကြီး လည်းရှိပါတယ်။

၂။ Orchard District

တည်းဖို့နေရာ ။ Quincy Hotel

Orchard District
Image credit: www.tripzilla.com

စင်္ကာပူနိုင်ငံရဲ့ ဈေးဝယ်ထွက်ဖို့ အကောင်းဆုံး အသည်းနှလုံးဖြစ်တဲ့ Orchard Road ကို သွားရင်း Isetan Shaw မှာ ရုပ်ရှင်ကောင်းကောင်းလေး ကြည့်လိုက်ပါ။ စူပါမားကတ်မှာ ရှိတဲ့ ဂျပန်သရေစာ တွေကို စားပြီး ဈေးသက်သာတဲ့ အကျီတွေဝယ်ဖို့ Cineleisure Orchard ကို သွားလိုက်ပါ။ သင့် နှလုံးသွေး တွေ ခုန်တက်လာအောင် အက သင်တန်းမှာ ဝင်ရောက် ကနိုင်ပါသေးတယ်။

58187_700x
Image credit: www.tripzilla.com

Quincy Hotel က တော့ Orchard Road က နေ ၅ မိနစ်လောက်သွားရုံနဲ့ ရောက်နိုင်တယ်ဆိုတော့ ဘာပြောစရာ လိုသေးလဲ။ ဖက်ရှင်ဆိုင်တွေ၊ အစားအသောက်ကောင်းတွေနဲ့ ဖျော်ဖြေရေး တွေကြောင့် သင်ကျေနပ်မိမှာ အသေအချာပါဘဲ။ Quincy Hotel မှာ တောက်ပနေတဲ့ ရေအိမ်တွေ၊ စတိုင်ကျတဲ့ ဧည့်ခန်းဆောင်တွေကြောင့် သင် ဓာတ်ပုံရိုက်လို့ မပြီးနိုင်အောင်ပါဘဲ။ ဖန်သား အကာရှိပေမယ့် မီးရောင်စုံ အမျိုးမျိုး အရောင်ပြောင်းနေတဲ့ LED ရေကူးကန်ရှိတာ သင်သိပါသလား။ သင်နားနေဖို့ ရေနွေးငွေ့ ခန်းတွေ နဲ့ ရေချိုးခန်းတွေ လည်းရှိသေးတယ်။

58186_700x

ကိုယ်တိုင် အနုပညာ လက်ရာတွေ လွတ်လွတ်လပ်လပ် ရေးဆွဲ ဖော်ကျူးနိုင်တဲ့ Art Jamming Class ဒါမှမဟုတ် ဆမ့်သက်နေတဲ့ ချောကလက် လုပ်နည်း လက်တွေ့သင်တန်း Chocolate Truffle Making class တွေ ကို လည်း ဝင်ရောက်လုပ်ကိုင်ပြီး သင့်အချစ်ဆုံး ရဲ့ အံ့ဩချီးမွမ်းမှုတွေရ နိုင်သေးတယ်နော်။

၃။ Sentosa District

တည်းဖို့နေရာ ။ Sofitel Singapore Sentosa Resort & Spa

58192_700x
Image credit: www.tripzilla.com

Sentosa ဆိုတာ က စင်္ကာပူနိုင်ငံရဲ့ အကြီးမားဆုံး ပျော်ရွှင်စရာ အပန်းဖြေဖို့ နေရာတစ်ခုပါ။ စွန့်စားမှုကို ချစ်မြတ်နိုးသူတွေက Megazip Adventure Park ဒါမှမဟုတ် Universal Studio Singapore ကို သွားနိုင်ပြီး ကမ်းခြေကို နှစ်သက်သူတွေက Palawan Beach နဲ့ Suspension Bridge ကို သွားပြီး စွဲဆောင်မှုရှိတဲ့ ရေကူးဝတ်စုံတွေနဲ့ ပိုကီမွန်ဖမ်းရင်း နေပူဆာလှုံနိုင်ပတယ်။ အစားအသောက်သမားတွေကတော့ Malaysian Food Street ဒါမှမဟုတ် Korea Town မှာ အစာားအသောက်များ စားသုံးနိုင်ပါတယ်။ Instagram မှာ ဓာတ်ပုံတင်ချင်သူတွေ အတွက်ကတော့ Trickeye Museum သွားပြီး စိတ်ကြိုက် ဓာတ်ပုံရိုက်ပါတယ်။ နောက်ဆုံး တိရစာ္ဆန် ချစ်သူတွေအတွက် S.E.A Aquarium သွားပြီး ဓာတ်ပုံအစားဆုံး ရေသတ္တဝါ ၁ဝ ကောင်ရဲ့ ပုံတွေ ရိုက်နိုင်သေးပါတယ်။

Image credit: Sofitel Singapore Sentosa and Spa
Image credit: Sofitel Singapore Sentosa and Spa

ဒီမှာ ရှိတဲ့ Sofitel Singapore Sentosa & Spa လိုမျိုး ဇိမ်ခံ ဗီလာတွေ ရှိနေမှတော့ ဘာလို့ ဘာလီသွားဖို့ ပိုက်ဆံအကုန်ခံတော့မလဲဗျာ။ သူတို့ဆီမှာ ပင်လယ်စာအရှင်တွေ၊ ၃၂မျိုးသောပြင်သစ် ချိစ်တွေ နဲ့ အခမဲ့ လိုက်ဖြည့်ပေးတဲ့ ဖျော်ရည်၊ အရက်တွေ နဲ့ Mqagnifique Champagne Sunday Brunch လည်းရှိသေးတယ်။ ဒီ အပန်းဖြေစခန်းဟာ Tanjong Beach နဲ့ လည်း ၁၃၂ ခြေလှမ်းဘဲဝေးပြီး Santosa ထဲမှာ နေရာတော်တော်များများကို လည်ပတ်ဖို့ အတွက် အခမဲ့ ယာဉ်တွေ ပြေးဆွဲပေးပါတယ်။

58225_700x
Image credit: www.tripzilla.com

ဒါ့အပြင် သင့်ကျန်းမာရေးကို ကောင်းစေမယ့် Spa တွေလည်းရှိပါတယ်။ အပြင်ဘက်မှာ ရှိတဲ့ Spa ဥယျာဉ်မှာဆိုရင် ရေတံခွန်ငယ်လေးနဲ့ ပေါလောပေါတဲ့ ရေကန်၊သင့် အသားအရေအတွက် ရွှံ့ရေကန်တွေ လည်းပါတယ်။ သင်ကံကောင်းရင် ဥယျာဉ်ထဲမှာ လျှောက်သွားနေတဲ့ ဥဒေါင်းတွေနဲ့ selfie တောင်ရိုက်နိုင်သေးတယ်။

၄။ Marina Bay District

တည်းဖို့နေရာ ။ Naumi Hotel

58236_700x
Image credit: www.tripzilla.com

Marina Bay District က စင်္ကာပူရဲ့ အနုပညာနဲ့ ယဉ်ကျေးမှု စင်တာကြောင့် နာမည်ကြီးတယ်။ စင်္ကာပူရဲ့ အမျိုးသား ပြတိုက် ဒါမှမဟုတ် စင်္ကာပူ အနုပညာပြတိုက်တွေကို သွားရောက်ကြည့်ရှုနိုင်တယ်။ ဈေးဝယ်ဝါသနာအိုးတွေ ကတော့ Raffles City ၊ Marina Square ၊ Millenia Walk ၊ ဒါမှမဟုတ် Suntec City Mall တွေမှာ စိတ်ကြိုက် ဈေးဝယ်နိုင်ပါတယ်။ ညဘက်ရောက်ရင်တော့ စားစရာ သောက်စရာတွေနဲ့ ပြည့်နေတဲ့ Chijmes ကို သာ သွားလိုက်ပါ။

58237_700x
Image credit: www.tripzilla.com

Marina Bay District မှာ လည်ပတ်ဖို့ အချိန်အလုံအလောက် ရချင်ရင်တော့ Naumi Hotel မှာ ခဏတည်းလိုက်ပါ။ သင့်ကို ရေချိုးတဲ့ အတွေ့အကြုံအသစ်ရစေနိုင်မယ့် ရေစိမ်ကန်လည်းရှိပြီး Naumi Hotel ရဲ့ ထူးခြားချက်ကတော့ ဟိုတယ် ဧည့်ခန်းမကနေ စပြီး ဟိုတယ်မှာ တွေ့သမျှ သင်လိုချင်တာ အားလုံး ဝယ်လို့ရတယ်ဆိုတာဘဲ။ အိပ်ရာခင်းတွေ၊ အမွှေးအကြိုင်တွေ၊ အနုပညာ ပစ္စည်းတွေ သင်ကြိုက်တာတွေ ဝယ်ပြီး အိမ်သယ်သွားလို့ရပါတယ်။

၅။ Kranji District

တည်းဖို့နေရာ ။ D’Kranji Farm Resort

58199_700x
Image credit: Banej

မြို့ပြကနေ ခဏတစ်ဖြုတ်အနားယူဖို့ လှပတဲ့ ကျေးလက် ကို သွားချင်ရင် Kranji ကို သွားလိုက်ပါ။ Sungei Buloh Wetland Reserve မှာ ရှိတဲ့ ဧရာမ ဖွတ်ပုတက် တွေနဲ့ မိတ်ဆွေဖွဲ့လိုက်ပါ။ ဒါမှမဟုတ် လှပတဲ့ ပင်လယ်ရဲ့ အရောင်တွေနဲ့ ကောာင်းကင်ကြီးကို နေဝင်ချိန်မှာ ကြည့်လိုက်ပါ။ စင်္ကာပူက တစ်ခုတည်းသော လယ်သမားတွေရောင်းတဲ့ ဈေး Kranji Countryside Farmer’s Market ကို သွားပြီး လက်လုပ်အစားအစာတွေနဲ့ လတ်ဆတ်တဲ့ ဒေသထွက်ကုန်တွေ ဝယ်နိုင်ပါတယ်။ Singapore Zoo ၊ Night Safari ၊ ဒါမှမဟုတ် Kranji War Memorial စတဲ့ နေရာတွေလည်း လည်ပတ်နိုင်ပါသေးတယ်။

58238_700x
Image credit: D’Kranji Farm Resort

ထူးခြားခမ်းနားလှတဲ့ ကျေးလက်စံအိမ် D’Kranji Farm Resortမှာ တည်းရင်း ပုဇွန် မွေးမြူရေး prawn fishing ကို သွားကြည့်နိုင်ပြီး ငှက်သိုက် ထွက်ကုန်တွေ နာမည်ကြီးတဲ့ Swiftlet Garden ကို သွားလည်နိုင်ပါတယ်။ Nopphawan Message & Spa မှာ လည်း အနှိပ်ခံရင်း ဇိမ်ခံနိုင်သေးတယ်။ မိသားစု နဲ့ လာသူတွေ အဖို့ Fitness Scooters ငှားပြီး လယ်ခြံတောထဲမှာ လမ်းလျှောက်နိုင်ပါတယ်။ D’Kranji Farm Resort ၊ Sungei Buloh Wetland Reserve အပါအဝင် နေရာ (၆) နေရာမှာ ရပ်တဲ့ ဘတ်စ်ကားတွေလည်း ရှိတာကြောင့် သွားလာရေးအတွက် စိတ်ပူစရာမလိုတော့ပါဘူး။

ကဲ အခု သင်ထင်တာထက် စင်္ကာပူနိုင်ငံ မှာ လည်ပတ်စရာတွေ များတာ သိပြီမဟုတ်လား။ ဒေသခံတွေအတွက် ပျင်းစရာ နေ့စဉ် လုပ်နေကျတွေကနေ ထွက် ပြီး ပျော်စရာကောင်းတဲ့ ပိတ်ရက်လေးဖြစ်ဖို့ ခရီးစထွက်ကြရစို့လား။ ခရီးသွား ဧည့်သည်တွေကတော့ နေရာတိုင်းမှာ စုံစုံလင်လင် လည်နိုင်ဖို့ ဖြေးဖြေးချင်း လည်ပတ်ကြည့်ရအောင်။

8 comments

  • ကထူးဆန်း

    October 21, 2016 at 10:02 am

    ဟိုတယ် ဈေ းတွေ လည်း ပြော ပြ ပါလား ဟင် .. စိတ်ကူး ယဉ် ရမရ သိအောင်ပေါ့ … 🙂

  • သျှားသက်မာန်

    October 21, 2016 at 4:40 pm

    ဟိုတယ်ခက တစ်ရက်ကိုဒေါ်လာ80အထက်မှာရှိပါတယ်….

  • kai

    October 21, 2016 at 5:27 pm

    ၃ရက်လောက်နေမယ်ဆို.. ကုန်ကျစရိပ်မသေးလောက်။
    ဥရောပထက်ပိုများမလားမသိ..။
    အသိအိမ်ကပ်စားရရင်တော့ မဆိုးဖူး..။ :k:

  • သျှားသက်မာန်

    October 22, 2016 at 1:04 pm

    ဟုတ်တယ်စင်ကာပူမှာအသိအိမ်နေရင်နေ..မနေရင်အိမ်ငှားပြီးနေလိုက်တာပိုသက်သာတယ်

  • Thint Aye Yeik

    October 22, 2016 at 6:05 pm

    .တော်တော် အားကြိုးမာန်တက် ပိုစ့်တွေ တင်ပေးနေတာပဲ
    ခရီးသွားကုမ္မဏီက ဘယ်လောက် ရထားလဲမသိ။
    သူကြီးလည်း ဘယ်လောက် ရနေပြီမသိ။
    ကြားထဲက ကိုယ်တွေက လိုက်ဖတ်ရင်း ခရီးသွားခြင်းဆိုင်ရာ ဗဟုသုတတွေ ရလို့။
    ဘာပဲဖြစ်ဖြစ် သိုင်းခရူး

    • kai

      October 23, 2016 at 2:05 pm

      ကျုပ်က ဘာရရမှာလည်းဗျ.. ပို့စ်တင်နေတာမို့.. ပေးရဖို့ပဲရှိတာ…။
      ဘာပဲဖြစ်ဖြစ်.. စည်းကမ်းအတိုင်းတင်နေတာမို့.. ရွာထဲလူတယောက်ရှိနေတာပေါ့..။ ကောင်းတာပဲ..။ 🙂

      • Thint Aye Yeik

        October 23, 2016 at 10:05 pm

        ဟမ်
        ခရီးသွားလာရေး အကျိုးဆောင် ကုမ္ပဏီတစ်ခုက အားရပါးရ ကြော်ငြာနေတာကို အလကား တင်ပေးနေတဲ့ ဆိုဒ်လား
        အံ့ရော။

        နို့. . . .မသိပါဘူး။ သူကြီးတော့ ချန်နယ်မြန်မာလို
        သစ်ထူးလွင်လို ကြော်ငြာခတွေ အတော်ရနေပြီ မှတ်တာ။

        ရတာ မရတာ တပိုင်းပေါ့။
        ကျနော်တို့လို ဖတ်သူတွေက ရ ရာလေး ဆွဲ ယူလို့ ရနေတာ တပိုင်းပေါ့
        :k:

        ရီမယ်နော်
        ဟီးဟီး
        :mrgreenn:

  • သျှားသက်မာန်

    October 24, 2016 at 5:01 pm

    ဘယ်ခရီးသွားကုမ္ပဏီမှလည်းမထောင်ထားရပါဘူး ခရီးသွားရတာဝါသနာပါလို့..စာရေးရတာလည်းဝါသနာပါလို ့ ပို့စ်တွေဖတ်ရင်း တင်နေတာပါ ဗဟုသုတလည်းရစေချင်ပါတယ် မရောက်ဖူးပေမယ့် ဖတ်ဖူးတော့ ရောက်ဖူးသွားသလိုခံစားရတဲ့..ရသလည်း ပေးချင်လို့ပါ ကိုယ်ကိုယ်တိုင်လည်းကုန်ကြမ်းရဖို ့ ခရီးတွေသွားနေပါတယ်..

Leave a Reply