ဟောင်ကောင်မြို ့ရဲ ့အထင်ကရနေရာ ၁ဝ ခု

Mon LayOctober 22, 20163min953

ဟောင်ကောင်မြို ့မှာ မဖြစ်မနေသွားကြည့်သင့်တဲ့ နေရာ ၁ဝ ခုစာရင်းကို အောက်မှာ ဖော်ပြထားပါတယ်။ ဒီစာရင်းထဲမှာတော့ ကမာ္ဘ ့နာမည်ကြီးအဆောက်အအုံတွေနဲ ့ဈေးတွေသာ မကပဲ ဟောင်ကောင်မြို ့ရဲ ့ ရှေးေဟောင်းလက်ရာတွေနဲ ့ကျေးရွာတွေပါ ပါဝင်တာကိုတွေ ့ရမှာဖြစ်ပါတယ်။

 

Long exposure of the Hong Kong skyline - Tom Bonaventure/Photographer's Choice RF/Getty Images

၁။ The Skyline

ဟောင်ကောင်ကျွန်းပေါ်က Victoria ဆိပ်ကမ်းတစ်ဝက်မှာရှိတဲ့ မိုးမျှော်တိုက်တွေ ထိုးထိုးထောင်ထောင် ထွက်နေတဲ့မြင်ကွင်းက ဟောင်ကောင်မြို ့ရဲ ့အထင်ကရဆွဲဆောင်မှုလို ့ ဆိုရလောက်အောင် အလွန်လှပပါတယ်။ ဒီကျွန်းအကျယ်အဝန်းနဲ ့ ဒီမိုးမျှော်တိုက်အရေအတွက်ဆိုတာ ကမာ္ဘပေါ်မှာ တခြားဘယ်နေရာမှာမှမရှိနိုင်ဘူး လို ့တောင်ဆိုပါတယ်။ Skyline ကို နေ ့ဘက်မှာ Victoria Peak ကကြည့်ချင်လို ့ပဲဖြစ်ဖြစ် ညဘက်မှာ  လေဆာတွေမီးရောင်စုံပြကွက်တွေနဲ ့  အလှအပကို ခံစားချင်လို ့ပဲဖြစ်ဖြစ် အချိန်ကုန်ရကျိုးနပ်စေမှာဖြစ်ပါတယ်။

 

Entrance to Hong Kong Walled Village - Copyright Rory Boland

၂။ တံတိုင်းကာထားတဲ့ရွာ

ဟောင်ကောင်မြို ့မှာလည်း စိတ်ဝင်စားဖို ့ကောင်းတဲ့သမိုင်းကြောင်းရှိပါတယ်။ တော်တော်များများကတော့ ဟောင်ကောင်မြို ့ရဲ ့သမိုင်းကြောင်းဆိုရင် ဘိန်းဖြူရောင်းဝယ်တာတွေ၊ စစ်သဘောင်္တွေ ဗြိတိန်ကိုလိုနီခေတ်လောက်ထိပဲ သိကြပေမယ့် ဟောင်ကောင်မြို ့ရဲ ့တချို ့ရွာတွေက နှစ်ပေါင်း ၅၀ဝ ကျော် သက်တမ်းရှိနေပါပြီ။ တမူထူးခြားတဲ့ တံတိုင်းတွေကာထားတဲ့ ရွာထဲမှာတော့ သမိုင်းဝင်အမွေအနှစ်တွေကို မူလလက်ရာမပျက် တွေ ့နိုင်ပါတယ်။ ခုခံရေးတံတိုင်းတွေ၊  ဘိုးဘေးစဉ်ဆက် အဆောက်အအုံတွေနဲ ့ရိုးရာဝတ်စုံနဲ ့ရွာသူရွာသားတွေကိုလည်း ရွာထဲမှာတွေ ့နိုင်ပါသေးတယ်။

 

 

Bicycles on Lamma Island - Copyright Rory Boland

၃။ Lamma ကျွန်း

 

ဟောင်ကောင်ကျွန်းပေါ်က လူအုပ်တွေထဲ တော်တော်ကြာကြာ လျှောက်သွားပြီးရင်တော့ တိတ်ဆိတ်ပြီး အမှောင်ချထားတဲ့ အခန်းတစ်ခန်းထဲမှာ သင်လဲလျောင်းချင်မိမှာပါ။ အဲ့လို ခံစားမိပြီဆိုရင် အကောင်းဆုံးကတော့ Lamma ကျွန်းကိုသွားလည်ဖို ့ပါပဲ။ ဒီဝေးလံခေါင်သီတဲ့ ကျွန်းလေးမှာ တောတွင်း ဟင်းသီးဟင်းရွက်တွေ၊ သဲသောင်နဲ ့ကမ်းခြေတွေအပြင် ခနော်ခနဲ ့တည်ဆောက်ထားတဲ့ရွာတွေထဲက ပင်လယ်စာရနိုင်တဲ့ဆိုင်တွေကို တွေ ့နိုင်မှာဖြစ်ပါတယ်။ ကျွန်းပေါ်မှာ ကားတော့တစ်စီးမှမရှိလို ့လည်ပတ်ဖို ့ဆိုရင် ခြေထောက်တွေကိုတော့ ကောင်းကောင်းလေ့ကျင့်ထားဖို ့လိုပါလိမ့်မယ်။

 

Street Market - Copyright Martyna Szmytkowska

၄။ ဈေး

 

ဟောင်ကောင်မှာ ဧရာမဈေးဝယ်စင်တာကြီးတွေ၊ ၂၄ နာရီရောင်းပေးတဲ့ 7-Eleven စတိုးဆိုင်တွေရှိပေမယ့် လူတေ်ာတေ်ာများများက ပုံမှန်ဈေးထဲ ဈေးဝယ်ထွက်ကြတာကို နှစ်သက်ပါတယ်။ ဈေးထဲမှာတော့ လတ်ဆတ်သန် ့ရှင်းတဲ ့ငါးတွေကအစ Guccie အိတ်အတုတွေ

အထိပါ ဝယ်ယူနိုင်ပါတယ်။ ဟောင်ကောင်မှာကတော့ ရွှေငါးတစ်ကောင်ကအစ ဈေးထဲမှာရနိုင်ပါတယ်။ နိုင်ငံခြားသားတွေအနေနဲ ့ကတော့ အိမ်ပြန်လက်ဆောင်တွေဝယ်ယူနိုင်မှာဖြစ်ပြီး စိုစွတ်တဲ့ ဈေးတွေထဲမှာ မြို ့ခံတွေနေ ့စဉ်ဘယ်လိုဈေးဝယ်ကြလဲဆိုတာကို လေ့လာနိုင်မှာပါ။

 

Ngong Ping Cable Car - Copyright Bartosz Kościelak

၅။ Ngong Ping ကေဘယ်ကား

 

၁၁၂ ပေမြင့်ပြီး ၅.ရ ကီလိုမီတာ ရှည်လျားတဲ့ Ngong Ping ကေဘယ်ကားပေါ်ကနေကြည့်လိုက်ရင် တလက်လက်တောက်ပနေတဲ့ တောင်တရုတ်ပင်လယ်နဲ ့ Lantau ကျွန်းကို အပေါ်စီးကနေမြင်နိုင်မှာဖြစ်ပါတယ်။ ရှုမျှော်ခင်းတွေကတော့ တကယ်ကို ရင်သပ်ရှုမောဖြစ်စေမှာဖြစ်ပြီးတော့ အောက်ခြေကိုဖန်သားနဲ ့လုပ်ထားတဲ့ သမ္ဗန်ကို စီးပြီးလည်း ရှုခင်းတွေကိုကြည့်ရှုနိုင်ပါတယ်။ ကေဘယ်ကားနဲ ့ရှုခင်းကြည့်ရှုပြီးရင်တော့ ပေ ၁၁ဝ အမြင့်ရှိတဲ့ ကမာ္ဘ ့ဉာဏ်တော်အမြင့်ဆုံးဆင်းတုတော်တွေထဲက တစ်ဆူဖြစ်တဲ့ Tian Tan ဗုဒ္ဓဆင်းတုတော်ကို သွားရောက်ဖူးမြော် လည်ပတ်နိုင်ပါတယ်။

 

Incense coils inside the Man Mo Temple - John Slater/flickr

၆။ ဘုရားကျောင်း

 

ဟောင်ကောင်မြို ့ခံတွေအတွက်တော့ ဘုရားကျောင်းတွေက အရေးပါတဲ့ အခန်းကဏ္ဍက  ပါဝင်နေပြီး ပွဲလမ်းသဘင်နေ ့တွေမှာဆိုရင် နတ်ဘုရားတွေအတွက် လက်ဆောင်ပဏ္ဍာ ပူဇော်ဆက်သတဲ့ လူတွေနဲ ့ပြည့်နှက်နေတတ်ပါတယ်။ ဟောင်ကောင်မြို ့က ဘုရားကျောင်းတွေကတော့ လူတွေနဲ ့ဆူညံ ရှုပ်ထွေးနေလေ့ရှိပြီး အရောင်အသွေးလည်း စုံလင်တာကိုတွေ ့ရမှာဖြစ်ပါတယ်။ များသောအားဖြင့် ဘုရားကျောင်းတွေထဲမှာ အမွှေးတိုင်မီးခိုးတွေနဲ ့ပြည့်နှက်နေလေ့ရှိပြီး တရုတ်ရိုးရာ အလှဆင်ပစ္စည်းတွေနဲ ့လည်း အလှဆင်ထားတတ်ပါတယ်။ လေ့လာချင်ရင်တော့ ဟောလိဝုဒ်လမ်းမှာရှိတဲ့ Man Mo ဘုရားကျောင်းကနေ စတင်သင့်ပါတယ်။

Happy Valley Racecourse - Copyright Rory Boland

၇။ Happy Valley  မြင်းပြိုင်ကွင်း

 

အပျော်ကြိုက်တတ်တဲ့ မြင်းလေးတွေလိုပါပဲ ဗုဒ္ဓဟူးနေ ့ညတို်င်း ထောင်ပေါင်းများစွာသော ဟောင်ကောင်မြို ့ခံတွေက Happy Valley မြင်းပြိုင်ကွင်းကိုရောက်လာကြပြီး ဟော့ဒေါ့တွေ၊ ဘီယာတွေ စားသောက်ကြပြီး မြင်းပြိုင်ပွဲတွေ ကြည့်ရှုလေ့ရှိပါတယ်။ ပတ်ဝန်းကျင်တစ်ခုလုံးက တက်ကြွနေပြီး ဟောင်ကောင်မြို ့ရဲ ့မိုးမျှော်တိုက်တွေက ထွန်းထားတဲ့ နီယွန်မီးတွေကလည်း အလွန်လှပပါတယ်။

 

Statue Square - LegCo building - Copyright Rory Boland

၈။ Statue ရင်ပြင်

 

တစ်ချိန်က ဗြိတိသျှ ကိုလိုနီရဲ ့ခြေကုပ်ဖြစ်ခဲ့တဲ့ Statue ရင်ပြင်မှာ လှပပြီး ဂန္ထဝင်ဆန်တဲ့ LegCo အဆောက်အအုံက ခမ်းခမ်းနားနားရှိနေပါတယ်။ ဒီအဆောက်အအုံက တစ်ချိန်က ဟောင်ကောင်ဥပဒေ အရာရှိတွေတွေ ့ဆုံခဲ့တဲ့နေရာလည်းဖြစ်ပါတယ်။ ဒါ့အပြင် Staute ရင်ပြင်က အထက်လွှတ်တော်တည်ရှိတဲ့နေရာလည်းဖြစ်ပြီးတော့ ကျယ်ဝန်းတဲ့ ဝရံတာတွေ၊ လျှောက်လမ်းတွေနဲ ့ အမိုးခုံးတွေက ဟောင်ကောင်မြို ့မှာ အနည်းငယ်ပဲကျန်တော့တဲ့ ကိုလိုနီဗိသုကာပညာရဲ ့ပြယုဂ်တစ်ခုအဖြစ် တည်ရှိနေပါတယ်။

 

Nathan Road advertising signs - Flickr/Charles

၉။ Nathan လမ်း

 

Nathan လမ်းကတော့ ဟောင်ကောင်မြို ့ရဲ ့ဓါတ်ပုံအရိုက်ခံရဆုံးလမ်း ဖြစ်လောက်ပါတယ်။ ဒီလမ်းထဲမှာတော့ မြို ့ရဲ ့စံပြဖြစ်တဲ့ နီယွန်မီးရောင်စုံနဲ ့ကြော်ညာဆိုင်းဘုတ်တွေကို တွေ ့နိုင်ပါတယ်။ လမ်းရဲ ့ထောင့်တိုင်းတွေတိုင်းမှာ အဆောက်အအုံတိုင်းမှာ ပြွတ်သိပ်ချိတ်ဆွဲထားတဲ့ ဆိုင်းဘုတ်တွေက Nathan လမ်းက Tsim Sha Tsui ရပ်ကွက်ရဲ ့စီးပွားရေး အချက်အချာတစ်ခုဖြစ်ကြောင်းကို သက်သေပြနေပါတယ်။ ဟောင်ကောင်မြို ့ရဲ ့အကောင်းဆုံးတွေ စုဝေးထားတာကို မြင်ချင်ရင်တော့ ဒီနေရာကိုလာဖို ့အသင့်တော်ဆုံးပါပဲ။

 

ocean park in hong kong-Tripmee

၁၀။ သမုဒ္ဒရာဥယျာဉ် (Ocean Park)

 

ဟောင်ကောင်မြို ့ရဲ ့သမုဒ္ဒရာ ပုံစံတူဥယျာဉ်ကတော့ ကယ်လီဖိုးနီးယားက ဒစ္စနေးလန်းထက် တဖြည်းဖြည်းနာမည်ပိုကြီးလာနေပါပြီ။ ဒီဥယျာဉ်မှာ ပညာရေးအတွက် ရေသတ္တဝါတွေအကြောင်း ပြသထားတာတွေရှိပြီး ဂျယ်လီငါးပြခန်းကလည်း ထူးခြားဆန်းပြားနေတာကိုတွေ ့နိုင်ပါတယ်။ ဒါ့အပြင် စိတ်အပန်းဖြေနိုင်ဖို ့အတွက် ရိုလာကိုစတာနဲ ့အခြားကစားစရာတွေလည်း စီးနင်းနိုင်ပါတယ်။ သင့်မှာ ကလေးရှိတယ်ဆိုရင်တော့ သမုဒ္ဒရာဥယျာဉ်ကို လာဖို ့လုံးဝ လက်မလွတ်သင့်ပါဘူး။

 

reference : www.gohongkong.about.com

3 comments

  • Thint Aye Yeik

    October 24, 2016 at 1:09 pm

    သမုဒ္ဒရာ ဥယျာဉ်ကို အသွားချင်ဆုံးပဲ။
    .ဟောင်ကောင် သွားပြီး ဟောင်ကောင်ဂျက်မတွေနဲ့ ဓါတ်ပုံ တွဲရိုက်ချင်သေးတယ်
    :k:

  • သျှားသက်မာန်

    October 24, 2016 at 4:44 pm

    ဟုတ်ပါ့….ရှိတ်ရှိတ်….

  • uncle gyi

    October 27, 2016 at 4:27 pm

    တောင်ပေါ်တက်သွားပြီး
    ညဘက်မှာမြို့ကိုအပေါ်ဆီးကကြည့်တဲ့နေရာတခုကျန်သေးတယ်လေ

Leave a Reply