ရေဥယျာဉ် Rama Yana(ရာမယန)

Mon LayOctober 25, 20161min1012

မေလ ၅-ရက်နေ့က စတင်ဖွင့်လှစ်လိုက်တဲ့ ထိုင်းနိုင်ငံရဲ့ အကြီးဆုံးနဲ့ အသစ်စက်စက် ရေဥယျာဉ် Rama Yana(ရာမယန)ကိုအလည်သွားရအောင်

45125_820x547

၂၀၁၆-မေလ ၅-ရက်နေ့က စတင်ဖွင့်လှစ်လိုက်တဲ့ RamaYana အပန်းဖြေရေဥယျာဉ်ဟာ ၁၆-ဟက်တာကျော် ကျယ်ဝန်းပြီး လာရောက်လည်ပတ်သူတွေ အနားယူဖို့နဲ့ ကစားဖို့အတွက် နေရာပေါင်း ၅ဝကျော်ထည့်သွင်းထားပါတယ်။ရေလွှာလျှောစီးပေါင်း၂၁-ခု၊ကလေးတွေအတွက်သီးသန့်လုပ်ထားတဲ့ kid zoneနှစ်ခု၊ ရေကစားရင်း အနားယူနိုင်ဖို့အတွက်လည်း wave pool တစ်ခုနဲ့ lazy river တို့ အပြင်တခြားသော နေရာများစွာလည်းပါဝင်ပါတယ်။

ပြီးတော့ စားသောက်ဆိုင် အမျိုးမျိူးနဲ့ သင့်ကိုယ်သင် စိတ်ကြိုက်ပြင်ဆင်လို့ရအောင် Spa Treatment တွေလည်း ထည့်သွင်းတည်ဆောက်ပေးထားပါတယ်။

45126_754x503

“Rama Yana ကိုနိုင်ငံတကာ အဆင့်မှီ စံချိန်စံညွှန်များနဲ့တည်ဆောက်ထားပါတယ်။ အရည်အသွေးမှီ ပစ္စည်းတွေကိုပဲ သုံးထားတာပါ။ ပြီးတော့ Rama Yana ရဲ့ကိုယ်ပိုင်ရေတွင်းတွေကနေထွက်တဲ့ရေတွေ ကိုလည်း သောက်ရေသန့်အဆင့်ဖြစ်အောင် အဆင့်မြှင့်ထားပါတယ်။ Rama Yana ကိုထိုင်းနိုင်ငံရဲ့ အကောင်းဆုံး ရေဥယျာဉ်ဖြစ်အောင် ကြိုးစားသွားမှာပါ။ ကမ္ဘာလှည့်ခရီးသွားတွေကို ဆွဲဆောင်ရာ နေရာတစ်ခုလည်းဖြစ်လာမှာပါ။ လာရောက်လည်ပတ်တဲ့လူတိုင်းကို တစ်ခုခုတော့ ပေးစွမ်းနိုင်လိမ့်မယ်လို့မျှော်လင့်ပါတယ်”

လို့ Rama Yana ရဲ့ မာကတ်တင်းနဲ့ အရောင်းတာဝန်ခံ Johannes Pattermann ကဆိုပါတယ်။

Rama Yana ဟာPattaya မြို့လယ်ကနေပြီးတော့ ကား ၂၅-မိ်နစ်မောင်းစာလောက်ကွာဝေးပါတယ်။

ကာအိုချင်ချန်း ဘုရားကုန်း အနီးမှာတည်ရှိတာဖြစ်ပါတယ်။

ဝင်ကြေးကတော့ လူကြီးတွေအတွက် ဘတ် ၉၉၀(၂၈ ဒေါ်လာ) ကျသင့်မှာဖြစ်ပြီး ကလေးတွေကတော့  ဘတ် ၇၇ဝ (၂၂ ဒေါ်လာ)ကျသင့်မှာဖြစ်ပါတယ်။

၃ ပေအောက်ကလေးတွေကတော့ အခမဲ့ဝင်ခွင့်ရမှာဖြစ်ပါတယ်။

ဖွင့်ချိန်ကတော့ မနက် ၁ဝ နာရီကနေ ညနေ ၆ နာရီထိပါ။

45127_754x503

PS : မြန်မာပြည်က water boomတောင်မရောက်ဖူးသေးပါ

 

2 comments

  • Thint Aye Yeik

    October 26, 2016 at 1:21 pm

    .မြန်မာပြည်က water boomတောင်မရောက်ဖူးသေးသူ တင်တဲ့ ပိုစ့်ကို

    ။မြန်မာပြည်က water boomတောင်မရောက်ဖူးသေးတဲ့ ကျနော် ဖတ်သွားပါတယ်။

Leave a Reply