MSG မုန်းကြသူများ

မှိုနဲ့လုပ်တဲ့ Po Lo Ku တံဆိပ် mushroom seasoning ဟင်းချိုမှုန့်ကို ဟင်းချက်တဲ့နေရာမှာ သုံးနေတာ အဆင်ပြေလို့ မိတ်သင်္ဂများ ကို လက်တို့လိုက်ပါတယ်။ တချို့က အမ်အက်စ်ဂျီ အချိုမှုန့်ကို ကျန်းမာရေး အရ လုံးဝ မသင့်လို့ ဆိုပြီး ရှောင်လိုကြပေမဲ့ အခြားရွေးစရာ မရှိလို့ ကြိတ်မှိတ်ပြီး သုံးနေရတာ တွေ့လို့ပါ။ ထိုင်ဝမ်ကနေ သွင်းပါတယ်။ အယ်လ်အေက တရုတ် ဆူပါမားကက် တွေမှာ ဝယ်လို့ရတယ်လို့ သိရပါတယ်။ ebay ပေါ်ကနေလည်း ရောင်းတတ် ပါတယ်။ အရှေ့ဘက်ခြမ်းမှာ နေသူတွေကတော စာတိုက်ကနေ လှမ်းမှာရင်မှာ ဒါမှ မဟုတ်ရင် လူကြုံနဲ့ ရှာဖို့ ပဲရှိပါတယ်။ လွန်ခဲ့တဲ့ နှစ်လခွဲ လောက်တုန်းက အီးဘေးကနေ ရောင်းဈေးက ၅၀ဝ ဂရမ် သို့ ၁ရ အောင်စကို စာတိုက်ဖိုးမပါ ၁ဝကျပ်ပါ။ (အမေရိကန် ကျပ်ဖြစ်ပါတယ်)။ အခု ဂဲူလ်ကနေရှာ ကြည့်တာ ၂ဝကျပ် နီးပါး ပါ။ နက်စ်ကော်ဖီလေးထောင့်ပုလင်း တလုံးကျော် ကျော် ရပါတယ်။ တခါသုံးရင် အများကြီး မလိုတဲ့ အတွက် သုံးပျော်တာ တွေ့ရပါတယ်။ အဲ အချိုမှုန့် ဈေးနဲ့သူ့ရဲ့ အသုံးခံတာနဲ့တော့ မယှဉ်နဲ့ပေါ့။ ကျန်းမာရေး အရမ်း ဂရုစိုက်သူများ အတွက်တော့ ပေးပျော်ပါတယ်။ ကျွန်တော်လည်း အရင်က အသား၊ငါးမှာပါတဲ့ သူ့အချိုဓါတ် နဲ့တင် လုံလောက်ပါတယ်။ သက်သတ်လွတ်လည်း စားရော လျှာဒုက္ခ တွေ့လို့ ဘယ်မှာမှ msg အစားထိုး ဟင်းချိုမှုန့် ရှာမရနဲ့ စိတ်ညစ်နေတုန်း သက်သတ်လွတ်စားသူ မစွမ်း နတ် မ ဆိုတဲ့ ဆိုရိုး အတိုင်း လက်ဆောင် ရတာပါ။ ဒီအကြောင်းကို ပိုသိသူများ တကယ် ကျန်းမာရေး နဲ့ ညီမညီ၊ အလားတူ ပစ္စည်းမျိုး ဈေးကွက်ထဲမှာ ရှိမရှိနဲ့ မြန်မာပြည် မှာရော ရှာရလို့ရ မရ စတဲ့ သတင်း အချက်အလက်များ ရှိရင် အထူး ကျေးဇူးတင်စွာနဲ့ သိပါရစေ။