Koh Samui ကိုသွားလည်ချင်ပြီးတော့ ကျွန်းပေါ်ကမြင်ကွင်းတွေ ကစားနည်းတွေနဲ့ ပက်သက်ပြီး သိချင်ပါသလား။Koh Samui ကကမ်းခြေတွေကိုရှာဖွေချင်ပါသလား။ ဒါမှမဟုတ် ဘုရားတွေနဲ့ ဈေးတွေကိုသွားချင်ပါသလား။သင်သိလိုသမျှတွေကို ဒီဆောင်းပါးက ပြောပြပေးမှာပါ။

အပူပိုင်းဒေသမှာရှိတဲ့ ကျွန်းတစ်ကျွန်းဖြစ်တဲ့ Koh Samui က ခရီးသွားတွေကိုဆွဲဆောင်နိုင်တဲ့ ထိုင်းနိုင်ငံရဲ့နေရာတွေထဲက တစ်ခုဖြစ်တယ်။ အဲ့ဒီ့ကျွန်းပေါ်မှာ ပျော်စရာ၊ လေ့လာစရာတွေလည်း အများကြီး ရှိတဲ့အတွက် သွားလည်ရင် ပျင်းရမှာမဟုတ်ပါဘူး။ မိတ်ဆွေတို့ရဲ့Koh Samui ခရီးစဉ်မှာ မမေ့နိုင်တဲ့အတွေ့အကြုံတွေ ရဖို့အတွက် အောက်မှာဖော်ပြထားတဲ့ အချက် (၁၆) ချက်ကို ဖတ်ကြည့်လိုက်ပါ။

၁. အိပ်မက်ဆန်ဆန်ကမ်းခြေများ

top-top-samui-attractions

Koh Samui ရဲ့ အရှေ့ဘက်ကမ်းက Lamai ကမ်းခြေ

Koh Samui ရဲ့ကမ်းရိုးတန်းပတ်ပတ်လည်ကို ကမ်းခြေတွေက၀န်းရံထားပါတယ်။ လူသူအသွားအလာနည်းပြီး ဆိတ်ငြိမ်တဲ့ကမ်းခြေတွေရော၊ ခရီးသည်တွေပြည့်နှက်နေတဲ့ ကမ်းခြေတွေကိုပါ တွေ့နိုင်ပါတယ်။ ကိုယ့်အကြိုက်နဲ့ကိုယ် ကြိုက်တဲ့ကမ်းခြေကို သွားလို့ရပါတယ်။ နာမည်ကြီးပြီး တခါတလေ ခရီးသွားတွေနဲ့ပြည့်နေတတ်တဲ့ ကမ်းခြေတွေက ကျွန်းရဲ့အရှေ့ဘက်ကမ်းမှာရှိတဲ့ Chaweng ကမ်းခြေ နဲ့ Lamai ကမ်းခြေတွေဘဲဖြစ်ပါတယ်။ အဲ့ဒီ့ကမ်းခြေနှစ်ခုစလုံးက လာရောက်လည်ပတ်သူတွေအတွက် အကောင်းဆုံးဝန်ဆောင်မှုတွေ ပေးပါတယ်။

တိတ်ဆိတ်ပြီး အေးအေးဆေးဆေး အနားယူရတာကြိုက်တဲ့ မိတ်ဆွေတွေကိုတော့ Bophut ကမ်းခြေ ဒါမှမဟုတ် Maenam ကမ်းခြေတွေကိုသွားလည်စေချင်တယ်။ ဒါ့အပြင် Bang Por ကမ်းခြေလိုမျိုး အထီးကျန်ဆန်တဲ့ ကမ်းခြေမျိုးကိုလည်း Koh Samui ကျွန်းပေါ်မှာတွေ့နိုင်ပါတယ်။

 

 

၂. ဖူးမြော်စရာဘုရားများ

Koh-Samui-Laem-Son-Pagode

Laem-Son ဘုရား

ယဉ်ကျေးမှုကိုမြတ်နိုးပြီး ဘုရားတွေကိုသွားရောက်ဖူးမြော်ချင်ပါသလား။ ကိစ္စမရှိပါဘူး။ Koh Samui မှာရှိတဲ့ ဘုရားတွေက သပ္ပာယ်ပြီးကြည်ညိုစရာကောင်းပါတယ်။ ဘုန်းတော်ကြီးရုပ်ကလာပ်ရှိတဲ့ Wat Khunaram ဘုရား၊ Wat Plai Laem ဘုရား နဲ့ နာမည်ကြီး ဘုရားကြီး စတာတွေအပြင် နောက်ထပ်ဘုရားတွေလည်း  ရှိပါတယ်။

ကျွန်တော့်အမြင်ပြောရရင် Laem Sor ဘုရားနဲ့ တောင်ကုန်းသေးသေးလေးပေါ်က ဘုရားနဲ့နီးတဲ့ Wat Rattanokasin ကျွန်းပေါ်က ဘုရားတွေက ပိုပြီးသပ္ပာယ်ပါတယ်။ အဲ့ဒီ့ဘုရားတွေကို သွားချင်ရင်တော့ ဆိုင်ကယ်နဲ့သွားတာကောင်းတယ်။ ဘာလို့လဲဆိုတော့ ကျွန်းရဲ့တောင်ဘက်ဆုံးအပိုင်းမှာရှိလို့ပါ။

Koh-Samui-Rattanakosin-Chedi

Wat Rattanakosin ရှိဘုရားကြီး

ဒါတင်မကသေးပါဘူး။ Taling Ngam မှာရှိတဲ့ ဆင်မုဒ်ဦးနဲ့နီးတဲ့ Wat Kiri Wongkaram ဘုရား၊ Wat Samret ဘုရားနဲ့ Samui လေဆိပ်ကိုမြင်ရတဲ့ Khao Hua Jook ဘုရား အပြင် တခြားဘုရားတွေကိုလည်းတွေ့နိုင်ပါတယ်။

၃. Koh Samui ဈေးတန်းနဲ့ ညဈေးများ

 

Koh-Samui-BophutWalking-Street-1024x576

Bophut ဈေးတန်း

ထိုင်းမှာဈေးဝယ်ရတာကြိုက်ရင် Koh Samui ကိုလာလည်တာ မှန်သွားပါပြီ။ ကျွန်းပေါ်ကမြို့တွေမှာ လိုချင်တာအကုန်ရနိုင်ပါတယ်။ အရသာရှိတဲ့ ထိုင်းအစားအစာမျိုးစုံကို မြည်းကြည့်နိုင်ပြီး အ၀တ်အထည်၊ကော့တေးနဲ့ ဒေသထွက်လက်ဆောင်ပစ္စည်းတွေကိုလည်း စိတ်ကြိုက်ဝယ်လို့ရပါတယ်။

သောကြာနေ့ ညနေတိုင်းမှာ Fisherman’s Village နဲ့ Bophut ကမ်းခြေက Wharf Samui ရဲ့ကြားမှာ ဈေးတန်းအရှည်ကြီးရှိပါတယ်။ တနင်္ဂနွေနေ့ညနေ ၅နာရီကနေ ည၁၀နာရီအတွင်းဆိုရင် Lamai ကမ်းခြေက ဈေးတန်းကိုလည်းသွားနိုင်ပါတယ်။

oh-Samui-Chaweng-Night-Market

ဒါ့အပြင် Chaweng ရေကန်နဲ့ကပ်လျက်မှာ Chaweng ညဈေးက ညတိုင်းရှိပြီး Petch Buncha Samui Stadium အနီးမှာရှိတဲ့ Chaweng ဈေးတန်းကတော့ တစ်ပတ်မှာ နှစ်ရက်ရှိပါတယ်။ ဆန္ဒရှိရင် တခြားဈေးတန်းတွေနဲ့ ညဈေးတွေကိုလည်းသွားပြီးတော့ အရသာရှိပြီး ဈေးသက်သာတဲ့ အစားအစာတွေကိုစားရင်း ဈေးဝယ်ထွက်လို့ရပါသေးတယ်။

၎. အံ့ဖွယ်ရှုခင်းတွေကြည့်နိုင်တဲ့ နေရာများ

Koh-Samui-Rattanakosin-Chedi-Aussicht-

Koh Samui ကျွန်းပေါ်မှာ တောင်ကုန်းတွေအများကြီးရှိတာကြောင့် ရှုခင်းကြည့်စရာ နေရာတွေလည်းများပြီး ကျွန်းရဲ့အလှအပနဲ့ ထိုင်းပင်လယ်ကွေ့ကြီးကိုကြည့်နိုင်ပါတယ်။ ပုံမှာပြထားတဲ့မြင်ကွင်းက Wat Rattanakosin ဒါမှမဟုတ် Khao Hua Jook ဘုရားကနေမြင်ရတဲ့ မြင်ကွင်းဖြစ်ပေမယ့် ကျွန်တော်ကတော့ ရှုခင်းတွေကြည့်ရတာကြိုက်လို့ viewpoint တိုင်းနီးပါးကို သွားလည်ခဲ့ပါတယ်။

Lamai viewpoint မှမြင်ရသောမြင်ကွင်း

Lamai viewpoint မှမြင်ရသောမြင်ကွင်း

တခြားရှုခင်းကြည့်နိုင်တဲ့ viewpoint တွေကိုလည်းပြောပြပေးပါမယ်။ Chaweng ကမ်းခြေနဲ့ Lamai ကမ်းခြေကြားက မြို့ရှောင်လမ်းပေါ်မှာရှိတဲ့ Samui viewpoint နဲ့ ဒုတိယပုံမှာပြထားတဲ့ Lamai viewpoint လည်းရှိပါတယ်။ Lamai viewpoint ကိုသွားချင်ရင်တော့ Lamai ကမ်းခြေကနေ Valentine Stone ကိုသွားတဲ့လမ်းအတိုင်းသွားရုံပါဘဲ။ အဲ့ဒီ့ကဆက်သွားရင်တော့ လှပတဲ့ရှုခင်းတွေနဲ့ ကော်ဖီဆိုင်သေးသေးလေးတစ်ခုကိုတွေ့ပါလိမ့်မယ်။

၅. Tarnim မှော်ဥယျာဉ်

 

Koh-Samui-Tarnim-Magic-Garden

Tarnim မှော်ဥယျာဉ်ထဲရှိ ရုပ်ထုများ

ဗုဒ္ဓရဲ့လျို့ဝှက်ဥယျာဉ်လို့ခေါ်တဲ့ Tarnim မှော်ဥယျာဉ်ကတော့ ကျွန်းပေါ်က Khun Nim Peak ဆိုတဲ့ တောင်ကုန်းပေါ်မှာတည်ရှိပါတယ်။ အဲ့ဒီ့တောင်ကုန်းဆီသွားတဲ့လမ်းကိုတော့ Wat Khunaram နဲ့မျက်နှာချင်းဆိုင်မှာတွေ့ရမှာပါ။ တောင်ကုန်းပေါ်ကိုရောက်ရင် ရုပ်ထုတွေအများကြီးနဲ့ ဥယျာဉ်ကြီး တစ်ခုကို တွေ့လိမ့်မယ်။ ဗုဒ္ဓဆင်းတုတော်များစွာရှိပြီး မြွေ၊ငှက် စတဲ့ ပုံပြင်ထဲက တိရစ္ဆာန်တွေလည်း ရှိပါတယ်။

တချို့websiteတွေက အဲ့ဒီ့ဥယျာဉ်ကို လမ်းကြမ်းလို့ ဂျစ်ကားနဲ့ဘဲသွားလို့ရတယ်လို့ ပြောပေမယ့် တကယ်တော့ ဆိုင်ကယ်နဲ့လည်းသွားလို့ရပါတယ်။ လမ်းတွေကကောင်းပါတယ်။ ဥယျာဉ်ထဲကိုဝင်ကြေးက တစ်ယောက်ကို ဘတ်၈၀ ဖြစ်ပြီး အဲ့ဒီဝင်ကြေးတွေကို ဥယျာဉ်ပြင်ဆင်ထိန်းသိမ်းရေးအတွက် သုံးတာပါ။ တကယ်ကိုသွားလည်သင့်တဲ့နေရာပါ။

၆. Koh Samui ကျွန်းပေါ်မှာဆိုင်ကယ်နဲ့လည်မယ်။

Koh-Samui-Rollertour          ကျွန်းပေါ်မှာ အေးအေးဆေးဆေးလည်ချင်ရင်တော့ ဆိုင်ကယ်နဲ့လည်တာ အကောင်းဆုံးပါ။ ဆိုင်ကယ်ကို တည်းတဲ့ hotel နဲ့ ကျွန်းပေါ်ကဆိုင်တွေမှာ ငှားလို့ရပါတယ်။ ငှားခကတော့ တစ်ရက်ကို ဘတ် ၁၅၀ ကနေ ၃၀၀ ကြားရှိပါတယ်။

Chaweng, Lamai, Nathon, Maenam, Bophut စတဲ့ကမ်းခြေတွေကို မြို့ရှောင်လမ်းကနေ သွားလို့ရပါတယ်။ Koh Samuiကျွန်းပေါ်မှာသွားရတာ လွယ်ပါတယ်။ မြေပုံလိုချင်ရင် hotelတွေနဲ့ ခရီးသွားအေဂျင်စီတွေမှာရနိုင်ပါတယ်။

၇. ရေတံခွန်များ

 

Koh-Samui-Namuang-Waterfall-2

Namuang Waterfall 2

Koh Samuiကျွန်းပေါ်မှာ ရေတံခွန်တွေလည်းရှိပါတယ်။ ဒါ့အပြင် Namuang Waterfall 1 နဲ့ 2 မှာ သန့်ရှင်းတဲ့ သဘာဝရေကန်တွေရှိတဲ့အတွက် ရေကူးလို့လည်းရပါတယ်။ ရေတွေကကြည်လင်သန့်ရှင်းနေတာကြောင့် အေးမြလန်းဆန်းစေပါတယ်။ ဒါပေမယ့် ရေကန်ထဲမှာ ကျောက်တုံးတွေရှိလို့ ခုန်တော့မချလိုက်ပါနဲ့။

အဲ့လိုနာမည်ကြီးတဲ့ရေတံခွန်တွေအပြင် Nathon မြို့နားက Hin Lad ရေတံခွန်နဲ့ Lipa Noi မြို့နားက Wanorn ရေတံခွန်လိုမျိုး တခြားရေတံခွန်တွေလည်းရှိပါသေးတယ်။ ခရီးသွားများတဲ့ရာသီဆိုရင်တော့ ရေစီးသိပ်မသန်ပါဘူး။

၈. Petch Bucha Samui Stadium က မွေထိုင်းလက်ဝှေ့ပွဲ

Petch-Buncha-Stadium-Chaweng-Koh-Samui

ထိုင်းနိုင်ငံမှာရှိတဲ့ တခြားမြို့တွေမှာလိုဘဲ Koh Samuiမှာလည်း ထိုင်းရိုးရာအားကစားတစ်မျိုး ဖြစ်တဲ့ မွေထိုင်းလက်ဝှေ့ပွဲကို ကြည့်နိုင်ပါတယ်။ Chaweng ကမ်းခြေမှာရှိတဲ့ Petch Bucha Samui Stadium မှာ ညတိုင်း လက်ဝှေ့ပွဲတွေရှိပြီး ပုံမှန်အားဖြင့် ၂နာရီ ၃နာရီလောက်ကြာပါတယ်။
reference : homeiswhereyourbagis.com

About သျှားသက်မာန်

Shar Thet Man has written 161 post in this Website..