သေပြီးတာ ကိုးရက်ပဲရှိသေးတဲ့ ကဗျာ

alinsettOctober 31, 20161min1664

”သေပြီးတာ ကိုးရက်ပဲ ရှိသေးတဲ့ကဗျာ”

 

 

<>>>>>>>>>>>>>>>>>>>>>>>>>>><>

 
ကြယ်ရောင်တဖျတ်ဖျတ်အောက်မှာ
ကဗျာတစ်ပုဒ်က သူ့အကြောင်းကိုသူ
ကဗျာပြန်ရေးခဲ့တယ်။

 
အဲ့ဒီ ကဗျာထဲမှာ
ကြယ်တွေကြွေတဲ့ကိစ္စ မပါသော်ငြားလည်း
နေတွေ လတွေထိ ကြွေကျတဲ့အဖြစ်မျိုး. . .
ရိုးတိုးရိတ်တိတ် ပါတယ် တဲ့။

 
ယုံချင်စရာတောင် မရှိဘူး. . .
သူ့ကဗျာက ထမင်းအနပ်နပ် ငတ်ထားတဲ့ကဗျာတဲ့. . .

 
ယုံချင်စရာကောင်းနေတာက . . .
သူ့ကဗျာဟာ အာဟာရပြတ်နေတဲ့ပုံစံမျိုးနဲ့ ဂရုဏာရသ မြောက်နေတယ်။

 
”ကျွန်တော်ကိုယ်တိုင်က ကဗျာပါ”ရယ်လို့ မကြာခဏ ပြောလေ့ရှိသူတွေကြားမှာ
အဲ့ဒီကဗျာလေးကတော့ . . .
”ကျွန်တော်. . .ကဗျာ မဖြစ်ချင်တော့ဘူး” တဲ့။

 
အဲ့ဒီကဗျာဟာ. . .
မည်းနက်နေတဲ့ကတ္တီပါ ကန့်လန့်ကာစကြီး
လွှားခနဲ ပိတ်ကားချလိုက်တော့မှ . . .
ပြီးပြည့်စုံသွားမယ့် အနုပညာ ဆိုပါတော့။

 
~~~~~~~~~~~~~~~~~~~~~~~~~~~~~~
သင့်အေးရိပ်

အောက်တိုဘာ ၂၆၊ ၂၀၁၆

 

 

11-22-14-images

 

4 comments

  • kai

    October 31, 2016 at 1:11 pm

    ရွေးကောက်ပွဲလုပ်ဖို့.. ၉ရက်အလို..။
    ထရမ့်တွေရမယ်..။ ဟီလာရီတွေရမယ်..။ ထရမ့်တွေရမယ်..။ ဟီလာရီတွေရမယ်..။ ထရမ့်တွေရမယ်..။ ဟီလာရီတွေရမယ်..။

    With 9 Days Left Until Election Day, WikiLeaks Is Set to Initiate ‘Phase Three’ of Its Election Coverage
    Independent Journal Review‎ – 3 hours ago
    The Wildfire is an opinion platform and any opinions or information put forth by contributors …

    • Thint Aye Yeik

      November 8, 2016 at 5:19 pm

      :k:
      ဖိတ်စာတောင် မဝေဖြစ်ပါဘူးတဲ့
      😀

Leave a Reply