လုံခြုံရေး ကြုံဆုံတွေး Security

ရခိုင်ပြည် ဘူးသီးတာင် နဲ့ မာင်တာမှာ နယ်မြေခံရဲတပ်ဖွဲ့ ဖွဲ့စည်းပေးမည်၊ အသက်၃၅နှစ်အောက် လူငယ်တွေ စုဆောင်းလေ့က ျင့်မည်ဟု သတင်းများ ဖတ်ရသည်၊ တောင်းဆိုသော ပြည်သူ့စစ် မပေးပါ၊ ပေးလည်း သူပုန်ဖြစ်ဖို့ သေချာနေတော့ ဒီလောက်ပဲ ပေးတာပဲ ဟုတ်လှပြီ။ ပစ်အားသိပ် မပြင်းထန်တဲ့ လက်နယ်ငယ်၊ ကင်းထောက်နှင့် ဆက်သွယ်ရေး ကိရိယာများ တပ်ဆင်ပေးမည်ဟု ယူဆပါသည်။ တဆက်ထဲမှာ ဖတ်ရတာ ကေ ျာင်းဆရာများကို အမ ျ ိုးသားများပဲ ခန့်ပြီး အခြေခံ စစ်သင်တန်းပေးပါမည်တဲ့။ အခြေအနေရ လိုအပ်သည့် အကြောင်းပြချက်ရှိသည်၊ အိမ်နီးခြင်းထိုင်းနိုင်ငံတောင်ပိုင်း အစ်စလာမ်မစ် အကြမ်းဖက်သမားများပစ်မှတ်တွင် ကေ ျာင်းဆရာများ ထိတ်ဆုံးမှပါခြင်းက နောက်ထပ် အကြောင်းပြချက် ဖြစ်နိုင်သည်။

စဉ်းစားရမည်က အရပ်ဖက် ပညာရေး နှင့် စစ်ရေးစစ်ရာ သင့်တော်ပါ၏လော။ နိုင်ငံတကာ ယဉ်ကေ ျးမှုတွင် ပညာရေး၊ က ျန်းမာရေးသည် ပဋိပက်ခများမှ ဝေးရာ ကင်းလွတ်ဇုံဖြစ်သည်။ အကြမ်းဖက် စစ်ပွဲများမှ အတတ်နိုင်ဆုံးသီးခြားတည်ရှိသည်။ စာသင်ကေ ျာင်း၊ ဆေးရုံနှင့် သာသနိက အဆောက်အုံများတွင် လက်နက်ကိုင်တပ်ဖွဲ့များ နေရာယူ စခန်းချမှုကြောင့် အနီးနာဝန်းက ျင်ရှိ အရပ်သားမ ျား ထိခို်က်သေဆုံးမှုမှာ ရာဇဝတ်မှု မြောက်သည်။ ဗိုလ်သန်းရွှေလက်ထက် ဘုန်းမီးနေလတောက်ပစဉ် ကြက်ခြေနီအဖွဲ့နှင့် မီးသတ်ကို တပ်မဒေါ်နေ့ စစ်ရေးပြအခမ်းအနားတွင် စစ်ကြောင်းချီတက်စေရွေ့ နိုင်ငံတကာတွင် အုတ်အော်သောင်းနင်း ဖြစ်ဖူးသည်။

နောက်တချက်က အကြမ်းဖက်သမားများ၏ တရားဝင် ပစ်မှတ် ဖြစ်သွားနိုင်သည်။ ကေ ျာင်းဆရာဟု မြင်ရန် ခဲယဉ်းသွားစေမည်။ သူတို့ ပစ်တတ်ခတ်တတ် လာသဖြင့် ဒေသလုံခြုံရေး မည်မ ျှ ထူးခြားလာမည် တာဝန်ရှိ ပုဂ်ဂိုလ်များ သုံးသပ်ရန်သင့်သည်။ နို့မို့ပါက အရပ်သားအဖြစ် မြင်စေခြင်းကသာ အလုံခြုံဆုံး ဖြစ်ပါမည်။

ပိုစိုးရိမ်မိသည်က ရခိုင်ပြည်နယ် အနာဂါတ်ရး… အခြား ပြည်နယ်များက စစ်ဖက်အုပ်ချုပ်မှု စနစ်မှ အရပ်ဖက် အုပ်ချုပ်ရေး ယဉ်ကေ ျးမှု ဆီသို့ ပြောင်းလဲ ကြိုးစားကြချိန်တွင် ရခိုင်ပြည်တွင်မတော့ လက်နက်ကိုင် ယဉ်ကေ ျးမှုသို့ နောက်ပြန်ဆွဲနေသလား တွေးမိသည်။ လက်နက်ဖြင့် ဖြေရှင်းရသော ပတ်ဝန်းက ျင်တွင် ပညာတတ်၊ လူကောင်းလူမွန်များ မက ျက်စားနိုင်။ ကာယကံရှင် လက်နက်ကိုင်များ အနေနှင့်လည်း ကြာလာလ ျင် ခေါင်းသုံးဖြေရှင်းနည်း မသုံးတတ်ပတော့။

လုံခြုံရးနှင့် အသိပညာ ဟန်ချက်ညီညီ သွားပါမှ လိုအပ်သည် တည်ငြိမ်မှု တိုးတက်မှု ရပါမည်၊ ဒသတွင်း စီးပွားရေးတိုးတက် ထွက်ကုန်များများ ကြံဆောင်နိုင်မှ နေရပ်စွန့်ခွာမှုများ တားမြစ်နိုင်မည်၊ နယ်မြေဆုံးရှုံးမှု ရပ်တန့်နိုင်မည်။ တိုင်းပြည်နှင့်လူမျိုးသည် သူနှင့် ထိုက်တန်သော စနစ်၊ အစိုးရကိုသာ ရစကောင်းသည်မို့ အနာဂါတ်ကို မည်သို့ ပုံဖေါ်မည်ကို ကာယကံရှင် ရခိုင်ပြည်သူများ ကိုယ်တိုင် ဆုံးဖြတ်ရပါလိမ့်မည်။

 

ပုံ- ငါကွ….

4 comments

  • kai

    October 31, 2016 at 4:03 pm

    ကြည့်ရတာ.. ဒေါ်စုက.. ချိုင်းနားကို ..ပိုက်လိုင်းအပြင်..ရထားလမ်းဖေါက်ခွင့်ပါပေးမယ်ထင်တယ်..။
    ချိုင်းနားရဲ့.. မဟာဗျူဟာက ဆက်လာမှာပါ..။ ဒါဆို.. တိုင်းပြည်စီးပွားရေးလည်း ထောင်တက်သွားမှာမို့.. လုပ်သင့်တာလည်းအမှန်.။
    ဆိုတော့..
    အဲဒီနယ်တွေကို ဖြတ်မှာမို့.. ဒေသတိုးတက်လာမှာလည်း.. တော်တော်သေချာလာသပေါ့..။
    ကြားထဲက.. ဘာလုပ်နေမှန်းသေချာမသိတဲ့.. ဒေသခံ..ရခိုင်များနဲ့.. ဘင်္ဂလီများကတော့.. ဘုမသိ..ဘမသိ.. ခံပေါ့..။
    အနိစ္စ..။

    • Mr. MarGa

      November 3, 2016 at 1:01 am

      ခုထိတော့ စီးပွားရေးက အားတက်စရာ မရှိသေး……..

  • Thint Aye Yeik

    October 31, 2016 at 5:43 pm

    ”တိုင်းပြည်နှင့်လူမျိုးသည် သူနှင့် ထိုက်တန်သော စနစ်၊ အစိုးရကိုသာ ရစကောင်းသည်မို့ အနာဂါတ်ကို မည်သို့ ပုံဖေါ်မည်ကို ကာယကံရှင် ရခိုင်ပြည်သူများ ကိုယ်တိုင် ဆုံးဖြတ်ရပါလိမ့်မည်။”

    ခရက်ဒစ် – ငါကွ

  • ဦးဦးပါလေရာ

    November 3, 2016 at 6:42 am

    အခုအထိ ရခိုင်မှာ လုပ်နေသလောက်တော့ တော်တော်ပျော့သေးတာပဲ
    ဒါမှမဟုတ် ဘာလုပ်နေမှန်း သတင်းတက်မလာတာလဲဖြစ်နိုင်တယ်..
    ဒီကုလားဆိုးတွေက ပျောက်ကျားနည်းဗျူဟာကို ကျင့်သုံးတယ်
    ပျောက်ကျားနည်းဗျူဟာ ဆိုတာ စစ်စည်းကမ်း လူ့စည်းကမ်း ဘာမှလုံးဝမရှိ
    ဒါ့ကြောင့် ရန်သူကို တန်ပြန်ပျောက်ကျားနည်းဗျူဟာနဲ့ တုန့်ပြန်တဲ့အခါ
    (ဆရာကြီးများကို အားတော့နာပါတယ်.. ဟဲ..ဟဲ..)
    စစ်စည်းကမ်း လူ့စည်းကမ်းကို လုံးဝလုံးဝ ထည့်မတွက်နိုင်မှ
    ထိရောက်အောင်လုပ်နိုင်တဲ့သဘောရှိပါတယ်..

    တကယ်တော့ ကုလားဖြစ်ဖြစ် ကချင်ဖြစ်ဖြစ် အခြားဘယ်သူဖြစ်ဖြစ်
    ပျောက်ကျားနည်းဗျူဟာကို သုံးရင် –
    အဲဒါ ကိုယ့်လူထုကို ကိုယ်တိုင် ချနင်းစတေးတာပဲဖြစ်တယ်..
    ကိုယ့်လူထုကိုယ့်ဘက်သားနာရင် အဲဒါ ကိုယ်ကိုယ်တိုင် တရားခံအစစ်ဖြစ်ပါတယ်..

Leave a Reply