ကမ္ဘာ ့ခေါင်မိုးဆီသို့

Mon LayOctober 31, 20162min1173

ကမ္ဘာပေါ်က အမြင့်ဆုံးနိုင်ငံလို့ သတ်မှတ်ခြင်းခံထားရတဲ့ Nepal နိုင်ငံကို “ကမ္ဘာ့ခေါင်မိုး” လို့လည်း တင်စားခေါ်ဝေါ်ကြပါတယ်။ အဲ့ဒီ့အခေါ် အဝေါ်က နှင်းတွေ ဖုံးလွှမ်းနေပြီး တာဝတိ’သာဆီ ဦးတည်နေတဲ့ လှေကားထစ် တွေသဖွယ် တိမ်တွေ ကြားမှာ ပျောက်ကွယ်နေတဲ့ ဟိမဝန္တာတောင်တန်းတွေ ကာဆီးထားရာ နိုင်ငံအတွက် အသင့်တော်ဆုံး နာမည်ပြောင်တစ်ခုပါပဲ။

machapuchare-annapurna-rasunrise-from-poon-hill-an

ဧဝရတ်တောင် ကတော့ Nepal နိုင်ငံရဲ့အဓိက ဆွဲဆောင်မှုပါပဲ။ ခရီးသွားတွေက ကမ္ဘာ့အမြင့်ဆုံး တောင်ထိပ်ကိုရောက်ဖူးချင် တဲ့ဆန္ဒနဲ့ အုပ်စုလိုက် လာရောက် လေ့ရှိကြပါ တယ်။ ဧဝရတ်တောင်ရဲ့အမြင့်ကတော့ ၈၈၄၈ မီတာ (၂၉၀၂၉ ပေ) ရှိပြီး လေထုရဲ့ အပြင်ဆုံး အလွှာ နဲ့တောင် ထိစပ်နေပါတယ် ။ Nepal နိုင်ငံမှာ တောင်တန်းတွေအပြင် အခြားစိတ်ဝင်စားစရာတွေလည်း ရှိပါသေးတယ်။

ဂေါတမမြတ်စွာဘုရား ဖွားမြင်တော်မူရာဒေသဖြစ်လို့ ဗုဒ္ဓဘာသာလူမျိုးတွေ ဘုရားဖူးလာရောက် ကြတဲ့နိုင်ငံလ ည်းဖြစ်ပါ တယ် ။ဝေး လံတဲ့ ဒေသတွေ ကနေ ကမ္ဘာ့အမွေအနှစ်တည်ရှိရာဒေသအဖြစ် UNESCO ကအသိ အမှတ်ပြုထား တဲ့ မြတ်စွာဘုရားနေ ထိုင်ခဲ့တဲ့ လုမ္ဗဏီဒေသကို လာရောက်လေ့ရှိကြပါတယ်။

stupa-nepalelephant-god-ganesh-reputmonks-with-prayer-flags-n-5327

သို့ပေမယ့် Nepal မှာရှိ တဲ့ မြင့်မြတ်တဲ့နေရာ တွေက ဗုဒ္ဓဘာသာလူမျိုးတွေအတွက်သာ မဟုတ်ပါဘူး။ ဟိန္ဒူလူ မျိုးတွေနေထိုင် တဲ့နိုင်ငံဖြစ်တဲ့ အတွက် ဟိန္ဒူဘုရားများစွာ ကို လည်း နိုင်ငံတစ်ဝန်း မှာတွေ့ရမှာပါ။ အချို့ကတော့ ၂၀၁၅ ခုနှစ်မှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် ယိုယွင်းပျက်စီးခဲ့ရပါတယ်။

Nepal နိုင်ငံရဲ့ မြို့တော် Kathmandu က  လည်း မြင့်မားတဲ့တောင်တန်းတွေ ဝန်းရံ ကာဆီး ထားတဲ့ မြို့တော် တစ်ခုပါ။ ဗိသုကာ လက်ရာတွေနဲ့ ဟင်းလျာတွေမှာ တရုတ်နဲ့ အိန္ဒိယ လက်ရာတွေပေါင်းစပ်ထားတာကို တွေ့မြင်နိုင်တဲ့ အတွက် တရုတ်နဲ့ အိန္ဒိယ ယဉ်ကျေး မှုနှစ်ခု ကြား လှပပြီး တက်ကြွစွာ သက်ဝင်လှုပ်ရှားနေတဲ့ မြို့တော် တစ်ခုလို့ ဆိုနိုင်ပါတယ်။ တစ်ချိန် တည်း မှာပဲ Thamel ဒေသမှာတော့ အနောက်နိုင်ငံတွေက အငွေ့ အသက်တွေ လွှမ်းမိုးနေ တာကို အဲ့ဒီ့ဒေသမှာရှိတဲ့ bar တွေက သက်သေ ပြနေပါတယ်။

Nepal-Chitwan-National-Parknepals-tigerrhino-in-chitwan-national

Kathmandu မြို့တော်ကတော့ တောတွင်း တိရစ္ဆာန်တွေကို စူးစမ်းချင် သူတွေအတွက် ပထမဆုံးသွား လည်သင့်တဲ့မြို့ဖြစ်ပါတယ်။ ဘာလို့လဲဆိုရင် Kathmandu မြို့က Chitwan National Park မှာ ဘင်္ဂါလီမျိုးနွယ် ကျားတွေ၊ မိကျောင်းတွေ၊ ဦးချို တစ်ဖက် တည်းပါတဲ့ ကြံ့တွေနဲ့ ငှက်မျိုးစိတ်ပေါင်းများစွာ ကျက်စားနေတဲ့ အတွက် ဖြစ်ပါတယ်။ ဒါ့အပြင် Phewa ရေကန် ကလည်း ဟိမဝတောင် တန်းတွေ ကို  ခြေလျင် တက်ကြတဲ့ ခရီးသွားတွေကို ဆွဲဆောင်ထားတဲ့နေရာတစ်ခုဖြစ်ပါတယ်။

Nepal နိုင်ငံက ဘယ်နေရာ ကိုသွားသွား ဖော်ရွေတဲ့အပြုံးတွေက မိတ်ဆွေတို့ ကို ဆီးကြိုနေ ပါလိမ့်မယ်။ Nepal လူမျိုးတွေက ကမ္ဘာပေါ်က အဖော်ရွေဆုံးလူမျိုးစာရင်းထဲမှာ ပါဝင်နေပါတယ်။ ဧည့်သည်တွေကို အိမ်ပေါ်ခေါ်ပြီး လက်ဖက်ရည်နဲ့ဧည့်ခံတာက သူတို့ရဲ့ဓလေ့ပါပဲ။

holy-men-in-kathmandu-neptharu-girl-in-chitwan-nep-5300

ကမ္ဘာ့ထိပ်ဖျားမှာတည်ရှိတဲ့ Nepal နိုင်ငံက နိဗ္ဗာန်ဘုံနဲ့လည်း ခြေတစ်လှမ်းစာလောက်ပဲ ဝေးသလို၊ Nepal နိုင်ငံရဲ့ လှပတဲ့နေရာတွေနဲ့ အထင်ကရနေရာတွေကို သွားရောက်လည်ပတ်ပြီး ချစ်စရာဓလေ့တွေကို တွေ့ကြုံခံစားခဲ့ရသူတွေကလည်း နိဗ္ဗာန်ဘုံကိုရောက်ခဲ့သလို ခံစားရမှာပါ။

Refrence : www.worldtravelguide.net
Image Credit : www.worldtravelguide.net

3 comments

  • Thint Aye Yeik

    November 4, 2016 at 3:07 pm

    ”Nepal နိုင်ငံက နိဗ္ဗာန်ဘုံနဲ့လည်း ခြေတစ်လှမ်းစာလောက်ပဲ ဝေးသလို၊ Nepal နိုင်ငံရဲ့ လှပတဲ့နေရာတွေနဲ့ အထင်ကရနေရာတွေကို သွားရောက်လည်ပတ်ပြီး ချစ်စရာဓလေ့တွေကို တွေ့ကြုံခံစားခဲ့ရသူတွေကလည်း နိဗ္ဗာန်ဘုံကိုရောက်ခဲ့သလို”

    ညွှန်းချက်ကြီးက လန်ထွက်နေရောပဲ။
    နိဗ္ဗာန်ဘုံနဲ့ ပေပေါင်း မည်မျှလောက်သာ ကွာဝေးပါတော့သည် ဆိုတာမျိုး တင်စားတော့ မလောက် (မလောက်)

    :k:

    သွားချင်စိတ် ဖြစ်မိတဲ့ နိုင်ငံထဲ ပါ ပါရဲ့။
    လောလောဆယ်တော့ ပတ်စ်ပို့စာအုပ်တောင် မလုပ်ရသေး။
    :k:

  • သျှားသက်မာန်

    November 8, 2016 at 3:28 pm

    ဟုတ်ကဲ့ပါ….ခေါင်းစဉ်လေးတွေနဲ ့လူတွေကိုစာဖတ်ဖြစ်အောင်စွဲဆောင်ခြင်းပါ။

Leave a Reply