တရုတ်နိုင်ငံရဲ့အန္တရာယ်အရှိဆုံး ကောင်းကင်လျှောက်လမ်း (၆) ခု

Mon LayNovember 3, 20162min894

တရုတ်နိုင်ငံရဲ့အန္တရာယ်အရှိဆုံး ကောင်းကင်လျှောက်လမ်း (၆) ခု- အရမ်းကိုကြောက်စရာကောင်းပါတယ်။

ကမ္ဘာပေါ်မှာ မိုးမျှော် တိုက်တွေနဲ့ ကောင်းကင်လျှောက် လမ်းတွေ အများကြီးရှိ ပါတယ်။ ဒါပေမယ့် မြင့်မားတဲ့တောင်တန်းတွေပေါ်က သစ်သားလျှောက် လမ်းကျဉ်းကျဉ်းလေး တွေပေါ်မှာ လမ်းလျှောက်ရလိမ့် မယ်လို့ တခါမှတွေးဖူး မှာမဟုတ်ပါဘူး။ အမြင့်ကနေမြင်ရတဲ့ သဘာဝ အလှကြောင့် စိတ်ကျေနပ် မှုကိုခံစားရ မယ့်အပြင် အမြင့်ကြီးမှာ လမ်းလျှောက်   နေရတာကြောင့် ကြောက် လန့်နေမှာလည်း အသေအချာပါပဲ။ ခရီးသွားတွေ အတွက် အံဩတုန်လှုပ်မှုတွေနဲ့အတူ မမေ့နိုင်တဲ့ အတွေ့အကြုံတွေကို သယ်ဆောင် လာပေး မှာဖြစ်ပါတယ်။

တရုတ်ပြည်မှာမြင့်မား တဲ့တောင်တန်းတွေ အများကြီး ရှိပါတယ်။ အဲ့ဒီ့လို လှပပြီး အန္တရယ် လည်းများတဲ့ တောင်တန်းတွေပေါ်ကနေ ရှုခင်းတွေကို ကြည့်ရှုခံစားဖို့ အတွက် နှစ်စဉ် ခရီးသွား ဧည့်သည် ထောင်ပေါင်းများစွာ လာရောက်ကြပါတယ်။ အမြင့်ကနေများပြုတ် ကျမလားလို့ ရင်တမမ နဲ့တွေးမိ တတ်ကြပါတယ်။ ဒါ့ပေမယ့်ထိတ်လန့်မှုတွေခေတ္တ ခဏမေ့ဖျောက် ထားနိုင်သူတွေ ကတော့ အလှပဆုံး သဘာဝ ရှုခင်းတွေ ကိုမြင်တွေ့ခံစားရမှာအသေအချာပါပဲ။

ရင်ခုန်ခြင်း ၊ကြောက်လန့်ခြင်းတွေနဲ့ အတူ သဘာဝရဲ့ရင်သပ်ရှုမောဖွယ် အလှတရားတွေ ကို အံ့ဩမိခြင်း…. စတဲ့ခံစား မှုတွေဟာမြင့်မား တဲ့တောင် တန်းတွေပေါ်က သစ်သားလျှောက် လမ်းကျဉ်းကျဉ်းလေးတွေပေါ်မှာ လမ်းလျှောက်ဖူးတဲ့ ခရီးသွားတွေ ပြောပြလေ့ရှိတဲ့ ခံစားမှုတွေ ပဲဖြစ်ပါတယ်။ တကယ့်ကို မယုံနိုင်စရာပါပဲ။အခုဖော်ပြပေးမှာ  ကတော့ တရုတ်နိုင်ငံမှာရှိတဲ့ အလှဆုံးရှုခင်းတွေကိုမြင်နိုင်မယ့် အန္တရာယ်အရှိဆုံး ကောင်းကင်လျှောက် လမ်းတွေပဲဖြစ်ပါတယ်။

HuaShan တောင်တန်း ၊ Shaanxi ပြည်နယ်

hua_shan_path_in_the_vasts
image credit: thestar.com (Dangerous Plank Path)

HuaShan တောင် ကတော့ Shaanxi ပြည်နယ် အတွင်းက Huayan မြို့နယ်ထဲမှာ တည်ရှိတဲ့တောင် တန်းတစ်ခုဖြစ်ပြီး မြေပြင်ကနေ (၁၂၀) ကီလိုမီတာ မြင့်မားပါတယ်။ HuaShanဆိုတဲ့ အဓိပ္ပာယ်ကတော့ တရုတ်ဘာသာအရ အနောက်ဘက်တောင်တန်းကြီး လို့ အဓိပ္ပါယ်ရပါတယ်။ တရုတ်နိုင်ငံရဲ့အမြင့်ဆုံးတောင်တန်း (၅) ခုထဲမှာတစ်ခု အပါအဝင်ပဲ ဖြစ်ပါတယ်။

မူလက တောင်ထိပ်နေရာ အဖြစ် (၃) နေရာသာသတ်မှတ် ထားပေမယ့် ယနေ့ခေတ် မှာတော့ (၅) နေရာသတ် မှတ်ထားပါတယ်။ အဲ့ဒီ့(၅) နေရာ စလုံးကလည်း သဘာဝတရားရဲ့ အနှိုင်းမဲ့ အလှအပတွေနဲ့ ဆွဲဆောင်မှု အပြည့်ပါပဲ။ အနောက်တောင်ထိပ်က (၂၀၃၈) မီတာမြင့်မားပြီး အလှ ဆုံးတောင်ထိပ်ဖြစ်ပါတယ်။ အရှေ့တောင်ထိပ် ကတော့ (၂၁၀၀) မီတာမြင့်ပြီး နေဝင် ဆည်းဆာကိုကြည့်ရှုဖို့ အကောင်း ဆုံးတောင်ထိပ်ပါပဲ။ တောင်ဘက်တောင်ထိပ် ကတော့ (၂၁၅၄.၉) မီတာမြင့်တဲ့ အမြင့်ဆုံးတောင် ထိပ်ဖြစ်ပါ တယ်။ မြောက်ဘက်တောင်ထိပ် ကိုတော့ တိမ်တွေနဲ့တသားတည်းဖြစ်နေတဲ့ တောင်ထိပ်လို့ခေါ်ကြပြီး အလယ်ပိုင်း မှာရှိတဲ့ တောင်ထိပ် ကတော့ (၂၀၄၂) မီတာမြင့်ပါတယ်။

Mingyue George တောင်တန်း ၊ Sichuan ပြည်နယ်

201512241046058291-696x393
image credit: csstoday.com

ဒီဓါတ်ပုံ ကတော့ Sichuan ပြည်နယ် အနောက်တောင်ပိုင်း၊ Guangyuan မြို့        မှာရှိပြီး Jialing မြစ်နဲ့ Yangtzeမြစ်လက်    တက်ကို အပေါ်စီး ကမြင်ရတဲ့ Mingyue George တောင်တန်း ကမ်းပါးရံက ရှေးဟောင်းသစ် သားလျှောက် လမ်းကလေး ကို ပြန်လည်ပြု ပြင်နေတဲ့ပုံပါ။

Tianmenshan တောင်တန်း၊ Hunan ပြည်နယ်

org24-696x492
image credit: mount-glass.ru

Tianmenshan တောင်တန်း ကတော့ မြို့ထဲကနေ (၈) ကီလိုမီတာလောက်သွားရပြီး Zhangjiajie မြို့ရဲ့သဘာဝ ရှုခင်း အလှဆုံးနေရာတွေ ထဲက တစ်ခုအဖြစ် ကိုယ်စားပြု နေပါတယ်။ Tianmenshan တောင်တန်းက သူ့ရဲ့လှပပြီး ပြိုင်ဘက်ကင်းတဲ့ ပထဝီဝင် အနေအထားနဲ့ ခရီးသွားတွေကို အချိန်အကြာကြီးဆွဲဆောင်ထားရုံသာမက ထူးခြားတဲ့ သဘာဝရေမြေတောတောင် အဖြစ်လည်း ရပ်တည်နေပါတယ်။

Maijishan တောင်တန်း၊ Gansu ပြည်နယ်

1280px-majishan_entire_hill_20090226-696x522
image credit: en.wikipedia.org

Maijishan တောင်တန်းကတော့ သူ့ရဲ့ကျောက်သားတွေကိုထွင်းပီး ပုံဖော်ထားတဲ့ ဗိသုကလက်ရာနဲ့ ပတ်ဝန်းကျင်ရှုခင်းအလှကြောင့် တ ရုတ်နိုင်ငံရဲ့ရှုခင်းအလှဆုံး  နေရာတွေထဲကတစ်ခုဖြစ်နေပါတယ်။ လိုဏ်ဂူပေါင်း (၁၉၄) ဂူ ပါဝင်ပြီး အဲ့ဒီ့ဂူတွေထဲမှာ နီညိုရောင်ရွှံ့တွေ နဲ့ပြုလုပ် ထားတဲ့ ပန်းပုလက်ရာပေါင်း (၇၂၀၀) ကျော်နဲ့ ဧရိယာ စတုရန်းမီတာ (၁၂၀၀) ကျော် ရှိတဲ့ နံရံပန်းချီတွေ ရှိပါတယ်။ခရီးသွားတွေက အဲ့ဒီလိုဏ်ဂူတွေဆီကို သစ်သားလျှောက်လမ်းကလေးတွေပေါ်ကနေ သာသွားနိုင်တဲ့အတွက် ရင်ခုန်စိတ် လှုပ်ရှားမှုတွေ ကိုလည်းခံစားရမှာပါ။

Xiangfengshan တောင်တန်း၊ Shanxi ပြည်နယ်

12814725_1096844553711650_1280168328760253128_n
image credit: www.facebook.com/idiscoverchina Mount Bijiashan in Jiangxi Province

Bijiashan တောင်တန်း၊ Jiangxi ပြည်နယ်
12805733_1096844503711655_1456630760607313676_n
image credit: www.facebook.com/idiscoverchina

reference : asiatoworld.com

4 comments

  • Thint Aye Yeik

    November 4, 2016 at 3:00 pm

    အဲ့လျှှောက်လမ်းတွေပေါ်ကနေ ပြုတ်ကျတယ်ဆိုတဲ့သတင်းတို့ ဘာတို့ ကြားဖူးလား။
    သိချင်တာပါ. . .
    အန္တရာယ် အတိမ်အနက်ကို သိပြီးမှ တက်လျှောက်ကြည့်ရဲမယ်ထင့်
    :k:

  • သျှားသက်မာန်

    November 5, 2016 at 3:53 pm

    တခါမှတော့မကြားဖူးပါ….

  • သျှားသက်မာန်

    November 8, 2016 at 3:18 pm

    တကယ်သွားရင်. အဲလောက်ကြောက်တော့မှာမဟုတ်ပါဘူး

Leave a Reply